တောင်အိုဆက်တီးယားစစ်ပွဲ (၂၀၀၈)(ရုရှား-ဂျော်ဂျီယာ) (အပိုင်း-၄)
 Htet Sweoo's photo.
စစ်ပွဲ၏ရည်မှန်းချက်များ
၂၆။ ဂျော်ဂျီယာစစ်ပွဲသည် အင်အားကြီးအမေရိကန်နှင့်ရုရှားတို့၏အကျိုးစီးပွားများ ပါဝင်လျက် ဖြစ်ပေါ်လာရသည်။ ဂျော်ဂျီယာသည်ပထ၀ီနိုင်ငံရေးအရ ရုရှားနိုင်ငံ၏အရေးပါသည့် ပင်လယ်နက်ထွက်ပေါက်ဖြစ်သည်။ အထူးသဖြင့်ယူကရိန်းနှင့် ဂျော်ဂျီယာသည် ရုရှား၏ ပင်လယ်နက် ထွက်ပေါက်အား ဘေးတစ်ဖက်စီမှ ကာရံထားသည်။ ယူကရိန်းနှင့်ဂျော်ဂျီယာတို့သည် ရုရှားနှင့် ဆက်ဆံရေးမပြေလည်သောကြောင့် အမေရိကန်က ၄င်းနှစ်နိုင်ငံအား နေတိုးအဖွဲ့ဝင်ဖြစ်စေရန် စည်းရုံးခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment
" စံပယ်တွေ ကြွေမယ့်နှစ် "
Photo: " စံပယ်တွေ ကြွေမယ့်နှစ် "
.. လည်ပြန်ကြည့်မိတော့မှ 
မျောလွင့်ခဲ့တာ ကဗျာတစ်ပုဒ်မဟုတ်မှန်း သိရ
ဒါပေမယ့် ကျွန်တော် ရေးချခဲ့တယ်
.. ဆံပင်တွေ ခဏခဏ မဖွတတ်တဲ့ကောင်မလေးက
တစ်ဘ၀စာ ကျွန်တော်ရုန်းကန်ခဲ့ရသမျှကို
ကလစ်တစ်ချောင်းနဲ့ မျှောအချမှာ
သူလိုကိုယ်လို အရပ်ဝတ်နဲ့ သံယောဇဉ်ခမျာ
မျက်နှာငယ်ရရှာ
.. ကျွန်တော့်ကဗျာ စ တော့
အများသူငါလို တိမ်တွေပွင့်တယ်
အများသူငါလို ကြယ်တွေပွင့်တယ်
အများသူငါလို စံပယ်တွေပွင့်ခဲ့တယ်
.. အများသူငါတွေ ဖူးပွင့်ကြတော့မှ
ကျွန်တော့်ကဗျာကလေးရဲ့ ဖြစ်တည်ရာ လိုက်ရှာ
ရာသီတွေ အလီလီပြောင်း
ဒီ ဆံညှပ်တွေသာ ဟောင်းခဲ့သတဲ့
.. ကြယ်တွေ ဝေတဲ့ ညတချို့ အိပ်မက်ဆဲပါ
စာသားတွေလွမ်းဆိပ်သင့် ကြွေလွင့်ဆဲပါ
ရိုမင်တစ်နှင့် သူရဲကောင်းဖြစ်ခွင့် တစ်စုံတစ်ရာမှာ
ကဗျာတစ်စ တန့်ရပ်ခဲ့ ကြာပြီ
.. ကျွန်တော့်ရဲ့ အများသူငါတွေကို နာရီလှမ်းမေးတော့
ကလေးတစ်ယောက် ကြယ်ကြွေကောက်နေခဲ့တယ်
.. ရာသီကုန်လက်မှတ်တစ်စောင်ရဲ့ အိပ်ယာထမှာ
သူဖြစ်ချင်ရာ ကိုယ်ဆုတောင်းခွင့် ရစေမယ်ဆို
ဘယ်သူတွေဝေနေဦးမှာလဲ
စံပယ်တွေ မကြွေစေဖို့ပဲ ဖြစ်တယ်။    ။
(ယက္ခ) ရဲကြီး / ကိုရဲ (ဆေး-၂)
29. June . 2003 .
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/
.. လည်ပြန်ကြည့်မိတော့မှ
မျောလွင့်ခဲ့တာ ကဗျာတစ်ပုဒ်မဟုတ်မှန်း သိရ
ဒါပေမယ့် ကျွန်တော် ရေးချခဲ့တယ်
0 comments:
Post a Comment
ကလေးငယ်များအနာဂတ်နဲ့ လူ့ဘောင်
စင်္ကာပူရောက်စမှာ ထူးခြားတဲ့ဝိသေသတစ်ခုကို သတိပြုမိတယ်။ မြန်မာပြည်က ဘုရားသွား ကျောင်းတက် သက်ကြီးရွယ်အိုအရွယ် စင်္ကာပူလူမျိုး ဘိုးဘွားတွေဟာ စားသောက်ဆိုင်မှာ သန့်ရှင်းရေး၊ အမှိုက်လှည်း၊ စားပြီးသားပန်းကန်တွေသိမ်းတဲ့အလုပ်ကို လုပ်နေကြတာ သတိထားမိတယ်။ တစ်ချို့တွေက သူများသောက်ပြီးသား ဘီယာ၊ အချိုရည် သတ္တုဗူးခွံတွေလိုက်ကောက်တယ်။ အသိတစ်ယောက်ကတော့ စပ်စပ်စုစုမေးလို့ သူတို့တစ်နေ့ဝင်ငွေဟာ စားနိုင်သောက်နိုင်တဲ့ အနေအထားရှိတယ်လို့ ဆိုတယ်။
0 comments:
Post a Comment
အမှန်တရားဆိုတာ ဘာပါလဲ … ?
 Photo: လူတိုင်းဟာ ကိုယ့်ဟာကိုယ်တော့ …
ကောင်းတယ် မှန်တယ်ထင်ပြီး …
ပြုမှုလုပ်ကိုင်နေကြသူတွေသာ ဖြစ်တယ် ….
( အသောကမင်း ရေးထိုးခဲ့သော ….
ကျောက်စာတစ်ခု မှ ကောက်နူတ်ချက် )
========================
အမှန်တရားဆိုတာ ဘာပါလဲ … ???
မှားတယ် မှန်တယ်ဆိုတာ ….
အဲဒီပေတံ စံနူန်းဆိုတာရော ….
တကယ် ရှိရဲ့ လား …. ??? 
စတဲ့ မေးခွန်းတွေဟာ …
အမှား အမှန်ဆိုတဲ့  အဓိပ္ပာယ်ကို …
စစ်စစ်ပေါက်ပေါက် ဝေဖန်ဆန်းစစ်မိသူတိုင်း …
ခေါင်းထဲကို ရောက်လာဖူးတဲ့  မေးခွန်းတွေ ဖြစ်ပါတယ် …
ကောင်းပါပြီ …
အမှန်တရားဆိုတာကို အဓိပ္ပာယ်ဖွင့်ဖို့  …
ကျွန်တော်တို့  အတိတ်သမိုင်းကို ပြန်သွားကြည့်ကြပါစို့  ….
အနောက်တိုင်း ကိုယ်ကျင့်တရားဆိုင်ရာ အယူဝါဒတွေထဲက ….
Relativism လို့ ခေါ်တဲ့  သမုတိဝါဒဟာ …
အမှားအမှန်သည် …
အခြေအနေပေါ်မှာ မူတည်တယ်လို့  …
ယူဆကြပါတယ် …
အပြုအမှုတို့ ရဲ့ ကောင်းမှုဆိုးမှု မှန်မှု မှားမှုတွေဟာ …
ကာလံဒေသံ ပြောင်းလဲနေတဲ့ အခြေအနေတွေပေါ်မှာ …
လိုက်ပါပြောင်းလဲ နေပြီး …
ရောမရောက်ရင် ရောမလို ကျင့်ရမယ်ဆိုတဲ့  စကားလို ….
ဘယ်ကိစ္စကို မဆို ….
အခြေအနေနဲ့ လိုက်လျောညီထွေ …
ကျင့်သုံးရမယ် လို့ ယူဆကြပါတယ် …
ဥပမာ - နှလုံးရောဂါသည် အမေကို …
သား ကွယ်လွန်သွားကြောင်း အသိမပေးဘဲ ….
မုသာဝါဒ လိမ်ညာပြောဆို ထားတာ ….
မှန်တယ် ဆိုတဲ့ အယူအဆမျိုး ဖြစ်ပါတယ် …
ဒီ အယူအဆအရ …
အခြေအနေဟာ အမှားအမှန်ကို တိုင်းတာတဲ့ စံနူန်းဖြစ်ပြီး ….
လိမ်သင့်ရင် လိမ်ရမယ် …
သတ်သင့်ရင် သတ်ရမယ် ဆိုတဲ့  သဘောမျိုးဖြစ်ပါတယ် ….
ဒီ အယူအဆကို လက်မခံတဲ့  အခြားဂိုဏ်းတစ်ခုကတော့ ….
Absolutism လို့ ခေါ်တဲ့  ပရမတ္တ ၀ါဒ ဂိုဏ်း ဖြစ်ပါတယ် ….
အပြုအမှုတို့ ရဲ့ ကောင်းမှုဆိုးမှု မှန်မှု မှားမှုတွေကို…
ကြိုတင်သတ်မှတ်ထားတဲ့  နူန်းစံတွေနဲ့  တိုင်းတာပါတယ် …
ဥပမာ… ပညတ်တော် ဆယ်ပါး အတိုင်း ….
ငါးပါးသီလအတိုင်း ….
လိုက်နာရင် မှန်တယ် …
မလိုက်နာရင် မမှန်ဘူးဆိုတဲ့  အယူအဆမျိုးပါ …
ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် …
လိမ်တာဟာ မှားပါတယ် …
သတ်တာဟာ မှားပါတယ် လို့ ယူဆလေ့ရှိ ကြပါတယ် …
ဂရိ ဒဿန ပညာရှင် ပလေတိုကတော့ ….
ဒီလက်ရှိ လောကကြီးဟာ …
သူ့ သဘောသူဆောင်ပြီး …
မှားတာလဲ မရှိ ….
မှန်တာလဲ မရှိလို့  ဆိုပါတယ် …
ဒါပေမယ့် သီးခြား အစစ်အမှန်လောကတစ်ခု  ….
( ဘုံတစ်ခုခု ) နောက်ထပ် ရှိသေးတယ်လို့ ယူဆပြီး …
အဲဒီ လောက မှာတော့ …
အမှားအမှန် နူန်းစံ တန်ဖိုးတွေဟာ …
မပြောင်းမလဲ မဖောက်မပြန်ဘဲ တည်ရှိနေတယ်လို့  …
ပလေတို က ယုံကြည်ပါတယ် ….
ပကုဓကစ္စာယန ဆိုတဲ့  ပုဂ္ဂိုလ်ကြီးကတော့ …
ရုပ်သဘော ဖြစ်တဲ့  လက်က ..
ရုပ်သဘောဖြစ်တဲ့  သတ္တ၀ါ ရဲ့ လည်ပင်းကို ခုတ်ပိုင်းတဲ့  ကိစ္စမှာ …
ရုပ်သဘောဖြစ်တဲ့  အသား အကြောတွေ ပြတ်ပြီး ….
ရုပ်သဘောဖြစ်တဲ့  သွေးတွေ ကျလာတာဟာ …
ကောင်းခြင်း ဆိုးခြင်းဆိုတဲ့  အကုသိုလ် မရှိဘူးလို့  …
ယူဆ ခဲ့ဘူးပါတယ် …..
ဒါဆို ကျွန်တော်တို့  ထေရ၀ါဒ ဗုဒ္ဒဘာသာမှာ …
အမှားအမှန် ဆိုတာကို ….
ဘယ်လို များ ခွဲခြားဆုံးဖြတ် သုံးသပ်ကြပါသလဲ ….
ထေရ၀ါဒ ဗုဒ္ဓဘာသာဟာ ...
အထက်မှာ ဖော်ပြခဲ့တဲ့  အယူအဆတွေကို ...
