တပ်မိသားစုဝင်တဦးရဲ့ စေတနာ
ဒီနေ့ တပ်မတော်နေ့ မှာကျွန်မရဲ့ဖေဖေစစ်သားကြီးကိုအထူးသတိရမိလို့ 
ဒီစာလေးကိုရေးဖြစ်တာပါ။ကျွန်မကတပ်ထဲမှာဘဲမွေးပြီးတပ်ထဲမှာဘဲကြီးခဲ့တဲ့တကဲ့တပ်မိသားစုစစ်စစ်ပါ။ ကျွန်မဖေဖေဗိုလ်ကြီးဘဝစစ်ကိုင်းကတပ်ထဲမှာကျွန်မကိုမွေးပြီးအရေးအခင်းမဖြစ်ခင်ကျမှဖေဖေ
အရပ်ဖက်ပြောင်းပြီးနောက်တော့ပင်စင်ပေါ့လေ။အမအကြီးဆုံးရဲ့ယောင်္ကျား ကျွန်မခဲအိုကလဲဗိုလ်မှူးကြီးအဆင့်ကနေအငြိမ်းစားယူတဲ့စစ်သားဟောင်းကြီးပါ။ ကျွန်မရဲ့အစ်ကိုအရင်းကတော့ယခုလက်ရှိဗိုလ်မှူးချုပ်အဆင့်နဲ့တပ်မှာတာဝန်ထမ်းဆောင်ဆဲပါ။ ယခု့ အချိန်စစ်တပ်ကိုပြည်သူအများကအမြင်မကြည်လင်ချိန်မှာကျွန်မကလဲပြည်သူနဲ့တသားထဲမို
2 comments:
Post a Comment
ရေတစ်ခွက် နှင့် လက်နှစ်ဘက်ကာရန်
" ကျွန်တော့်ကိုရေတခွက်လောက်တိုက်ပါအကို .."
    ......................
ရေဗူး ယူဖို့ လက်ကလေးအတတ် ...ပူစပ်စပ်  နေမင်း ကြီးရဲ့ အောက် က စတီးရောင် ဖျက်ကနဲ  အလက် မှာ ကျွန်တော်ရင်တွေ ဟက်တက် ကွဲသွားခဲ့ တယ် ......။
0 comments:
Post a Comment
Myanmar Navy's Launching Missile
0 comments:
Post a Comment
တပ် နဲ့ ပြည် သူ မြဲ ကြည် ဖြူ
 Photo: ဆူး လေ ဘိုး ဘိုး ကြီး မ ဟုတ် ပါ .....( သို့ မ ဟုတ်) 
တပ် နဲ့ ပြည် သူ မြဲ ကြည် ဖြူ
အ ချိန် သည် ကား လွန် ခဲ့ သော( ၁၈ ) နှစ် တပ် မ တော် နေ့။
နေ ရာ သည် ကား မြန် မာ နိုင် ငံ ၏  မြို့ တော်  မ ဟာ ရန် ကုန်၊ စိမ်း လန်း စို ပြေ သော ဦး ဝိ စာ ရ လမ်း တ လျောက်......
အ တိတ် ကို ပြန် လည်  လွမ်း မော တ သ နေ တာ မ ဟုတ် ပေ မဲ့ အ တိတ် ဆို တာ သ ပိတ် ထဲ ထဲ့ ပြီး ၊ မှောက် ထား လို့ ရ တဲ့ အ ရာ ကား မ ဟုတ်။တိုက် ဆိုင် မှု ရှိ တိုင်း ပြန် ပေါ် တတ် သည့် အ ရာ။
ခေတ် ကာ လ က ခု ခေတ် လို ပန်း ကုံး စွပ် မည့် သူ၊ အား ပေး မည့် သူ များ ကို ကြို တင် စီ စဉ် ထား ပြီး  အ လှည့် ကျ ပန်း ကုံး စွပ် ကြ သည့် ခေတ် မ ဟုတ်။
ဦး ဝိ စာ ရ လမ်း တ လျောက် မည် သူ မ ဆို Open to All.  
ပန်း ကုံး စွပ် သူ၊ အား ပေး သူ တွေ များ လွန်း လို့ ၆ ယောက် တန်း အ လံ ကိုင် တပ် ဖွဲ့ တောင်ဦး ဝိ စာ ရ အ ဝိုင်း နား ရောက် ရင် ဖွဲ့ စည်း ပုံ ပျက် ပြီး  လူ အုပ် ကြား ထဲ ၂ ယောက် တ တွဲ တိုး လျောက် ရ  တဲ့ ခေတ်။ 
စစ် ကြောင်း တွေ စ ခွဲ ပြီ ဆို က ထဲ က ကိုယ့် အိမ် နဲ့ နီး တဲ့ စစ် ကြောင်း ရောက် ဖို့ ဆု တောင်း ရ တာ အ မော။ ဆု တောင်း က ပြည့် ပါ တယ်။ အ ပို ဆု တောင် ရ သေး။  အ လံ ကိုင်တပ် ဖွဲ့ ရဲ့ ရှေ့ ဆုံ တန်း ညာ ဖက်မှာ လျောက် ရ ပါ တယ်။ ရူ ပါ ကို အ ခြေခံ ပြီး ရွေး တယ် လို့ တော့ ပြော ကြ တာ ဘဲ။ ဟုတ် လောက် ပါ တယ် လေ....
အ ရွယ် က လဲ ငယ် ရေ တပ် က လဲ ဖြစ် ပြန်  ( ကြည်း နဲ့ လေ က အ ဖွဲ့ တွေ က တော့ ဆဲ တော့ မှာ ဘဲ ) ၊ နေ ရာ က လဲ ရှေ့ ဆုံး တန်း ညာ ဖက် ဆို တော့ ရ လိုက် တဲ့ ပန်း ကုံး တွေ ဆို တာ မျက် နှာ တောင် ဖုံး  လို့ လမ်း တောင် မ နဲ လျောက် ရ တယ်။ မ ဆီ မ ဆိုင် ပန်း ကုံး အ ရ နည်း တဲ့ စစ် ရေး ပြ မှူး ကြီး ဗိုလ် ချုပ် ....ကို  အား နာ နေ မိ  တယ်..အ ဟီးးး ။ 
 တ ချို့ က တပ် မ တော် နေ့ စစ် ရေး ပြ လုပ် ရ တာ လွယ် တယ် မှတ် နေ တယ် ။ ပန်တျာ သင် သ လို ( ဂေါင်း ခါး ခြေ လက် ) တင် မ က မျက် စိ /နား/ နှာ ခေါင်း /လည် ချောင်း  အ ကုန် သုံး ရ တာ ဗျ။ 
ဂေါင်း က ရှေ့ က ပန်း ကုန်း စွပ် မဲ့ သူ လာ ရင် ငုံ့ ပေး။
 ခါး က အ လံ တိုင် ထိမ်း ခါး ပတ် ပတ် ပြီး လူ အုပ် ကြား ထဲ အ လိုက် သင့် ယိမ်း၊ ခြေ ထောက် က လျောက် ၊လက် က တော့ ပေး သ မျှ ပန်း စီး တို့ စာ တို့ ယူ ပေါ့ ဗျာ။ မိန်း ကလေး က စ ပြီး စာ ပေး တာ များ ခု လို ကို ရီး ယား ခေတ် မှ မ ဟုတ် ပါ ဘူး။ ကျ နော် တို့ က အဲ ဒီ ခေတ် ထဲ က ကြုံ ခဲ့ ပြီး သားးးး
မျက် စေ့ က တော့ ကိုယ် ဆီ လာ ပြီး ပန်း ကုံး စွပ် မဲ့ သူ ရြဲ့  အ ရွယ်၊ ရုပ် ရည် ၊ သူ့ လက် ထဲ ဘာ ပါ လဲ သေ ခြာ ကြည့် ရ တာ ဗျ။ ကောင် မ လေး လဲ ဖြစ် ရုပ် လေး က လဲ သား သား နား နား နဲ့ လက် ထဲ မှာ လဲ သ ကြား လုံး တွဲ သာ ပါ လာ လို့ က တော့ ကံ စမ်း မဲ ပေါက် ပြီ ဗျို့။ သ ကြား လုံး တွဲ ကို လစ် တာ နဲ့ ဆွဲ ဖြတ် ဘောင်း ဘီ အိပ် ထဲ ကို မ ရ မ က သာ ထိုး ထဲ့ ပေ တော့။ သ ကြား လုံး တွဲ ထဲ လိပ် စာ နဲ့ ဖုန်း နံ ပါတ်ကို ပါ ရော သီ ထား တာ လေ။  အဲ ဒါ က လဲ( ကံ/ ဥာဏ်/ ဥ ပ တိ)  အ ပြင် ရှေး ကု သိုလ် နဲ့ လဲ ဆိုင် ပါ တယ်။  
အဲ လို မှ မ ဟုတ် မဲ မဲ သဲ သဲ တို့ ၊အ ခြောက် မ တို့ ရဲ့ သ ကြား လုံး တွဲ ဆို ရင် တော့  မေ့ ထား လိုက် ပါ တယ်။ ရူ ပါ မ ရှိ တဲ့ သူ  နဲ့ ရူ ပါ ရှိ ပေ မဲ့ အ တွင်း ထဲ ရောက် နေ လို့ ပန်း ကုံး မ ရ တဲ့ သူ တွေ ကို ရဲ ဘော် ရဲ ဘက် စိတ် အ ပြည့် နဲ့ မ သိ ချင် ရောင် ဆောင် ပြီး ဝေ ပေး လိုက် တာ ပေါ့။အဲ ဒါ မှ ည နေ ပိုင်း နား ချိန် ရောက် ရင် ကျွေး မဲ့ မွေး မဲ့ သူ ပေါ တာ ပေါ့။ ကျ နော် က တော့ ၂ သီး စား ပေါ့
 ဗျာ။
ပါး စပ် က တော့ စစ် ချီ သီ ချင်း ဆို  ရင်း  တ လမ်း လုံး  ခွံ့ သ မျှ  တွေ စုပ် ပေ တော့။ သ ကြား လုံး ပါ သ လို တ ခါ တ လေ ချော က လက် တွေ ပါ ပါ လို့ ပါး စပ် က အ မြှုပ် တ စီ စီ ဖြစ် တဲ့ အ ခါ က ရှိ သေး တယ်။ တ ခါ တ လေ သူ ခွံ့ တာ နဲ့ ကိုယ် ဟပ်တာ  နဲ့ လွဲ ပြီး နှာ ခေါင်း ထဲ ချော် ထိုး မိ တာ က ရှိ တတ် ပါ တယ်။ ခွံ့ တာ ကို လက် မ ခံ ပြန် ရင် လဲ အား နာ စ ရာ။ လက် ခံ ရ တော့ လဲ တွေး သာ ကြည့် ပေ တော့။ လူ ပေါင်း စုံ( ပျို ပျို အို အို  အ ခြောက် မ)  ရဲ့ ရေ မ ချိုး  မိုး မ ချိုး လက် တွေ နဲ့ ကိုင် တား တဲ့  အ ခွံ နွာ ပြီး သား တွေ။ တ ခါ တ လေ များ စို စိ စိ နဲ့ စား လက် စ သ ကြား လုံး များ ခွံ လိုက် သ လား မ သိ ဘူး။
နား က တော့  ပန်း ကုံး စွပ် ရင်း တိုး တိုး လေး ကပ် ပြီး ကိုယ့် နာ မည် ကို မေး တဲ့ အ ခါ မ ကြား လိုက် မှာ စိုး လို့ အာ ရုံ စိုက် ရ  တာ ပေါ့။ တ ခါ တ လေ ဘင် ခ ရာ သံ ကြောင့်  သူ ပြော တာ မ ကြား လိုက် ရင် စစ် တီး ဝိုင်း တပ် ဖွဲ့ ကို သိပ် မုန်း တာ ဘဲ မေ မေ..
နှာ ခေါင်း က တော့ နဲ နဲ အ ရေး ကြီး တယ်။ စွပ် တဲ့ ပန်း ကုံး ထဲ မှာ ခ ရေ ပန်း ပါ မ ပါ အ မြဲ သ တိ ထား နေ ရ တာ။ ပါ လာ တာ နဲ့ ဖြတ် ချ ပြီ လွှင့် သာ ပြစ် ပေ တော့။  သ တိ လွတ် ပြီး ခ ရေ ပန်း ပါ လာ လို့ က တော့ သေ ပြီဆ ရာ။ ခ ရေ ပန်း က အ မြဲ လို လို ပု ရွက် ဆိတ် အ နီ ပါ တတ် ပါ တယ်။ အ ကိုက် ခံ ရ လို့ က တော့ အံ ကြိတ် သာ ခံ ပါ တော့။ 
ဒါ တောင် လူ အုပ် ပိ လာ လို့ ဒူး တွေ တံ တောင် တွေ ထုတ် သုံး ရ တာ ထဲ့ မ ပြော တော့ ပါ ဘူး။
တ ခါ တ လေ သ င်္ကြန် ကျ သ လို Body Spray နဲ့ ဖျန်း တဲ့ လူ က ရှိ သေး တယ်။ အ ကောင်း စား သာ ပါ ချင် မှ ပါ မယ် ကု လား နံ့ spray က တော့ သေ ခြာ ပေါက် ပါ ကို ပါ စေ ရ မယ်။ အ စဉ် မ သင့် ရင် မျက် လုံး ထဲ နှာ ခေါင်း ထဲ တောင် ဝင် တတ် သေး တော့ စ နစ် တ ကျ ကို ရှောင် ရ တာ ပေါ့။ ဒါ ကြောင့် မ လျော် မ ကန် တွေး မိ သေး တယ် ငါ တို့ တွေ ကို US Navy Seal တွေ လို Gas Mask တွေ နဲ့  လျှောက် ခွင့် ရ ရင် ကောင်း မှာ ဘဲ လို့။
 သ တိ ထား ရ မဲ့ ထဲ မှာ ကိုယ့် နောက် က လျှောက် တဲ့ သူ ကို လဲ အ ထူး ဂရု ပြု ရ သေး ပါ တယ်။ ကိုယ် က ရှေ့ က နေ ပြီး ပန်း ကုံး တွေ သဲ့ ယူ၊ သူ က ဘာ မှ မ ရ ၊ ကြာ တော့ တင်း လာ ပြီး လစ် ရင် လစ် သ လို ဂွ ကြား ကို  လှမ်း လှမ်း ကန် တတ် တော့ ချော့ ပေါင်း ထား ရ သေး တယ်။ နောက် ကျော ဓါး နဲ့ ထိုး တာ ထက် နောက် ဂွ ကြား စစ် ဖိ နပ် နဲ့ ကန် ခံ ရ တာ ပို ဆိုး တယ် ဆို တာ ကြုံ ဖူး မှ သိ တာ ဗျ။
စစ် ရေး ပြ ပြီး လို့ အ ဆောင် ပြန် ရာ လမ်း ဘေး ဝဲ ယာ   က နေ လက် ဆောင် တွေ ပေး တာ ကို လဲ မ မေ့ နိုင် စ ရာ တ ခု ပေါ့။ အ ထူး သ ဖြင့် ညောင် ပင် လေး ဈေး နဲ့ ကမ်း နား လမ်း ဆုံ ရောက် တာ နဲ့ ဈေး သူ ဈေး သား တွေ ဝိုင်း လာ ပြီး ကား တွေ ပေါ် ကို အ ချို ရေ မျိုး စုံ ၊ စား စ ရာ မျိုး စုံ တင် ပေး တာ ကို လဲ အံ့ သြ ဝမ်း သာ ဖြစ် ခဲ့ ရ ပါ တယ်။
  ဘာ ဘဲ ဖြစ် ဖြစ် ပါ ။ ဘယ် သူ တ ဦး တ ယောက် ရဲ့  ကြို တင် စီ စဉ် /ဖိ အား ပေး မှု တွေ လုံး ဝ  မ ပါ ဘဲ တပ် နဲ့ ပြည် သူ ကြည် ဖြူ  ခဲ့ ရ တဲ့ အ ချိန် လေး ကို  တော့  ကျေ နပ် မိ တာ အ မှန် ပါ။
   အ တိတ် ဆို တာ ပစ္စ ပ္ပန် နဲ့ အ နာ ဂတ် လို ပြု ပြင် လို့ မ ရ နိုင် တာ မှန် ပေ မဲ့ အ တိတ် က ဖြစ် ရပ် လေး တ ခု ကို အ ကြောင်း တိုက် ဆိုင် လို့ တွေး မိ တိုင်း ကြည် နူး နွေး ထွေး စွာ ခံ စား မိ တယ် ဆို ရင် ဘဲ ..............
၆၉ နှစ် မြောက် တပ် မ တော် နေ့ မှ သည် နောင် နှစ် ပေါင်း ရာ ထောင် သောင်း တိုင် သည့် တိုင်  ""တပ် နဲ့ ပြည် သူ မြဲ ကြည် ဖြူ "" နိုင် ပါ စေ ကြောင်း ဆု မွန် ကောင်း တောင်း လျှက်။ 
နိုင် ဇာ မြင့် ၂၆.၃.၁၄
ဆူး လေ ဘိုး ဘိုး ကြီး မ ဟုတ် ပါ .....( သို့ မ ဟုတ်)
တပ် နဲ့ ပြည် သူ မြဲ ကြည် ဖြူ
အ ချိန် သည် ကား လွန် ခဲ့ သော( ၁၈ ) နှစ် တပ် မ တော် နေ့။
နေ ရာ သည် ကား မြန် မာ နိုင် ငံ ၏ မြို့ တော် မ ဟာ ရန် ကုန်၊ စိမ်း လန်း စို ပြေ သော ဦး ဝိ စာ ရ လမ်း တ လျောက်......
အ တိတ် ကို ပြန် လည် လွမ်း မော တ သ နေ တာ မ ဟုတ် ပေ မဲ့ အ တိတ် ဆို တာ သ ပိတ် ထဲ ထဲ့ ပြီး ၊ မှောက် ထား လို့ ရ တဲ့ အ ရာ ကား မ ဟုတ်။တိုက် ဆိုင် မှု ရှိ တိုင်း ပြန် ပေါ် တတ် သည့် အ ရာ။
0 comments:
Post a Comment
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အကြောင်း သုံးသပ်ချက် - အပိုင်း ၂
 ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အကြောင်း သုံးသပ်ချက် - အပိုင်း ၂
=======================================
(ခ) တပ်မတော် အစိုးရ နှင့် ၀ အထူးဒေသ ဆက်ဆံရေး 
---------------------------------------------------------
တပ်မတော် အစိုးရ နဲ့ ဝ တပ်ဖွဲ့ တွေ အကြား ….
အပစ်အခတ်ရပ်စဲ ခဲ့တာဟာ ….
၉.၅.၁၉၈၉ ရက်နေ့ မှာ …
၂၅ နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ် ….
အပစ်အခတ် ရပ်စဲ ခဲ့ ပြီးတဲ့ နောက်မှာ …
ဝ အထူးဒေသ ၂ ဟာ ….
ကျန်တဲ့  အထူးဒေသတွေထက် …
မြန်မြန်ဆန်ဆန်ပဲ ….
တစ်ဟုန်ထိုး ဖွံဖြိုးတိုးတက် လာခဲ့ပါတယ် …
၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ ....
စတင် ကျင်းပစဉ် ကတည်းက….
‘၀’ အထူးဒေသ ကိုယ်စားလှယ်များ ....
ပါဝင်တက်ရောက်ခဲ့ပြီး ....
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ …
‘၀’ ဒေသဟာ ....
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဖြစ်လာခဲ့ပါတယ် ….
ဒေသတွင်း တိုင်းရင်းသားလူမျိုး ၁၈ မျိုး နေထိုင်လျက်ရှိပြီး ….
ဧရိယာ စတုရန်းကီလိုမီတာ .....
တစ်သောင်းခုနှစ်ထောင်ခန့် ကျယ်ဝန်းတဲ့ …
ဝ တောင်ပိုင်း နဲ့  မြောက်ပိုင်းဒေသ နှစ်ခုကို ….
ဝ၊ ဂျင်းဖော၊ တရုတ်၊ လားဟူနှင့် ရှမ်း  ....
အဖွဲ့ ဝင် ၂၁ဦး ပါဝင်တဲ့  …
ဗဟို ကော်မတီတစ်ခုက စီမံခန့် ခွဲ အုပ်ချုပ်နေပါတယ် …
အပစ်အခတ်ရပ်စဲစဉ်က …
ထောင်ဂဏန်း အနည်းငယ်မျှသာ ရှိခဲ့တဲ့  ၀တပ်ဖွဲ့ ဟာ …
ယခုအချိန်မှာ …
မြောက်ပိုင်း ဒေသမှာ ....
တပ်မဟာ ၃ ခု နှင့် တပ်ရင်း ၂၂ ရင်း ….
တောင်ပိုင်း ဒေသမှာ ....
တပ်မဟာ ၅ ခု နှင့် တပ်ရင်း ၂၂ ရင်း …
စုစုပေါင်း တပ်မဟာ ၈ခု ၊ တပ်ရင်း ၄၄ရင်း ….
အမြဲတန်း စစ်အင်အား ၃၀၀၀၀ ခန့်  နဲ့ …
ခေတ်မီ လက်နက်များ …
တပ်ဆင် တည်ဆောက် ထားနိုင်ပြီ ဖြစ်ပါတယ်…
တပ်မတော် နဲ့ ဝ တပ်ဖွဲ့ များ အကြား ….
အပစ်အခတ် ရပ်စဲပြီးကတည်းက ….
ဆက်ဆံ ဆောင်ရွက်ခဲ့တဲ့  ….
ဆက်ဆံရေး သမိုင်းကို ….
ပြန်လည်သုံးသပ်ရမယ်ဆိုရင် ….
တပ်မတော် နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ် နှစ်ခု 
နှစ်ဖက်တပ်များ ထိပ်တိုက်ရင်ဆိုင် ….
အခြေအနေ တင်းမာမှု ဖြစ်စဉ် လေးခု ….
စုစုပေါင်း ဖြစ်စဉ် ၆ခု ကြုံတွေ့ ခဲ့ရတာကို …
ပြန်လည်လေ့လာ သုံးသပ် နိုင်ပါတယ် ….
