ကရင်ပြည်နယ် မှ ဖားစည်သံ

 Photo: ****** ကရင်ပြည်နယ် မှ ဖားစည်သံ *****

ကျနော် စစ်သား ဘ၀ စစ်ဆင်ရေး အဓိက သွား ခဲ့ သည်မှာ ကရင်ပြည်နယ် ရွှေကျင် ကျောက်ကြီးနှင့် ကမ မောင်း လေး ကေ ဂွင် များဖြစ်သည် ။

ဖခင် ဖြစ်သူ လည်း ကရင်ပြည်နယ် တွင် ကျ ဆုံးခဲ့သည် ။

ကျနော် အခု ထိ ကရင်ပြည်နယ် ကရင် လူမျိုးကို မုန်း ဖို့ နေ နေ သာ သာ ချစ်မြတ်နိုး နေဆဲ ။

ဘာကြောင့်လည်း အ ဖြေရှာကြည့်တော့ ကျနော် သွားခဲ့သော ဒေသ က ကရင် အဖိုး အဖွား များ နဲ့ ဖိုးမူ က လေး များက ကျနော့် တို့ အား ချစ်ခင် စွာ ဆီးကြိုခဲ့ကြပါလို့ ဘဲ ။

ရှေ့ တန်း သွားခဲ့ တုန်းက ကမ မောင်း လေး ကေ ဘက် ! သာလွန် ရေပူ ကတိုင် တိ အထိ လှုပ် ရှားခဲ့ရ ပါတယ် ။ 

ရွာတွေ ရောက် ရင် သူကြီးက အမျိုးသမီးကြီး တွေပါပဲ ။ စစ်ကြောင်း လာလို့ ရှိရင် အသက် ကြီးတဲ့ ဖထီး အမိုး နဲ့ မိန်းမပျို က လေး တွေပဲ ရှိပါတယ် ။ အသက် ၂၀ နှစ်က နေ ၄၅ နှစ် အထိ ဖထီး တွေ က ရှောင် ထွက်သွား ကြတယ် ။

ဒါ ကြောင့် အသက်ကြီးတဲ့ သူ တွေနဲ့ ပိုမို ခင် ခဲ့ ကြပါတယ်

ရိုးသားဖြူစင် ကြတဲ့ တိုင်းရင်း သား ညီနောင် တွေ ပါ ပဲ ။ 

ကျတော် စစ်ဆင် ရေးသွား တော့ KNU က ခွဲထွက် လာတဲ့ ဗုဒ္ဓ ဘာသာ ကရင် အဖွဲ့   DKBA က ဗိုလ်ချုပ် ကျော်သန်း နဲ့ နှစ်လ လောက် စစ်ဆင် ရေး အတူ လက်တွဲ ခဲ့ ရဖူးတယ် ။

အသား ဖြူဖြူ ပိန် သေး သေး နဲ့ အရပ် မ  နိမ့် မမြင့် နဲ့ ပေါ့ ။ အ နေ အေး ပြီး အရမ်း ခင် မင် ခဲ့ ပါတယ် ။ စိတ် ထား အရမ်း နူး ညံ ခဲ့ သူပါ ။

ကျ သောင်း ဆိပ် ရွာမှာ နေ တုန်းက ဒုံ သမိ ချောင်း ထဲ ရေဆင်း ချိုး ရင် သူ့ ရဲ ဘော် တွေ က ချောင်း အ ထက် အောက် လုံ ခြုံ ရေး တင်းကျပ်စွာ ယူ စေ ခဲ့ ပြီးမှ ဗိုလ် ချုပ် ကျော်သန်း ကို ရေ ဆင်း ချိုး စေခဲ့ ပါတယ် ။ အဲ့ လောက် ထိ သူ့ ကို သူ့ ရဲ ဘော် တွေ က ချစ် ခဲ့ တာပါ ။

ထူး ဆန်း တာ တစ်ခု ပြောပြ ချင် သေးတယ် ။ သူ တို့ ဗိုလ် ချုပ် ရေ ချိုး တဲ့ အချိန် ဘယ် မိန်းမသား မှ ရေဆင်း မချိုး တာပါပဲ ။ စုံစမ်းကြည့် တော့ သူ တို့ အထက်လူကြီး ဘုန်းကံ နိပ် ကျ မှာ ဆိုး လို့ ပါတဲ့ ။

ဟာ သ အ နေ နဲ့ တစ် ခု ထည့် ပြောရရင် ကျနော် တို့ စစ်သည် တွေ ရေ ဆင်း ချိုး ရင် မိန်း က လေး အရွယ် စုံ က ထမိန် လျှော် ဘာလျှော် နဲ့ ခပ် တည်တည် ပဲ ဗျို့  ။