တစ်ခုမှ လက်မခံခဲ့ပါဘူး ....
ထေရ၀ါဒ ဗုဒ္ဓဒဿန ရဲ့ အလိုအရတော့ …
အပြုအမှုတွေရဲ့ ကောင်းခြင်း ဆိုးခြင်း …
မှန်ခြင်း မှားခြင်းတွေဟာ ….
ကာလံဒေသံ ….
အခြေအနေ အချိန်အခါ …
ဖြစ်စဉ် တွေကို ….
မှန်မှန်ကန်ကန် သုံးသပ်နိုင်တဲ့  အသိဥာဏ်ပညာပေါ်မှာ …
အဓိက မူတည်နေတယ်လို့  ဆိုပါတယ် ….
ဒီလို သုံးသပ်ရာမှာ ….
စိတ်မှာ ဆန္ဒအစွဲ …
ဥပါဒန် တစ်မျိုးမျိုး ကပ်ညှိမှု ရှိနေပါက ….
အခြေအနေ အကြောင်းချင်းရာတို့ ကို ….
ကြည်ကြည်လင်လင် ရူမြင်နိုင်ခြင်း မရှိတော့ဘဲ …
ပုဂ္ဂလဓိဋ္ဌာန် သဘောကို ရောက်သွားပြီး …
မှားယွင်းချွတ်ချော်သွားတတ်တယ်လို့ ဆိုပါတယ် ….
ဓမ္မဓိဋ္ဌာန် ကျကျ ….
ဆုံးဖြတ် သုံးသပ်နိုင်တဲ့  …
စိတ်အခြေအနေတစ်ခု ရရှိဖို့  ဆိုရင် …
စိတ်ဟာ ဘာအစွဲ ဥပါဒန် မှ မရှိဘဲ …
ကြည်လင် သန့် စင်နေဖို့ လိုပါတယ် ….
ဒီလို ကြည်လင်သန့် စင် ခိုင်ခံ့ နေဖို့ အတွက် …
၁။ အကျင့်သီလ
၂။ စိတ်၏ စူးစိုက် တည်ငြိမ်ခိုင်ခံ့ မှု စွမ်းအင် ( သမာဓိ )
၃။ အသိဥာဏ်ပညာ 
ဆိုတဲ့  အချက်သုံးခု ဟာ ….
မရှိမဖြစ် အရေးအကြီးဆုံး ဖြစ်တယ်လို့  ဆိုပါတယ် …
သီလ ဟာ လိုက်နာဆောက်တည်ရမယ့် ကိစ္စဖြစ်ပြီး …
အသိ ဥာဏ်ပညာဟာ …
လေ့လာဆည်းပူးရမယ့် ကိစ္စ ဖြစ်ပါတယ် …
သမာဓိ ကတော့ ကျင့်ကြံကြိုးကုပ် အားထုတ်ရမှာပါ ….
သီလ နဲ့  ပညာ နဲ့  သမာဓိ ဟာ …
အပြန်အလှန် ထောက်ပံ့ ပေးနေတဲ့  ….
အညမညသဘော ဖြစ်ပြီး …
သီလ မပါတဲ့  ပညာဟာ …
လောကကို အကျိုးမပြုနိုင်သလို …
ပညာ မပါတဲ့  သီလဟာလဲ …
မှန်ကန်တဲ့  အကျင့်ဆောက်တည်မှု မဖြစ်နိုင်ပါဘူး ….
ထေရ၀ါဒ ဗုဒ္ဓ ဒဿန အလိုအရ ….
အကျင့်သီလ မပါတဲ့  အသိဆင်ခြင် ဥာဏ်ပညာဟာ …
ဖြောင့်မတ်မှန်ကန်တယ်လို့  မဆိုပါဘူး …
လက်တစ်ဖက်နဲ့ …
ခြေတစ်ဖက် နဲ့  ….
ပညာကိုလဲ သီလနဲ့ ဆေးကြောရမယ်လို့  ဆိုပါတယ် ….
အမျှော်အမြင် ထိုးထွင်းသိမြင်တဲ့ ပညာရှိမှ …
အကျင့်ကောင်း သီလအမှန်ကို ရနိုင်မှာဖြစ်ပြီး …
အကျင့်ကောင်း သီလအမှန်ရှိမှ …
စိတ်ဟာ ကြည်လင်စင်ကြယ်ပြီး…
မှန်ကန် ထိုးထွင်းသိမြင်တဲ့  ပညာကို …
ရှေ့ ရူနိုင်မယ်လို့  ဆိုပါတယ် …
ခိုင်ခံ့တဲ့ စိတ်သမာဓိ မရှိရင်တော့ ….
သီလ ကို ဆောက်တည်နိုင်စွမ်း မရှိသလို …
ပညာကိုလဲ အပတ်တကုပ် ဆည်းပူးဖို့ မလွယ်ကူနိုင်ပါဘူး …
ခိုင်ခံ့ တဲ့ သမာဓိကို ရဖို့ အတွက်ကိုတော့ …
သမထ ကျင့်စဉ်တွေ …
သတိပဋ္ဌာန် ကျင့်စဉ် (၀ါ) ၀ိပဿနာ ကျင့်စဉ်တွေကို ….
ကျင့်ကြံ အားထုတ်ရမယ်လို့ ဆိုပါတယ်…
ဒါကြောင့် အားလုံးပြန်ချုပ်ရမယ်ဆိုရင် ….
ဘယ်ကိစ္စ ဘယ်အယူဝါဒကိုမဆို ….
သမထ ကျင့်စဉ်တွေ …
သတိပဋ္ဌာန် ကျင့်စဉ် (၀ါ) ၀ိပဿနာ ကျင့်စဉ်တွေကို ….
အားထုတ်ကျင့်ကြံထားတဲ့  သမာဓိ ….
အပတ်တကုတ် ဆည်းပူးလေ့လာထားတဲ့ ပညာ …
အထူးတလည်ဆောက်တည်ထားတဲ့  သီလ …
ဒီလို သုံးမျိုးသုံးရပ် ပြည့်စုံတဲ့  …
ကိုယ်စိတ်နှလုံး နဲ့ သာ …. 
အပြုအမှုတွေရဲ့ ကောင်းခြင်း ဆိုးခြင်း …
မှန်ခြင်း မှားခြင်းတွေကို ….
ဓမ္မဓိဋ္ဌာန်ကျကျ ….
ကြည်ကြည်လင်လင် ရူမြင်သုံးသပ်ဆုံးဖြတ်နိုင်မှာ ဖြစ်ပြီး …
ကျွန်တော်တို့ ….
ဒီ လောကီ သမုတိ နယ်ပယ်မှာတော့…
ဓမ္မဓိဋ္ဌာန် ကျကျ ....
ဆင်ခြင်ဥာဏ်ကို ရဖို့ ဆိုတာသည် …
လွယ်ကူတဲ့  ကိစ္စတစ်ခု မဟုတ်ဘဲ …
ဥပါဒန် အစွဲ ကိုယ်စီ နဲ့  …..
အသီးသီး ဆုံးဖြတ်သုံးသပ် နေကြတာသာဖြစ်ကြောင်း ….
တင်ပြအပ်ပါတယ် ခင်ဗျား ….။
=================================
အမှန်အတိုင်း မသိမြင်မှု တရား အ၀ိဇ္ဇာသည် …
အကုသိုလ် တရားတို့ ရဲ့  ခေါင်းဆောင်ဖြစ်၏ …
မသိမှု အ၀ိဇ္ဇာ ကြောင့် …
မှားသောအမြင် မိစ္ဆာဒိဋ္ဌိ ဖြစ်လာ၏ …
မှားသောအမြင် မိစ္ဆာဒိဋ္ဌိ ကြောင့် ….
မှားသောအကြံ  မိစ္ဆာသင်္ကပ္ပ ဆက် ဖြစ် ၏ ….
မှားသောအကြံ  မိစ္ဆာသင်္ကပ္ပ ကြောင့် …
မှားသောစကား မိစ္ဆာ၀ါစာ ဆက်ဖြစ်၏ …
မှားသောစကား မိစ္ဆာ၀ါစာ ကြောင့် …
မှားသောအလုပ် မိစ္ဆာကမ္မန္တ ဆက်ဖြစ်၏ …
မှားသောအလုပ် မိစ္ဆာကမ္မန္တ ကြောင့်  …
မှားသောအသက်မွေးမှု မိစ္ဆာဇီဝ ဆက်ဖြစ်၏ …
မှားသောအသက်မွေးမှု မိစ္ဆာဇီဝ ကြောင့် …
မှားသောအားထုတ်မှု မိစ္ဆာ၀ါယမ ဆက်ဖြစ်၏ …
မှားသောအားထုတ်မှု မိစ္ဆာ၀ါယမ ကြောင့် ….
မှားသော အောက်မေ့မှု မိစ္ဆာသတိ ဆက်ဖြစ်၏ …
မှားသော အောက်မေ့မှု မိစ္ဆာသတိ ကြောင့် …
မှားသောတည်ကြည်မှု မိစ္ဆာသမာဓိ ဆက်ဖြစ်၏ …
==================
  =  အပ္ပမာဒေန သမ္မာဒေထ =
==================
အို ချစ်သားတို့  ....
မမေ့မလျော့ မပေါ့မဆ …..
ပြင်းပြ ထက်သန် ….
မှန်ကန်သော သတိတရားဖြင့် ….
သီလ၊ သမာဓိ၊ ပညာဟု ဆိုအပ်သော ….
သိက္ခာသုံးပါးတို့ကို ….
ကိုယ်စီကိုယ်င ပြည့်စုံအောင် …..
ကြိုးစား အားထုတ်ကြကုန် ......   ။   ။
==========================
ငါ့ အတွေးအခေါ် ...
ငါ့ အယူအဆ ...
ငါ့ ပါတီ .....
ငါ့ ဘက် .....
ငါ့  ×××××
ငါ့  ×××××
ငါ့  ×××××
ငါ နှင့် ငါ သာ နိုင်းစရာ .....
ငါ မှ သာ အမှန် ထင်နေသောသူများသို့  ....
ရည်ညွှန်း ပါသည် ..... 
:) :) :) :) :)
လူတိုင်းဟာ ကိုယ့်ဟာကိုယ်တော့ …
ကောင်းတယ် မှန်တယ်ထင်ပြီး …
ပြုမှုလုပ်ကိုင်နေကြသူတွေသာ ဖြစ်တယ် ….
( အသောကမင်း ရေးထိုးခဲ့သော ….