=====================
ပထမ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်
=====================
အပစ်အခတ် ရပ်စဲပြီးကာစ ...
၁၉၉၀ ခုနှစ် တစ်ဝိုက်မှာ …
တောင်ပိုင်း ၀ဒေသက တပ်အချို့  နဲ့ …
ခွန်ဆာ ရဲ့  MTA တပ် တွေဟာ …
မူးယစ်ဆေးဝါး နဲ့ နယ်မြေ လုတဲ့ ပြသနာများ ကြောင့် …
ဆက်ဆံရေးအတော်  တင်းမာလာပါတယ်…
ဒီတင်းမာမှုဟာ ...
၁၉၉၃ ခုနှစ်ဝန်းကျင် …
MTA အင်အား ၂၀၀၀၀ ကျော်ရှိလာချိန် ….
SAM Series ဝေဟင်ပစ် ပုခုံးထမ်းဒုံးလက်နက်လို …
လက်နက်တွေ အပါအ၀င် …
ခေတ်မီ လက်နက်အများအပြား ပိုင်ဆိုင်လာချိန် …
ခွန်ဆာ အနေနဲ့  သူ့ ကိုယ်သူ ….
ရှမ်းပြည်ရဲ့ သမ္မတ အဖြစ် ထကြေငြာပြီးချိန်မှာ …
စတင် ပေါက်ကွဲ ပါတယ်…..
တိုက်ပွဲ စ ဖြစ်ပွားတဲ့ အခါ ….
လူအင်အား လက်နက်အင်အား ....
အဖက်ဖက်က သာလွန်တဲ့  …
MTA တွေကြောင့် ….
ဝတပ်ဖွဲ့ တွေ အတော်အထိနာကုန်ပြီး …
နောက်ဆုံးမှာ တပ်မတော် အစိုးရကို ….
ဆက်သွယ် အကူအညီတောင်းခံရတဲ့ အနေအထားထိ …
ဆိုက်ရောက်လာ ရပါတယ်…
တပ်မတော် နေရာက ကြည့်ရင် ….
လက်ရှိ အင်အား ၂၀၀၀၀ ကျော်အထိ ရှိနေပြီး…
ဟိုမိန်းမှာ ဋ္ဌာနချုပ်ကြီး ဖွင့်ကာ …
နိုင်ငံခြား သံတမန်တွေတောင် လာတွေ့ နေရတဲ့ အထိ …
ကြီးထွားလာနေတဲ့  ခွန်ဆာ ရဲ့ တပ်ဖွဲ့ တွေကို …
ထိန်းချုပ် နိုင်ဖို့  ....
လိုကို လိုအပ်နေပါတယ်….
ဒါပေမယ့် ဒီထက်ပို အရေးကြီးတဲ့  ....
ကိစ္စကြီးတစ်ခု ရှိနေပါသေးတယ်…
အဲဒါကတော့ ….
ယိုးဒယားနိုင်ငံက အစဉ်အဆက် ကျင့်သုံးလာတဲ့  …
ကြားခံ နယ်မြေ ၀ါဒ ( Buffer Zone Policy ) ပဲ ဖြစ်ပါတယ်…
ပြည်တွင်းစစ် သက်တမ်းတစ်လျောက် ….
ဒီ ပေါ်လစီရဲ့ ဒဏ်ကို ...
တပ်မတော်က ခံစားခဲ့ရပေါင်း များလှပါပြီ…
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ စခန်းတွေကို …
ဒုက္ခသည်စခန်း အမည်ခံပြီး ဖွင့်ခွင့်ပေး …
လက်နက်ခဲယမ်းရိက္ခာ ထောက်ပံ့ မှု …
ဆေးကုသ ပေးနေမှု …
နယ်စပ်တစ်လျောက် ….
သယံဇာတများ ခိုးထုတ်မှုအပေါ် ….
ဒီ ပြည်တွင်းစစ် မီး ကို ....
ဘယ်တော့မှ ငြိမ်းသတ်လို့ မရခဲ့ပါဘူး….
ဒီတစ်ခါတော့ ...
တပ်မတော်အစိုးရ ရဲ့  အလှည့် ရောက်လာပါပြီ…
တန်ပြန် ကြားခံနယ်မြေ မူဝါဒ 
( Counter Buffer Zone Policy ) ဟာ …
စတင် အသက်ဝင်လာပါတော့မယ် ….
၁၉၉၃ ခုနှစ် နှစ်လယ်ပိုင်းမှာ…
မြောက်ပိုင်း ဒေသက ၀ တပ်ဖွဲ့ အများအပြားဟာ …
တောင်ပိုင်း ဒေသကို စစ်ကူအဖြစ် …
ရုတ်တရက် ဘွားကနဲ ရောက်ချလာပါတယ် …
ဝ တပ်တွေဟာ ....
လက်နက်ခဲယမ်းကိုလဲ ဖောဖောသီသီ သုံးနိုင်လာပြီး ….
တိုက်ပွဲမှာ ဒဏ်ရာရတဲ့ သူတွေဟာလဲ …
ရိက္ခာ နဲ့  ဆေးဝါးကုသမှု တွေ ...
ရုတ်တရက် ကောင်းမွန်လာတာကြောင့် …
လျှင်လျှင်မြန်မြန် ပြန်ပြီး ...
တာဝန်ထမ်းဆောင် နိုင်လာပါတယ်…
ဒီ တိုက်ပွဲစဉ်တွေဟာ …
၁၉၉၅ နှစ်ဦးအထိ ဆက်တိုက် ...
ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့ ပါတယ်…
နှစ်ဖက်စလုံးမှာ ....
အင်အားထောင်နဲ့ ချီ ကျဆုံးခဲ့ချိန် …
ခွန်ဆာ အဖွဲ့ မှ ကမ်းရွက် ဦးဆောင်တဲ့ ရှမ်း အဖွဲ့ မှ …
အင်အား ၄၀၀၀ ထောင် နီးပါး နဲ့ ခွဲထွက်ကာ …
တပ်မတော် နှင့် အပစ်အခတ်ရပ်စဲလိုက်ချိန် ….
စတဲ့  အချိန်မှာတော့ …
ခွန်ဆာ ရဲ့ အမ်တီအေ တပ်ဖွဲ့ ဟာ…
တပ်မတော်ထံ လူအင်အား ၁၄၀၀၀…
လက်နက်မျိုးစုံ ၈၀၀၀ ကျော် …
မိုင်းမျိုးစုံ ၅၈၀၀၀ ကျော် …
ကျည်ဆန် ၂သန်းကျော် တို့ နဲ့ အတူ ….
အကြွင်းမဲ့  လက်နက်ချ လိုက်ပါတော့တယ်….
ဒီနောက်မှာတော့….
ယိုးဒယား မြန်မာနယ်စပ်မှာ ...
အရင် ယိုးဒယားနဲ့ ပလဲနံပသင့်တဲ့  …
အစားထိုး ၀င်ရောက်လာတဲ့  ၀ တပ်ဖွဲ့ တွေဟာ ….
ယိုးဒယားနိုင်ငံ အတွက် ....
အကျပ်ရိုက်စရာ …
Buffer Zone ကြီး တစ်ခု အဖြစ် ....
ပေါ်ထွက်လို့ လာခဲ့ပါပြီ ….
======================
ဒုတိယ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်
======================
ဒုတိယ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်ကတော့ …
၂၀.၅.၂၀၀၂ ခုနှစ် ...
နံနက် ၄ နာရီ ၁၅ မှာ စဖြစ်ပွားခဲ့တဲ့  ….
ယိုးဒယား နဲ့  နယ်စပ်ဒေသ ...
ကန့် သတ်စစ်ပွဲ အတွင်းမှာ ဖြစ်ပါတယ်…
နှစ်ဖက်စလုံးက ….
နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ...
အများအပြား ပြုလုပ်ခဲ့ပြီး …
ဒီ တိုက်ခိုက်မှုတွေ အတွက် ….
ယိုးဒယားဖက်က ....
SURA ရှမ်းလက်နက်ကိုင်တပ်တွေ ကို အသုံးပြုခဲ့ကာ…
တပ်မတော် ဖက်ကတော့ ….
ဝ တောင်ပိုင်းဒေသ ...
အမှတ်၁၇၁ စစ်ဒေသ လက်အောက်ခံ ….
ဝ တပ်ရင်း များ အားလုံးလိုလို ...
ပါဝင်တိုက်ခိုက်ခဲ့ပါတယ်…
၂၀၀၂ ခုနှစ် ဇွန်လလယ်မှာ ပြုလုပ်ခဲ့တဲ့  …
ညတိုက်ပွဲ တစ်ခုမှာ …
ဝတပ်ဖွဲ့ ဝင် အများအပြားဟာ …
ယိုးဒယား နယ်မြေထဲကို ...
နှစ်ကီလိုမီတာလောက်အထိ ..
စိမ့်ဝင်သွားပြီး …
ယိုးဒယား အမြောက်စခန်းတွေရဲ့  …..
ရှေ့ ကာတပ် စခန်းတွေ အားလုံးနီးပါးကို …
ညတွင်းချင်း တိုက်ခိုက် ...
ဖျက်ဆီးမီးရှို့  ပြစ်လိုက်တဲ့ အတွက် ….
ယိုးဒယား အမြောက်စခန်းတွေ ….
အကြီးအကျယ် တုန်လှုပ်ခြောက်ခြား ခဲ့ရဘူးပါတယ်…
=========================
ပထမ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်
=========================
တပ်မတော် နဲ့  ၀ တပ်ဖွဲ့ တွေ ….
ပထမဆုံး ထိပ်တိုက်ရင်ဆိုင်မိ တဲ့ ဖြစ်စဉ်ကတော့ ….
ကိုးကန့် ဒေသ ဖုန် - လျှံ အရေးအခင်း မှာဖြစ်ပါတယ်…
တပ်မတော် အစိုးရ နဲ့ ...
ပထမဆုံး အပစ်ခတ်ရပ်စဲရေး ယူထားတဲ့ ….
ကိုးကန့် (M.N.D.A) အဖွဲ့ဟာ ..
၁၉၉၅ခုနှစ် နှစ်ကုန်ပိုင်းမှာ …..
'ဖုန်' မျိုးနွယ်စုက ….
ဖုန်ကျားရှင်၊ ဖုန်ကျားဖူ၊ ဖုန်တာရှင်း တို့ ခေါင်းဆောင်တဲ့ အုပ်စု နဲ့ ….
' ရန်'မျိုးနွယ်စုက ….
ရန်မိုး လျှံ၊ ရန်မိုးအန်း၊ ရန်ကျုံးဝေ၊ ရန်ကျုံးစီ တို့ ခေါင်းဆောင်တဲ့  အုပ်စု ….
အဖွဲ့ တွင်း အာဏာလုရင်း …
တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားပါတယ်…
ရန်အုပ်စု ဘက်က ....
ဝ တပ်ဖွဲ့ တွေ ၀င်ကူတဲ့ အတွက် …
ဖုန်အုပ်စု အကြီးအကျယ် အထိနာပါတယ်…
ချင်းရွှေဟော် မြို့ ပါ မီးတင်ရှို့ ခံရပြီး ….
ဖုန်အုပ်စု ဘက်က တပ်အချို့ ဟာ …
မိန်းမ ကလေးတွေပါ အပါအ၀င်…
ဝ တပ်ဖွဲ့ တွေ ရဲ့ အ၀ိုင်းခံရပြီး….
လောက်ကိုင် မြို့ ထဲမှာ ပိတ်မိနေခဲ့ ပါတယ် ....
အဲအချိန်မှာ အချိန်မီ ရောက်လာတာက …
မိတ္ထီလာ က …
မနားတမ်း တောက်လျောက် ချီတက်လာတဲ့  …
အမှတ် ၉၉ ခြေမြန် တပ်မပါ ….
ရောက်ရောက်ချင်း …..
ပိတ်မိနေတဲ့ အရပ်သားတွေ နဲ့ …
ဝ တပ်ဖွဲ့ တွေ အကြား ၀င်ရောက်နေရာယူ ….
ရင်ဆိုင်ထားလိုက်ပါတယ် ….
တစ်ဆက်ထဲမှာပဲ …
မုံးကိုး မုံးဟောင်ဒေသဘက်ကို ….
ထိုးဖောက်ဝင်ရောက်လာတဲ့ ၀တပ်ဖွဲ့ တွေကို …
ကျောက်မဲ အခြေစိုက် …
အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု ဋ္ဌာနချုပ် တပ်တွေက …
ကြားဖြတ် ၀င်ရောက် ဟန့် တား ….
ရပ်တန့် စေလိုက်ပါတယ်….
နှစ်ဖက် တပ်တွေ ….
ရက် အနည်းငယ်ကြာ ရင်ဆိုင်ထားပြီးတဲ့ နောက် ….
ဝတပ်ဖွဲ့ တွေ ပြန်လည် ဆုတ်ခွာသွားခဲ့ပါတယ် …
ဒါ ပထမ ဖြစ်စဉ် ဖြစ်ပါတယ်….
==========================
ဒုတိယ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်
==========================
ဒုတိယ ဖြစ်စဉ်ကတော့ …
၂၀၀၉ ခုနှစ် သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့  …
လောက်ကိုင်အရေးအခင်း ဖြစ်ပါတယ်….
သိန္နီမြို့ နယ် နမ့်ဆလတ် ကျေးရွာ အနီးမှာ….
ကားတစ်စီး လမ်းချော် တိမ်းမှောက်ပြီး …..
ယာဉ်မောင်းများက ....
ကားကို စွန့် ပြစ် ထွက်ပြေး သွားခဲ့ တဲ့ …..
ဖြစ်စဉ်တစ်ခု မှာ
ကားအတွင်း စနစ်တကျ ထုပ်ပိုးထားတဲ့  ….
ဒေသန္နရ စက်ရုံထုတ် …
လက်နက် အများအပြား ကိုတွေ့ ရှိခဲ့ ရပါတယ် …
ဒီဖြစ်စဉ်ကြောင့် ....
သြဂုတ်လ အတွင်းမှာ ...
လောက်ကိုင်မြို့ ပေါ်က ....
လူသုံးကုန်စက်ရုံ အဖြစ် ဟန်ပြထားတဲ့ …..
မသင်္ကာဖွယ်ရာ နေရာအများအပြားကို ….
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က .....
ဝင်ရောက်စီးနင်းရှာဖွေခဲ့ ပြီး …
သြဂုတ်လ ၈ ရက်နေ့ မှာတော့ …
လောက်ကိုင် မြို့ အထွက် ရန်လုံကြိုင်းဂိတ်နားက …..
မသင်္ကာဖွယ် စက်ရုံ ကို ၀င်ရောက်ရှာဖွေတဲ့ …..
ရဲတပ်ဖွဲ့ ဝင် ၃၀ ခန့် ဟာ……
အင်အား ၃၀၀ လောက်ရှိတဲ့ .....
ကိုးကန့် တပ်ဖွဲ့ ဝင်တွေရဲ့ ….
ဖမ်းဆီး ခြင်းကို ခံလိုက်ရပါတယ်…..
ဒီအဖြစ်အပျက်ကြောင့် …
တပ်မတော် အစိုးရဟာ ….
လောက်ကိုင်မှာ တည်ရှိတဲ့ ……
ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) လက်အောက်ခံ …..
တိုက်ခိုက်ရေး တပ်ရင်း ၅ ရင်းနဲ့ ……
အမှတ် ၅၀၆ အမြောက်တပ်ရင်း ကို တပ်လှန့် ခဲ့ ပြီး ….
သိန္နီ အခြေစိုက် …..
အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကို ...
သိန္နီ ကွမ်းလုံ ချင်းရွှေဟော် လောက်ကိုင် လမ်းတလျှောက် …
အလျှင်အမြန် ချီတက်လာစေကာ...
လောက်ကိုင်မြို့ ရဲ့ အချက်အခြာနေရာတွေမှာ …..
ဝင်ရောက် တပ်စွဲ နေရာယူလိုက် စေလိုက်ပါတယ်……။
သူ့ နောက်က တစ်ဆက်တည်း ကပ်ပါလာတဲ့  ……
စစ်ကိုင်း အမှတ် ၃၃ ခြေမြန်တပ်မကတော့ ....
ကိုးကန့် ဒေသရဲ့ ….
ဆက်သွယ်ရေး လမ်းကြောင်းများ အားလုံးကို …
ညတွင်းချင်း ထိန်းချုပ်ခဲ့ ပြီး ….
မိတ္ထီလာဘက်က တက်လာတဲ့ …..
အမှတ် ၉၉ ခြေမြန်တပ်မ ကတော့….
ညီနောင်တံတားက တဆင့် …..
ဝ ဒေသထဲကို ၀င်ရောက်သွားကာ …
ဟိုပန်…ပန်လုံ ဒေသမှာ …
ဝ တပ်ဖွဲ့ များနဲ့ မျက်နှာချင်းဆိုင်
တပ်မ တစ်ခုလုံး နေရာယူလိုက်ပါတယ်……
နောက်တစ်နေ့ မနက်မှာပဲ …
အမှတ် ၉၉ ခြေမြန်တပ်မ ဟာ…
ကိုးကန့် ဒေသနဲ့ ဝ ဒေသကြားမှာရှိတဲ့ …
ဆက်သွယ်ရေး လမ်းကြောင်းများ အားလုံးကို
ဖြတ်တောက် ပိတ်ဆို့ ပြစ်လိုက်ပြီး …
ကိုးကန့် အရေးအခင်းကြီး တစ်ခုလုံး ပြီးစီးသွားချိန်အထိ …
ဝ တပ်ဖွဲ့ တွေကို ရင်ဆိုင်ထိန်းချုပ် ထားခဲ့ပါတယ်….
ဒါ ဒုတိယ ဖြစ်စဉ်ပါ ….
==========================
တတိယ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်
==========================
တတိယ ဖြစ်စဉ်ကတော့  ….
အဲဒီ ဖြစ်စဉ် နဲ့  တစ်ဆက်တည်း ဆက်ဖြစ်ပါတယ် …
၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ …
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များကို ….
BGF နယ်ခြားစောင့်တပ်ဖွဲ့ များ ...
အသွင် ပြောင်းလဲ ပေးခဲ့ရေး မူ အရ….
တပ်မတော် အစိုးရဟာ …
အဲဒီ နှစ် စက်တင်ဘာလဆန်းမှာ 
ဝ တပ်ဖွဲ့ များကို ….
နယ်ခြားစောင့်တပ် အဖြစ်....
ပြောင်းလဲ ပေးရေး အစီအစဉ် ကို ….
ဖိအားပေး တိုက်တွန်းလာပါတယ်…
ဝ တပ်ဖွဲ့ တွေဟာ ….
ဒီအစီအစဉ်ကို ...
မူအားဖြင့် သဘောတူညီခဲ့ ပေမယ့် …
နယ်ခြားစောင့် တပ်ဖွဲ့ တွေမှာ ….
တပ်မတော်က ...
ဒုတိယတပ်ရင်းမှူး ရာထူးတစ်ခုသာ ပါဝင်ရေး ….
ရှမ်းပြည်နယ် တောင်ပိုင်းရှိ ….
မိုင်းပေါက်၊ မိုင်းဖျံမြို့များ နှင့် ...
ယိုးဒယား နယ်စပ်ရှိ  ၀မ်ဟုန်ဒေသအား …..
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ….
ထည့်သွင်းပေးရေး စတဲ့ …
အချက် ကိုးချက် ပါဝင်တဲ့ ....
တောင်းဆိုချက် တစ်ခု ကို …
ပြန်လည် တောင်းဆိုခဲ့ပါတယ် …
တပ်မတော် အစိုးရကတော့ …
ဒီတောင်းဆိုချက်တွေကို လုံးဝ လက်မခံခဲ့ ဘဲ …
မိုင်းလား အထူးဒေသ ၄ နဲ့  နယ်နိမိတ်ချင်း ထိစပ်နေတဲ့ …
မိုင်းယန်းမြို့နယ် မိုင်းပေါက်၊ မိုင်းဖျန် ဒေသ အတွင်းရှိ ….
ဝ တပ်ဖွဲ့ များကို ချက်ချင်း ပြန်လည်ရုပ်သိမ်းပေးရန် …
ဆိုတဲ့ အချက်တွေနဲ့  ....
ပြန်လည်တုန့် ပြန်ခဲ့ပါတယ်…
ဒီပြသနာ ဟာ …
လအတော်ကြာ ဖြစ်ပွားနေခဲ့ ပြီး …
ရှမ်းပြည်နယ် မြောက်ပိုင်း မှာ ….
တပ်မတော် က ခြေမြန်တပ်မ ၃ခု က …
အသင့်အနေအထား နဲ့ ....
လာရောက်တပ်စွဲ ထားတဲ့ အထိ …
အခြေအနေ တင်းမာခဲ့ပါတယ်…
နောက်ဆုံးမှာ …
ဝ တပ်ဖွဲ့ တွေ နောက်ပြန်ဆုတ် သွားခဲ့ပေမယ့် ….
နယ်ခြားစောင့် တပ်ဖွဲ့ စည်းရေး ကိစ္စကတော့ …
ဒီနေ့ အထိ သဘောတူညီမှု မရခဲ့ပါဘူး ….
ဒီတင်းမာမှု ရဲ့ အကျိုးဆက် အဖြစ် …
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်မှာ …
ဝ' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ပါ  ….
မြို့ နယ် ခြောက် မြို့ နယ်မှ ….
ဟိုပန်နှင့် မက်မန်း (မော်ဖာ) နှစ်မြို့နယ် မှာသာ …
ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ ပြီး ….
ကျန်တဲ့ ဝ တပ်ဖွဲ့  ထိန်းချုပ်မှု ဒေသတွေ ဖြစ်တဲ့ ….
မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း မြို့နယ်တွေ မှာ …
ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့ ပါဘူး….
ဒါက တတိယ ဖြစ်စဉ် ဖြစ်ပါတယ်…..
=========================
စတုတ္ထ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်
=========================
စတုတ္ထဖြစ်စဉ်က ….
၂၀၁၃ ခုနှစ် မေလထဲမှာ စတင်ပါတယ် ….