အဲ့ ဒီ လို နေ လာ ခဲ့ ကြ တာပါ ။ သင်္ကြန် ကာ လကြီး မှာ ပေါ့ ။ စစ်သည် လူပျို လေး တွေက ကောင် မ လေး တွေ ရေ လောင်း ချင် တောင် လုံခြုံ ရေး အ ရ မ ထွက် ရလို့  မျက်နှာ ပျက် နေ လို့  အမိုး သူကြီး ကို ခေါ်ပြီး လက် ဆောင် ပေး စည်း ရုံးပြီး  ရွာထဲ က အပျို လေး တွေ ကို သင်္ကြန် ယိမ်း နဲ့ ကရင် ဒုံး ယိမ်း က ခိုင်း ခဲ့ တာ ပေါ့ ။

ပြီး တော့ မှ စစ်သည် များကို မသိ မသာ ရေ လောင်း ခိုင်း ခဲ့ ရ တာ မ မေ့ ခဲ့ ပါဘူး ။

ဆရာ တော်ကြီး ကို လည်း လျှောက် ထားပြီး ဘုန်းကြီး ကျောင်းဝင်း ထဲ ရေ သဘင် ဆင်နွှဲ ခဲ့ ရတာပါ ။

ဆရာ တော်က နားညီး လို့  မျက်စောင်း တခဲခဲ ပေါ့ လေ ။ နောက် တော့ မှ ပြုံး တော် မူခဲ့ တယ် ။

ဘ၀ တသက်သာ အမှတ် ရ စ ရာ က တော့ ၀ဲ ပျံ ဂူ ဖူး ခဲ့ ရခြင်း ပါ ။ သ ဘာ ၀ လိုဏ် ဂူ ထဲ မှာ စမ်းချောင်း လေး စီးလို့  ရေ တွေကလည်း ကြည် လင် နေ လို့ ပေါ့ ။

နောက် အကြိမ်ကြိမ် ထပ်သွား မိချင် သေးတယ် ။

က မ မောင်း က နေ စက် လှေ စီးပြီး မြိုင် ကြီး ငူ ဆရာ တော် လည်း ဖူးခဲ့ ရ တယ် ။

ဆရာတော် ဆု ပေး တာ တိုးလွန်း လို့ မကြား ခဲ့ ရပါဘူး ။ ဆရာ တော် စွန့် တဲ့ တီးမွှေး ငှက် ပျောသီး နှစ် လုံး က ရင် ထဲကို စိမ့်အေး ချို မွှေး စေခဲ့ ပါတယ် ။

က ရင် ပြည် နယ် ကို ကိုကိုအောင် ချစ် နေဆဲပါ ။ နောင် လည်း ချစ်နေ အုံး မှာပါ ။

လွမ်း မိတယ် မီးဇီုင်း တောင် တန်း နဲ့
လေး ကေ တောင်
ဒုံ သမိ နဲ့ သံလွင် မြစ်ကြီး ရေ ။

သွေး ချင်း များ ရှိရာ က ရင် မြေ သို့  ခရီး သွား ချင်နေ သေးတယ် ။ ကြုံခဲ့ ရင် ပေါ့ ။

မြစ်ကျိုး ရွာက ရွာသူကြီး အမိုး ဒေါ်ခင် စန်းက တပ်မ တော် က ထွက် ပြီး နေ ချင် ရင် အချိန် မ ရွေး သား အဖြစ် မွေးစား မယ်တဲ့ ။

သူ က ရွာမှာ ချမ်းသာ တယ် ။ အလွန် ချော မော လှ ပတဲ့ ကျောင်း ဆရာမ သမီး လေးလဲ ရှိတယ် ။ တစ်ဦးတည်း သော သမီး လေး ပေါ့ ။

အခုချိန် ထိ သွား ရ  လာရ မလွယ်ကူ သေး လို့  အဲ့ ဒီက ပြန် ကတည်း က အဆက် အသွယ် မရခဲ့ ပါဘူး ။

ကျနော် က လည်း သက်ပြည့် ထိ တိုင်းပြည် တာ ၀န် ထမ်း ဆောင် မှာ မို့   အသက် ၆၀ ပြည့် မှ မြစ်ကျိုး ရွာသွား ရင် အမိုး မရှိပေမယ့် အမိုးသမီး ရှိသေးမှာပါပဲ ။

ခုဆို အိမ်ထောင် ကျရော ပေါ့ ။

ကိုကို အောင် ( ဘုရင့်နောင် )
ကရင်ပြည်နယ် မှ ဖားစည်သံ *****

— with Ye Moe and 94 others.

0 comments:

Post a Comment

Followers