ကျောက်စာတစ်ခု မှ ကောက်နူတ်ချက် )
========================
0 comments:
Post a Comment
မှန်တင်ခုံရှေ့က ဥပဒေ
Photo: " မှန်တင်ခုံရှေ့က ဥပဒေ "
-------------
(၁)
 "  ဘာလဲဟဲ့ ဥပဒေ "
 " ဘာလဲဟဲ့ လောကဓံ " လို ဥပဒေကို ခပ်မာမာ စိန်ခေါ်လိုက်တာ မဟုတ်ပါဘူး။  ဥပဒေဆိုတာ ဘာလဲလို့ မေးလိုက်ခြင်းပါဗျာ။  မသိနားမလည်လို့လဲ မေးလိုက်ရတာပါ။ ဟုတ်တယ် ခုတလော ဥပဒေဆိုတာကြီးက အသံတွေ ခဏခဏ ထွက်နေတာ မဟုတ်လား။  ဒီတော့ ဥပဒေဆိုတာ ဘာလဲလို့ ကျွန်တော်လဲ စပ်စုကြည့်မယ်ဆိုတဲ့ စိတ်ကလေးနဲ့ စပ်စုလိုက်တယ်ပေါ့ဗျာ။
 ပြီးတော့ ပတ်ဝန်းကျင်နယ်ပယ်မှာ ဂွကျကျ မတော်တရော်၊ မတော်မတည့်တွေ မြင်တွေ့လာရတော့ ဒါဟာ ဥပဒေနဲ့များ ဆက်စပ်နေသလားဆိုပြီး ဖွင့်ချကြည့်လိုက်တာပါ ခင်ဗျာ။
(၂)
 ပါဋ္ဌိမှာတော့ ဥပ-ချဉ်းကပ်၍၊ ဒေသ-ရွတ်ဆိုခြင်း၊ ဥပဒေသ-ကောင်းသောနည်းညွှန်ချက်လို့ ဆိုပါတယ်။ ပါဋ္ဌိသက်ဝေါဟာရအဘိဓာန်မှာလဲ " ကောင်းသောနည်းညွှန်ချက်၊ အတည်ပြုထားသော စည်းမျဉ်း " လိုဆိုထား ပါတယ်။
 ဆိုတော့ကာ ဥပဒေဆိုတာ စည်မျဉ်း၊ ကောင်းသာအရာတွေ၊ ကောင်းသော လုပ်ဆောင်ချက်တွေဖြစ်ဖို့ ထိန်းချုပ်လမ်းညွှန်ချက်ပေါ့။
 စည်းမျဉ်းဆိုရာကရော ဘယ်သူတွေထုတ်လို့ ဘယ်သူတွေ လိုက်နာရပါသလဲ။  ထုတ်တဲ့သူတွေက စည်းမျဉ်းကို လိုက်နာပါရဲ့လား။  တခြားသူလိုက်နာဖို့ ထုတ်တဲ့ စည်းမျဉ်းတွေများ ဖြစ်နေရော့သလားလေ။
 မြန်မာ့ရာဇ၀င်ကို လှန်လောကြည့်လိုက်တော့ ဘုရင်မြတ်တစ်ပါးကို သွားတွေ့မိတယ်။  ရခိုင်ဘုရင်မြတ်တစ်ပါးပေါ့။  နန်းတော်ထဲမှာ ကွမ်းစားတဲ့ မှူးကြီးမတ်ရာတွေ များလေသတဲ့။  သူတို့ ကွမ်းစားတဲ့အခါ ကွမ်းရွက်ကို ထုံးတို့ပြီးစားသတဲ့။  လက်မှာပေနေတဲ့ ထုံးတွေကို နန်းတော်ရဲ့ တိုင်လုံးတွေမှာ သုတ်သတဲ့လေ။  ဒီတော့ နန်းတော်နဲ့ ထုံးပေရာတွေက ဘယ်လိုမှ အမြင်မတင့်တော်တော့ဘူး။
 ဒီအခါ ဘုရင်မင်းမြတ်က ထုံးမသုတ်ရ(အမိန့်(သို့) စည်းမျဉ်း) လို့ထုတ်တယ်။ ထုံးသုတ်တဲ့သူ၊ ထုံးသုတ်တဲ့ လက်ညှိုးက ဖြတ်စေ(ပြစ်ဒဏ်)ဆိုပြီး အမိန့်ထုတ်တယ်။  (ယနေ့ခေတ်ကာလမှာလဲ ဒီလိုအမိန့်များတောင် ထုတ်ဖို့သင့်လေရဲ့။  စည်းမဲ့ ထွေးတဲ့ ကွမ်းတံတွေး ပါးစပ်တွေကို တစ်လတိတိ ပါးစပ်ကိုချုပ်ပစ်တဲ့ ပစ်ဒဏ်ပေးဖို့ သင့်တယ်။  ကိုယ်မစားတော့ ပြောအား ရှိတာပေါ့)။
 တစ်နေ့ ဘုရင်ကိုယ်တော်မြတ်ကိုယ်တိုင် ကွမ်းယာစားစဉ် ယောင်မှားပြီး တိုင်ကို ထုံးသုတ်မိလေ တယ်။  အဲဒီမှာတင် ဘုရင်မင်းမြတ်က သူထုတ်တဲ့ အမိန့်(စည်းမျဉ်း)ကို သူအမှတ်ရပြီး သံလျက်နဲ့ မိမိလက်ညှိုးကို ဖြတ် (ပြစ်ဒဏ်ခံ)လေသတဲ့။  တကယ့်လေးစားစရာ ဘုရင်ကိုယ်တော်ပါပဲ။
(၃)
 " ဆိုင်ကယ်စီးလျှင် နှစ်ဦးထက်ပိုမစီးရ၊  ဆိုင်ကယ်စီးဦးထုပ်ဆောင်းပါ "
 ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ စည်းကမ်းပါပဲ။  ကိုယ့်အသက်အန္တရာယ်အတွက် လိုအပ်လို့ထုတ် ထားတဲ့ အမိန့်ဆိုလျှင်လည်း မှားမယ်မထင်ပါဘူး။  အဲ ဒီအမိန့်ကို မလိုက်နာရင်တော့ လောလောဆယ် ကိုယ့် အသက်အန္တရာယ်ကို ထိခိုက်မှာ ဖြစ်သလို ဥပဒေချိုးဖောက်ခြင်းရဲ့ နောက်ဆက်တွဲ ပြစ်ဒဏ်က ပါလာတော့မှာ ပါပဲ။
 သို့သော် ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါဆိုတာက ဆိုင်ကယ်စီးသူ အားလုံးကို ဆိုလိုတာပါ။  ဥပဒေကို မလိုက်နာတဲ့သူတွေကို ဖမ်းတဲ့ ယာဉ်ထိန်းရဲလဲ ပါဝင်ပါတယ်။  ယာဉ်ထိန်းရဲလဲ ဦးထုပ်ဆောင်းရပါ တယ်။
 ထို့အတူ  ကြီးကြပ်ကန့်သတ်ထားတဲ့ နေရာ တစ်ခုဆိုပါစို့။  ထိုနေရာကို ၀င်တဲ့ အပေါက်(ဂိတ်)မှာ ၀င်၊ ထွက်သွားလာတဲ့သူတွေကို စစ်ဆေးနိုင်ဖို့ ပြုလုပ်ကြရပါတယ်။  ပြီးတော့ " ဆိုင်ကယ်မစီးရ၊ ဆင်းတွန်းပါ" ဆိုတာမျိုးကို တွေ့ရတတ်ပါတယ်။  ဒါမှလဲ စစ်ဆေးရလွယ်ကူမှာပါ။
 သို့သော်ငြားလည်း ထိုဥပဒေစည်းမျဉ်းဟာ  ရာထူးသေးငယ်တဲ့သူတွေကို ရည်ရွယ်ပြီး ထုတ်ထားတဲ့ ဥပဒေမဖြစ်ရပါဘူး။  ရာထူးသေးငယ်တဲ့ သူတွေက ဂိတ်မှာ ဆိုင်ကယ် ဆင်းတွန်းပြီး သွားလာချိန် ရာထူးခပ် ကြီးကြီးသမားကို " ၀ရော.." ဆိုပြီး ဆိုင်ကယ်ဖြတ်မောင်းသွားတဲ့ အဖြစ်မျိုးကို ကျွန်တော့် ပတ်ဝန်းကျင်မှာ တော့မြင်တွေ့ နေရတတ်ပါတယ်။
 ဥပဒေဆိုသည်မှာ အားလုံး(အားလုံး)အတွက် သာပါ။  ဒီတော့ကာ အားလုံး လိုက်နာရမှာပါ။
 မီးပေါ့ဆမှုကြောင့် မီးလောင်ပြီဆိုရင် ပေါ့ဆတဲ့သူကို ဥပဒေအရ အရေးယူနိုင်ပါတယ်။  မီးပေါ့ဆသူဟာ လယ်သမားဖြစ်ဖြစ်၊ ၀န်ထမ်းဖြစ်ဖြစ်၊ သူဌေးကြီးဖြစ်ဖြစ်၊ တရားသူကြီးဖြစ်ဖြစ်၊ ၀န်ကြီးဖြစ်ဖြစ် ပေါ့လေ။  ဒီအတိုင်းပါပဲ အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦးကို ပါးရိုက်လဲ လက်ရောက်မှုပါပဲ၊ (အဲ ကိုယ့်ဘက်က မှန်ရဲ့သားနဲ့ ခံရတာကို ဆိုလိုတာပါ)။  အထက်လူကြီးက အောက်လက်ငယ်သားကို ပါးရိုက်တာ လဲ လက်ရောက်မှုပါပဲ။ (မသိနားမလည်လို့ ဆုံးမတာလို့ ပြောလို့မရပါ)။
(၄)
 မြို့နယ်တစ်ခုရဲ့၊ ရပ်ကွက်တစ်ခုမှာ မီးလောင်မှုဖြစ်ပါတယ်။  မီးငြိမ်းသတ်ပြီး မီးစလောင်တဲ့ အိမ်က ပိုင်ရှင်ကို တရားစွဲပါတယ်။  ပိုင်ရှင် ထောင်ကျပါတယ်။  သို့သော် ပိုင်ရှင် ထောင်ထဲမရောက်ပါဘူး။  သူ့အိမ်က အလုပ်သမားသာ ထောင်ထဲရောက်ပါတယ်။
 သူပြောတာကတော့ " ကိုယ်စား " တဲ့လေ။
 ကျွန်တော်တို့ရဲ့ ဘာသာတရားမှာတော့ ကုသိုလ်အမှု၊ အကုသိုလ်အမှုကို ပြုသူကိုယ်တိုင်သာလျှင် ခံကြရတာပါ။  ကိုယ်စား ခံခိုင်းတယ်၊ ခံရတယ်လို့ မရှိပါဘူး။  ဒါဟာ မှန်ကန်သော သစ္စာတရားကြောင့်ပါ။
 မှန်ကန်တဲ့ ဥပဒေ၊ နည်းလမ်းကြတဲ့ ဥပဒေတွေမှာ ကိုယ်စား ဆိုတာ မရှိသလို၊ ကျောသားရင်သား ခွဲခြားခြင်းဆိုတာမရှိပါဘူး။  သို့သော်လည်းပဲ လူတွေရဲ့ ကလိန်ကကျစ်ဥာဏ်တွေကြောင့် ဥပဒေဟာ လက်တစ် လုံးခြားလုပ်ခံရတယ်၊ ဥပဒေဟာ အသုံးချခံရတော့တာပါပဲ။
 တစ်ခါတခါမှာလဲ ဥပဒေဟာ နာမည်ကိုအလွှဲသုံးစားလုပ်ခံရုံသာမက အမည်ပြောင်းခြင်းကိုပါ ခံလိုက်ရ ပါတယ်။  
 တစ်ခါတုန်းက အင်ဂျင်နီယာတစ်ယောက်ဟာ ငွေအလွှဲသုံးစားမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံရ ပါတယ်။  သို့သော်လည်း သူ့ကို ထောင်ထဲမှာ မြင်ရခဲလှပါတယ်။  အပြင်လောကမှာပဲ ကျင်လည်ကျက်စားနေ တာကို မြင်တွေ့ရပါတယ်။  အပြင်လောကမှာ ကြားသိရတာကတော့ သူက ပိုက်ဆံရှိတယ်။  ထောင်ပိုင်ကို ပေးကျွေးထားတယ်။  ထောင်ထဲမှာ နေစရာမလို၊ အလုပ်လုပ်စရာမလို၊ အပြင်လောကမှာသာလျှင် စီးပွားရေး လုပ်တယ်။  ပြီးတော့ ထောင်ကို ပြန်ကြည့်တယ်ပေါ့လေ။  လိုအပ်တာတွေကူညီဖြည့်ဆည်းပေးတယ်ပေါ့။
 ဒီဖြစ်စဉ်ကိုကြည့်ရင်း ကျွန်တော်စဉ်းစားမိတာက ဥပဒေဟာ အမည်ပြောင်းသွားတယ် ဆိုတာပါပဲ။  ဥပါဒ်-ကျရောက်လာတဲ့ ဥပါဒ်ဘေးအန္တရာယ်တွေကို၊ ထေ-ကာလိုက်ခြင်း၊ ဖာထေးလိုက်ခြင်း၊ ပြုပြင်လိုက်ခြင်း ဖြစ်တဲ့ " ဥပထေ " အဖြစ် ပြောင်းသွားတာပါ။
 ဒါကတော့ ကျွန်တော်ဥာဏ်မိသလောက်ကလေး တွေးကြည့်မိတာပါ။
(၅)
 ဥပဒေကို ကျွန်တော်နားလည်သလို ပြောရရင်တော့ စောင့်ထိန်းမှု၊ အများအတွက် မထိခိုက်စေလိုမှု အတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းလို့ ထင်ပါတယ်။
 ဆိုပါစို့ အရက်မူးသမားတစ်ယောက်။  သူ့ပိုက်ဆံရှိလို့ သူပါးစပ်နဲ့ သူသောက်တာ ပြဿနာမရှိပါဘူး။ ပြီးတော့ ကိုယ့်အခန်းထဲမှာကိုယ် မူးလို့ အန်ချင်အန်မယ်၊ ဆဲချင်ဆဲမှာပေါ့ ဒါလဲ ပြဿနာ မရှိပါဘူး။ သို့သော် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သောက်ပြီး ရပ်ကွက်ထဲ မူးပြီး ရစ်မယ်၊ ရန်စမယ်၊ ဆဲမယ်ဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဘာလို့လဲဆိုရင် ဒါဟာ အများကို နှောင့်ယှက်ထိခိုက်လာလို့ပါပဲ။  
 ဒီတော့ မူးယစ်ရမ်းကားမှုဆိုတဲ့ ဥပဒေနဲ့ ညှိစွန်းသွားပါပြီ။  ဥပဒေရဲ့ နောက်မှာ ပြစ်ဒဏ်ဆိုတာကလဲ ပါလာပြီးသားဆိုတော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံရတော့မှာပါပဲ။