တဖြည်းဖြည်း နဲ့  နယ်မြေချဲ့ ထွင် တပ်စွဲလာတဲ့ …
ဝ တောင်ပိုင်း ဒေသ တပ်ဖွဲ့ စခန်းတွေကို …
တပ်မတော် က နောက်ပြန်ဆုတ်ခိုင်းတာက နေ …
အစပြုတာဖြစ်ပါတယ်…
တာချီလိတ်မြို့နှင့် အနီးတစ်ဝိုက်ရှိ …
မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယွန်း အစရှိတဲ့ ….
ဒေသတွေမှာ တပ်စွဲထားတဲ့ ‘၀’ တပ်စခန်းတွေကို ….
နောက်ပြန်ဆုတ်ခိုင်းတာ ဖြစ်ပါတယ် ….
ဝတောင်ပိုင်း ဒေသတွင်း တပ်စခန်းတွေက ...
တပ်ဖွဲ့ ဝင် အင်အားစာရင်း တင်ပြဖို့ ….
တပ်မတော်မှ တောင်းခံခဲ့ပြီး ….
တပ်စခန်းအချို့ကို ဆုတ်ခွာဖို့ သတိပေးခဲ့ခြင်း ….
မဆုတ်ခွာတဲ့  တပ်စခန်းတွေကို ….
တပ်မတော် တပ်ရင်းတွေက ၀ိုင်းထားခြင်း …
စတဲ့ ဖိအားပေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်….
ဒီဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ်က …
ခိုလန် မှာ အသစ်ဖွင့်လှစ်လိုက်တဲ့  …
အရှေ့ အလယ်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် ….
လက်အောက်ခံတပ်တွေပါ ပါဝင်လာပြီး …
ဝ တောင်ပိုင်း နဲ့  မြောက်ပိုင်း ဒေသ ရဲ့ …
ဆက်သွယ်မှု လမ်းကြောင်းတွေကို …
တပ်မတော်က ခေတ္တ ဖြတ်တောက် ထိန်းချုပ် ...
နေရာယူထား ခဲ့ပါတယ်…
ဒီ အခြေအနေ တင်းမာမှု ဟာ …
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့  ကျိုင်းတုံမြို့ မှာ…
ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ က…
ဒုတိယ ဥက္ကဌ ဦးသိန်းဇော် နဲ့ …
ဝ တပ်ဖွဲ့  ပြင်ပဆက်ဆံရေး ဋ္ဌာန ….
ဋ္ဌာနကြီးမှူး ဦးကျောက်ကော်ကန် တို့ …
တွေ့ ဆုံဆွေးနွေးပြီး …
ဝ တပ်ဖွဲ့ စခန်းအချို့ ကို …
နောက်ပြန်ဆုတ်ပေးလိုက်တဲ့ နောက်မှာ ….
အထိုက်အလျောက် ....
ပြေလည်မှု ရသွားခဲ့ပါတော့တယ်….
( ရေးသားသူ - ရဲမိုး )
( အပိုင်း ၃ နောက်ရက် ဆက်တင်ပါမည် )
( အပိုင်း ၁ - လင့် ) https://www.facebook.com/photo.php?fbid=526966287416271&set=a.127107237402180.24229.100003087144846&type=1&theater
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အကြောင်း သုံးသပ်ချက် - အပိုင်း ၂
=======================================
(ခ) တပ်မတော် အစိုးရ နှင့် ၀ အထူးဒေသ ဆက်ဆံရေး
---------------------------------------------------------
တပ်မတော် အစိုးရ နဲ့ ဝ တပ်ဖွဲ့ တွေ အကြား ….
အပစ်အခတ်ရပ်စဲ ခဲ့တာဟာ ….
၉.၅.၁၉၈၉ ရက်နေ့ မှာ …
၂၅ နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ် ….
အပစ်အခတ် ရပ်စဲ ခဲ့ ပြီးတဲ့ နောက်မှာ …
ဝ အထူးဒေသ ၂ ဟာ ….
ကျန်တဲ့  အထူးဒေသတွေထက် …
မြန်မြန်ဆန်ဆန်ပဲ ….
တစ်ဟုန်ထိုး ဖွံဖြိုးတိုးတက် လာခဲ့ပါတယ် …
0 comments:
Post a Comment
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အကြောင်း သုံးသပ်ချက် - ၁
 Photo: ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အကြောင်း သုံးသပ်ချက် - ၁
====================================
(က) ၀ လူမျိုး နှင့် ၀ အထူးဒေသ ဖြစ်ပေါ်လာပုံ  ( အပိုင်း ၁)
(ခ) တပ်မတော် အစိုးရ နှင့် ၀ အထူးဒေသ ဆက်ဆံရေး ( အပိုင်း ၂ )
(ဂ) တရုတ် နိုင်ငံ နှင့်  ၀ အထူးဒေသ ဆက်ဆံရေး ( အပိုင်း ၃ )
(ဃ) သုံးသပ်ချက် ( အပိုင်း ၄ )
====================================
(က) ၀ လူမျိုး နှင့် ၀ အထူးဒေသ ဖြစ်ပေါ်လာပုံ  
--------------------------------------------------
ဝလူမျိုး တွေဟာ ….
မွန်- ခမာ အုပ်စု မှ …
ဝ ပလောင်ကွဲ အုပ်စုမှာ ပါဝင်ပါတယ် ….
ရှေးယခင်ကတည်းက ....
ယေဘုယျအားဖြင့် ....
ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မိုင်းမောနှင့် ....
ကျိုင်းတုံ ခရိုင်ကြား မှာနေထိုင်ကြပြီး ...
အရှေ့ပိုင်းဖက်မှာ တရုတ်နိုင်ငံ နယ်စပ်နှင့် 
အနောက်ဖက်မှာ သံလွင်မြစ်တို့ကြားမှာ ...
နေထိုင်ကြပါတယ် ....
“၀”လူမျိုး ကို ....
ပေစာ၊ ကျောက်စာတွေအရ 
“၀”၊ လ၀၊ လ၊ လွ ဟု ….
ခေါ်ဝေါ် အက္ခရာ တင်ထားတာ တွေ့ ရှိရပြီး ….
ကိုလိုနီခေတ်မှာတော့ ....
“၀” ဒေသ ကို “WA”(WA STATE) လို့ ပဲ ..
သတ်မှတ် ခေါ်ဝေါ်တာကို တွေ့ ရပါတယ် …
ဝ တွေဟာ ....
တောင်တက် တောင်ဆင်း ကျင်လည်ပါတယ် ….
ရှေးယခင်က ခေါင်းဖြတ်ပြီး ...
ယာဇ်ပူဇော်သည့် ဓလေ့ထွန်းကားပါတယ် …
ယာဇ်ပူဇော်လျှင် ကောက်ပဲသီးနှံ ထွန်းကားပြီး …
ရောဂါဘယ နည်းပါးတယ်လို့ အယူရှိပါတယ် ….
လူစိမ်း ကို သိပ်မနှစ်မျို့ တဲ့  အတွက် …
ဝ နယ်အတွင်းရှိ ကျန်လူမျိုးစုများ ဟာ ….
တစ်နယ်နှင့် တစ်နယ် လည်း ...
ရှေးယခင် ကတည်းက သိပ် တည့်လေ့မရှိပါဘူး …
မဟာမိတ်ပြုလျှင်တော့ ….
ရှေးဓလေ့ထုံးတမ်းအရ ….
တစ်နယ်နှင့် တစ်နယ် ကိုယ်စားလှယ်များ တွေ့ ဆုံပြီး …
ကျွဲ ကို သတ် ....
ခွဲဝေယူလေ့ရှိကြပါတယ် ….
ငွေဒင်္ဂါး နှင့် ကျည်ဆန်ယမ်းတောင့်များကို …
အရက်ထဲ ထည့်ပြီး ....
ထိုသစ္စာ အရက်ကို သောက်ကာ …
ငွေဒင်္ဂါး ၊ ကျည်ဆံများကို အညီအမျှ ခွဲယူပြီး ….
အရေးကြုံရင် ....
တစ်နယ်နှင့် တစ်နယ် ကူညီကြတယ် လို့  …
သိရပါတယ်….
ကိုးကွယ်ယုံကြည်မှု အားဖြင့် ....
ခရစ်ယာန် ၂၀ % …
ဗုဒ္ဒဘာသာ ၃၀ %  နှင့် …
ရိုးရာနတ်ကိုးကွယ်မှု ၅၀ % ဖြစ်ပါတယ် ….
အထင်ကရ ကျင်းပလေ့ရှိတဲ့  ပွဲတော် တွေကတော့ ….
ကောက်သစ်စားပွဲ ….
ခရစ်စမတ်ပွဲ  နဲ့  ....
ရိုးရာနတ် ပူဇော်ပသပွဲတွေ ဖြစ်ကြပါတယ် …
၁၉၅၈ ခုနှစ် မတိုင်မီ လောက်ထိ
လူကို ခေါင်းဖြတ် ယစ်ပူဇော် ပြီး ….
ဆန်စပါးဖြစ်ထွန်းဖို့ ရည်ရွယ်တဲ့ ....
လုပ်ဆောင်မှု ဓလေ့ ….
ရှိခဲ့သေးတယ် လို့ သိရပါတယ် …
ဝ ဒေသ မြို့ ရွာများ ဟာ ….
အမြင့်ပေ ၅၀၀၀ အထက်မှာ ….
အားလုံး နီးပါး တည်ရှိပါတယ် …
ကိုလိုနီခေတ်မှာတော့ ...
ရှမ်းပြည်နယ် ဒေသခံ စော်ဘွားတွေကပဲ ...
ဝ တွေ ကို အုပ်ချုပ် လာခဲ့ပါတယ်...
၁၉၃၅ ခုနှစ် ဧပြီလ ၉ ရက်နေ့ မှာ….
ဝနယ် နယ်နိမိတ် စုံစမ်းရေးအတွက် ….
တရုတ်-ဗြိတိသျှ ပူးတွဲကော်မရှင်အဖွဲ့ တစ်ဖွဲ့ကို ...
ခန့်အပ် ခဲ့ကြပါတယ် ….
ကော်မရှင်အဖွဲ့၏ ဥက္ကဌမှာ ....
ကာနယ် အက်ဖ် အိုက်စလင်ဖြစ်ပြီး….
ကော်မရှင်အဖွဲ့ကို ...
အိုက်စလင် ကော်မရှင် ဟူ၍ ခေါ်တွင်ခဲ့ပါတယ် ….
အဲဒီ ကော်မရှင်အဖွဲ့ဟာ …
သမိုင်းအဆက်ဆက် မပြီးမပြတ်ခဲ့တဲ့  ....
တရုတ်- ဝ နယ် နယ်နိမိတ်ကြောင်းကို ….
၁၉၃၅-၃၆ နှင့် ၃၇ ခုနှစ်များမှာ စုံစမ်းစစ်ဆေးပြီး ….
အဖွဲ့ ရဲ့ တွေ့ရှိချက် နဲ့ ထောက်ခံချက်တွေ အရ ….
ဗြိတိသျှ နှင့် တရုတ်အစိုးရတို့က ….
၁၉၄၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့  မှာ …
ဝနယ် နယ်နိမိတ်ကြောင်းကို သတ်မှတ် ခဲ့ကြပါတယ်…
ဒါပေမယ့် တရုတ်အစိုးရ အနေနဲ့  ....
ဒီသတ်မှတ်ချက်ထဲက ..
တစ်ချို့ ကိစ္စတွေကို တော့...
သိပ် ကျေလည်လှတယ် မဟုတ်ပါဘူး ….
ဒါကြောင့် လွတ်လပ်ရေး ရပြီးနောက် ….
၁၉၆၀ ဇန်န၀ါရီ ၂၇ မှာ …
တရုတ်-မြန်မာ နယ်နိမိတ်စာချုပ် အသစ်ချုပ်ဆိုပြီး …
နယ်နိမိတ်ကို ပြန်လည်သတ်မှတ်ရာမှာ …
ဝ နယ်က ပန်ဟန် နဲ့ ပန်လပ် ဒေသ နှစ်ခုကို …
တရုတ်ပိုင် အဖြစ် …
ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့ပါတယ် …
၁၉၄၇ ခုနှစ် နယ်ခြားဒေသ အစီရင်ခံစာ အရ ….
ဝ ဒေသမှာ လူဦးရေ ၈၃၀၀၀ ရှိခဲ့ပြီး ….
ယခု ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် စာရင်းအရတော့ …
လူဦးရေ ၆သိန်း ခန့် ရှိပါတယ်….
လွတ်လပ်ရေး ရပြီးချိန် ...
၁၉၅၄ ခုနှစ်မှစပြီး …..
ဝနယ် … ကိုးကန့် နယ်… မိုင်းလွန်းနယ်တို့ ကို ….
ရှမ်းပြည် အရှေ့ မြောက် အထူးခရိုင် လို့  ....
ဖွဲ့ စည်းအုပ်ချုပ်ခဲ့ပြီး ….
၁၉၆၂ တော်လှန်ရေး အစိုးရ လက်ထက်မှာတော့ ….
အဲဒီခရိုင်ဟာ ကွမ်းလုံ ခရိုင် ဟူ၍ ဖြစ်လာပါတယ် ....
လက်ရှိ ....
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၆(စ) အရ ….
ရှမ်းပြည်နယ်ရှိ ….
ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်….
ပန်ဝိုင် မြို့နယ်၊ နားဖန်းမြို့နယ်….
မက်မန်း မြို့ နယ်နှင့် ပန်ဆန်း(ပန်းခမ်း)မြို့ နယ် …
စုစုပေါင်း ခြောက်မြို့နယ် တို့ကို ...
ခရိုင်(၂) ခရိုင် ခွဲပြီး ….
ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ...
သတ်မှတ်ပါတယ်….
မြေပြင်မှာတော့ ၀ ဒေသဟာ …
တရုတ်-မြန်မာ နယ်စပ် ...
မြောက်ပိုင်းနယ်မြေ ပန်ဆန်းဒေသ နှင့် …..
မြန်မာ- ထိုင်း နယ်စပ် ....
တောင်ပိုင်း နယ်မြေ မိုင်းတုံ၊မိုင်းဆတ် ဒေသ ဆိုပြီး ....
နှစ်ပိုင်း ခွဲထားတဲ့ ဒေသ နှစ်ခု ဖြစ်ပါတယ်  ….
မြောက်ပိုင်း ဒေသကို ....
ဦးပေါက်ယူချန်းမှ ခေါင်းဆောင်ပြီး ….
တောင်ပိုင်း ဒေသကို ...
ဦးဝေရွှယ်ခန်းမှ ခေါင်းဆောင်ပါတယ်…
မြောက်ပိုင်း ဒေသက ၀ လူမျိုး ၇၀ ရာခိုင်နူန်းဟာ ...
တရုတ်ဘာသာ စကားပြောဆိုပြီး ...
တရုတ် ယွမ်ငွေ ကို သုံးစွဲပါတယ် ....
ရှမ်းပြည် မြောက်ပိုင်း ရဲ့ ….
ခေတ်သစ် ကွန်မြူနစ်သမိုင်းကတော့ ....
၁၉၆၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ မှာ ....
စတင်ပါတယ်….
အင်အား ၃၀၀ လောက်ရှိတဲ့  ....
ဗကပ တပ်ရင်းကြီး ၃၀၃ ဟာ ...
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရဲ့  အကူအညီနဲ့  ...
နယ်စပ် ကို ဖြတ်ကျော်ပြီး ...
မြူခိုးတွေ အုံဆိုင်းနေတဲ့  မုံးကိုးရွာငယ်လေးက …
မြန်မာ့တပ်မတော် တပ်ခွဲ တစ်ခွဲကို ၀င်တိုက်ပြီး …
ဗကပ အရှေ့ မြောက် စစ်ဒေသကို …
စတင် ဖွင့်လှစ်လိုက်ပါတယ် …
ဖေဖော်ဝါရီလ အတွင်းမှာပဲ ….
တစ်ဖက်နိုင်ငံက စစ်ရေးအကူအညီတွေ ..
အလုံးအရင်းနဲ့ ထပ်မံရောက်ရှိခဲ့ပြီး ..
၁၉၆၈ ခုနှစ် တစ်ခုတည်းမှာပဲ …
ဖောင်းဆိုင်…ပန်ဆုထန်…
ဖော်ကျုံး ၊ ကြူကုတ်(ပန်ဆိုင်း)…
ကောင်းလုံ ၊ လုံထန်နှင့် နမ့်ပေါ် …
တပ်မတော် စခန်းတွေကို …
ဆက်လက် အတိုက်ခံ ရပါတယ် …
၁၉၆၈ နှစ် အကုန်ပိုင်းမှာ…
ကျေးလက်ကို အခြေခံ မြို့ ကိုဝိုင်း …
တိုင်းရင်းသား လူမျိုးစုတွေကို စုစည်း…
အမာခံ နယ်မြေတွေ တည်ဆောက်ဆိုတဲ့  …
ဗကပ စစ် မဟာဗျူဟာတွေ အရ …
အရှေ့ မြောက်ဒေသက ၀ တိုင်းရင်းသားတွေဟာ…..
ဗကပ တပ်ရင်းကြီး ၄၀၄ ရဲ့  လက်အောက်ခံ …
တပ်ရင်း ၅၀၁ ၊ ၅၀၂ ၊ ၅၀၃ တပ်ရင်းတွေ အဖြစ်…..
ပြောင်းလဲ ဖွဲ့ စည်းခြင်း ခံရပါတော့တယ်…
မုံးကိုး ကာကွယ်ရေးတပ်ဖွဲ့  ခေါင်းဆောင် …
ဖုန်ကြားရှင် နဲ့  ကိုးကန့် လူမျိုးများ ဖြစ်ကြပြီး ….
အောက်ခြေ တပ်သားတွေ ကတော့ …
ဝ တိုင်းရင်းသား လူမျိုးတွေ ဖြစ်ပါတယ်…
၁၉၇၁ ခုနှစ် အရောက်မှာတော့ …
ဒီတပ်ဖွဲ့ တွေဟာ အင်အား ၄၀၀၀ ခန့် အထိ ရှိလာပြီး ….
ကွမ်းလုံကို စတင်ခြိမ်းခြောက်နေပြီ ဖြစ်ပါတယ် ….
၁၉၇၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ ……
ဖုန်ကြားရှင်ကိုယ်တိုင် တပ်မဟာမှူး အဖြစ်ပါဝင်တဲ့ …...
အရှေ့ မြောက်စစ်ဒေသ တပ်ဖွဲ့ တွေဟာ….
အင်အား ၄၀၀၀ နီးပါးနဲ့ ချီတက်လာပြီး 
ကွမ်းလုံမြို့ မြောက်ဘက် ၇မိုင်အကွာ …….
တာမြင်ရှန် တောင်ထိပ်မှာ တပ်စွဲထားတဲ့ ….
လော်စစ်ဟန် ရဲ့ အင်အား ၈၀ လောက်ရှိတဲ့ …
ကိုးကန့် ကာကွယ်ရေး ….
ပြည်သူ့ စစ်စခန်းကို တိုက်ခိုက်ပြီး ….
ကွမ်းလုံဒေသ တိုက်ပွဲစဉ်များကို …
စတင်လိုက်ပါတယ်…
ကွမ်းလုံ တိုက်ပွဲစဉ်များဟာ 
ရက်ပေါင်း ၄၀ နီးပါး ကြာမြင့်ခဲ့ပြီး …
ဗကပ ဘက်က …
တပ်ရင်းကြီး အမှတ် ၄၀၄ လက်အောက်ခံ တပ်တွေ နဲ့ …
တပ်မတော်ဘက်က ….
အမှတ် ၇၇ ခြေမြန်တပ်မ လက်အောက်ခံတပ်တွေ …
အပြင်းအထန် တိုက်ခိုက်ကြတာ ဖြစ်ပါတယ် ….
နှစ်ဖက်စလုံးမှာ ....
စစ်သည် ထောင် နဲ့ ချီ ပါဝင်တိုက်ခိုက်ခဲ့ ကြပြီး …..
တပ်မတော်ဘက်ကတော့ …
လော်စစ်ဟန် ခေါင်းဆောင်တဲ့ …..
ကိုးကန့် ကာကွယ်ရေးတပ်ဖွဲ့  အင်အား ၈၀၀ ခန့် က 
ပါဝင် တိုက်ခိုက်ပေးခဲ့ ပါတယ်….
ကွမ်းလုံ တိုက်ပွဲစဉ်များမှာ …
အထိ နာ သွား တဲ့ ဗကပ ဟာ ….
၁၉၇၇ ခုနှစ်မှာ ခြူးရွှေ ၊ ပန်ကောက် တိုက်ပွဲ ….
၁၉၇၈ ခုနှစ် မှာ နောင်လိုင် ၊ ပါဖန် တိုက်ပွဲ နဲ့  ….
၁၉၈၆ ခုနှစ် မှာ စီစီ ၀န် တာပန် တိုက်ပွဲ တွေ ကို ….
ဆက် လက် ဆင်နွဲ ခဲ့ ပါတယ်…
အဲ ဒီ တိုက်ပွဲ တွေ အပြီး မှာ ….
တပ်မတော် က …
ဗကပ ခြေကုပ် စခန်းကြီး တွေ ဖြစ်တဲ့  ….
ကြူကုတ် ၊ ပန်ဆိုင်း ၊ ကွန်ဟိုင်း ….
နောင်မ၊ မာန်ဟီးရိုး စခန်းတွေ ကို ….
တန်ပြန် ထိုးစစ်ဆင် သိမ်းပိုက် ခဲ့ လို့ …
ခေတ္တ တန့် သွားခဲ့ပါတယ်…
ဒါပေမယ့်  တစ်ခါ …
၁၉၈၈ ခု စက်တင်ဘာ ၂၃ ရက် မှာ 
ဗကပ ပန်ဆန်း ဗဟို ရဲ့ တိုက်ရိုက် ကွပ်ကဲမှု နဲ့  ချီတက် လာတဲ့  ….
ဗကပ လက်ရွေးစင် တပ်ရင်း ၁၃ ရင်း ဟာ ….
မိုင်းယန်း ဒေသမှာ တပ်စွဲ ထားတဲ့ …
တစ်ခု တည်းသော ...
တပ်မတော် ခြေလျင် တပ်ရင်း တစ်ရင်း ကို ….
ထပ်မံ တိုက်ခိုက် ကြ ပြန်ပါတယ်။
နယ်မြေ တွင်း က ...
စစ်ကူ စစ်ကြောင်း တွေ မလာနိုင် အောင် 
အဖက်ဖက် က ပိတ်ဆို့ ဖြတ်တောက် ပြီးမှ 
အပိုင် တိုက်ခိုက် ခဲ့တာ လည်း ဖြစ်ပါ တယ် …
ဒီတိုက်ပွဲ ဟာ တိုက်ပွဲ ကြီး ၁၄ ကြိမ် …
တိုက်ပွဲငယ် ၂၃ ကြိမ် …
အနီးကပ် လှံစွပ်ထိုး တိုက်ပွဲ ...
အကြိမ် ၃၀ ထိ တိုက်ခိုက် ခဲ့ပေ မယ့် …
အဲဒီ တပ်မတော် ခြေလျင် တပ်ရင်း ဟာ …
စစ်ကူ စစ်ကြောင်း တွေ ကို စောင့်ဆိုင်း ရင်း …
(၈) ရက် လုံးလုံး မဆုတ်ခွာ ပဲ ....
အသေခံ ခုခံ နေတာ ကြောင့် …
ဗကပ တို့ ရဲ့ မိုင်းယန်း ကနေ …
မူဆယ် နမ့်ခမ်း ကြူကုတ် ထိ သိမ်းပိုက် မယ့် ….
စစ်ရေး စီမံချက် ဟာ သဲထဲ ရေသွန် ဖြစ်ခဲ့ ရပါ တယ် …..။
ဒီ တပ်မတော် နဲ့  ….
အနှစ် ၂၀ ကျော် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ဖြစ်စဉ်တွေမှာ ….
အထိအခိုက် အကျအဆုံးများပြီး ….
အသုံးချ ခံနေရတယ်လို့ ...
မကျေမနပ် ဖြစ်လာ ကြတဲ့ ….
ဗကပ တပ်ရင်းကြီး ၄၀၄ လက်အောက်ခံ ….
ဝလူမျိုး တပ်ရင်းတွေဟာ ….
၁၉၈၉ ဧပြီ ၁၇ ရက်နေ့ မှာ ….
ဗကပ ပန်ဆိုင်းဗဟိုကို ၀င်ရောက် သိမ်းပိုက်ပြီး …
ဗကပ ကို တော်လှန် .....
တပ်မတော် အစိုးရ နဲ့  အပစ်အခတ်ရပ်စဲ လိုက်တဲ့ အတွက် ….
ရှမ်းပြည်နယ် အရှေ့ မြောက်ဒေသ မှာ ….
လက်ရှိ ၀ အထူးဒေသ ၂  အနေနဲ့  …
စတင်ပေါ် ပေါက်လာပါတော့တယ်……။   ။
( ရေးသားသူ - ရဲမိုး )
( အပိုင်း ၂ နောက်ရက် ဆက်တင်ပါမည် )
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အကြောင်း သုံးသပ်ချက် - ၁
====================================
(က) ၀ လူမျိုး နှင့် ၀ အထူးဒေသ ဖြစ်ပေါ်လာပုံ ( အပိုင်း ၁)
(ခ) တပ်မတော် အစိုးရ နှင့် ၀ အထူးဒေသ ဆက်ဆံရေး ( အပိုင်း ၂ )
(ဂ) တရုတ် နိုင်ငံ နှင့် ၀ အထူးဒေသ ဆက်ဆံရေး ( အပိုင်း ၃ )
(ဃ) သုံးသပ်ချက် ( အပိုင်း ၄ )
0 comments:
Post a Comment
ဘင်္ဂးလားဒေရှ့်
Faw Gyi's photo.
အကျယ်အ၀န်း ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၃၉၉၈ ကျယ်ဝန်းတဲ့ ဒီနိုင်ငံအနေနဲ့ လူဦးရေပေါက်ကွဲမှုတွေဖြစ်နေတယ်။ မြို့တော်က ဒါကာဖြစ်ပါတယ်။ လူဦးရေပေါင်းက ၁၆၁၀၈၃၈၀၄ ဖြစ်ပါတယ်(၂၀၁၂ ဇူလိုင်) ။ ရေကြောင်းထိစပ်မှုက ကီလိုမီတာ ၅၈၀ ဖြစ်ပါတယ်။ ဘင်ဂါလီ ၉၈ ရာခိုင်နှုန်း ဖြစ်ပြီး ကိုးကွယ်တဲ့ဘာသာက မွတ်ဆလင် ၈၉.၅ % ဖြစ်ပါတယ်၊ ကျန်တဲ့ရာခိုင်နှုန်းတွေ ကိုလည်း သူတို့ဘာ သာထဲကိုသွတ် သွင်းနေပါတယ်၊ ပါလီမန်ဒီမိုကရေစီအုပ်စိုးတဲ့ အစိုးရစနစ်တစ်ခုဖြစ်ပါတယ်။ ပြည်နယ် ၇ ခုနဲ့ အုပ်ချုပ်နေ ပါတယ်။
စီးပွားရေးတိုးတက်နှုန်းက တစ်နှစ်ကို ၅ % ကနေ ၆% အထိတိုးတယ်နေပါတယ်။ 
0 comments:
Post a Comment
ရုပ် ဝတ္ထု တို့ မြည် သံ တို့ နှင့် အ တူ
Photo: " ရုပ် ဝတ္ထု တို့  မြည် သံ တို့ နှင့် အ တူ "
…………….
(၁)
 " နောင် ဝေ..ဝေ..
 နောင် ..ဝေ…ဝေ..
 နောင်….ဝေ…ဝေ…"
     မိုးလင်းပြီဆိုကတည်းက အဖေ၊ အမေတို့၏ မေတ္တာပို့အမျှဝေ ကြေးစည်သံနှင့်အတူ မောင်ဖြိုးတို့ နှိုးထ လာနေကြ။ 
 သတ္တ၀ါတွေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။  ကျန်းမာကြပါစေ။ သတ္တလောကကြီး၏ ကောင်းကျိုး လိုလားသောစိတ်တို့ဖြင့် နှိုးထလာခဲ့ရသည့် နံနက်ခင်းသည် ကျက်သရေအပေါင်းတို့ဖြင့် ပြည့်စုံလှပါသည်။
    ဒီကမ္ဘာ၊ ဒီမြေပေါ်၌ လောဘ၊ ဒေါသ၊ မောဟတရားတို့ဖြင့် အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်၊ အင်အားငယ်သူက အင်အားကြီးသူကို လက်တုန့်ပြန်နေကြသည့် လောကကြီး။  
 နေရာဒေသအနှံ့ သတ်ကြ၊ ဖြတ်ကြ၊ ညှဉ်းဆဲကြ၊ နှိပ်စက်နေကြသည့် လောကကြီး၊ အစာရေစာ ငတ်မွတ်မှုဒဏ်၊ စစ်ဘေးဒဏ်၊ သဘာဝတရားတို့၏ နည်းအမျိုးမျိုးကြောင့် ခံစားနေရသောဒဏ်တို့ဖြင့် ပြည့်နေ သော လောကကြီး။  သြော် လောကကြီးက ဆင်းရဲခြင်းအမှန်တို့ဖြင့် လွှမ်းခြုံနေပါပြီတကား။
    ဒီလို တောက်လောင်ပူပြင်းနေသည့် လောကကြီးကို အေးချမ်းအောင် မေတ္တာဓာတ်တို့ဖြင့် ပို့လွှတ်နေ သည့် မောင်ဖြိုး  အဖေ၊ အမေတို့၏ နှလုံးသားမေတ္တာသံစဉ် ကြေးစည်သံသည် လွှင့်ပျံလို့နေပါသည်။
 မောင်ဖြိုးတို့ နေ့စဉ်နားဆင်ရသည့် တစ်နေ့တာ၏ အစ ကြေးစည်သံပင်ဖြစ်ပါသည်။
(၂)
 " ခေါင်းလောင်းသံ တညံညံပေး…ရွာကျောင်းကို ပြေးမြင်မိရင်..သတိရနေတယ်..သူငယ်ချင်းရေ "
 " ဒေါင်   ဒေါင်   ဒေါင်  "
 ခေါင်းလောင်းသံမကြားရမီကတည်းက မောင်ဖြိုးတို့ အတန်းထဲရောက်နှင့်ပြီ။  ကျောင်းတက် ခေါင်း လောင်းသံနှင့်အတူ ကျောင်းသားတွေ စုပေါင်းတန်းစီကွင်းသို့ချီတက်ကြသည်။
 နိုင်ငံတော်အလံကို အလေးပြုကြသည်။  နိုင်ငံတော်သီချင်းကို သံပြိုင်ရွတ်ဆိုကြသည်။
   မျိုးချစ်စိတ်ဓာတ်ဆိုတာကို မောင်ဖြိုးတို့ နားမလည်။  သို့သော် နိုင်ငံတော်သီချင်း၏ စာသား၊ သံစဉ် တို့သည်ကား အမိမြန်မာပြည်ကြီးအား ချစ်ရမည်ဆိုသည့် အတွေလေးတော့ဝင်လာသည်။
 " ကမ္ဘာမကျေ..မြန်မာပြည်..ဒါတို့ပြည်..ဒါတို့မြေ..ဒို့ပိုင်တဲ့မြေ.."
 " ဒေါင် "
 စာသင်ခန်းအတွင်း ၀င်ကြသည်။ အတန်းပိုင်ဆရာမက ကျောင်းသားတစ်ဦးခြင်းစီ၏ အမည်ခေါ်သည်။ ပြီးနောင် မောင်ဖြိုးတို့ စာသင်ယူခြင်းစကြသည်။  ပညာသင်သည်ပေါ့။  အတန်းပညာသင်ကြား ကြသည်ပေါ့။  တချို့သော ဆရာ၊ ဆရာမတို့က ကျောင်းပညာရပ်တင်သာမက၊ စိတ်ဓာတ်ကောင်းမွန် တိုးတက်ရေးအတွက် သင်ကြားပေးကြသည်။
 ပြန်ကြည့်လျှင် မောင်ဖြိုးတို့ ဆရာ၊ ဆရာမအများစုက စေတနာကောင်းကြသလို၊ တပည့်တွေအပေါ် မေတ္တာအပြည့်ထားကြသည်။  ငွေကြေးဆိုသည်ကို မမက်မောကြ။  အမုန်းခံပြီး သင်ကြားပြသပေးကြသည်။
    သြော်.." ဒေါင် " ဆိုသည့် မည်သံနောက်တွင် မောင်ဖြိုးတို့၏ အနာဂတ်တွေရှိနေသည်။  ထို့အတူ တိုင်းပြည်၏ အနာဂတ်တွေရှိနေသည်။  အနန္တဂိုဏ်းဝင်ဆရာတို့၏ စေတနာ၊ မေတ္တာ၊ ကရုဏာ၊ အကြင်နာ တို့နှင့် ဆရာတို့၏ ပညာတို့ တည်ရှိနေပါသည်။
(၃)
 " ဘော် … ဘူ .. ဘော် …"
 ရထားကြီးကတော့ဖြင့် သူ့ခရီးစတင်ဖို့ ဟစ်အော်နေလေပြီ။ မောင်ဖြိုးသည်လည်း ထိုရထားကြီးဖြင့် တာဝန်ကျရာအရပ်သို့ သွားရပေတော့မည်။
     ရထားကြီးသည် မောင်ဖြိုး၏ မိဘ၊ ဆရာ၊ ငယ်သူငယ်ချင်းတို့နှင့် ခွဲခွာဖို့ လက်ပြနှုတ်ဆက်ဖို့ အသံပြု နေပြီ။  ထို့အတူ မောင်ဖြိုး၏ ရှေ့ဆက်မည့် အနာဂတ်ကိုစိန်ခေါ်ဖို့ စစ်ကြေညာလေပြီ။  ရထားကြီးသည် မောင်ဖြိုးတို့လို သာမန်လူတန်းစားတို့အတွက် အလွန်တရာအသုံးဝင်လှသည်။  ရထားကြီး တီထွင်ခဲ့သူကို များစွာ ကျေးဇူးတင်ရပေမည်။
 " ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချင်တဲ့ စိတ်ကလေးတားမရဘူး "
 လွှမ်းသည့်စိတ်တို့ကို ရထားဥသြသံနှင့်အတူ ပို့ဆောင်ပေးလွှတ်ရမည်။  ရထားကြီးက မောင်ဖြိုးတို့ကို လိုရာခရီးသို့ သယ်ဆောင်ပေးသလို၊ ရထားကြီး၏ အသံသည် မောင်ဖြိုးတို့၏ စိတ်အစဉ်ကို ထွေးပွေ့ယူငင်ပေး လေသည်။
(၄)
 " တုံ "
 " ယောဂီအပေါင်းတို့ တရားထိုင်ချိန်ဖြစ်ပါတယ် "
     ဓမ္မရိပ်သာဆီသို့ မောင်ဖြိုးအပါအ၀င် တရားစခန်းဝင်နေသည့် ယောဂီတို့ လှမ်းကြွခဲ့ပါသည်။  ဒီအသက်အရွယ်အချိန်ထိ တစ်ခါသာ ၀င်ဘူးခဲ့သေးသည့် ၁၀ ရက်တရားစခန်းဖြစ်၏။  
 အရွယ်နှင့်အလိုက် တိုးငင်ရစ်တွယ်သယ်ပိုးထားနေသည့် သံယောဇဉ်ကြိုး၊ လောဘအရှုပ်၊ ဒေါသ အထုပ်တို့ကို ပါးလိုပါးငြား၊ ငြိမ်းလိုငြိမ်းငြားဆိုသည့် ရည်ရွယ်ချက်ဖြင့် တရားစခန်းဝင်ခဲ့ခြင်းဖြစ်ပါသည်။  ကိလေသာအသားမာတို့က တော်တော်ဖြင့် ထူနေပါပြီ။  ရိတ်လှီးပယ်ဖြတ်ဖို့နေနေသာသာ၊ ကြေး(ဂျီး)စင် အောင်ပင် မနည်းချွတ်ရပေဦးမည်။
     နံနက်မှ ညအထိ တရားစခန်းတွင် လုပ်ဆောင်ရမှုတို့သည် လက်ရှိရောက်ရှိနေသည့် အသက်အရွယ် ထိရှာဖွေခဲ့သော စည်းစိမ်တို့နှင့်မျှ မလဲနိုင်၊  လုပ်ဆောင်ခဲ့သည့် အလုပ်မျိုးစုံတို့ထက် တစ်နေ့တာအချိန်က ပိုမို တန်ဖိုးရှိပါပေ၏။  
    " တုံ " ဆိုသည့် တုံးခေါက်သံနှင့်အတူ တစ်နာရီ တရားထိုင်၊ ၁၅ မိနစ်နား၊ နောက် " တုံ " အသံ နှင့်အတူ တစ်နာရီ အလုပ်ပေးတရားနာ ရသည်။  မောင်ဖြိုးအတွက် တကယ့်ကို တန်ဖိုးမဖြတ်နိုင်သည့် နေ့ရက် များဖြစ်သလို " တုံ " ဆိုသည့်အသံတို့ အထပ်ထပ်အကြိမ်ကြိမ် ကြားနာနိုင်ဖို့ ကြိုးစားရပေမည်။
 " တုံ "
 စိတ်တို့ ခေတ္တခဏအေးချမ်းသွားပါသည်။
(၅)
 " ချလွင် ချလွင် ချလွင် "
 " မောင်ဖြိုးရေ ရှေ့ထွက်ကြည့်လိုက်ပါဦးကွာ ဘယ်သူတွေလဲမသိဘူး"
 မောင်ဖြိုးဝရန်တာရှေ့ ထွက်ကြည့်လိုက်သည်။  သူငယ်ချင်းတချို့က သူတို့ရောက်ရှိပြီဖြစ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။  လှေကားထစ်များမှတဆင့် အောက်လမ်းမဆီသို့ မောင်ဖြိုးဆင်းခဲ့သည်။
     ရန်ကုန်မြို့ကြီးကို မောင်ဖြိုးစတင်ရောက်ရှိစဉ်အခါက တိုက်ခန်းအလွှာလိုက်တို့တွင် ဘာကြောင့် ခေါင်းလောင်းလေးတွေ ချိတ်ဆွဲထားသည်ကို မသိချေ။  ဟိုးအောက်ဆုံးမှ ဟိုး ၄ ထပ် ၅ ထပ် အလွှာများဆီသို့ ဆက်သွယ်ပေးသည့် ခေါင်းလောင်းလေး။
    ထိုခေါင်းလောင်းလေးမည်လျှင်ဖြင့် ထွက်ထွက်ကြည့်ရသည်။ တစ်ခါတလေ ခေါင်းလောင်းလေး၏ မည်သံက မှား၍လည်း ရောက်လာတတ်သည်လေ။  ခေါ်သူက မှား၍ ကြိုးကို ဆွဲလေခြင်းကြောင့်ပင်။  
 ခပ်မြင့်မြင့် တိုက်ခန်းတို့၏ ရှေ့မျက်နှာစာတွင် ချထားသောကြိုးလေးများ၊ ထိုကြိုးလေးတို့ဖြင့် ချည်နှောင်ချိတ်ဆွဲထားသည့် ခေါင်းလောင်းများသည် ရန်ကုန်မြို့၏ ဘ၀သရုပ်လည်းဖြစ်ပေသည်။  
    ထိုခေါင်းလောင်းလေးမှ မည်လိုက်သည့် အသံသည်လည်း ခေါ်ငင်သူ၊ အခေါ်ခံရသူတို့၏ ဘ၀ စည်းချက်များလည်း ဖြစ်နိုင်ပါပေသည်။
(၆)
 " ချက်…ချက်…ချက် "
 တိတ်ဆိတ်နေသောညတွင် နာရီမှ စက္ကန့်တံ၏ မည်သံကို ကြားနေရသည်။  မောင်ဖြိုးမော့ကြည့်လိုက် သည်။ 
 " အလို ၁၂ နာရီတောင် ထိုးတော့မှာပါလား "
     ၂၄ နာရီဆိုသည့် တစ်နေ့ကုန်တော့မှာပေါ့။  စာရေးခြင်းက လက်စမသတ်သေး။ သို့သော် တစ်နေ့တာ ဖြင့်ကုန်တော့မည်။  မပြီးသေးလို့ စောင့်နေမည် မဟုတ်။  သူကလည်း သူလုပ်စရာရှိတာကို လုပ်နေမည်ဖြစ် သည်။  တစ်နေ့ကုန်တော့ ဘာဖြစ်သေးသနည်း။ မောင်ဖြိုးကလည်း ဆောင်ရွက်စရာရှိသည့် ကိစ္စတွေကို ဆက် လက်ဆောင်ရွက်ရမည်ပေါ့။
     ဒီလိုနဲ့ မောင်ဖြိုးအတွက် ဘာမှမဖြစ်ဘူးဆိုသော်လည်း အသက်ကတော့ တစ်ရက်ကြီးသွားပါပေပြီ။ ဒီလို " ချက်..ချက်…ချက် " ဆိုသည့် အသံပေါင်းများစွာက ငယ်ရွယ်နုပျိုနေသည့် မောင်ဖြိုးတို့အသက်၊ မောင်ဖြိုးတို့ ရုပ်ခန္ဓာကြီးကို တဖြည်းဖြည်းသိမ်းပိုက်သွားသည်။
 သတ္တ၀ါမှန်လျှင် သေမျိုးဆိုသည်ကား အမှန်ဖြစ်သော်လည်း သေမျိုးဆိုသည်ကို မောင်ဖြိုးမေ့ထားချင် သည်။  မောင်ဖြိုး ဒီအမျိုးကို စွန့်လွှတ်ချင်သည်။ သို့သော် မောင်ဖြိုးဆိုသည့် ခန္ဓာအတ္တဘောကြီးကတော့ " ချက် ..ချက်..ချက်…" မည်သံတို့နှင့်အတူ မရဏမင်းဆီသို့ ချီတက်ခဲ့လေပြီ။
(၇)
      မောင်ဖြိုးဖြတ်သန်းလာခဲ့သည့် ဘ၀တစ်လျှောက်လုံး အသံမျိုးစုံကို ကြားခဲ့ရပြီ။  ထိုအသံတို့နှင့်အတူ ဘ၀အရုပ်တွေ၊ အတွေးသရုပ်တွေကို ကြုံတွေ့ခဲ့ရပြီ။ ခံစားခဲ့ရပြီ။
       မြည်သောအသံတို့နှင့် ဘ၀တစ်လျှောက်လုံး ရင်းနှီးပေါင်းသင်းခဲ့ပါပြီ။  မြည်သောအသံတစ်ခုသည် မည်သည့်အရာ၏ မြည်သံ၊ ထိုမြည်သံ၏ နောက်တွင် ဘာတွေဖြစ်လာနိုင်သည်ဆိုသည်ကို မောင်ဖြိုးတို့ ကောင်းကောင်းကြီး ရရှိခဲ့ပေပြီ။
 မြည်သံတို့၏ နောက်တွင် ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ စိတ်ရွှင်လန်းခြင်း၊ စိတ်ညစ်ထေးခြင်းတို့ကို မြင်တွေ့ ဖြတ်ကျော်ခဲ့လေပြီ။  မောင်ဖြိုးတို့ ဘ၀အတွက် မြည်သောအသံတို့ကို အဓိပ္ပါယ်ရှိရှိ အသုံးချသွားမှ သာလျှင် ဖြစ်ပေမည်။
  မောင်ဖြိုးတို့ဘ၀ အေးငြိမ်းရာကို ဖော်ဆောင်ပေးမည့် အသံတို့ မြည်အောင်လည်း ကြိုးစားတီးခတ် သွားရမှာဖြစ်သလို အေးငြိမ်းရာသို့ ဆောင်ကြဉ်းပေးမည့် မြည်သံတို့ကိုလည်း ဂရုတစိုက်နားဆင် သွားရပေတော့မည်။
*************
မောင်ပိုင်
၂၃-၃-၂၀၁၄။
(၁)
" နောင် ဝေ..ဝေ..
နောင် ..ဝေ…ဝေ..