 ဟုတ်ပါတယ်။ ထိုက်သင့်တဲ့ ပြစ်ဒဏ်သာပင် ဖြစ်ပါတယ်။  
 တစ်ခါတခါမှာ အပြစ်နဲ့ ပြစ်ဒဏ်မမျှတာတွေကို တွေ့မြင်ကြရမှာပါ။  ဒါဟာ ဥပဒေဆိုတာနဲ့ ကိုင်ပေါက် ပြီး မတော်မတရား ခံစေတာ၊ ဥပဒေကို လက်တစ်လုံးခြားလုပ်၊ ဥပဒေပေါ် ခွစီးပြီး လုပ်ကြံလိုက်တဲ့ ပြစ်ဒဏ်တွေသာ ဖြစ်ပါတယ်။  ဒီအခါ ဥပဒေဟာ မျှတခြင်း မရှိတော့သယောင်ဖြစ်သွားပါတယ်။ တကယ်တမ်း ကတော့ ဥပဒေကို ကြိုးကိုင်တဲ့ သူတွေရဲ့ စိတ်အားနည်းချက်လို့ ဆိုရမှာဖြစ်ပါတယ်။
 ပြီးတော့ ဥပဒေလို့ ဆိုလိုက်တာနဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေကို ပြေးပြီးမြင်ယောင်မိပါတယ်။  ရှေ့နေတွေ၊ တရားသူကြီးဆိုတာ ဥပဒေကို နောကျေအောင် လေ့လာထားရသူတွေ မဟုတ်လား။  ဒီတော့ ရှေ့နေတွေ၊ တရားသူကြီးတွေရဲ့နှုတ်ဖျားမှာ တစ်ခါတခါ ဥပဒေဆိုတာ တည်နေတတ်ပါသေးတယ်။
 ရှေ့နေတစ်ဦးရဲ့ လျှောက်တင်ချက်ဟာ အမှန်ဖြစ်ရဲ့လား။ ဥပဒေရဲ့ညီရဲ့လား။  တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကရော မျှတမှုရှိရဲ့လား၊ သမာသမတ်ဖြစ်ရဲ့လား။  အရေးကြီးတာက ထိုသူတွေရဲ့ စိတ်တွေဟာ ဥပဒေအတိုင်း ဖြေင့်မတ်နေပါရဲ့လား။
 နောက်ဆုံးတော့ ဥပဒေကို ထုတ်ပြန်တဲ့သူတွေရယ်၊ ဥပဒေကို လိုက်နာနေထိုင်ရသူတွေရယ်၊ ဥပဒေအတိုင်း ဆုံးဖြတ်ပေးနေရသူတွေရယ် အားလုံး အားလုံးဟာ စည်းကမ်း၊ စည်းမျဉ်းတွေကို အလေးထား ရမှာဖြစ်သလို၊ ကိုယ့်ဥပဒေကိုယ်လဲ ပြဋ္ဌာန်းရဲရမှာပေါ့။  စိတ်ရဲ့ ကောင်းသောလမ်းညွှန်ချက်တွေ မှန်ကန်နေရ မှာပေါ့။
(၆)
 ခေတ်တွေ စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ လူတွေ လူတွေဟာလဲ ပြောင်းလဲလာကုန်ကြပါတယ်။ ဒီလိုပြောင်းလဲခြင်းဟာ ကောင်းသောဘက်ကို ဦးတည်နေတယ်ဆိုရင်တော့ ကိစ္စမရှိလှပေမယ့် မှားယွင်းသော လမ်းကြောင်းဘက် ပြောင်းလဲပြီဆိုရင် ဆိုးခေတ်၊ ဆိုးစနစ်တွေကို ခံစားရတော့မှာပါ။
 ဒီလို ခေတ်ဆိုး၊ စနစ်ဆိုးတွေကို ထိန်းသိမ်းဖို့ဆိုရာမှာ ဥပဒေက အရေးပါလှပါတယ်။  အရေးပါလှတဲ ဥပဒေကိုယ်တိုင် မှားယွင်းနေပြီဆိုရင်တော့ ဥပဒေဆိုတာကို ကျွန်တော်ပြောလိုက်ချင်ပါတယ်။
 " ဗျို့ ဥပဒေကြီး ခင်ဗျားလဲ အမျိုးသမီးတွေလို လှဖို့ ပဖို့အတွက် မှန်တင်ခုံရှေ့ထိုင်သလို ခင်ဗျားလဲ မှန်တင်ခုံရှေ့ ထိုင်ဖို့ လိုနေပြီ။  ခင်ဗျား မျက်နှာကို လှပအောင် ပြင်ဆင်လိုက်ဦးဗျာ " လို့သာ။
******************
မောင်ပိုင်
၁၂-၆-၂၀၁၄။
(၁)
" ဘာလဲဟဲ့ ဥပဒေ "
" ဘာလဲဟဲ့ လောကဓံ " လို ဥပဒေကို ခပ်မာမာ စိန်ခေါ်လိုက်တာ မဟုတ်ပါဘူး။ ဥပဒေဆိုတာ ဘာလဲလို့ မေးလိုက်ခြင်းပါဗျာ။ မသိနားမလည်လို့လဲ မေးလိုက်ရတာပါ။ ဟုတ်တယ် ခုတလော ဥပဒေဆိုတာကြီးက အသံတွေ ခဏခဏ ထွက်နေတာ မဟုတ်လား။ ဒီတော့ ဥပဒေဆိုတာ ဘာလဲလို့ ကျွန်တော်လဲ စပ်စုကြည့်မယ်ဆိုတဲ့ စိတ်ကလေးနဲ့ စပ်စုလိုက်တယ်ပေါ့ဗျာ။
0 comments:
Post a Comment
လစ်ဘရယ်ဝါဒ (Liberalism)နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၁၀)
အမျိုးသားရေးဝါဒ(Nationalism)နှင့် လစ်ဘရယ်အမျိုးသားရေးဝါဒ(Liberal Nationalism)-
အပိုင်း (၁)
အမျိုးသားရေးဝါဒ စတင်ပေါ်ပေါက်လာခြင်း 
အင်္ဂလန်တွင် ပထမမြောက်ဂျိန်းဘုရင် (၁၅၆၆-၁၆၂၅)က ဘုရင်နှင့်ဘုရားသခင်၏ တန်ခိုး အာဏာ
တူညီသည်ဟူသော အယူအဆဖြင့် နိုင်ငံ၏အချုပ်အခြာအာဏာကို လွှမ်းမိုး ချုပ်ကိုင် ထားခဲ့သည်။
ထို့အတူ ယင်းအယူအဆကို လက်မခံသူများက ဆန့်ကျင်ခဲ့ကြပြီး၊ တရားရေးပါရဂူ ဂျွန်ဆဲလ်ဒန်
(John Seldon) ကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ ဘုရင်ကို ဝေဖန်ခြင်းကြောင့် ခေါင်းဖြတ်စက်ဖြင့် အသတ်
ခံရသည်။
0 comments:
Post a Comment
လစ်ဘရယ်ဝါဒ(Liberalism)နှင့်လစ်ဘရယ်သမိုင်းကြောင်း(အပိုင်း-၉)
လစ်ဘရယ်တို့လက်ခံထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်သော အစိုးရ(Constitutional Government)
လစ်ဘရယ်တို့အနေဖြင့် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှေက်ရန်အလို့ငှာသော်လည်းကောင်း၊ လူ့ အဖွဲ့အစည်းအတွင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြားဖြစ်ပေါ်လာသော ပဋိပက္ခများကို ဖြေရှင်းရန် သော်လည်းကောင်းမိမိတို့ကိုယ်စား (တရားမျှတစွာ) ကြားဝင်ဖြေရှင်းပေးနိုင်မည့် နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ကို အလိုရှိကြပါသည်။ ထို့အတွက် မိမိတို့ ပြည်သူလူထုက တစ်ဦးချင်းစီပိုင်ဆိုင်ထားသော အချုပ်အခြာအာဏာများကို မိမိတို့ စိတ်ကြိုက်ရွေးချယ်ထားသော အစိုးရဆိုသည့် ပုဂ္ဂိုလ်များအား စုစည်းအပ်နှံကြသည်။ (အကျယ်ကို လစ်ဘရယ် ၀ါဒ(Liberalism)နှင့်လစ်ဘရယ်သမိုင်းကြောင်း(အပိုင်း-၇)၊ လစ်ဘရယ်ဝါဒနှင့် ကန့်သတ်အစိုးရ (Liberalism and Limited Government) နှင့် လစ်ဘရယ်ဝါဒ(Liberalism)နှင့် လစ်ဘရယ်သမိုင်း ကြောင်း(အပိုင်း-၈)၊အချုပ်အခြာအာဏာ (Soverignty) တို့တွင် ဖတ်ရှုနိုင်ပါသည်။) 
0 comments:
Post a Comment
လစ်ဘရယ်ဝါဒ(Liberalism)နှင့်လစ်ဘရယ်သမိုင်းကြောင်း(အပိုင်း-၈)
အချုပ်အခြာအာဏာ(Sovereignty)
အချုပ်အခြာအာဏာ (Sovereignty)ဆိုသည့် ဝေါဟာရသည် ပြင်သစ်ဘာသာစကား (Sovereign)မှ ဆင်းသက်လာပြီး၊ "အကြွင်းမဲ့ဖြစ်ခြင်း၊ (သို့မဟုတ်) အခြားသူများ၏ အထွဋ်အမြတ်ဖြစ်ခြင်း" ဟု အဓိပ္ပါယ်ရသည်။ အချုပ် အခြာအာဏာ (Sovereignty)ဆိုသော သဘောတရားကို အရစ္စတိုတယ်လ် (Aristotle, 384-322 BC)က (The Politics)ကျမ်းတွင်ဖေါ်ပြခဲ့ပြီး၊ (၁၆)ရာစုအလယ်ပိုင်းဝန်းကျင်လောက်မှသာအချုပ်အခြာအာဏာနှင့်ပတ်သက်သောသဘောတရားများကို တွေးခေါ်ပညာရှင်တို့က လေ့လာဖေါ်ထုတ်လာကြခြင်းဖြစ်သည်။ အရစ္စတိုတယ်လ်၏ အယူအဆများသည် ဒီမိုကရေစီစံနစ်ကို ဦးတည်ခဲ့သည်။ ၄င်းက "ပြည်သူလူထု၏ အာဏာအပ်နှင်းခြင်း ခံရ သူများက အစိုးရအဖွဲ့ကာ ဥပဒေနှင့်အညီအုပ်ချုပ်ရမည်။ ထိုသို့ နိုင်ငံကိုအုပ်ချုပ်ရာတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေးဟူ၍ အာဏာသုံးရပ်ပိုင်းခြားကာ အုပ်ချုပ်ရမည်" ဟု ဆိုသည်။ 
0 comments:
Post a Comment
တောင်အိုဆက်တီးယားစစ်ပွဲ (၂၀၀၈)(ရုရှား-ဂျော်ဂျီယာ) (အပိုင်း-၃)
ဂျော်ဂျီယာရေရှည်တည်တံ့မှုနှင့်တည်ငြိမ်မှုဆောင်ရွက်ရေးအစီအစဉ်။ 
ဂျော်ဂျီယာ ရေရှည်တည်တံ့မှုနှင့် တည်ငြိမ်မှုဆောင်ရွက်ရေးအစီအစဉ်သည် အီရတ်လွတ်မြောက်ရေး စစ်ဆင်ရေးတွင် ဂျော်ဂျီယာတပ်မတော်၏ စွမ်းရည်တိုးမြင့်စေရန်အတွက် အမေရိကန်က ဆောင်ရွက်ခဲ့သော လုံခြုံရေး အစီအစဉ်တစ်ခုဖြစ်သည်။ ၂၀၀၅ ခုနှစ် ဇန်န၀ါရီလတွင်စတင်ခဲ့သော အဆိုပါအစီအစဉ်သည် ၂၀၀၂-၂၀၀၄ ခုနှစ်အတွင်းပြုလုပ်ခဲ့သောGTEP အစီအစဉ်တိုးတက်မှုအား အထောက်အကူပြုလိမ့်မည် ဖြစ်ပြီး ဂျော်ဂျီယာတပ်မတော်အား အနောက်အုပ်စု ပုံစံ(နေတိုးပုံစံ)အကောင်အထည်ဖော်မှုတွင် အကူအညီဖြစ်စေမည့် SSOPအစီအစဉ်သည် (၁၈)လကြာမြင့်ပြီး ဒေါ်လာသန်း(၆၀)ကုန်ကျသည်။ ဥရောပရှိ အမေရိကန်ကြည်းတပ် အထူးအဖွဲ့နှင့် အမေရိကန် မရိန်းတပ်ဖွဲ့တို့က ဦးစီးဆောင်ရွက်သော ၎င်းင်းအစီအစဉ်သည် အီရတ်နိုင်ငံရှိ ဂျော်ဂျီယာခြေလျင် တပ်ရင်း(၂)ရင်း၊ ထောက်ပံ့ရေးတပ်ရင်း(၂)ရင်း၊ ဂျော်ဂျီယာအမှတ်(၁) တပ်မအထူးအဖွဲ့၊ ဂျော်ဂျီယာ အမှတ်(၁)နှင့် အမှတ်(၂)တပ်မမှ ဦးစီးအဖွဲ့၊ မြေပြင်တပ်ဖွဲ့ ကွပ်ကဲမှုဦးစီးအဖွဲ့နှင့်ဂျော်ဂျီယာဦးစီးဌာနမှ ဦးစီး အဖွဲ့များအား လေ့ကျင့်ပေးရန် ပုံစံပြုထားခြင်းဖြစ်သည်။ SSOP အစီအစဉ်က ဂျော်ဂျီယာဗိုလ်လောင်း အများ အပြား ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တာဝန် ထမ်းဆောင်မှုများကို လေ့ကျင့်ပေးခြင်းဖြစ်သည်။
1 comments:
Post a Comment
ပုံရိပ်တခု အတွေး နှစ်မျိုး
- - -  မြန်မာနိုင်ငံ - - -
အဆင့် လုံးဝမရှိသော . . .
စာနာမှု လုံးဝမရှိသော . . .
မီဒီယံ၏သဘောကိုမသိသော . . .
ကိုယ်ကျင့်သိက္ခာမဲ့သော . . .
ဟီရိဥတ္တပ္ပ တရားကို မစောင့်စည်းသော . . .
မြန်မာ့ယဉ်ကျေးမှုကို မထီမဲ့မြင်ပြုတတ်သော . . .
သနားညှာတာစိတ် လုံးဝမရှိသော . . .
နှမချင်း စာနာစိတ်မရှိသော . . .
သားသမီးချင်း စာနာစိတ်မရှိသော . . .
နောက်ကွယ်မှ စီးပွားရေးပံ့ပိုးမှုများဖြင့် ရေးသားကြသော . . .
ခင်ရာမင်ရာ ဆန္ဒာဂတိ လိုက်စားလျက် သတင်းရေးကြသော . . .
မြန်မာနိုင်ငံအပေါ် စေတနာမရှိသော . . .
မြန်မာနိုင်ငံသားများကို ချိုးနှိမ်လိုသော . . .
မြန်မာအစိုးရကို ဖိနှိပ်လိုသော . . .
မြန်မာစစ်တပ်ကို သေလောက်အောင်မုန်းသော . . .
လုပ်စားသတင်းများသာရေးတတ်သော . . .
သူတစ်ပါးဆီမှ ခိုးယူကူးချတတ်သော . . .
သတင်းပညာ လုံးဝမလေ့လာဘူးသော . . .
ဗြောင်လိမ် ဗြောင်ငြင်း သတင်းရေးတတ်သော . . .
တစ်ကယ်မသိသည်များကို မမှန်သော်လည်း ရဲဝံ့စွာ ရေးသားတတ်သော . . .
အမည်မဖော်နိုင်သော သတင်းရပ်ကွက်ကိုသာ ကိုးကားစရာရှိသော . . .
ဘယ်သူမှန်း သူတို့ပင် မသိသော အဆင့်မြင့်အရာရှိများထံမှ သတင်းရတတ်သော . . .
``သတင်းထောက် ဟူသမျှ ၊ ထောင်ကျမှ´´ ဆိုသော မူကို လက်ကိုင်ထားတတ်သော . . .
သတင်းထောက်များ ဖင်ခေါင်းကျယ်တတ်သော . . .
ဖင်ခေါင်းကျယ်တတ်သလောက် အရည်အချင်းမပြည့်မီသော . . .
အရည်အချင်းမရှိသလောက် အခွင့်အရေးတောင်းယူလိုသော . . .
အခွင့်အရေးတောင်းတတ်သလောက် သင်ယူပြင်ဆင်လိုစိတ် ကင်းမဲ့သော . . .
မြန်မာလို ထုတ်ဝေပါလျက် မြန်မာစာကို မှန်အောင်မရေးတတ်သော . . .
ရှက်တတ်လျှင် လဲသေလောက်သော်လည်း ရှက်တတ်ခြင်းကင်းမဲ့သော . . .
.................................
.......................
သတင်းသမား-စာနယ်ဇင်းသမား-ဂျာနယ်သမား အများစု . . .ပါဝင်သည့် . . . . .
.......................
တစ်ခုတည်းသော ကြောက်ရွံ့ စရာ - စတုတ္ထ မဏ္ဍိုင် မယိမ်းမယိုင် ခိုင်ကြည်စွာ ၀ိုင်းကွပ် - ဘေးတီးခြင်းကို ခံနေရရှာသော . . .
ကျွန်ုပ်တို့၏ သနားစရာ `` မြန်မာနိုင်ငံ´´
( စနေသား )
 —
=====================================
ခုတလော တွေးနေတဲ့ရောက်တတ်ရာရာအတွေးများ
.................................................................
လူတွေက စာတွေတော့ရေးကြတာပဲ .. ဒီလောကထဲမှာ (ဆိုရှယ်နက်ဝေါ့ကို ရည်ညွန်းပါတယ် ) လူတန်းစားပေါင်းစုံကိုတွေ့နိုင်တယ် ၊ ဒီအသိုင်းအ၀ိုင်းမှာ အောက်တန်းစားမောင်တွေ၊ လေး စားလောက်ဖွယ် အတွေးအခေါ် သမားတွေ၊ ပညာရှင်တွေ ၊ အမျိုးဘာသာကိုလေးစားသူတွေ၊ အစွန်းရောက်တွေ ၊ နောက်တစ်မျိုးက silent reader တွေ၊ သူများဦးနှောက်ဖောက်စားတဲ့လူတွေ၊ သိက္ခာမဲ့ သူတွေ၊ အော်နာရှိသူတွေ၊ ပရိုတွေ၊ ဘာသမာသမတ်ကျ သူတွေ၊ နိုင်ငံရေးကို ခေါင်းစဉ် တပ်ပြီး အပေါစားစည်းရုံးမှုလုပ်နေသူတွေ၊ အမှန်တကယ် နိုင်ငံကိုချစ်သူတွေ၊ သစ္စာဖောက်တွေ၊ မိမိစိတ်ကိုတောင်အစိုးမရလို့ လူတိုင်းကို ဘေးထိုင်ဘုပြောသူတွေ၊ ငါတကောကောနေသူတွေ၊ သာသနာ့ဝန်ထမ်းတွေ၊ ဘာသာရေးနဲ့လူမျိုးရေးမှိုင်းတိုက်နေသူတွေ၊ လက်နက်ကိုင်အဖွဲ့ အစည်းက ဆိုက်ဝါးသမားတွေ၊ သက်ဆိုင်ရာလခရ အဆင့်အတန်းသတ်မှတ်ချက်နဲ့ လူတွေ၊ နေရာတစ်ခုမှာ ရောက်နေသူတွေ၊ ဗဟုသုတရှာမှီးသူတွေ၊ ဖောက်ပြန်သူတွေ၊ sex ကလွဲလို့စိတ်မ၀င်စား သူတွေ၊ လေတိုးရင်တောင်ဒေါကန်ပြီး အဆဲသန်သူတွေ၊ မိုက်ရိုင်းမှ ခေတ်မီတယ်လို့ထင်နေသူတွေ၊ တခါမဆဲရရင် အိပ်မပျော်တဲ့သူတွေ၊ အဆဲသန်မှ တိုင်းပြည်ချစ်တဲ့လူတွေ၊ ဒီမိုဘက်သားမောင်မောင်မမတွေ၊ အဘသားတွေ၊ အမေ့သားတွေ၊ မိမိနှင့်မတူ ကိုယ့်ရန်သူလို့သတ်မှတ်သူတွေ၊ မီဒီယာသမားအမည်တပ် ပြည်ဖျက်ချင် တဲ့မောင်တွေ ၊ ပေးဆပ်သူတွေ...... စသဖြင့် လူတန်းစားပေါင်းစုံပါပဲ။ အဲ့လို လူတန်းစားပေါင်စုံကနေ ထွက်လာတဲ့ အတွေး အခေါ်ပေါင်းစုံဟာ အဝေးရောက်မီဒီယာ တစ်မျိုးဖြစ်တဲ့ ဆိုရှယ်နက်ဝေါ့ ဆိုတဲ့ နေရာတွေမှာ ပစ်မှတ်ပရိသတ်တွေဟာ လူတိုင်း ပဲဖြစ် ပါတယ်။ 
သူတိုကပဲ ဖြန့်ဝေသူတွေဖြစ်ပြီး သူတို့ကိုယ်တိုင်ပဲ ပစ်မှတ်တွေဖြစ် ပါတယ်။ အဲ့ပစ်မှတ်တွေကို ၃ မျိုးလောက်တော့ ပြန်ခွဲကြည့်လိုက်ပါ ... ရန်သူ(မိမိနှင့်အတွေး အခေါ်မတူသူများ)၊ ကြားနေ(အစွန်း၂ဖက်ကြားကနေ အလွယ်တကူ စည်းရုံးနိုင်သူများ) ၊ မိမိ(မိမိကဲ့သို့ ခံယူချက်ရှိသူများ) ပဲဖြစ်ပါတယ်။ အဲ့ဒီ ၃ မျိုးကို ခုနကလိုပဲ ရန်ကြားမိ ဆိုပြီးပြန်ခွဲကြည့်လိုက်ရင် ၉ မျိုးပြန်ထွက်လာပါတယ် ... ဒါတွေကတော့ သူတို့ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် ၊ ဖြတ်သန်းနေတဲ့ဘ၀၊ ခံယူချက်၊ လက်ရှိတွေ့နေရသော စိတ်ခံစားချက်၊ အထွေတွေမကျေနပ်ချက်များ၊ စိတ်ဖိစီးမှုတွေ...အပေါ်မှုတည်ပြီး ဒီစာမျက်နှာတွေပေါ်ကို ချရေးတယ်၊ အဲ့အချိန်မှာ ခုနက ညှို့ချက် ကို ထိအောင်ပစ်နိုင်တဲ့ အရေးအသားတွေသည် သူတို့ စိတ်ထဲကနေ လက်ခံလာပါတယ် ၊ မသိစိတ်ကနေ လက်ခံမိတဲ့အပေါ်မှုတည်ပြီး သူတို့ရဲ့နေ့ စဉ်ဖြတ်သန်းနေတဲ့ဘ၀ကို သွားပြီး effective ဖြစ်စေပါတယ် ၊ အဲ့ဒီလို နေ့စဉ်ဖြတ် သန်းနေတဲ့ဘ၀ကနေ သွေဖီလောက်အောင် စိတ်ဓါတ်စစ်ဆင်ခြင်းကို နေရာတိုင်းမှာ အတိုင်းအတာ ပမာဏတစ်ခုထိ တိုက်ခိုက်ခံနေရတယ်၊ နိုင်ငံလိုက်၊ ဘာသာလိုက်၊ လူမျိုးလိုက်၊ အဖွဲ့အစည်းလိုက်၊ ဒေသအလိုက်။ ဒီလို တိုက်ခိုက်လိုက်တဲ့ သတင်းကို စိစစ်ခြင်းမရှိဘဲ မိမိစိတ်ကနေလက်ခံလိုက်တဲ့ ပမာဏသည် ဘာနဲ့ တန်ပြန်စိစစ်ရမလဲဆိုတော့ သတင်းရဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ မှန်တိဆီလျှော်ထင်ရှားဖော်.... နောက်ထပ် ထပ်စိစစ်ရမှာက စာဖတ်ခြင်းနှင့် ဗဟုသုတပြည့်စုံခြင်း၊ နောက်တစ်ခုက ခံယူချက်မြင့်မားခြင်း၊ နောက်တစ်ခု ကောလဟာလရဲ့ သတ္တိတွေကိုနားလည်ထားခြင်း.... စတဲ့ အချက်လေးတွေဖြစ်ပါတယ် ...၊ ဥပမာ ခုတလော တက်နေတဲ့ သတင်းတစ်ပုဒ်ကို ချပြပါ့မယ် ... ယိုးဒယားမှာ ကောင်းကင်ပေါ်က နဂါး တစ်ကောင်ပြုတ်ကျလာတယ် ပုံလေးနဲ့ အိမ်ခန်းထဲကပုံ .... ကိုယ်တွေကလည်း ကိုယ့်နိုင်ငံ ကမဟုတ် တခြားနိုင်ငံကဆို လွှတ်ယုံတဲ့အမျိုးကို ... အဲ့ ပုံအောက်က ကွန့်မန်တွေ ဖတ်ကြည့်လိုက် လူတွေရဲ့ စိတ်ပေါင်းစုံကိုမြင်နေရတယ် .... ကဲခု အဲ့သတင်းကမှန်မမှန် စိစစ်လား .. စာဖတ်သူတွေရဲ့ % အနည်းငယ်ကသာ စိစစ်ပါတယ် ။ ဒီလိုသတင်းမျိုးက မိမိကို ဘာမှ လာမထိခိုက်ပေမဲ့ ထိခိုက်စေသောသတင်းတွေလည်း အများကြီး ပါပဲ။ 