နောင်….ဝေ…ဝေ…"
မိုးလင်းပြီဆိုကတည်းက အဖေ၊ အမေတို့၏ မေတ္တာပို့အမျှဝေ ကြေးစည်သံနှင့်အတူ မောင်ဖြိုးတို့ နှိုးထ လာနေကြ။
သတ္တ၀ါတွေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ကျန်းမာကြပါစေ။ သတ္တလောကကြီး၏ ကောင်းကျိုး လိုလားသောစိတ်တို့ဖြင့် နှိုးထလာခဲ့ရသည့် နံနက်ခင်းသည် ကျက်သရေအပေါင်းတို့ဖြင့် ပြည့်စုံလှပါသည်။
0 comments:
Post a Comment
ရထားကြီး ပြေး ပြေး
Photo: ရထားကြီး ပြေး ပြေး 
***   ***   ***   ***
မြို့လေး၏ ဘောလုံးကွင်းထဲတွင် ဆိုင်ကယ်များ၊ ကြွေးကြော်သံ ဆိုင်းဘုတ်များ၊ ဗီနိုင်းများ နှင့် လူအချို့စုဝေးမိကြပြီ။ သူတို့သည် နာရီကိုကြည့်ကြ၊ ၀င်ပေါက်ဝ ကို လှမ်းမျှော်ကြ လုပ်နေကြသည်။ သို့သော် တစ်ယောက်စ နှစ်ယောက်စမှလွဲ၍ ထပ်ရောက်မလာကြပေ။ လူအင်အားကား မီဒီယာ များထဲတွင် ကြိုတင်ထည့်ထားသည့် အရေအတွက် ထက်ဝက်ပင် ရောက်မလာ။ 
နံနက်ခင်း အပြေးလေ့ကျင့်ရင်း ရောက်လာသော ကျနော်သည် ၄င်းတို့အား လှမ်းကြည့်နေရင်း ငယ်ရွယ်စဉ်ကလေးဘ၀မှ အဖြစ်အပျက်တစ်ခုအား ပြန်အောက်မေ့မိပါတော့သည်။
 ဒီအချိန်က ကုလားပဲ ရိတ်ချိန်၊ မြေပဲနှုတ်ချိန်၊ တောင်သူသီးနှံတို့ ရိတ်သိမ်းချိန်။ ကျနော့် ဖခင်သည် သူ၏ မိဘများရှိရာ ရွာလေးတစ်ရွာသို့ တောင်သူသိမ်းလုပ်ငန်းများကို သွားရောက် ကူညီလုပ်ကိုင်ပေးရသည်။ ကျနော့်ဖခင်သွားရောက် လုပ်ကိုင်ပေးရာ ယာခင်းများရှိသောကွင်းပြင်ကြီးအစပ်နားတွင် မီးရထားသံလမ်း တစ်ခုရှိသည်။ နံနက်ခင်း ၉ နာရီခန့်တွင် မီးရထားကြီးတစ်စင်း ဥသြသံဆွဲပြီး ဂျုံးဂျုံး ဂျုံးဂျုံး နှင့် ခုတ်မောင်းလာသည်ကို မြင်ရသောအခါ မီးရထားကို မမြင်ဖူးသေးသော ငယ်ရွယ်စဉ်ကလေးတစ်ဦးမျှသာ ဖြစ်သူ ကျနော့်မှာ ရန်တုန် ပန်းတုန် ကြောက်မိပါတော့သည်။
“အေး ဒါပေမယ့် ငါတို့ ထွက်တော့မယ်။ အချိန်ကလဲ တော်တော်လေး နောက်ကျနေပြီ  .မင်းတို့က . . ..  . . .. . . ..” ကျနော့်အနား လူတစ်ဦးမှ ဖုန်းလာဆက်သဖြင့် အတွေးစတို့ ခေတ္တပြတ်တောက်သွားသည်။ လှမ်းကြည့်လိုက်တော့ ဆန္ဒပြမည့်သူများမှာ ဆိုင်းဘုတ်များ ထောင်၍ တန်းစီ ထွက်ကြပြီ။ ဘေးနားGym အားကစားရုံမှ ၀ိတ်သမားများသည် အံကိုကြိတ်၍ ၀ိတ်ပြားများမနေကြသည်။ လမ်းပေါ်မှ ဆိုက္ကားသမားက သူ့ဆိုက္ကားပေါ်တွင် အိတ်များကို အထပ်လိုက် စီတင်ပြီး ကျားကန်တွန်းလျှက် ရှိသည်။ ဆီချေးအထပ်ထပ်ပေကျံနေသော အင်္ကျီကို ၀တ်ဆင်ထားသည့် ဆိုင်ကယ်ဝယ်ရှော့ အလုပ်သမားလေးသည် ဆိုင်ကယ်တစ်စီး၏ ကာဗာ များ ကို ဂရုတစိုက်ခွာလျှက်ရှိသည်။ သူတို့သည် အသံထွက်လာရာ ဆန္ဒပြသမားများဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။ အချို့ ထွက်ကြည့်ကြသေးသည်။ ပြီးသော် မူလနေရာ သို့ ပြန်လာပြီး လုပ်မြဲအလုပ်ကို ဆက်လုပ်နေကြသည်။ ပြည်တွင်းငြိမ်းချမ်းရေး . .  ဒို့အရေး . .၅၉ (စ)  . .ဒို့အရေး . .အပစ်အခတ်ရပ်စဲရေး . လေးပွင့်ဆိုင်အရေး . .  .၄၃၆  . .အရေး . .ဒို့အရေး . . . ဆန္ဒပြသူတို့ အော်နေကြရှာသည်။ သို့သော် ဆိုက္ကားသမားအတွက်တော့ ဒီအိတ်တွေ ပွဲရုံမြန်မြန်ရောက်ပြီး ပိုက်ဆံရဖို့ အရေးကြီးနေလေသည်။ ၀ပ်ရှော့ သမားအတွက်တော့ ဒီဆိုင်ကယ်ကို မြန်မြန်ပြင်ပြီး လက်ခရဖို့ . .အားကစားရုံမှ ၀ိတ်သမားအတွက်တော့ . .အဆီမြန်မြန်ကျပြီး ကြွက်သားတွေ ရှိလာဖို့က ပထမ ဖြစ်လေရာ .သူတို့ မဖတ်ဖူးသော စာအုပ်စိမ်းကြီးထဲက ဥပဒေပုဒ်မတွေကိုပြင်ဖို့ ကြွေးကျော်သံများက သူတို့နှင့် တစိမ်းဆန်လျှက်ရှိလေတော့သတည်း။ . . 
သူတို့အတန်ငယ်ဝေးသွားသောအခါ တွေးလက်စအတွေးတို့က ပြန်ရောက်လာသည်။ ကျနော်သည် မီးရထားကြီး မောင်းလာသည်ကို မြင်ရသောအခါ ကြောက်ရွံ့သောကြောင့် အော်ဟစ်ငိုယိုမိပါတော့သည်။ ထိုအခါ ကျနော့်၏ ဖခင်ဖြစ်သူရောက်လာပီး တုတ်တစ်ချောင်းကို ကိုင်ဆွဲ၍ 
“ လာ  .. . သား . .ဒီမီးရထားကြီးကို ဖေဖေတို့ မောင်းထုတ်လိုက်ကြရအောင်”
ကျနော် ပျော်သွားသည်။ ကျနော့်ဖေဖေသည် လူစွမ်းကောင်း၊ ကျနော်တို့ ခေါင်းဆောင်၊ ကျနော်ကြောက်ရွံ့သော ရထားကြီးကို ကျနော်တို့ မောင်းထုတ်နိုင်တော့မည်။ ကျနော်နှင့် ရွယ်တူ ညိအကိုဝမ်းကွဲများလဲ ပျော်ရွှင်စွာ ပူးပေါင်းပါဝင်လာသဖြင့် ကျနော်တို့ အဖွဲ့သည် အင်အားအတော် တောင့်သွားပါတော့သည်။
ကျနော်တို့သည် တုတ်ချောင်းလေးများ ကိုယ်စီ ကိုင်ဆွဲ၍ သံလမ်းနှင့် ခပ်လှမ်းလှမ်းနေရာထိ ပြေးသွားကြပါသည်။ ရထားကြီးလာသောအခါ ကျနော့် ဖခင်က ရှေ့မှ တိုင်ပေးပြီး ကျနော်တို့က တုတ်ချောင်းလေးများဖြင့် ရထားကြီးဆီသို့ ချိန်ရွယ်ကာ လိုက်ဆိုကြရသည်။
“ ရထားကြီး  . ပြေး  . .ပြေး  . . 
မင်းကို ငါ မောင်းထုတ်တယ်ဟေး  
ရထားကြီး အဝေး ပြေး
ဒီနေရာမှာ မနေနဲ့ဟေး “
ကျနော်တို့ ဤကဲ့သို့ ရွတ်ဆိုမောင်းထုတ်နေစဉ်သကာလ . . . ရထားကြီးမှာ ကျနော်တို့နှင့် ဝေးရာဆီသို့ တရွေ့ရွေ့ခုတ်မောင်း ထွက်ပြေးသွားလေတော့ရာ ကျနော်တို့မှာ များစွာပျော်ရွှင် ကျေနပ်အားရမိလေတော့သတည်း။
 လေကြောင်းသင့်သဖြင့် ဆန္ဒပြလူတန်းရှေ့ ဆိုက္ကားပေါ် လော်စပီကာမှ ဖွဲစည်းပုံ ပြင်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေး . .ဒို့အရေး . .၅၉ (ဃ) (စ) ပြင်ဆင်ပေးရေး ဒို့အရေး လေးပွင့်ဆိုင် ဆွေးနွေးရေး ဒို့အရေး . ..အစရှိသော အသံများ လွင့်လာသည်။ တကယ်တမ်းတော့ ကျနော်တို့ တိုင်းပြည်သည် လွတ်လပ်ရေးနောက်ဆက်တွဲ ဆိုးမွေများ နင့်နေအောင် ခံစားခဲ့ရသည်။
 မအောင်မြင်သော ပါလီမန်ဒီမန်ကရေစီခေတ်၊ မအောင်မြင်သော ဆိုရှယ်လစ်ခေတ်၊ ဘယ်တော့မှ မငြိမ်းချမ်းခဲ့သည့် ပြည်တွင်းစစ်၊ ကျပ်တည်းလှသည့် စစ်အုပ်ချုပ်ရေးခေတ် . .အဆင့်ဆင့်ကို ဖြတ်သန်းခဲ့ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ သည် ကျပ်တည်းလှသော အာဏာရှင်ခေတ်မှ ရုန်းကန်ထွက်ခဲ့ရသည့် ရထားကြီးတစ်စင်း။ သူ့တွင် ဖြတ်သန်းခဲ့ရသည့် မြန်မာနိုင်ငံ၏ ကောင်းမွေဆိုးမွေများ တစ်နင့်တပိုးပါဝင်သည်။ 
လက်တွေ့တွင်လည်း စာအုပ်စိမ်းကြီးနှင့် အတူ ရွေးကောက်ပွဲတွေဖြစ်လာခဲ့သည်။ လွတ်လပ်မှုတွေ ဖူးပွင့်လာခဲ့သည်။ အကျိုးခံစားခွင့်တွေ အတိုင်းတာတစ်ခုထိ ရရှိလာခဲ့သည်။
 မျက်နှာလွှဲခဲ့သဖြင့် ခမောက်တစ်လုံး ဆုံးခဲ့ရသော  ဒေါ်အောင်ဆန်းစုကြည်မှာ မှီရာဘူတာမှ နေ၍ ကြားဖြတ်လိုက်ပါခဲ့ရသည်။ 
စာအုပ်စိမ်းကြီးသည် ဘယ်လောက်ပဲ ရှုပ်အောင် ဆွဲထားသည်ဖြစ်စေ . .အဓိကအချက်ကတော့ တပ်မတော် အင်အားစုနှင့် နားလည်မှု ရယူပါဟူသော အချက်မှလွဲ၍ တစ်ခြားမရှိပေ။
 ဆန္ဒပြခြင်းနည်းလမ်းအား ၈ လေးလုံးတွင် မိုးလုံးခြိမ့်ညံအောင် သုံးခဲ့ကြပြီ။ အကျပ်ကိုင်ခြင်း၊ ပိတ်ဆို့ခြင်းတွေကို မျိုးဆက်တွေ စတေးပီး လုပ်ခဲ့ကြပြီးပြီ။ စာအုပ်စိမ်းကြီး မွေးဖွားလာခြင်းကို လေလှိုင်းတစ်ခွင် သောသောညံအောင် ကန့်ကွက်ခဲ့ကြပြီးပြီ။ ဘာတွေများဖြစ်လာခဲ့ပါသနည်း။ ဘာအပြောင်းလဲတွေများ ဆောင်ကြဉ်းနိုင်ခဲ့ကြပါသနည်း။
ဆန္ဒပြခြင်းဖြင့် ခေတ်မီနိုင်ငံတော်တစ်ခု ထူထောင်နိုင်သည်လား . ကျနော်ကောင်းကောင်းအဖြေမရှာတတ် . တရုတ် နှင့် ဗီယက်နမ်တော့ ခေတ်မီသွားခဲ့ကြပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီ စံချိန်စံညွှန်းဖြင့် ပြည့်ဝလျှင် တိုင်းပြည် ဆီကိုရေချိုး ဆေးရိုးမီးလှုံနိုင်မည်လော . .ကောင်းလှပါသည်ဟု နိုင်ငံတကာက ချီးကျူးခဲ့ရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပိုင်ရှင် ကင်ညာမှာ ပြည်တွင်းစစ်တွေနှင့် နပန်းလုံးနေခဲ့ရသည်။ 
ရထားကြီးနှင့် တူသော မြန်မာ့နိုင်ငံရေး အပြောင်းလဲမှာ အရှိန်အဟုန်နှင့် ခုတ်မောင်းခရီးနှင် လျှက်ရှိသည်။ ယခုဆန္ဒပြပွဲများမှာ အပြောင်းအလဲကို ကောင်းကျိုးပြုနိုင် မပြုနိုင် . . ကျနော်မသုံးသပ်တတ်ပါ . .
သို့သော် . .ရထားကြီးကို ပြေးအောင် ငါတို့ မောင်းထုတ်နေတာဟူသော ကျနော့်ငယ်ရွယ်စဉ်ကလေးဘ၀ကို သတိရမိပါသည်။
 အနည်းဆုံးတော့ ဆန္ဒပြပွဲများသည် ပါဝင်သူတို့၏ အတ္တကို တစ်စုံတစ်ခုသော အတိုင်းတာထိ ကျေနပ်နှစ်သိမ့်မှု ရရှိစေပါလိမ့်မည်။ . .
“ ဖွဲ့စည်းပုံ ပြင်ဆင်ပေး . .သို့မဟုတ် . ရထား ကြီး  . .ပြေး . .ပြေး” . . .ပေါ့
ကွန်းဇော် အညာမြေ
***   ***    ***
*** *** *** ***
မြို့လေး၏ ဘောလုံးကွင်းထဲတွင် ဆိုင်ကယ်များ၊ ကြွေးကြော်သံ ဆိုင်းဘုတ်များ၊ ဗီနိုင်းများ နှင့် လူအချို့စုဝေးမိကြပြီ။ သူတို့သည် နာရီကိုကြည့်ကြ၊ ၀င်ပေါက်ဝ ကို လှမ်းမျှော်ကြ လုပ်နေကြသည်။ သို့သော် တစ်ယောက်စ နှစ်ယောက်စမှလွဲ၍ ထပ်ရောက်မလာကြပေ။ လူအင်အားကား မီဒီယာ များထဲတွင် ကြိုတင်ထည့်ထားသည့် အရေအတွက် ထက်ဝက်ပင် ရောက်မလာ။
0 comments:
Post a Comment
တင့်ကားပျံများ အကြောင်း
Photo: တင့်ကားပျံများ အကြောင်း
ဆိုဗီယက်တို့၏ Mi-24ရဟတ်ယာဉ်များကို ၁၉၆၉ခုနှစ်မှ စတင်အသုံးပြုခဲ့ရာ ယနေ့ထိတိုင်ပင်ဖြစ်သည်။ကမ္ဘာတိုက်ခိုက်ရေး ရဟတ်ယာဉ် သမိုင်းကြောင်းတွင် အရှည်လျားဆုံးနဲ့ ထုပ်လုပ်မူနှင့် သုံးစွဲသောနိုင်ငံ အရေအတွက် အများဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ်လည်း ဖြစ်သည်။
ဗီယက်နမ်စစ်ပွဲအစက အမေရိကန်တပ်ဖွဲ့များသည် ခြေလျှင်တပ်ဖွဲ့များကို အနီးကပ် ပစ်ကူပေးရာတွင် တိုက်လေယာဉ်များ အသုံးပြုရာ ဖျက်စွမ်းအားကြီးမားသော်လည်း လုံးထွေးတိုက်ခိုက်နေသော ရင်ဆိုက် တိုက်ပွဲများတွင် ထိရောက်စွာ ပစ်ကူပေးနိုင်မူ အားနည်းသည်။ထို့ကြောင့် ရဟတ်ယာဉ်ချီစစ်ဆင်ရေးများတွင် အသုံးပြုနေသော UH-1(Bell-205)ရဟတ်ယာဉ်များကို လက်နက်တပ်ဆင်စေခြင်းဖြင့် ထိရောက်သော ပြစ်ကူ ပြစ်အား ပေးစွမ်းနိုင်ခဲ့သည်။ထိုသည်မှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၏ သမိုင်းအစပင်ဖြစ်သည်။
သို့သော် UH-1ရဟတ်ယာဉ်များသည် တိုက်ခိုက်ရေးသီးသန့်မဟုတ်ပဲ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်သာ ဖြစ်ခြင်းကြောင့် တိုက်ခိုက်ရေးသီးသန့်ဖြစ်ပြီး ရန်သူ၏ တန်ပြန်ပစ်ခတ်မူကို အကာအကွယ်ပေးနိုင်သော ကျဉ်ကာ စနစ်တပ်ဆင်ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို စတင်တည်ဆောက်ခဲ့ရာ Bell AH-1 Cobra ရဟတ်ယာဉ် စတင်ပေါ်ပေါက်လာခဲ့သည်။
၁၉၆၀ပြည့်နှစ်တွင် ဆိုဗီယက်ကြည်းတပ်မှ ခြေလျှင်တပ်ဖွဲ့များကို သယ်ဆောင်နိုင်ပြီး အနီးကပ်ပြစ်ကူပေးနိုင်သော ရဟတ်ယာဉ် တစ်မျိုးကို ထုပ်လုပ်ရန် အလိုရှိခဲ့သည်။စစ်မြေပြင်တွင် တိုက်ပွဲဝင် စစ်သည်များအတွက် လိုအပ်သော ပစ်ကူ အကာအကွယ်နှင့် တင့်ကားရန်မှ ကာကွယ်ရန် ရဟတ်ယာဉ် တစ်မျိုးကို Mil Moscow Helicopter Plantကို တာဝန်ပေးအပ်ခဲ့သည်။Mil ရဟတ်ယာဉ် ထုပ်လုပ်ရေး ဒီဇိုင်းနာများက တိုက်ခိုက်ရေးရဟတ်ယာဉ်အတွက် အလတ်စားကိုယ်ထည်ရှိသော အရပ်ဖက်သုံး V-22ရဟတ်ယာဉ်ကို အခြေခံကာ တည်ဆောက်ရန် ရွေးချယ်ခဲ့ကျသည်။ထိုတိုက်ခိုက်ရေး ရဟတ်ယာဉ်တွင် အနီးကပ် ပစ်ကူပေးရန် စက်အမြောက်နှင့် ရော့ကတ်ဒုံးများ တင့်ဖျက်လက်နက်များ တပ်ဆင်ထားပြီး စစ်သည်ငါးဦးနှင့်အထက် သယ်ဆောင်နိုင်ရန် တင်ဒါခေါ်ပေးခဲ့သည်။ပထမဦးဆုံးသော စမ်းသပ်ပုံစံ ရဟတ်ယာဉ်မှာ စစ်သည် ၈ဦး တင်ဆောင်နိုင်ပြီး  9M 17 Phalanga တင့်ဖျက်ဒုံး နှစ်လုံးသယ်ဆောင်နိုင်သော Yellow 24ဟု အမည်ရသော ရဟတ်ယာဉ်ကို ၁၉၆၈ မေလ ၆ရက်နေ့တွင် စတင်ပျံသန်းခဲ့သည်။ထို့နောက် ၁၈လအကြာ ၁၉၇၀ခုနှစ်တွင် Mi-24ဖြစ်လာမည့် ဒီဇိုင်းကို အောင်မြင်စွာ ထုပ်လုပ်နိုင်ခဲ့သည်။ထိုရဟတ်ယာဉ်တွင် အောက်သို့ ၁၂ဒီဂရီနှိမ့်ချထားသော တောင်ပံငယ် တစ်ခု တပ်ဆင်ထားပြီး ရော့ကတ်ဒုံးများကို တပ်ဆင်နိုင်သော နေရာနှစ်ခုနှင့် မူလ ကိုယ်ထည်တွင် တပ်ဆင်ခဲ့သော တင့်ဖျက်ဒုံးကို တောင်ပံထိပ်တွင် နှစ်လုံးတွဲ အဖြစ် ပြောင်းလဲ ချိတ်ဆွဲခဲ့သည်။အနောက် ပန်ကာအား ညာမှ ဘယ်သို့ ပြောင်းလဲ တပ်ဆင်ခဲ့သည်။ဘီးခေါက်သိမ်းနိုင်သောကြောင့် မူလသာမန်ပျံနှုန်း 185km/hrမှ 200km/hr အထိ တိုးတက် ပျံသန်းလာနိုင်ခဲ့သည်။၁၂.၇မမ စက်အမြောက်အား ကိုယ်ထည်နဘေးမှ အရှေသို့ ပြောင်းလဲတပ်ဆင်ခဲ့သည်။မူလ အင်ဂျင်တစ်လုံးမှ TV-3 117 တာဘိုရှက်ဖ် အင်ဂျင်နှစ်လုံးကို ပြောင်းလဲ တပ်ဆင်ခဲ့သည်။
Mi-24၏ ပထမဆုံးသော စစ်ဆင်ရေးမှာ အီသီယိုးပီးယားတပ်မတော်မှ ဆိုမာလီယာတပ်ဖွဲ့များ ကျုးကျော်မူကို ဟန့်တားသော Ogardenစစ်ပွဲဖြစ်သည်။အရှေတောင်အာရှတွင်လည်း ဗီယက်နမ်လေတပ်မှ ကမ္ဘဒီးယားမှ ပိုပေါ့၏ ခမာနီတပ်ဖွဲ့များ ကျုးကျော်မူကို တိုက်ခိုက်ခဲ့သော စစ်ပွဲဖြစ်သည်။ထိုစစ်ပွဲတွင် ခမာနီများကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည်။