နောက်ဆုံးအဲ့သ တင်းက ပုံထဲက နဂါးသည် အရုပ်ကြီးဖြစ်နေတယ် ... ဆိုတော့ကာ ကိုယ့်ဘာသာ အစစ်လို့ထင် တဲ့လူတွေစိတ်ထဲမှာ ပြန်သိရင် မိမိဘာသာ အရှက်ရမယ် ၊ လုပ်ငန်းခွင်ထဲမှာ ကိုယ်ဘာသာ မယုံကြည်ဘူး၊ လူလိမ်ခံရနိုင်တဲ့ လူတွေ လို့ သုံးသပ်နိုင်ပါတယ်.. အဆိုးထဲက အကောင်း ကဘာလဲဆိုတော့ မိမိဘာသာပြန်သုံးသပ်မိမယ် (ဒါကလည်း လူနည်းစုပါပဲ).. ဒါလေးက ကျွန်တော်မြင်တဲ့ သာဓက လေးတစ်ခုပါ ။ နောက်တစ်ခု ဒေါ်ကြိုင်ကြိုင်ကြီးသေပြီ ဆိုတဲ့သတင်း မျိုးတွေ၊ နောက် စစ်ရေးသတင်းတွေ ၊ အဲ့လိုသတင်းမျိုးတွေကျတော့ ဘယ်ကရတဲ့သတင်းလဲ .. ရေးထားမှာပေါ့ မသေမချာ .. အမည်မဖော်လိုသော သတင်းရပ်ကွက်က ၊ လုံခြုံရေး အသိုင်းအ၀ိုင်း၊ လက်လုပ်လက်စား လူတန်းစားများ အလုပ်သမားများ (အများစုကို အဲ့လိုရေးမယ်) စစ်ဆေးရုံနှင့် နီးစပ်သော အမည်မဖော်လိုသူ ၊ မှော်ထဲရှိ လုပ်ငန်းရှင်တစ်ဦး ၊ ရေမဆေးကျောက် ရှာသူများ၊ တပ်မ(xx) ၊ စစ်ရေးလေ့လာသူ စသဖြင့်ပေါ့။ မည်သို့ပင်ဆိုစေကာမှု ဆိုရှယ် နက်ဝေါ့လောကထဲမှာ မည်းမည်းမြင်တိုင်းရင်ခုန်ခြင်းမှ ကင်းဝေးကြပါစေသောဝ်၊ မိမိစိတ်ကို အလွယ်တကူ လှည့်ဖျားခံရခြင်းမှ ကင်းဝေးကြပါစေသောဝ်၊( ဒီနိုင်ငံနဲ့ ဒီလူသားတွေ အားလုံးပါပဲ ) 
(ဖောကြီး ၂၂-၆-၂၀၁၄)
0 comments:
Post a Comment
၂၀၀၈ခုနှစ် တောင်အိုဆက်တီးယားစစ်ပွဲ(ရုရှား-ဂျော်ဂျီယာ)(အပိုင်း-၂)
ရုရှားနိုင်ငံအနေဖြင့် အက်ခါဇီးယားဒေသနှင့် ကုန်သွယ်ရေး၊ အခြားကဏ္ဍရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် အဆိုပါဒေသခေါင်းဆောင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ Vladimir Putin က ပြောကြားခဲ့ပါသည်။ ထို့အပြင် အက်ခါဇီးယားဒေသနှင့် တောင်အိုဆက်တီးယားဒေသတို့နှင့် သဘောတူချမှတ်ထားသည့် စီးပွားရေးနှင့် အခြားအဖွဲ့အစည်း ဆိုင်ရာဥပဒေများအား လေးစားလိုက်နာရန်လည်း နေတိုးအဖွဲ့ဝင်နိုင်ငံများအား သမ္မတ Putin ၏ အစိုးရအဖွဲ့က ပြောကြားခဲ့ပါသည်။ ဂျော်ဂျီယာနိုင်ငံအား နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရေး ကြိုးပမ်းမှုသည် အက်ခါဇီးယားနှင့် တောင်အိုဆက်တီးယားဒေသတို့အား လွတ်လပ်သောနိုင်ငံများ အဖြစ် အသိအမှတ်ပြုရေး ရုရှားနိုင်ငံအား တွန်းအားပေးနေသကဲ့သို့ ဖြစ်နေကြောင်းလည်း ရုရှား တာဝန်ရှိသူများက သတိပေးပြောကြားခဲ့ပါသည်။ ဂျော်ဂျီယာအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက် မပါဘဲ အက်ခါဇီးယားအကျဉ်းထောင်မှ အကျဉ်းသားများအားလွှဲပြောင်းပေးအပ်ရေး ရုရှားနှင့် အက်ခါဇီးယား တိုက်ရိုက်သဘောတူညီမှုပြုလုပ်ခဲ့ခြင်းသည်လည်း ရုရှား-ဂျော်ဂျီယာဆက်ဆံရေး တင်းမာမှုအား ပိုမိုမြင့်တက်စေခဲ့ပါသည်။
0 comments:
Post a Comment
၂၀၀၈ခုနှစ် တောင်အိုဆက်တီးယားစစ်ပွဲ(ရုရှား-ဂျော်ဂျီယာ)(အပိုင်း-၁)
ဒီကနေ့တော့ ခေတ်သစ်စစ်ပွဲသမိုင်းမှာအရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ကိုဖန်တီးပေးခဲ့တဲ့ ၂၀၀၈ခုနှစ်အတွင်း ရုရှားနဲ့ ဂျော်ဂျီယာနှစ်နိုင်ငံကြားဖြစ်ပွားခဲ့တဲ့ တောင်အိုဆက်တီးယားစစ်ပွဲကို ဗဟုသုတအလို့ငှာတင်ပြလိုက်ပါတယ်။
0 comments:
Post a Comment
ကာဂီးလ်စစ်ပွဲ(၁၉၉၉) (ဇတ်သိမ်း)
အရှုံး/အမြတ်
၅၁။ ကာဂီးလ်စစ်ပွဲသည် မေလပထမပတ်ကုန်မှစတင်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြီးဆုံးခဲ့ပါသည်။ စစ်ပွဲအတွင်းနှစ်ဖက်တပ်ဖွဲ့များဆုံးရှုံးမှုအနေဖြင့် အိန္ဒိယဘက်မှ အရာရှိ ၂၅ ဦးအပါအ၀င် ၅၂၇ ဦးကျဆုံး၊ အရာရှိ ၄၅ ဦးအပါအ၀င် ၆၈၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံခဲ့ရပါသည်။ အိန္ဒိယလေတပ်မှတိုက်လေယာဉ်MIG-21 တစ်စီး၊ MI-12 တစ်စီး၊ ရဟတ်ယာဉ် MI-17တစ်စီးတို့ပျက်စီး ဆုံးရှုံးခဲ့ပါသည်။ တိုက်လေယာဉ် တစ်စင်းနှင့်ရဟတ်ယာဉ်တစ်စင်းတို့မှာ စစ်ပွဲအတွင်းပစ်ချခံခဲ့ရပြီး အခြားတိုက်လေယာဉ် တစ်စင်းမှာမူ စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ပါသည်။
0 comments:
Post a Comment
ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ
သိသလောက်ကလေးရေတာပါ ၊ ဒါပေမဲ့ တပ်မ တော်နဲ့ကင်းကွာနေတာ တော်တော်ကြာခဲ့ ဘီမို့ တချို့ အမှား တွေလဲ ပါသွားနိုင်ပါတယ်ခွင့်လွှတ်ပေးပါ။ ဗမာ့ တပ်မတော် စတင်ဖွဲ့စည်းစဉ် တုန်းကတော့ အင်္ဂလိပ်ပုံစံ Regimental System နဲ့ ဖွဲ့ခဲ့ကြတယ်။ ဥပမာ ဗမာ့သေနတ်ကိုင် တပ်ရင်း ၁၊၂၊၃၊၄၊၅၊၆၊ စသဖြင့် ဒါ ဗမာ Regiment ရဲ့ Battalion တွေအဖြစ်ပေါ့ ။ ကရင်သေနတ်ကိုင်တပ်ရင်း ၁၊၂၊၃၊၄၊ ဒါ ကရင် Regiment ရဲ့ Battalion တွေပေါ့။ အဲလိုဘဲ ကချင် ၁၊၂၊၃၊၄၊ ချင်း ၁၊၂၊၃၊၄၊ ဂေါ်ရခါး၊ ကယား ၊ရှမ်း စသဖြင့် Regimental System တွေနဲ့ Battalion တွေ ဖွဲ့စည်း တည်ဆောက်ခဲ့ကြ တာဖြစ်တယ် ။ 
0 comments:
Post a Comment
ကာဂီးလ်စစ်ပွဲ (၁၉၉၉) အပိုင်း(၆)
၄၃။ ဗွီဂျေးစစ်ဆင်ရေးနှင့်လေကြောင်းတိုက်ခိုက်မှုစတင်ခြင်း။ ပစ်ကူပေး အမြောက် တပ်များနှင့် အကူလက်ရုံးတပ်ဖွဲ့များကိုလည်း အသင့်နေရာယူစေပြီး အခြားလိုအပ်သော အထောက်အကူပြု ပစ္စည်းများကို ချက်ချင်းဝယ်ယူဖြည့်တင်းထားခဲ့သည်။ အိန္ဒိယကြည်းတပ်၏ တိုက်စစ်ဆင်မည့်စစ်ဆင်ရေးကို ““ဗွီဂျေးစစ်ဆင်ရေး””ဟု အမည်ပေးပြီး ၁၉၉၉ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် အိန္ဒိယလေတပ်သည် နယ်ခြားထိန်းချုပ်ရေးမျဉ်း (LOC) အတွင်း တပ်စွဲနေရာယူထားသော ပါကစ္စတန် တပ်ဖွဲ့များအားMIG-21 MIG-27 လေယာဉ်များဖြင့် ပထမဦးဆုံး လေကြောင်းတိုက်ခိုက်မှုအား စတင်ခဲ့ပါသည်။ မြေပြင်တပ်များသည်လည်း လေကြောင်းအကာအကွယ်ဖြင့် ချီတက်ကြသည်။ အိန္ဒိယ၏လေကြောင်း တိုက်ခိုက်မှုသည် နှစ်ပေါင်း ၂၀ ကြာကာလအတွင်း ပထမဦးဆုံးပြုလုပ်သည့်
0 comments:
Post a Comment
ကာဂီးလ်စစ်ပွဲ(၁၉၉၉) အပိုင်း(၅)
၂၉။ ကာဂီးလ်ဒေသတိုက်ပွဲဖြစ်စဉ်များသည် အကျယ်အ၀န်းစတုရန်းကီလိုမီတာ ၁၄၀၃၆ ရှိသော ကာဂီးလ်တောင်တန်းဒေသ၏ မြင့်မားသောတောင်စဉ်တောင်တန်းများပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုတောင်တန်း များသည် ၃၀ ဒီဂရီဆဲလ်ဆီးယပ်အောက်အေးသည့် ဒေသများဖြစ်ပြီး၊ ကမ္ဘာ့အမြင့်ဆုံးစစ်မြေပြင်ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ထို့အပြင် ကာဂီးလ် နယ်စပ်မြို့သည် တောတောင်ထူထပ်သောမြို့ဖြစ်ပြီး ကက်ရှ်မီးယားပြည်နယ် ဆရင်နာဂါးမှ အရှေ့မြောက်ဘက်၁၃၈ မိုင်အကွာအဝေးတွင်လည်းကောင်း၊ ပါကစ္စတန်၏ထောက်ပံ့ရေး စခန်းမြို့ဖြစ်သော Skardu မှ ၁၀၈ မိုင်အကွာတွင်လည်းကောင်းတည်ရှိနေသည်။ တိုက်ပွဲ ဖြစ်ပွားရာဒေသများမှာ မီတာ ၅၀၀၀ ခန့် မြင့်မားသည့် တောင်တန်းများပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ နှစ်ဘက်စလုံးအတွက် အုပ်ချုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေအနေမှာ ခက်ခဲလှသည်။ 
0 comments:
Post a Comment
" ဟောဒီက ပညာ "
Photo: " ဟောဒီက ပညာ "
…………………
(၁)
 "  ဟေ …"
 " တစ်လ ၃၀၀၀ တဲ့  ကလေးသုံးယောက်ကို ဆရာမတစ်ယောက်က တာဝန်ယူတယ်၊ ၀ လုံး ရေးသင်တာကအစ သေသေချာချာသင်တယ် ပြောတယ် "
 ကျွန်တော်ကတော့ " ဟေ " လို့သာ အာမေဍိတ်ပြုမိပါတယ်။  ဒီနေ့ သမီးတော်လေးကို မူကြိုတက္ကသိုလ် ကြီးကိုစတင်ပို့တယ်။  ကျောင်းပို့ပြီးပြန်လာတဲ့ ကျွန်တော့်အမျိုးသမီးက " သမီးကို ကျူရှင်ထားမလား " တဲ့။ အဲဒီအမေးကြောင့် ကျွန်တော် " ဟေ " လိုက်ရခြင်းပါ။
 မူကြိုကျူရှင်တဲ့လေ။  ကြားလို့မှ မတော်။  ခက်ပဲခက်ရချည်ရဲ့။  လုံးဝအခြေခံပညာရပ်ဖြစ်တဲ့ ၀ လုံးတန်းပေါ့လေ။ ဒီ ၀ လုံးတန်းကိုတောင် ကျူရှင်ရှိတယ်ဆိုတော့။ 
 " မထားဘူးဟေ့ အိမ်ရောက်မှ သင်ပေးတော့မယ်။  ကလေး ဆော့ဖို့အချိန်ပေးရမယ်။  ပေါက်စန လေးကစ ကျူရှင်နဲ့ မရင်းနှီးစေချင်ဘူးကွာ။ ဒီတော့ မထားဘူး "
(၂)
 ကျွန်တော်တို့ ငယ်ငယ်တုန်းက ကလေးဘ၀ရဲ့ လွတ်လပ်ပျော်ရွှင်မှုအရသာကို အပြည့်အ၀ ရရှိခဲ့တယ်လို့ ထင်ပါတယ်။  ယနေ့ခေတ်ကာလ ကလေးတွေကို မြင်တွေ့ရတော့ ကျွန်တော်တို့ ငယ်ဘ၀နဲ့ယှဉ်ပြီး ကြည့်လိုက်တာ စိတ်မသက်မသာ ခံစားရမိတယ်။ 
 ကလေးဘ၀ လွတ်လပ်စွာ ပျော်ပါးဆော့ကစားခွင့် အချိန်တွေဟာ နည်းပါးသွားသလိုပါပဲ။  နွေရာသီ ကျောင်းပိတ်ရက်မျိုးမှာတောင် အထူးကျူရှင်၊ အကြိုကျူရှင်နဲ့ ဘာသင်တန်း၊ ညာသင်တန်းဆိုတာတွေ တက်နေ ရတာဟာ ၀န်လေးပင်စွာသယ်နေရတဲ့ လှည်းကြီးတွေလို တအီအီ သွားနေရတယ်လို့ ထင်တယ်။ 
 ကျောင်း၊ ကျူရှင်၊ အိမ်နဲ့ ကလေးတွေ ချာလပတ်လည်နေတော့တာပါပဲ။  
 ကျွန်တော်တို့ ငယ်ဘ၀က ကျောင်းကပြန်လာပြီဆိုရင် လွယ်အိပ်က ပစ်ချပြီး တစ်နည်းမဟုတ်တစ်နည်း ဆော့ကစားတော့တာပါပဲ။  ချွေးတွေ၊ ဖုန်တွေ ပေတလူးပြီး မောပြီဆိုမှ ရပ်ကြတယ်။ ဒါတောင် လူကြီးတွေက တုတ်ကိုင်ပြီး တော်တော့ ပြောမှ တစ်ခါတလေ ဆော့တာကို ရပ်ကြသေးတာ။  
 ပြီးတော့ ရေမိုးချိုး၊ ထမင်းစားပြီး စာကျက်တယ်။  ဟော စာကျက်တာရပ်ပြီး အိပ်မယ် ဆိုတော့ အိပ် လိုက်တာ မိုးလင်းမှ တစ်ရေးနိုးတယ်။  ဒါကလည်း ဆော့ကစားပြီး ပင်ပန်းသွားလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားတာပါ။  မနက်မိုးလင်းရင် လန်းဆန်းလို့။  ဒီလိုနဲ့ ကျောင်းတော်ကြီးဆီကို ချီတက်ကြပါတယ်။
 ယခုကလေးတွေကတော့ ကျောင်းကနေ ကျူရှင်တန်းပြီးသွားသူရယ်၊ ကျောင်းကနေ အိမ်ပြန် ရေချိုးပြီး  ကျူရှင်ကို ပြန်သွားကြတဲ့ သူရယ် အမျိုးမျိုးမြင်တွေ့ရပါတယ်။  ဒီလိုနဲ့ မိုးချုပ်၊ ထမင်းစား၊ စာကျက်ချိန် ရောက်တော့ ကျောင်းကပေးလိုက်တဲ့ စာတွေရယ်၊ ကျူရှင်က ပေးလိုက်တဲ့စာတွေရယ်ကို သိမ်းကျုံးပြီး လုပ်ရ တော့တယ်။
(၃)
 " ကျောင်းပညာရေး "၊ " အတန်းပညာ " ဆိုတာ ဘ၀အတွက် လိုအပ်နေတယ်။  အသက်မွေးဝမ်း ကျောင်းကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ဖို့၊  လူ့ပတ်ဝန်းကျင်မှာ ဂုဏ် ဆိုတဲ့ အတွန့်လေး တက်စေဖို့ ဒီ အတန်း ပညာတွေကို သင်ကြားနေကြရတယ်လို့ ကျွန်တော်ထင်တာပါပဲ။
 ပညာရေးဆိုတာနဲ့ ပတ်သက်လို့ မြန်မာ့စွယ်စုံကျမ်း အတွဲ-၆ မှာ " ပညာရေးဆိုသည်မှာ လူတို့၏ အသိဥာဏ် တိုးတက်အောင် အဆင့်ဆင့် ပြုလုပ်သမျှတို့ကို လိုလိုသည်။  လူတို့သည် အက္ခရာစာလုံးများကို မတီထွင်တတ်မီကပင် နောင်လာနောက်သားတို့အား မိမိတို့က အရေးကြီးသည်ဟုထင်သော ပညာတို့ကို သင်ကြားပေးခဲ့ကြ၏။  မိမိတို့က အမြတ်တနိုးထားသော အရာတို့ကိုလည်း မြတ်နိုးတတ်လာစေအောင် သွန်သင် ခဲ့ကြ၏။  ရှေးခေတ်အခါမှစ၍ လူတို့သည် အစုအသင်းအဖွဲ၍ နေထိုင်လေ့ရှိခဲ့ကြရာ သက်ကြီးသူတို့က မိမိတို့ အသင်းအဖွဲ့တို့အား တစ်ဆင့် သင်ကြားပေးခဲ့ကြပေသည်။  ထိုသို့ အသိပညာရှိပြီးသူတို့က အသိပညာမရှိသေး သော သူတို့အား ပညာပေးခြင်းမှာ ပညာရေးအခြေခံ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ 
 တစ်ဖန် ပညာရေး ဟူသည်မှာ စာသင်ကျောင်းတွင် အသက်ငယ်စဉ်က သင်ကြားခဲ့ရသော ပညာသက်သက်ကိုချည်း မဆိုလိုချေ။  ဥပမာအားဖြင့် တစ်စုံတစ်ယောက်သည် မူလတန်းပညာမှအစ တက္ကသိုလ်ပညာအထိ တတ်မြောက်ခဲ့ပြီး ဖြစ်သည်ဟု ဆိုနိုင်စေကာမူ ထိုသူအဖို့ ပညာစုံပြီဟူ၍ကား မဆိုသာချေ။ 
    အဘယ့်ကြောင့်ဆိုသော ကျောင်းမှ ထွက်ပြီးနောက် စာအုပ်များကို ဖတ်ခြင်းအားဖြင့်သော်လည်းကောင်း၊ သဘာဝကို လေ့လာခြင်း အားဖြင့်သော် လည်းကောင်း၊ အချင်းချင်း ပေါင်းသင်ဆက်ဆံရခြင်းအားဖြင့် သော်လည်းကောင်း ပညာကို ဆက်လက်ဆည်းပူး နေကြရသောကြောင့် ဖြစ်သည်။  သို့ရာတွင် စာသင်ကျောင်း၌ ရရှိခဲ့သော ပညာကို အခြေခံပြု၍သာလျှင် နောင် ကြီးပြင်းလာသောအခါ ရရှိသော အသိပညာသည် တိုးပွားစုံလင်လာရပေသည်  " ဟု ရေးသား ဖော်ပြထား ပါတယ်။