Mi-24၏ အထင်ရှားဆုံးသော စစ်ဆင်ရေးမှာ မူဂျာဟစ်သူပုန်များကို နှိမ်နင်းသော ဆိုဗီယက်-အာဖဂန်စစ်ပွဲဖြစ်သည်။ထိုစစ်ပွဲတွင် Mi-8နှင့် Mi-24ရဟတ်ယာဉ်တို့သည် ဆိုဗီယက် ခြေလျှင် တပ်ဖွဲ့များကို ရွှေ့ပြောင်းကာ စစ်ဆင်စေနိုင်ခဲ့ပြီး Mi-24ရဟတ်ယာဉ်များဖြင့် ထိထိရောက်ရောက် ပစ်ကူပေးနိုင်ခဲ့သည်။မူဂျာဟစ်များ၏ ပင်မစခန်းများကို ရဟတ်ယာဉ်မှ ပေါင်၅၅၀ဗုံးများသယ်ဆောင်ကာ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့သည်။မူဂျာဟစ် သူပုန်များသည် အမေရိကန်အတွက် ဘိန်းဖြန့်ဖြူးပေးရာတွင် အကောင်းဆုံးသော သူပုန်များဖြစ်ရာ CIAမှ မူဂျာဟစ်သူပုနိများကို ပခုံးထမ်း တာတိုပစ် လေကြောင်းရန်ကာကွယ်ရေး Stingerဒုံးများ ထောက်ပံပေးအပ်ခဲ့သည်။Mi-24ရဟတ်ယာဉ်၏ ပင်မကိုယ်ထည်သည် ၁၂.၇လေယာဉ်ပြစ် စက်သေနတ်များဖြင့် ပစ်ခတ်လျှင်တောင် ကျဉ်ဆံဖောက်ထွင်းနိုင်မူ မရှိပေ။ထို့ကြောင့် အပူငွေ့ရှာ ပခုံးထမ်းဒုံးများကို မူဂျာဟစ် သူပုန်များအားပေးအပ်ခဲ့သည်။Mi-24၏ အာဖဂန်စစ်ပွဲအတွင်းပထမဆုံးသော ပစ်ချခံရမူမှာ ၁၉၇၉ခုနှစ် ဇူလိုင်လ ၁၈ရက်နေ့တွင် ပခုံးထမ်းဒုံးဖြင့် ပစ်ချခံခဲ့ရသည်။သို့သော် နောက်ပိုင်းတွင် ရဟတ်ယာဉ်အား အပူငွေ့ရှာ လက်နက်များ အန္တရယ်မှ ကင်းဝေးစေရန် Rader Warning Receiver(RWR) ဒုံးအချက်ပေးစနစ်နှင့် မီးကျဉ်ပစ်လွှတ်ပြီး ဒုံးအား လမ်းလွှဲသော စနစ် Flaresများ တပ်ဆင်လာခဲ့သလို အင်ဂျင်မှ ထွက်သော အပူကို လျော့ချပေးသော Heat Reduce Sheild(HRS)များ တပ်ဆင်ခဲ့သောအခါ Stingerဒုံးများ အသက်မဲ့ခဲ့ရပါသည်။
Mi-24ရဟတ်ယာဉ်ကို နေတိုးမှ လျို့ဝှက်အခေါ် Hindဟု နာမည်ပေးထားပါသည်။ဆိုဗီယက်လေသူရဲများမှ ၁၂.၇စက်အမြောက်ကျဉ်များပါ ကာကွယ်နိုင်ပြီး ပစ်အားမှာ ခြေလျှင်တပ်ရင်း သုံးရင်းစာနီးပါးရှိသော ထိုရဟတ်ယာဉ်ကို တင့်ကားပျံများ(Flying Tank)ဟု ခေါ်ဝေါ်ခဲ့ကျသည်။မတွင်ကျယ်သော ချစ်စနိုးအမည်မှာ ရဟတ်ယာဉ်၏ဦးပိုင်းသည် မိခေါင်း၏ ခေါင်းကဲ့သို့ ရှိသောကြောင့် မိချောင်း(Crocodile)ဟု ခေါ်ဆိုခဲ့သည်။
Mi-24၏အစောပိုင်းမျိုးကွဲများသည် ရဟတ်ယာဉ်၏ ရှေပိုင်းတွင် ၁၂.၇စက်အမြောက် တစ်လက်တပ်ဆင်ထားပြီး  ကျဉ်တောင့်ရေ ၁၄၇၀တောင့် သယ်ဆောင်နိုင်သည်။Mi-24 VPနှင့် Mi-24VMတို့တွင် အသေတပ်ဆင်ထားသော GSh-23L ၁၂.၇မမ စက်အမြောက်နှစ်လက်တပ်ဆင်ကာ ကျဉ်၄၅၀တောင့် သယ်ဆောင်နိုင်သည်။တောင်ပံအတွင်း လက်နက်တပ်ဆင်နိုင်သော နေရာတွင်  500kg အလေးချိန်ရှိသော လက်နက်ကို သယ်ဆောင်နိုင်ပြီး တောင်ပံ၏ အပြင်လက်နက်တပ်ဆင်နိုင်သော နေရာတွင် 250kg အလေးချိန်ရှိ လက်နက်များ တပ်ဆင်နိုင်သည်။တောင်ပံအဖျားတွင် 9M-17 Phalanga တင့်ဖျက်ဒုံး တပ်ဆင်နိုင်သည်။
ပထမမျိုးဆက် Hind-A/B/C/D
Mi-24 ရဟတ်ယာဉ်ကို အကြမ်းဖျင်း မျိုးဆက် သုံးခု ခွဲခြားနိုင်ပါသည်။ပထမမျိုးကွဲမှာ Mi-24Aမှ Mi-24Dအထိ သတ်မှတ်ထားပါသည်။ပထမမျိုးဆက် Mi-24AမှMi-24 HindCအထိ V-24ရဟတ်ယာဉ်ပုံဟောင်း အတိုင်းသာဖြစ်သည်။Mi-24Dမှ စတင်ကာ ရှေနောက် တစ်ခုစီ ကွဲပြားသွားသော လေယာဉ် ပေါင်းမိုး(Canopy)နှင့် ပုံစံ အသစ်ဖြစ်ပေါ်လာသည်။Flareများ ရန်သူမိတ်ဆွေ ခွဲခြားသော IFFစနစ်များ အင်ဂျင်လေဝင်ပေါက် ဖုန်ကာစနစ် Dust Shieldများ ပါဝင်လာသည်။ပြောင်းလေးပေါက်ပါဝင်သော GSh-23 ၁၂.၇မမ စက်အမြောက်နှင့် ကျဉ် ၁၄၇၀တောင့် သယ်ဆောင်နိုင်သည်။၅၇မမ S-5ရော့ကတ်နှင့် ၂၄၀မမ C-24အကြီးစား ရော့ကတ်များ သယ်ဆောင်နိုင်ပါသည်။ပေါင် ၂၅၀ဗုံးများနှင့် ပေါင် ၅၅၀ဗုံးများကိုလည်း သယ်ဆောင်နိုင်ပါသည်။တင့်ဖျက်ဒုံးအဖြစ် 9M-17 Phalagan ဒုံး လေးလုံးသယ်ဆောင်နိုင်ပါတယ်။ဒေသတွင်း Mi-24Dများကို အိန္နိယ ဗီယက်နမ် အင်ဒိုနီးရှားတို့မှ အသုံးပြုလျှက်ရှိပါတယ်။
ဒုတိယမျိုးဆက် Mi-24V Hind-Eနှင့် Mi-24P Hind-F
ဒုတိယမျိုးဆက်တွင် ရဟတ်ယာဉ်၏ ကိုယ်ထည်တည်ဆောက်မူမှာ ပေါ့ပါးသော သတ္ထုစပ်ကိုယ်ထည်ကို အသုံးပြုထားသော်လည်း ကျဉ်ကာစနစ်ကို လျော့ချထားခြင်းမရှိပေ။ပန်ကာ၏ သတ္တုစပ်စနစ်ကို ပြောင်းလဲထားသောကြောင့် လှုပ်ရှားစစ်ကစားမူ ပိုကောင်းမွန်လာပါသည်။Mi-24Vတွင် GSh-23L ၁၂.၇မမ စက်အမြောက် နှစ်လက်ပူး အသုံးပြု၍ ကျဉ် ၄၅၀တောင့် ထည့်သွင်းထားပါတယ်။Mi-24Vရဟတ်ယာဉ်ရဲ့ စက်အမြောက်များဟာ လေသူရဲမှ ထိန်းချုပ် ရွေ့လျားနိုင်ခြင်းမရှိပဲ အသေတပ်ဆင်ထားသည်။Mi-24Pရဟတ်ယာဉ်တွင် GSh-30 ၃၀မမ အကြီးစားစက်အမြောက် နှစ်လက်တွဲကို လေယာဉ်၏ကိုယ်ထည်နံဘေးတွင် တပ်ဆင်ထားသည်။၁၂.၇မမ စက်အမြောက်သည် သံချပ်ကာကားမိားနှင့် မြေပြင်တပ်ဖွဲ့များသာ ထိရောက်ပြီး တင့်ကားများကို ထိရောက်စွာ ပစ်ခတ်နိုင်မူမရှိပေ။ထို့အပြင် အခိုင်အမာခံကတုတ်များကို ၃၀မမ စက်အမြောက်ကသာ ဖောက်ထွင်းနိုင်သောကြောင့် ယခုကဲ့သို့ပြောင်းလဲ တပ်ဆင်ခဲ့ခြင်းဖြစ်သည်။Mi-24Pသည် ရုရှားကြည်းတပ်တပ်ဖွဲ့၏ အမာခံတိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်သည်။
လက်နက်တပ်ဆင်မူ အနေဖြင့် Mi-24V/Pများတွင် 57mm C-5ရော့ကတ်များ 80mm S-8ရော့ကတ်များ ပေါင် ၂၅၀နှင့် ၅၅၀ဗုံးများ နှင့် 9K114 Shturm တင့်ဖျက်ဒုံး လေးလုံးသယ်ဆောင်နိုင်ပြီး ၃၀မမကျဉ် ၇၅၀တောင့် သယ်ဆောင်နိုင်သည်။
တတိယမျိုးဆက် Mi-35Mနှင့် Mi-24PN
Mi-24ထဲတွင် အဆင့်အမြင့်ဆုံးသော Mi-24ဖြစ်သည့် Mi-24PNများကို ရုရှားလေတပ်သုံးအဖြစ် အသုံးပြုလျှက်ရှိသည်။အပူငွေ့ရှာ ဒုံးအန္တရယ်မှ ကာကွယ်ပေးသော Heat Reduce Shieldများ တပ်ဆင်ထားသည်။Mi-24Pကဲ့သို့ ၃၀မမ စက်အမြောက်များ တပ်ဆင်ထားသည်။ယခင် Mi-24များမှာ ညစစ်ဆင်နိုင်မူ မရှိပဲ ယခု တတိယမျိုးဆက်များတွင် ညစစ်ဆင်နိုင်စွမ်းရှိလာသည်။Mi-24PNတွင် TVလမ်းညွန်စနစ်များ FLIRဟုခေါ်သော အနီအောက်ရောင်ခြည်ရှာဖွေရေး စနစ်များ ပါဝင်ပါသည်။Mi-35Mသည် ညစစ်ဆင်ရေးအတွက် ပိုမိုကောင်းမွန်စေရန်  ရုရှားတိုက်လေယာဉ်များတွင် အသုံးပြုလေ့ရှိသော အလင်းသံလိုက်စက်ကွင်းနည်းပညာ Electro Optical Location System(OLS)များပြောင်းလဲ တပ်ဆင်ခြင်း စစ်သည် ၈ယောက်အစား ၃ယောက်ကိုသာ တင်ဆောင်ပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်စစ်စစ်ဖြစ်လာစေခြင်း ယခင် ၃၀မမ စက်မြောက်အစား ၁၂.၇မမ စက်အမြောက် တစ်လက်ထဲတပ်ဆင်ကာ လှုပ်ရှားစစ်ကစားမူနှင့် ရဟတ်ယာဉ်၏ အလေးချိန်ကို လျော့ချပေးခြင်း လက်နက်တပ်ဆင်နိုင်သောနေရာ ၆ခုအစား အပါချီကဲ့သို့ လက်နက်တပ်ဆင်နိုင်သော နေရာ ၄ခုသာထားရှိပြီး Unguided လက်နက်များထက် တိကျလမ်းညွန် လက်နက်များကို ပိုမို အသုံးပြုကာ ရဟတ်ယာဉ်အား multirole ဘက်စုံသုံးစနစ်ပိုမိုဆန်လာစေခြင်း ဘီအတင်အချမပြုလုပ်နိုင်သော အသေတပ်ဘီးများ ထားရှိခြင်းကြောင့် ဘီးချမရသည့် ပြသာနာအား လျော့ပါးစေခြင်း တို့ကို အဆင့်မြင့်တင်ထားသည်။Mi-35M၏ လေယာဉ်မောင်းခန်းကို ဖန်သားပြင် လေယာဉ်မောင်းခန်းစနစ်(Glass Cockpit)ကို မြင့် တင်ထားသည်။ အချို့သော Mi-24PNများသည် OLSစနစ်များ ပါဝင်ပါသည်။Mi-35Mနှင့် Mi-24PNအချို့တွင် Igla ဝေဟင်ပစ် တာတိုဒုံးများ တပိဆင်နိုင်ပါသည်။Mi-24PNတွင် ၃၀မမ စက်အမြောက်နှစ်လက်နှင့် ကျဉ်အတောင့် ၇၅၀,၅၇မမ S-5ရောကတ်ဒုံး,၈၀မမ S-8ရောကတ်ဒုံး,ပေါင်၂၅၀နှင့် ပေါင်၅၅၀ဗုံးများ,9K114 Shturm တင့်ဖျက်ဒုံး လေးလုံးသယ်ဆောင်နိုင်ပါတယ်။Mi-35Mတွင် တန်ပြန်အီလက်ထရောနစ်စနစ် (jumming system) GPS/INS လေကြောင်းလမ်းညွန်စနစ်များပါဝင်ပါသည်။
ဆိုဗီယက်(ရုရှား)နိုင်ငံသည် ပြည်ပသို့ တင်ပို့သော Mi-24Dများကို Mi-25အဖြစ်လည်းကောင်း Mi-24V/Pများကို Mi-35V/Pများအဖြစ်လည်းကောင်း နာမည်ပြောင်းပြီး တင်ပို့လေ့ရှိသည်။
တပ်မတော်လေ နှင့် Mi-35PN
တပ်မတော်လေသည် အနီးကပ်ပစ်ကူပေးတာဝန်များ ယာဉ်တန်းအစောင့်လိုက် တာဝန်များ တင့်ဖျက်စစ်ဆင်ရေးများ ဆင်နွဲနိုင်ရန် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးကို ဝယ်ယူရန် ကြိုးပမ်းခဲ့သည်။ယခင် Mi-2အပေါ့စား တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် လက်နက်တပ်ဆင်ပစ်ခတ်နိုင်သော Mi-171V ရဟတ်ယာဉ်များရှိသော်လည်း Mi-2ရဟတ်ယာဉ်သည် လက်နက်တပ်ဆင်နိုင်မူ နည်းပါးခြင်း တင့်ဖျက်စစ်ဆင်ရေးများတွင် အသုံးမပြုနိုင်ခြင်းများ ရှိသလို Mi-171Vသည်လည်း တိုက်ခိုက်ရေးရဟတ်ယာဉ် စစ်စစ်မဟုတ်ပေ။ထို့ကြောင့် တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်မျိုးကို ဝယ်ယူရန် ရှာဖွေခဲ့ရာ Mi-24ရဟတ်ယာဉ်များသည် စိတ်ချယုံကြည်ရခြင်း စစ်ဆင်ရေးများစွာတွင် အသုံးချဖူးခြင်း နိုင်ငံပေါင်း၆၃နိုင်ငံတွင် အသုံးပြုနေခြင်းတို့ကြောင့် Mi-24ရဟတ်ယာဉ်ကို ရွေးချယ်ခဲ့သည်။Mi-35PN ရဟတ်ယာဉ် ၁၁စီးကို ဝယ်ယူခဲ့ပြီး အတည်မပြုနိုင်သော သတင်းအရ Mi-35PN အစီး၅၀အထိ ဝယ်ယူရန် သဘောတူညီထားသည်ဟု သိရှိရပါသည်။Mi-35PN တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို KIA အကြမ်းဖက် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးတွင် အသုံးပြုခဲ့ပါသည်။နယ်ခြားစောင့်တပ် အမှတ်(၁၀၀၂)အား KIA အကြမ်းဖက်သောင်းကျန်းသူ အင်အား၄၀၀ခန့်မှ ဝင်ရောက်တိုက်ခိုက်ရာတွင် Mi-35PNတိုက်ခိုက်ရေး ရဟတ်ယာဉ်မှ ညနေ ၆နာရီခွဲမှ ၇နာရီခွဲ အချိန်ထိ ညစစ်ဆင်ရေးပြုလုပ်ကာ တိုက်ခိုက်ခဲ့သည်။ထို့အပြင် ကြည်း/လေ/သံချပ်ကာ/အမြောက်/လေကြောင်းရန် ပူးပေါင်းစစ်ဆင်ရေး (အနော်ရထာ)တွင် Mi-35PN တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၏ တိကျထိရောက်စွာ အနီးကပ် ပြစ်ကူပေးနိုင် ခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။Mi-35PNသည် ဒေသတွင်း တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ကြားထဲတွင် စင်ကာပူ၏ AH-64 Apache Longbow ပြီးလျှင် အကောင်းဆုံးဖြစ်သည်။ယခုအခါ Mi-35PNရဟတ်ယာဉ်များကို ရုရှားလေတပ်မှ ဆက်လက်အသုံးပြုနေသော်လည်း ၂၀၁၅မှ စတင်ကာ တဖြည်းဖြည်းချင်း Mi-28တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် အစားထိုးရန် ကြိုးပမ်းနေရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှာ Mi-35PNထက် နောက်ဆုံးပေါ် Apache Longbowတိုက်ခိုက်ရေး ရဟတ်ယာဉ်၏ ပြိုင်ဖက် Mi-28 NEတိုက်ခိုက်ရေး ရဟတ်ယာဉ် ဘက်ကို အာရုံစိုက်နေသည်ဟု သိရှိရပါသည်။သို့သော်ငြားလည်း Mi-35တိုက်ခိုက်ရေး ရဟတ်ယာဉ်၏ စိတ်ချယုံကြည်ရမူ စစ်ဆင်နိုင်စွမ်းကောင်းမွန်မူသည် တပ်မတော်လေအတွက် အထောက်အပံကောင်းများကို ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။အားလုံး ကျန်းမာချမ်းသာကျပါစေ။
ဆိုဗီယက်တို့၏ Mi-24ရဟတ်ယာဉ်များကို ၁၉၆၉ခုနှစ်မှ စတင်အသုံးပြုခဲ့ရာ ယနေ့ထိတိုင်ပင်ဖြစ်သည်။ကမ္ဘာတိုက်ခိုက်ရေး ရဟတ်ယာဉ် သမိုင်းကြောင်းတွင် အရှည်လျားဆုံးနဲ့ ထုပ်လုပ်မူနှင့် သုံးစွဲသောနိုင်ငံ အရေအတွက် အများဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ်လည်း ဖြစ်သည်။
ဗီယက်နမ်စစ်ပွဲအစက အမေရိကန်တပ်ဖွဲ့များသည် ခြေလျှင်တပ်ဖွဲ့များကို အနီးကပ် ပစ်ကူပေးရာတွင် တိုက်လေယာဉ်များ အသုံးပြုရာ ဖျက်စွမ်းအားကြီးမားသော်လည်း လုံးထွေးတိုက်ခိုက်နေသော ရင်ဆိုက် တိုက်ပွဲများတွင် ထိရောက်စွာ ပစ်ကူပေးနိုင်မူ အားနည်းသည်။ထို့ကြောင့် ရဟတ်ယာဉ်ချီစစ်ဆင်ရေးများတွင် အသုံးပြုနေသော UH-1(Bell-205)ရဟတ်ယာဉ်များကို လက်နက်တပ်ဆင်စေခြင်းဖြင့် ထိရောက်သော ပြစ်ကူ ပြစ်အား ပေးစွမ်းနိုင်ခဲ့သည်။ထိုသည်မှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၏ သမိုင်းအစပင်ဖြစ်သည်။
0 comments:
Post a Comment
နင့်နင့်နဲနဲခံစားနေရတဲ့ theme လေးတစ်ခု
မနက်ဖြန်စာမေးပွဲဖြေရမှာပါ။ မဖြေခင်စိတ်ထဲမှာ နင့်နင့်နဲနဲခံစားနေရတဲ့ theme လေးတစ်ခုရေးချင်လာလို့ပါ။
ဘင်္ဂလားဒေ့ရှ်ရဲ့ ရုပ်လုံးကတဖြည်းဖြည်း ကြွလာပါပြီ။ သတင်းမီဒီယာကနေ လှုံ့ဆော်မှု၊ နိုင်ငံရေးအရ တွန်းတိုက်မှုအပြင် အခုဆိုရင် ပြောင်ပြောင်တင်းတင်းပြောတဲ့အဆင့်ရောက်လာပါပြီ။ အဲ့ဒီအဆင့်အကုန်လုံးမှာ သူတို့ဟာ လူမျိုးရေးနဲ့ဘာသာရေးကို အပျော့ထည်ပါဝါ (soft power) အနေနဲ့သုံးစွဲခဲ့တာဖြစ်ပါတယ်။ သတိထားမိဖို့ခဲယဉ်းသလို တစ်ဖက်က လက်ဦးမှုရယူသွားရင် ပြန်တွန်းလှန်ဖို့လည်း မလွယ်တဲ့ ပါဝါဖြစ်ပါတယ်။ နောက်ထပ်လာမဲ့ soft power အနေနဲ့က မဟာမိတ်နိုင်ငံတွေကိုသုံးပြီးဖိအားပေးမှုနဲ့ စီးပွားရေးအရ အသာစီးယူမှုတို့ဖြစ်ပါတယ်။
0 comments:
Post a Comment
မင်းရဲတောမှာ ရာဇဝင်ရှိတယ်
Photo: ========= မင်းရဲတောမှာ ရာဇဝင်ရှိတယ် ========
အခန်း (၁)
+++++
ရမ်းဗြဲကျွန်းပေါ်က တောတွင်းတစ်နေရာမှာ ကျုပ်နေတယ်။ ကျုပ်ကိုယ်ကျုပ် နေထိုင်နိုင်ရုံ တဲကလေးတစ်လုံးဆောက်ထားတယ်။ မိုးခို၊ နှင်းခိုလို့ ရရုံ တဲကလေး။ 
ကျုပ်မှာ ကိုယ့်ကိုကိုယ် ပြန်ကြည့်စရာ မှန်မရှိ။ ဆံပင်ညှပ်စရာ ကပ်ကြေးမရှိ။ မုတ်ဆိပ်မွေး၊ နှုတ်ခမ်းမွေး ရိတ်စရာ ဘာတစ်ခုမှလည်း မရှိ။ လိုလည်းမလို။
ကျုပ်မှာ တပည့်ကျော်တွေ ရှိတယ်။ သူတို့က သတ္တိရှိကြတယ်။ လျင်မြန်ဖျတ်လတ်ကြတယ်။ ကျုပ် ကိစ္စဝိစ္စတွေမှာ သူတို့တွေ အားကိုးရကြတယ်။ သူတိုတွေက ကျုပ်ကို ကာကွယ်ပေးကြတယ်။ ကျုပ်က ကျွေးသလောက်လေးသာ သူတို့ စားကြတယ်။ ဒါပေမယ့် သူတို့တွေဟာ ကျုပ်နဲ့ လုံးဝ မတူဘူး။ ကျုပ်က နှစ်ချောင်းထောက်၊ နှစ်ဘက်မြှောက်သူ။ သူတို့ကျတော့ လေးချောင်းထောက်သူတွေ။ ပြီးတော့ ကျုပ်က သူတို့လောက် အမွေးမထူဘူး။ သူတို့က စိတ်ဆိုးရင် အသံစူးစူးနဲ့ ပြတ်တောင်းပြတ်တောင်း အော်ကြတယ်။ ကျုပ်ကို တွေ့ရင်တော့ ကလေးလေးလို ချွဲနွဲ့ပြတတ်ကြလေရဲ့။ သြော် … ကျုပ်ကလည်း သူတို့ကို မြင်ရင် ရင်ထဲမှာ ဘာလိုလိုရယ်လေ …။
ကျုပ်ငယ်ငယ်တုန်းက ကျုပ်လို နှစ်ချောင်းထောက်တွေနဲ့ အတူတူ စုဝေးနေခဲ့တာကို ရေးတေးတေး မှတ်မိနေတယ်။ ကျုပ်က သူတို့တွေနဲ့ ပုံစံချင်းတူပေမယ့် သူတို့တွေကို ကျုပ် မကြိုက်ဘူး။ ဒီနှစ်ချောင်းထောက်တွေက သူတို့ကိုယ်သူတို့ ခေါ်ကြတယ်။ “လူ“ တဲ့။ အင်း … ကျုပ်လည်း သူတို့နဲ့ ပုံစံတူလေတော့ “လူ“ လို့ ခေါ်ရမလားပဲ။ သူတို့တွေကို မုန်းလို့ပဲ ကျုပ် သူတို့နဲ့ ဝေးရာမှာ နေလာတာပေါ့။ သူတို့ကလည်း ကျုပ်ကို အဖက်မလုပ်ချင်ကြဘူး။ ရပါတယ်လေ။ ကျုပ်မှာ လေးချောင်းထောက် အဖော် (၁၀) ကောင် ရှိတာပဲ။ ဘာပူစရာ ရှိလဲ။ 
ကျုပ် ဗိုက်ဆာရင် ငါးရှာ၊ အမဲလိုက်တယ်။ ပြီးရင် အစိမ်းစားတယ်။ ကျုပ်ရဲ့ လေးချောင်းထောက် မိတ်ဆွေတွေကိုလည်း ဝေပုံကျပေးတယ်။ သူတို့ကလည်း ကျုပ်လိုပဲ အစိမ်းစားရတာ ကြိုက်တယ်။ သားစိမ်း၊ ငါးစိမ်းတွေဆီက ထွက်လာတဲ့ ရနံ့တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးသော မွှေးရနံ့တွေပေါ့။ ဒီအနံ့တွေကို ကျုပ် ကြိုက်တယ်။ ဒီအနံ့တွေ ရရင် ကျုပ် သွားရည်တမျှားမျှား ဖြစ်တော့တာပဲ။ ကျုပ်ရောင်းရင်းတွေလည်း ဒီအတိုင်းပဲ။ အဲဒီအတွက် ကျုပ်တို့ စုပေါင်း အလုပ်လုပ်ကြတယ်။ ပြီးရင် ကျုပ်တို့ အတူတူ ခွဲဝေ စားကြတယ်။ ဟိုနှစ်ချောင်းထောက် လူယုတ်မာတွေလို မီးနဲ့ ကင်မနေဘူး။ အလုပ်ရှုပ်တယ်။ 
အိပ်တော့လည်း ကျုပ်မိတ်ဆွေလေးချောင်းထောက်တွေနဲ့ မြေတလင်းမှာ အတူတူပဲ။ ညီမျှမှုဆိုတာ ကျုပ်တို့ကို ပြောတာဖြစ်မယ်။ စည်းလုံးမှုဆိုတာ ကျုပ်တို့ကို ခေါ်တာဖြစ်မယ်။ ဟိုနှစ်ချောင်းထောက် ငတုံးတွေ ကျုပ်နဲ့ လေးချောင်းထောက်မိတ်ဆွေတွေရဲ့ စည်းလုံးညီညွတ်မှုအား၊ တရားမျှတမှုအားကို လာကြည့်ပြီး အတုယူကြပါတော့လား။ အခုတော့ သင်းတို့တွေက အရိုင်းအစိုင်းကို ဖြစ်လို့။ သြော် … ဒုက္ခ … ဒုက္ခ …။ သနားစရာကောင်းလိုက်ပါဘိတော့။
အခန်း (၂)
+++++
ဒီနေ့မနက် ကျုပ် ခေါင်းထဲ မူးနေတယ်ဗျာ။ အား … ပြောရင်း ဗိုက်ထဲကလည်း အောင့်ကနဲ ဖြစ်သွားတယ်။ ဟူး … လှဲနေလိုက်မှ ဖြစ်မယ်ထင်တယ်။ ကျုပ် ဘယ်လို ဖြစ်တာပါလိမ့် …။ ကျုပ်မိတ်ဆွေ လေးချောင်ထောက်တွေရယ်၊ ကျုပ်ကို လာကူကြပါဦး။ ရေနည်းနည်းလောက် ရှာပေးကြပါလားဗျာ။ အားကိုးရတဲ့ မင်းတို့တွေ အခု ဘယ်ရောက်နေကြတာလဲ …။ အား … ရေ … ရေ…။ ကျုပ် မိုက်ခနဲ ဖြစ်သွားတယ်။ လောကကြီးတစ်ခုလုံး အမှောင်ဖုံးသွားတယ်။
အခန်း (၃)
+++++
ဟာ … ကျုပ် … ကျုပ် .. ဘယ်လို ဖြစ်သွားတာပါလိမ့်။ ကျုပ်ဘာလို့ ဒီလို မြေပြင်ပေါ်မှာ လှဲနေပါလိမ့်။ ကျုပ်ဘယ်နားရောက်နေပါလိမ့်။ ကြည့်စမ်း … မျက်လုံးဖွင့် ကြည်စမ်း။ အား … မျက်လုံးကလည်း စူးခနဲ ကျင်ခနဲ နာကျင်ကိုက်ခဲနေပါလား။ ကျုပ်မျက်လုံးတော့ ဖွင့်မယ်။ ဟာ … ဟာ … ကျုပ်ခြေထောက်ကို သွားတွေနဲ့ ကိုက်ဖဲ့နေသလိုပဲ။ ဘယ်သူတွေပါလိမ့်။ အား … ကျုပ်ဘက်လက်ကိုလည်း လာဆွဲနေပြီ။ အောင်မလေးဗျ … ညာဘက်လက်လည်း ရှိမှ ရှိပါသေးရဲ့လား။ ဘယ်သူတွေလဲ …။ ကျုပ် မျက်လုံးဖွင့်မယ်။ ဖွင့်မယ် …။ အား … ဟာ … ဟေ့ကောင်တွေ ကျုပ်က မင်းတို့ ခေါင်းဆောင်လေ။ ကျုပ်လေ … မင်းတို့ ဖယ်ကြစမ်း …။ သေသွားမယ် … ဘာမှတ်သတုံး …။ ကျုပ် အသံကုန် အော်ဖို့ ကြိုးစားတယ်။ အသံက လုံးဝ ထွက်မလာတော့ဘူး။ ဟင် … ဘယ်လိုဖြစ်တာပါလိမ့်။ ဟာ … မဖြစ်တော့ဘူး။ ကျုပ် ထွက်ပြေးမှပဲ။ ဒီကောင်တွေ ကျုပ်ကို မမှတ်မိတော့ဘူး ထင်တယ်။ ကျုပ် … ကျုပ် … ပြေးမယ်။ ပြေးမယ် …။ ဟင် … ခြေထောက်လည်း လှုပ်လို့ မရပါလား။ ခေါင်းလည်း ထူလို့ မရဘူး။ အား … ကျုပ် ခြေသလုံးတစ်ခုလုံး ပြတ်ထွက်သွားတာလားဗျာ။ ဟာ … ညာဘက်လက်မောင်းရင်းဆီက စေးကပ်ကပ်အရာတွေက ကျုပ်မျက်လုံးတွေပေါ် ဖျန်းကနဲ ပြန့်ကျဲဖုံးအုပ်သွားတယ်။ ကျုပ် မျက်လုံးထဲမှာ အနီရောင်တွေကလွဲပြီး ဘာမှ ရေရေရာရာ မမြင်ရတော့ဘူး။ ဟာ … ကျုပ် ဝမ်းဗိုက်လည်း ပေါက်သွားပြီလား မသိဘူး။ နာလိုက်တာ။ အား … ကျုပ် မျက်နှာကိုပါ ချွန်ထက်တဲ့ သွားတွေက စူးစိုက် ဝင်လာကြတယ်။ ဖဲ့ခြွေလိုက်ကြတယ်။ လောကကြီးရယ် … ကျုပ်ကို မကယ်ကြတော့ဘူးလားဗျာ …။ အား ………။ ကျုပ် အားကုံသုံးပြီး အော်လိုက်တဲ့ အသံကတော့ ဒီလောက်ပါပဲ။ ကျုပ်အော်သံကို လောကကြီး သတိထားမိလိုက်ရဲ့ လားဗျာ။ နှုတ်ဆက်ခဲ့ပါတယ် စိမ်းကားရက်စက်တဲ့ လောကကြီးရယ် …။
By: ဇွဲသစ် (ရမ္မာမြေ)
      ၂၃.၃.၂၀၁၄
(မှတ်ချက်။  ။ ထိုအဖြစ်အပျက်သည် ရမ်းဗြဲကျွန်း၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ အရှေ့မော်ရွာ၏ တောင်ဘက်ရှိ “မင်းရဲတော“ ဟု ခေါ်သော တောအုပ်နေရာတွင် ဖြစ်ခဲ့သည်ဟု ဆိုသည်။ ဇာတ်လမ်းပါ ဇာတ်ကောင်မှာ မိမိ၏ ခွေးများ အစားခံရပြီး သေဆုံးသွားပြီးနောက် ထိုတောတွင် တစ္ဆေဖြစ်သွားသည်ဟု ယုံကြည်ကြသည်။ တစ္ဆေအခြောက်ခံရဖူးသူလည်း ရှိသည်ဟု ပြောကြသည်။ ထို့နောက်တွင်မူ “တောကြမ်းသည်“ဟု ပြောဆိုကြတော့သည်။ ယခုထိတိုင် ထိုတောသို့ ကြောက်တတ်သူများ မသွားရဲကြပါ။)
အခန်း (၁)
+++++
ရမ်းဗြဲကျွန်းပေါ်က တောတွင်းတစ်နေရာမှာ ကျုပ်နေတယ်။ ကျုပ်ကိုယ်ကျုပ် နေထိုင်နိုင်ရုံ တဲကလေးတစ်လုံးဆောက်ထားတယ်။ မိုးခို၊ နှင်းခိုလို့ ရရုံ တဲကလေး။
ကျုပ်မှာ ကိုယ့်ကိုကိုယ် ပြန်ကြည့်စရာ မှန်မရှိ။ ဆံပင်ညှပ်စရာ ကပ်ကြေးမရှိ။ မုတ်ဆိပ်မွေး၊ နှုတ်ခမ်းမွေး ရိတ်စရာ ဘာတစ်ခုမှလည်း မရှိ။ လိုလည်းမလို။
0 comments:
Post a Comment
ရင်ခုံစရာ အိပ်မက်ဘဝ (၄)
Photo: ရင်ခုံစရာ အိပ်မက်ဘဝ (၄) 
…………………………………
ဘတ်စ်ကား စီးခြင်း 
ကျနော်တို့ မိသားစု ဒီကိုရောက်လာတာ (၅) လ နီးပါးရှိပြီဆိုတော့ ဘတ်စကား စီးခြင်းနဲ့ အတော်လေး အကျွမ်းတဝင် ဖြစ်နေပြီလို့ဆိုနိုင်ပါတယ်။ 
ရောက်လာခါစ တပတ်နှစ်ပတ်လောက် အတွင်းမှာ လုပ်ဆောင်စရာ တွေဖြစ်တဲ့ ကာကွယ်ဆေးထိုးနှံခြင်း ၊ အစားအသောက်ကဒ် ၊ ဆေးကုသမှုကဒ် ၊ လူမှုဖူလုံရေးကဒ် လျှောက်ထားခြင်းတွေမှာ အေဂျင်စီက ကားနဲ့ လိုက်ပို့ပေးပေမဲ့ နောက်ပိုင်းကာလတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖြတ်သန်းရတဲ့အတွက်ကြောင့်ပါ။ ကူညီ ထောက်ပံ့ရေးရုံးကို သွားတာကအစ ဘတ်စ်ကားကိုပဲ အားပြုရပါတယ်။ ကျနော်တို့အသုံးပြုဖို့ ဘတ်စ်ကား လက်မှတ်ကိုတော့ အေဂျင်စီက တလတကြိမ်ထုတ်ပေးထားပါတယ်။ 
ဒီမှာက ဘတ်စ်လက်မှတ်တခုရှိရင် မြို့တွင်းပြေးဆွဲနေတဲ့ ဘတ်စ်ကား (Metro Bus) တိုင်းကို တက်စီးလို့ရ ပါတယ်။ ဘတ်စ်ကား လက်မှတ်တစောင်ရဲ့တန်ဖိုးက တဒေါ်လာခွဲဖြစ်ပြီး ၂ နာရီအတွင်း အကျုံးဝင်ပါတယ်။ ကားပေါ် တက်လိုက်ပြီဆိုတာနဲ့ ယာဉ်မောင်းဘေးနားက  စက်ထဲကို ကိုယ့်မှာပါလာတဲ့ အစိမ်းရောင် လက်မှတ်လေး ထိုးထည့်လိုက်ပြီး ပြန်ထွက်လာတဲ့အခါ အမှိုက်ပုံးထဲကို ပစ်ထည့်လိုက်၊ နောက်ထပ် ထွက်ပေါ် လာတဲ့ ခရမ်းနုရောင် ထရန်စဖာလက်မှတ်လေးကို သိမ်းထား … နောက်ထပ် ၂ နာရီအတွင်း ကိုယ်သွားမယ့် ခရီးအတွက် အဆင်ပြေမယ့် ကားပေါ်တက်စီးလိုက်ရုံပါပဲ။ အဲဒီအခါမှာတော့ လက်မှတ်ကို ထိုးထည့်စရာ မလိုတော့ဘဲ စက်ခုံပေါ်က သတ်မှတ်ထားတဲ့ နေရာကနေ တစောင်းခြစ်လိုက်ရုံနဲ့ ကိစ္စပြီးပါတယ်။ ကားလက်မှတ် မပါသူတွေက ပိုက်ဆံထည့်ပြီး ထရန်စဖာလက်မှတ်ထုတ်ယူတာ တွေ့ရပါတယ်။ ကျနော်တို့ အဖို့တော့ ပိုက်ဆံပေးစီးတဲ့ အတွေ့အကြုံမရှိသေးပါ။ 
မြန်မာပြည်မှာ ခုန်ပျံကျော်လွှား တရုတ်သိုင်းကားနဲ့  ဘတ်စ်ကားတိုးဝှေးစီးနင်းရာမှာ ကျင့်သားရထားတဲ့ ကျနော်တို့အတွက် ဒီမှာ ဘတ်စ်ကားစီးရတာ အဆင်ပြေပါတယ်။ မှတ်တိုင်ကို ကားရောက်လာပြီဆိုတာနဲ့ စောင့်ဆိုင်းနေတဲ့ လူတွေ အေးအေးဆေးဆေးပဲ စနစ်တကျတက်ကြတယ်။ ရှေ့မှာရှိနေသူကို နောက်လူက အသာတကြည်ဦးစားပေးပါတယ်။ တခါတရံ ကိုယ့်နောက်မှာ သက်ကြီးရွယ်အိုနဲ့ လေးတိလေးကန် လှုပ်ရှား နေရသူတွေ တွေ့လို့ သူတို့ကို ဦးစားပေးတဲ့အခါ သူတို့က ကိုယ့်ကို အရင်တက်ဖို့ အချက်ပြတာလည်း ကြုံရပါတယ်။ အင်းပေါ့လေ … ကားက လူကုန်တဲ့အထိ အေးဆေးစောင့်ပေးတာကိုး။  
မှတ်တိုင်မှာ တွန်းလှည်းနဲ့ ခရီးသွားလာရတဲ့ မစွမ်းမသန်သူတွေရှိနေပြီ ဆိုရင်တော့ ယာဉ်မောင်းက ရှေ့ဆုံး ခုံတန်းကို ခေါက်တင်ပြီး တွန်းလှည်းတက်ဖို့ ကားမှာတပ်ဆင်ထားတဲ့  ဟိုက်ဒြောလစ် ကုန်းဘောင်ကို ချခင်းပေးလိုက်တယ်။ ဘတ်စ်တွေက ရန်ကုန်မြို့မှာ ဟိုးအရင် တုန်းက  ဆူးလေ-အင်းစိန် ပြေးဆွဲဖူးတဲ့ ရေးနိုးကားကြီးတွေ လို ဘော်ဒီခပ်နိမ့်နိမ့်တွေချည်း ဖြစ်တာမို့ ပလက်ဖောင်းပေါ်ကို ကုန်းဘောင်ထိုးလိုက် တဲ့အခါ အနေတော် ဖြစ်နေပါတယ်။ တွန်းလှည်းတချို့က လက်အားနဲ့ လှိမ့်ရတာဖြစ်ပြီး တချို့တွန်းလှည်း တွေမှာ စက်တပ်ထား တာမို့ အနှေးယာဉ်သဘော မောင်းသွားလို့ ရတဲ့ အနေအထားပါ။ တွန်းလှည်းသမား ကားပေါ်ကို ရောက်တဲ့အခါ သူ့အတွက်အသင့်လုပ် ထားတဲ့ ကွက်လပ်မှာ နေရာချပေးပြီး တွန်းလှည်းကို  ရှေ့နောက် ချိတ်တွေနဲ့ ဆိုင်းထားလိုက်တဲ့အခါ မရွေ့နိုင်တော့ဘူးပေါ့။
ကားမှတ်တိုင် အတက်အဆင်းလုပ်ရာမှာ အဆင်းလူကို ဦးစားပေးရပါတယ်။ အပေါ်က ဆင်းမယ့်လူ တံခါးပေါက်နား ရောက်တာမတွေ့သေးလို့ အောက်လူက အရင်တက်ဖို့ဟန်ပြင်ရင် ယာဉ်မောင်းက သတိပေး ပါတယ်။ များသောအားဖြင့်တော့ ကားပေါ်မှာ လူချောင်ပါတယ်။ အလုပ်ပြန်ချိန်လိုမျိုး ဒါမှမဟုတ် ကားပြတ်သွားတဲ့ အခါမျိုးမှာ ထိုင်ခုံပြည့် လူကြပ်တတ်ပါတယ်။ သူတို့ကားတွေမှာ ကျနော်တို့ဆီကလို “သံဃာတော်များသာ” ဆိုပြီး စာတန်းကပ် သတ်မှတ်ထားတဲ့ ထိုင်ခုံမရှိပေမဲ့ ဘယ်ညာ ပြတင်းပေါက် မှန်တွေပေါ်မှာ ‘Please offer the seats to elders and persons with disabilities’ လို့ ရေးသားထားတာ တွေ့ရတယ်ခင်ဗျ။
ဘတ်စ်ကားစီးရင်း စိတ်အနှောက်အယှက်ဖြစ်စရာ ကြုံရတဲ့ အခါလည်း ရှိပါတယ်။ ကားပေါ်မှာ အုပ်စုအဖွဲ့ကျတဲ့ အခါမျိုး … တဦးနဲ့တဦး ဂျစ်ကျတဲ့အခါမျိုးမှာ  ချက်ချင်းပဲ ထသတ်တော့မလား ဆူညံနေတတ်ပါတယ်။ သိပ်ပြီး ညံလွန်းလာရင် ယာဉ်မောင်းက သတိပေးတာ ကြားရပါတယ်။ အရက်သေစာ မူးယစ်အော်ဟစ်တာမျိုးကို ဖြစ်ရင်တော့ ယာဉ်မောင်းဆွဲချတာ ခံကြရတယ်။ ကိုမဲ ကိုဖြူ  နည်းနည်းစရိုက်ကျတဲ့ အုပ်စုတွေ ဘတ်စ်ကား ပေါ်မှာ ကြုံရတတ်ပါတယ်။ 
ကျနော့် သူငယ်ချင်းတဦးက ပြောတယ်။ ဘတ်စ်ကားစီးတာဟာ အခြေအနေမဲ့တွေ များတယ်တဲ့။ အဲလိုချည်း တော့ ဟုတ်မယ်မထင်ပါ။ တချို့က ကိုယ်ပိုင်ကားရှိပေမဲ့ အလုပ်သွားအလုပ်ပြန် ဘတ်စ်ကားအဆင်ပြေလို့ စီးတာလည်း ဖြစ်မှာပါ။ ကျနော်တို့လို ရောက်ခါစ အလုပ်အကိုင်မရှိ ကိုယ်ပိုင်ကား မရှိသူတွေရဲ့ အားထားရာက လည်း ဘတ်စ်ကားပါပဲ။ ဈေးဝယ်တာက အစ ဘတ်စ်လမ်းကြောင်း မသင့်တဲ့နေရာတွေလောက်သာ ကားရှိတဲ့ မိတ်ဆွေ အကူအညီနဲ့သွားတာဖြစ်ပြီး ကျန်တဲ့နေရာတွေမှာ ဘတ်စ်ကားလေးနဲ့ ဟန်ကျပါတယ်။ ကားအချိန် လည်း မှန်တယ်လို့ ဆိုရပါမယ်။ ၅ မိနစ်ထက် ပိုနောက်ကျတာ သိပ်မကြုံရပါဘူး။ ကျနော်စီးနေကျ မှတ်တိုင်က ဘတ်စ်ကား စီးရေများတာမို့ နာရီဝက် တနာရီစောင့်ရတာမျိုး မရှိပါဘူး။ 
အခုဆိုရင်  ယာဉ်မောင်းတချို့နဲ့တောင် မျက်မှန်းတန်းမိသလို ရှိနေပါပြီ။ 
ခင်မင်လေးစားစွာဖြင့် 
နေမင်းသူ 
၂၃-၃-၂၀၁၄
ဘတ်စ်ကား စီးခြင်း
ကျနော်တို့ မိသားစု ဒီကိုရောက်လာတာ (၅) လ နီးပါးရှိပြီဆိုတော့ ဘတ်စကား စီးခြင်းနဲ့ အတော်လေး အကျွမ်းတဝင် ဖြစ်နေပြီလို့ဆိုနိုင်ပါတယ်။
ရောက်လာခါစ တပတ်နှစ်ပတ်လောက် အတွင်းမှာ လုပ်ဆောင်စရာ တွေဖြစ်တဲ့ ကာကွယ်ဆေးထိုးနှံခြင်း ၊ အစားအသောက်ကဒ် ၊ ဆေးကုသမှုကဒ် ၊ လူမှုဖူလုံရေးကဒ် လျှောက်ထားခြင်းတွေမှာ အေဂျင်စီက ကားနဲ့ လိုက်ပို့ပေးပေမဲ့ နောက်ပိုင်းကာလတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖြတ်သန်းရတဲ့အတွက်ကြောင့်ပါ။ ကူညီ ထောက်ပံ့ရေးရုံးကို သွားတာကအစ ဘတ်စ်ကားကိုပဲ အားပြုရပါတယ်။ ကျနော်တို့အသုံးပြုဖို့ ဘတ်စ်ကား လက်မှတ်ကိုတော့ အေဂျင်စီက တလတကြိမ်ထုတ်ပေးထားပါတယ်။
0 comments:
Post a Comment
စည်းစည်းလုံးလုံး … ရုန်းရုန်းကြွကြွ
ဘာလိုလိုနဲ့ (၆၉) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့(တပ်မတော်နေ့) ကို ရောက်ရှိလာပါပြီ။
ကျနော် စစ်မှုထမ်းခဲ့တဲ့ ကာလတလျှောက်မှာ တော်လှန်ရေးနေ့စစ်ရေးပြကို ရင်ခုံလှိုက်မော ဖြစ်စရာ ကောင်းလောက်အောင် ပါဝင်ရတဲ့ အတွေ့အကြုံမရှိခဲ့ပါဘူး။ မှတ်မှတ်ရရ (၄၉) နှစ်မြောက် တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားကို ပြင်ဦးလွင်တပ်နယ်စစ်ရေးပြမှာ ပါဝင်ခဲ့ဖူးတာလောက်ပဲ ရှိပါတယ်။ တပ်သားသစ် အခြေခံသင်တန်း တက်ရောက်စဉ်က (၄၈) နှစ်မြောက်တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ကြုံခဲ့ပေမဲ့ တပ်စုတာဝန်ခံဆရာရဲ့ ‘စစ်ရေးပြညံ့’ ဆိုတဲ့ မှတ်ချက်ကြောင့် ပါဝင်ခွင့်မရခဲ့ပါ။
0 comments:
Post a Comment
Myanmar Navy Exercise ( Sea Shield - 2014 )
0 comments:
Post a Comment
တောကြွက်ပုံပြင်
Mg Myanmar's photo.
ကျနော်တို့နေတာတောထဲမှာမို့တောသတ္တဝါ တွေပေါတယ်။ဂုဏ်ယူပြောရမယ်ဆို ဂေဟစနစ်တွေ ကျန်နေသေးတယ်ပေါ့။ထားပါ တောအကြောင်း တောင်အကြောင်း။တောကြွက်နဲ့်
ကျနော် ဆုံတွေ့ရပုံလေးပြော
ကြရအောင် ။တောထဲမှာရောင်းတဲ့ကန်တင်းမို့ ကော်ဖီမစ်ပလိန်း ပဲရတယ်။ကျနော်က တီးသမားမို့ ကန်တင်းကို အမြဲရောက်တယ်။တစ်နေ့ ကော်ဖီသောက်နေတုန်း ကန်တင်းဆိုင်
ရဲ့ မျက်နှာကျက် ထုပ်တန်းပေါ်ကို ဆိုင်ပိုင်ရှင် ဦးလေးက သူစီးထားတဲ့ဆင်ကြယ်ဖိနပ်အပြာနဲ့ရုတ်တရက် ပစ်ပေါက်လိုက်တာ ခေါင်းမိုးသွပ်ပြားချော်မှန်ပြီး ''ဒုန်း''ခနဲ့ အသံအကျယ်ကြီးထွက်လာလို့ တိတ်ဆိတ်ငိုက်မြီ်းနေတဲ့နေလယ်ဟာ
ရုတ်တရက် လန့်နိုးသွားသလိုမျိုးပေါိ့ ကျနော်လည်း လန့်သွားတယ်။ရုတ်တရက်မို့
ဦးလေးဘာ လုပ်တာလည်းမေးချိန်မရတော့ပေ။
0 comments:
Post a Comment
မျိုးချစ် မြန်မာ့တပ်မတော် နှင့် ဘင်္ဂလားဒေရှ် တပ်မတော် ကို နှိုင်းယှဉ်ခြင်း
***မျိုးချစ် မြန်မာ့တပ်မတော် နှင့် ဘင်္ဂလားဒေရှ် တပ်မတော် ကို နှိုင်းယှဉ်ခြင်း***
အရင်ဦးဆုံးမြေအနေအထားအရ မြန်မာနိုင်ငံသည် အရှေတောင်အာရှရဲ့မြေဧရိယာ အကျယ်ပြန့်ဆုံးနိုင်ငံဖြစ်ပါတယ်။ လူဦးရေသန်း၆၀ခန့်ရှိပြီး တပ်မတော်ရဲ့အင်အားဟာ အရှေတောင်အာရှမှာ ဒုတိယအများဆုံးဖြစ်ပြီး တိုက်ပွဲအတွေ့ကြုံ အလွန်ပြည့်ဝသော တပ်မတော်ဖြစ်ပါတယ်။တောတွင်းတောင်ပေါ်စစ်ဆင်ရေးများတွင် ဗီယက်နမ်နဲ့အတူ အကောင်းဆုံးတပ်မတော်ဟု သတ်မှတ်ခြင်းခံရပါတယ်။ဘင်္ဂလားဒေရှ်နိုင်ငံဟာ Pakistan နိုင်ငံမှ၁၉ရ၀ကျော်တွင် ဘာသာရေးမတူညီမူကြောင်ခွဲထွက်ခဲ့ပါတယ်။ လူဦးရေအရမ်းထူထပ်ပြီး စစ်ကိုင်းတိုင်းခန့်သာရှိသော မြေနေရာတွင်လူဦးရေသန်းတစ်ရာကျော်နေထိုင်ပြီး လူဦးရေပေါက်ကွဲမူများ ဖြစ်ပေါ်နေပါတယ်။ ထိုလူဦးရေပေါ်က်ကွဲမူသည် အိမ်နီးခြင်းဖြစ်တဲ့ India နဲ့မြန်မာကိုယိုစိမ့်နေပါတယ်။ မုန်တိုင်းနှင့်ရေကြီးမြေပြိုမူဒဏ်ကို ကိုနှစ်စဉ်ခံစားနေရသော
0 comments:
Post a Comment
မောင်ဖိုးချို နှင့် အော်ပတီမစ်ဇင်း
" မောင်ဖိုးချို နှင့် အော်ပတီမစ်ဇင်း " ( Optimism = အကောင်းမြင်ဝါဒ )
( for the sake of heading "တို့တိုင်းပြည် မောလိုက် ရယ်လိုက်" )
= = = = = = = = = = = = = = = = = = = = = = = = = = = = =
. . . . . ယနေ့ကား အဆင်မပြေသောနေ့ဟုပင် မောင်ဖိုးချိုထင်မိသည်။ အိပ်ယာမှ ထ ၊ မျက်စိနှစ်လုံးပွင့်၍ ၀ါးခနဲ တစ်ချက်သမ်းသည်တွင် ပါးစပ်ထဲသို့ ယင်ကောင် ၀င်လေဧ။်။ ချီးယင်ကောင်ဟုခေါ်သော ယင်ကောင်ကြီးမျိုးဖြစ်ရကား အတော်ပင် အော့ချင်စရာကောင်းတော့သည်။ 
0 comments:
Post a Comment
အမြင်မယိမ်းစေချင်ပါ
Photo: အမြင်မယိမ်းစေချင်ပါ
………………..
 မနေ့က စာပေဟောပြောပွဲ အခွေ နားထောင်ဖြစ်ပါတယ်။
 အဲဒီအခွေမှာ ဆရာတစ်ဦးက ဘာပြောလဲဆိုရင်  ညီအစ်ကိုချင်း သတ်ပြီးမှရတဲ့ဘွဲ့၊
 တိုင်းတစ်ပါးကကျူးကျော်တာလဲမဟုတ်၊ သူတစ်ပါးနဲ့တိုက်ရတာလဲမဟုတ်ဘဲ
 ကိုယ့်မြေက လူအချင်းချင်းသတ်ပြီးမှရတဲ့ သူရဘွဲ့တွေ၊ ဘာဘွဲတွေက ဘာလုပ်ရမှာလဲ။
 ဘာဂုဏ်ယူစရာရှိလဲတဲ့။
 ဟောပြောတဲ့ဆရာက အထက်ပိုင်းက ပုဂ္ဂိုလ်များကို ဆိုလိုချင်တာဖြစ်ပါလိမ့်မယ်။
 သို့သော် ဟောပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ဘယ်အထိရောက်သွားနိုင်သလဲ။
 ကျွန်တော်က တပ်မတော်သားတစ်ဦးဖြစ်လို့ တပ်မတော်ဘက်ကလိုက်ပြောတယ်လို့ထင်ရင်လဲ
 ဟုတ်တယ်လို့ ပြောရမှာပါပဲ။
 ဘာလို့လဲဆိုရင် တပ်မတော်သားတွေရဲ့ခံစားချက်ကို အပြင်က ဘယ်သူတွေဘယ်လောက်ပြောပြော
ဘယ်သူမှ နားလည်ပေးနိုင်မှာမဟုတ်ဘူးလေ။
 တကယ် စစ်မြေပြင်မှာ တိုက်ခိုက်နေရတဲ့ စစ်သည်တွေရဲ့ ခံစားရမှုတွေကို ဘယ်သူကလာပြီး ခံစားပေး မှာလဲ။
 ပြီးတော့ ခင်ဗျားတို့လောက် တိုင်းပြည်ကို ချစ်ပြတဲ့သူရှိမှာမဟုတ်ဘူးလို့ ဆိုဦးမယ်။
 ပြီးတော့ ခင်ဗျားတို့ ဘာတွေလုပ်ပြီးပြီလဲဆိုရင် ရူးချင်ယောင်ဆောင်ဦးမယ်။
 စစ်သားတိုင်း တိုင်းပြည်ကိုချစ်တယ်လို့ မဆိုလိုပါဘူး။
 ဒါပေမယ့် အပြစ်မဲ့တဲ့ ကိုယ့်သွေးသားချင်းကို သေနတ်နဲ့ပစ်သတ်လောက်တဲ့အထိ စိတ်ရိုင်းတွေရှိနေတယ်လို့ ပုံသေကားချပ်တွက်ထားနေကြတယ်။
 ကဲ ခု ပြည်တွင်းမှာစစ်ဖြစ်နေတယ်။  စစ်တပ်က တိုက်လို့ တိုက်ပွဲဖြစ်နေတယ်လို့ ခင်ဗျားတို့ ဆိုချင်သလား။  ခင်ဗျားတို့ကို လက်ဝှေ့ကြိုးဝိုင်းပေါ်တင်ပေးမယ် ခင်ဗျားနဲ့ထိုးသတ်မဲ့သူကို မေတ္တာထားပြီး ထိုးပါကွာ ထိုးပါဆိုပြီး ခင်ဗျားတို့မျက်နှာတွေကို ထိုးပေးနေမှာလား။
 အချင်းချင်း ဘယ်သူမှ မတိုက်ချင်သလို၊ ဘယ်စစ်သားမှ စစ်မတိုက်ချင်ပါဘူး။  
 ဘာလို့လဲ ဆိုရင် တိုက်ပွဲမှာ ပစ်နေတဲ့ ကျည်တွေ၊ ဗုံးတွေက မိန်းမအတွက် ရွှေဆင်ပေးတာမဟုတ်ဘူး။ ကလေးအတွက် ချိုချဉ်ပေးတာမဟုတ်ဘူး။  သူ့အသက် ကိုယ့်အသက်ကို နှုတ်ယူသွားမဲ့အရာတွေနဲ့ တိုက်နေကြတာ။  
 လူမှန်ရင် သေမှာကြောက်တာကြီးပဲ။  စစ်သားလဲ လူပဲ သေမှာကြောက်တာပဲ။
 စကားတစ်ခွန်းကြောင့် ဟိုးအရင်က ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေ စစ်သည်တော်တွေကို မြောင်းထဲ မရောက်သွားစေချင်ဘူး။  နားထောင်နေတဲ့ လူတွေရဲ့ အသိစိတ်ထဲမှာ စစ်သားဆိုတာ အချင်းချင်း ပြန်သတ်နေတဲ့ ကောင်တွေလို့ မြင်မသွားစေချင်ဘူး။
 သူရဘွဲ့ရခဲ့တဲ့ လူကြီးတစ်ယောက် သူ့ဗိုက်ကိုလှန်ပြလို့ စစ်တပ်ကြီးကို လူအများမုန်းမသွားနိုင်ဘူး။ အဲဒီလူကြီးကိုပဲ အမြင်ကပ်သွားနိုင်တယ်။  ဒါပေမယ့် လူအများရဲ့ ရှေ့မှာ ရှေ့ဆောင်လမ်းပြအဖြစ် ဟောပြော နေတဲ့သူတွေအဖို့ တစ်ယောက်မကောင်းတာကို အများမကောင်းတာအဖြစ် အမြင်မျိုးမြင်အောင် ပြောဟော တာတွေမဖြစ်သင့်ဘူးလို့ထင်ပါတယ်။
 တပ်မတော်သားကိုထိလို့ နာတာမဟုတ်ပါဘူး။
 တကယ့် တိုက်ပွဲတွေမှာ အသက်ခန္ဓာစွန့်ပြီး တိုက်ပွဲဝင်သွားရတဲ့ ရဲဘော်အပေါင်းအတွက် စိတ်မကောင်းဖြစ်မိလို့ပါ။
 စစ်ဆိုတာတော့ မရှိလေကောင်းလေပါပဲ။  ဘယ်သူ့ဘယ်သူမှ ပစ်ခတ်နေတာမကောင်းပါဘူး။  
 ဘေးထိုင်ဘုပြောတာတွေ၊ တစ်စိတ်မရှိ ၀ါးလုံးရှည်နဲ့ ရမ်းတာတွေ၊ အစွန်းရောက်အမြင်တွေကို ဖယ်ထုတ်သင့်ပါပြီ။
 မကောင်းတဲ့သူတွေကို တည့်မတ်ပေးပါ။  အပြစ်ပြောပြီး ဇွတ်တွန်းမချကြပါနဲ့။  ပြီးတော့ ငါကလွှဲပြီး ကျန်တဲ့သူ ဘယ်သူမှ မကောင်းဘူးလို့ ကိုယ့်ဂုဏ်ကို မဖော်ကြပါနဲ့လို့။
 ဒီလိုမှ မဟုတ်ရင်လဲ အပ်ဖျားလေးနဲ့ ကိုယ့်အသားကို ထိုးကြည့်စမ်းပါ နာလားလို့။
 ………..
** ရှေ့တန်းမှ ရဲဘော်အပေါင်း အေးချမ်းကြပါစေ။
** စစ်ပွဲတစ်ရာအောင်မြင်ကြပါစေ။
**ရဲဘော်အပေါင်းအား ထာဝစဉ်ဦးညွှတ်လျက်။
မောင်ပိုင်
၂၀-၃-၂၀၁၄
………………..
မနေ့က စာပေဟောပြောပွဲ အခွေ နားထောင်ဖြစ်ပါတယ်။
အဲဒီအခွေမှာ ဆရာတစ်ဦးက ဘာပြောလဲဆိုရင် ညီအစ်ကိုချင်း သတ်ပြီးမှရတဲ့ဘွဲ့၊
တိုင်းတစ်ပါးကကျူးကျော်တာလဲမဟုတ်၊ သူတစ်ပါးနဲ့တိုက်ရတာလဲမဟုတ်ဘဲ
ကိုယ့်မြေက လူအချင်းချင်းသတ်ပြီးမှရတဲ့ သူရဘွဲ့တွေ၊ ဘာဘွဲတွေက ဘာလုပ်ရမှာလဲ။
ဘာဂုဏ်ယူစရာရှိလဲတဲ့။
0 comments:
Post a Comment
တပ်မတော်(ရေ) အတွက် စဉ်းစားမိတာလေးတစ်ခု
စာကျက်နေရင်းနဲ့ နည်းနည်းစဉ်းစားမိလို့ စကားဝိုင်းထိုင်စရာလေးတစ်ခုတင်လိုက်ပါတယ်။ ။
လက်ရှိ ကျွန်တော်တို့ရေတပ်အနေနဲ့ အရင်ဆယ်စုနှစ်တွေထက် အဆများစွာတိုးတက်လာတယ်ဆိုတာပြောစရာမလိုတဲ့အချက်ပါ။ အရေအတွက်ရော၊ အရည်အချင်းရော အစစအရာရာတိုးတက်လာပါပြီ။ hardware ပိုင်းသာမက၊ လေ့ကျင့်ရေးတွေလည်းမကြာခဏပြုလုပ်နေပြီမို့လို့ အရင်ကမကြားခဲ့မမြင်ခဲ့ရတာတွေလည်း အခုမြင်နေကြားနေရပါပြီ။ လက်ရှိမှာ တတ်နိုင်သမျှအင်အားနဲ့ ရေယာဉ်အသစ်တွေတည်ဆောက်နေတာကိုလည်း သဘောကျပါတယ်။ နောင်ဆယ်စုနှစ်တစ်ခုစာကိုတွက်ကြည့်ပြီးစဉ်းစားကြည့်ကြရအောင်ပါ။
0 comments:
Post a Comment
မြန်မာ့တပ်မတော်၏ ခေတ်မီစစ်လက်နက်တချို့
မြန်မာ့တပ်မတော်၏ ခေတ်မီစစ်လက်နက်တချို့
===================================
(ကျနော့် Friends List ထဲက Blog ထဲတင်တာ မသိရသော Friends များအတွက် ကူးတင်ပေးလိုက်ပါတယ်)
===================================
နောင်ရိုးဂျစ် ( Naung Yoe Jeep )
မြန်မာ့တပ်မတော်နှင့် ပတ်သက်ပြီး ၂၀၁၄ခုနှစ်ဟာ ထူးခြားတဲ့ နှစ်လို့ဆိုရမလိုဖြစ်နေပါပြီ...။ ကျွှန်တော်တို့ အားလုံးမျှော်လင့်မထားတဲ့ တပ်မတော် (ကြည်း)၊(လေ) အမြောက်နှင့် သံချပ်ကာစစ်ဆင်ရေးမျိုး ခေတ်သစ်မဟာဗျူဟာတိုက်ပွဲဝင် လေ့ကျင့်ခန်းများကို ကျင်းပခဲ့သလို့ အခုအချိန်မှာလည်း တပ်မတော်(ရေ)အနေဖြင့် Sea Shield 2014 Naval Exercise ကျင်းပနေပြီး ရေတပ်၏ ဒုံးတပ် စစ်ရေယာဉ်များအပေါ်ကနေ တပ်ဆင် သဘောဖျက်ဒုံးများကို လေ့ကျင့်ပစ်ခတ်နေကြပြီဘဲဖြစ်ပါတယ်...။ အချိန်အားဖြင့် ၁၉ရက်နေ့မှ ၂၇ရက်နေ့အထိ ကျင်းပမယ့် ရေတပ်စစ်ရေးလေ့ကျင့်ခန်းကြီးရဲ့ လေ့ကျင့်ခန်းကျင်းပရာ နေရာကလည်း စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါတယ်....။
1 comments:
Post a Comment
Followers