 ကျောင်းပညာရေးကနေ ဘ၀အတွက် အသိပညာ၊ အတတ်ပညာတွေကို ဆက်လက်ရယူနိုင်ပါတယ်။  ဆက်လက်သင်ယူနိုင်ပါတယ်။  ဒါ့အပြင် လူနေမူလိုအပ်ချက်၊ ဘ၀လိုအပ်ချက်အရ ကျောင်းတက်ရမယ်။ ပညာ သင်ယူကြရပါ့မယ်။
 ဒီလို ကျောင်းတက်ရတဲ့အခါ ကျောင်းပညာကို ရယူနိုင်ဖို့ ကိုယ့်ဘက်ကလိုအပ်ချက်တွေ ရှိလာပါတယ်။ အထူးသဖြင့် ငွေကြေးပိုင်းဆိုင်ရာပေါ့။  
 ဆရာကာတွန်းငွေကြည်ရဲ့ ကာတွန်းလေးတစ်ကွက်ရှိပါတယ်။  လူတစ်ယောက်က ဆိုင်းဘုတ်တစ်ခု ကိုင်ထားတယ်။ သူကိုင်ထားတဲ့ ဆိုင်းဘုတ်မှာ ရေးထားတာက " ပညာ ရောင်းသည် " တဲ့။ 
(၄)
 " မူကြိုက ကျူရှင်မထားလို့မရဘူး။  ထားရတယ်။  ဘာလို့လဲဆိုတော့ သူငယ်တန်းတက်ရင် မူကြိုက အဆင့်နဲ့ အခန်း A , B , C ခွဲသွားတာ "
 " မူကြိုမှာက ၀လုံးကို သေချာစနစ်တကျသင်တယ်။ ရေးခိုင်းတယ်။  လက်ထပ်သင်တယ်ပေါ့။ ဒီတော့ ကိုယ့်ကလေး A ခန်းရောက်နိုင်အောင် ခုကတည်းက ကျူရှင်ထားမှ "
 အသိမိတ်ဆွေတစ်ယောက်က ပြောနေတာပါ။  သူ့သားကလည်း ကျွန်တော့်သမီးနဲ့အတူ ဒီနှစ် မူကြို တက်ရတယ်လေ။  သူ့သားကို မူကြိုကျူရှင်ထားတော့ သူက သိတာကိုပြောပြာတာပါ။  အဲဒီကြမှ ကျွန်တော် ကလည်း သြော်လောကကြီး ဒီလိုလည်းရှိသေးသကိုးလို့ သြချမိပါတယ်။
 ကျွန်တော်တစ်ယောက်တည်း အယူအဆအရပြောရရင် ကလေးတွေကို A,B,C အတန်းခွဲတာကို မနှစ် သက်လှပါဘူး။  ကျောင်းသားဦးရေများလို့ အတန်းခွဲတာကတော့ တစ်မျိုးပေါ့။  ကလေးတွေရဲ့ ကောင်း၊ သင့်၊ ညံ့ ဆိုတာကို အခန်းနဲ့ လိုက်ခွဲတာက မသင့်တော်ဘူးလို့ထင်ပါတယ်။
 A တန်းက ကလေးကိုမှီဖို့ B တန်းက ကလေးက အပြိုင်ကြိုးစားချင်စိတ် ဖြစ်လာရင်တော့ ပြဿနာမရှိလှပေမဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ သိမ်ငယ်စိတ်လေးတွေ ကိုယ်စီဝင်သွားမှာ စိုးရွံ့မိပါတယ်။ 
     နောက်အရေးကြီးတဲ့တစ်ချက်က ဆရာ၊ ဆရာမတွေရဲ့ စိတ်စေတနာပါ။  တချို့သော ဆရာ၊ ဆရာမတွေက ညံ့လှတဲ့ကလေးတွေကို ပိုပြီး ဂရုစိုက်သင်ကြားပေးရမဲ့အစား  တော်နေတဲ့ကလေးတွေကိုသာ ပိုပို ဂရိုက်စိုက် တတ်ကြပါတယ်။
 ဒီတော့ အရည်အသွေးတက်လာမဲ့ကလေးက တက်သင့်သလောက် တက်မလာရတော့ဘူး။  နောက် ဆရာ၊ ဆရာမတွေရဲ့ ကျောင်းစာသင်ချိန်တွေဟာ ပေါ့လို့လာတာကြောင့် ကလေးတွေက ကျူရှင်ဆီကို ပြေးရ တော့တယ်။  အတန်းတက်ပြီဆိုရင်လဲ ကျူရှင်တက်တဲ့ ကလေးရဲ့ ကျောင်းစာတတ်မှုနဲ့ ကျူရှင်မတက်နိုင်တဲ့ ကလေးရဲ့ ကျောင်းစာတတ်မှုက ကွာဟလာတယ်။  ပြီးတော့ " မျက်နှာကြီးရာ ဟင်းဖတ်ပါသလို ပိုက်ပိုက်ပေးရာ မျက်နှာပါ " တော့ပါတယ်။
 ဒါတွေက ယေဘုယျသဘောကိုသာ ကျွန်တော်ဆိုလိုခြင်းပါ။  တကယ့် စေတနာ၊ မေတ္တာ၊ ကရုဏာတွေနဲ့ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေလည်း အများကြီးရှိနေပါတယ်။  ဒါပေမယ့် စေတနာ ဆရာ၊ ဆရာမတွေအပေါ်မှာ အသပြာ ဆရာ၊ ဆရာမတွေက လွှမ်းမိုးလို့ သွားတတ်ပါသေးတယ်။
(၅)
 ကျွန်တော့် သူငယ်ချင်းတစ်ယောက်က သူ့သမီးကို အပြင်ကျောင်း(ပုဂ္ဂလိက)မှာ ထားတယ်။  သူ့သမီးလဲ မူကြိုပါပဲ။ တစ်လကို သုံးသောင်းပေးရပါတယ်။ 
 နောက်တစ်ယောက်ဖြစ်တဲ့ မိတ်ဆွေတစ်ယောက်ကတော့ သူ့သား သုံးတန်းကလေးကို ပုဂ္ဂလိကကျောင်း မှာပဲထားတယ်။  သူကတော့ ၀င်ကြေးသတ်သတ်ပေးရပြီး တစ်နှစ်ပတ်လုံး သုံးသိန်းတဲ့။  
 ဒါတွေကို ကြားသိရတယ်၊ ကိုယ်တိုင်ကြုံတွေ့ရတော့ ဆရာကာတွန်းငွေကြည်ရဲ့ ကာတွန်းလေးလို ပညာကို တကယ်ရောင်းနေကြတာပါလားလို့ တွေးမိပါတယ်။  ဒီတော့လဲ ပညာရေးကြီးက ရောင်းပန်းဝယ်ပန်းလို ဖြစ်နေတယ်။ 
     ဈေးကွက်စီးပွားရေးဖြစ်လာတော့  ပိုက်ဆံများများရှိတဲ့ မိဘတွေက သူ့သားသမီးတွေကို ပညာ ကောင်းကောင်းတွေ ၀ယ်ပေးနိုင်တယ်။  ထားပေးနိုင်တယ်။
 အတော်အသင့် မိဘတွေက တန်ရာတန်ရာမှန်းဆိုသလို တော်သင့်ရုံပညာလောက်သာ ၀ယ်ပေးနိုင် တယ်။  ဟော ဆင်းရဲနွမ်းပါးတဲ့ မိဘတွေရဲ့ ကလေးတွေရဲ့ ဘ၀ကတော့ ၀မ်းက ၀ တစ်လှည့် မ၀တစ်လှည့်လို ပညာကလည်း ရတဲ့အခါ၊ ငတ်တဲ့အခါ ငယ်လေတော့တယ်။
 တော်ချင်၊ တတ်ချင်၊ သင်ယူချင်တဲ့ ကလေးတွေခမျာ အဖေအမေရဲ့ အိပ် အဖောင်းအပိန်ကိုလိုက်ပြီး ပညာတွေကို ရှူသွင်း ရှိုက်ထုတ်နေလေတယ်။  သူတို့ရဲ့ အနာဂတ်လေးတွေ၊ ဘ၀ရပ်တည်မှု အာမခံချက်၊ ၀မ်းရေးအတွက် အတတ်ပညာတွေဟာ ၀ယ်နိုင်သလောက်သာ ရကြတော့မှာလားလေ။
(၆)
 " ဟောဒီက ပညာ၊ ပညာရမယ် နော် ပညာ ရမယ် "
 ဟုတ်သေးပါဘူးဟ။  စောစောစီးစီး။  အိပ်ယာကနေ ကပျာကသီ ထလိုက်ပြီး ပြတင်းပေါက်ကို ဖွင့်ကြည့် လိုက်မိတယ်။
 အမျိုးသမီးတစ်ဦးက ဈေးဗန်းကို ခေါင်းပေါ်ရွက်ပြီး အောင်ဟစ်ရောင်းနေတာကို တွေ့လိုက်ရတယ်။ ဟုတ်သေးပါဘူး။  ပညာက ဒီလိုရောင်းလို့ ရရိုးလား။  ကျွန်တော် သေသေချာချာ အာရုံစိုက်နားထောင်လိုက်မိ တယ်။
 " ဟော ဒီ က ပဲ ပြုတ် ၊ ပဲပြုတ် ပူပူလေးနော် ပဲပြုတ်ပူပူလေး "
 " ဟင်း တော်သေးတာပေါ့ ငါ့နှယ်နော် "
******************
မောင်ပိုင်
၁၁-၆-၂၀၁၄။
(၁)
" ဟေ …"
" တစ်လ ၃၀၀၀ တဲ့ ကလေးသုံးယောက်ကို ဆရာမတစ်ယောက်က တာဝန်ယူတယ်၊ ၀ လုံး ရေးသင်တာကအစ သေသေချာချာသင်တယ် ပြောတယ် "
ကျွန်တော်ကတော့ " ဟေ " လို့သာ အာမေဍိတ်ပြုမိပါတယ်။ ဒီနေ့ သမီးတော်လေးကို မူကြိုတက္ကသိုလ် ကြီးကိုစတင်ပို့တယ်။ ကျောင်းပို့ပြီးပြန်လာတဲ့ ကျွန်တော့်အမျိုးသမီးက " သမီးကို ကျူရှင်ထားမလား " တဲ့။ အဲဒီအမေးကြောင့် ကျွန်တော် " ဟေ " လိုက်ရခြင်းပါ။
0 comments:
Post a Comment
စစ်သားတယောက်ရဲ့ ရွေးချယ်ခွင့်
ဝေလည်းမွှေး ကြွေလည်းမွှေး ဇာတ်ကား ကို ကျွန်တော်တို့ ခပ်ငယ်ငယ်က ကြည့်ခဲ့ဖူးတယ် ။ အဖြူ အမဲ တီဗီတွေမှာ ၅ မူး ပေးပြီး ကြည့်ခဲ့ရတာ ။ စခန်းသိမ်းတိုက်ပွဲ တွေ ဖြစ် ပြီးတော့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ တဲ့ တပ်ကြပ်ကြီး ဖိုးစီ ကို ဂုဏ်ပြုတဲ့ အနေနဲ့ စစ်မြေပြင်အဆင့်တိုးဆိုပြီး တံဆိပ်ကလေး ပေးတယ် ။ အဲဒီ အချိန် ညဘက် ရိုက်ထားတာဆိုတော့ ပတ်ဝန်းကျင်ကလည်းမှောင်လို့ ၊ မျက်နှာကလည်း မဲ လို့ ။ တံဆိပ်ကလေး လှမ်းယူလိုက်တဲ့ အချိန် ပြုံးသွားတဲ့ ဦးကျော်ဟိန်း မျက်နှာ ကို နှစ်ပေါင်းများစွာ ကြာတဲ့ ထိ ပြန်မြင်ကြည့်လို့ရနေတုန်းပဲ ။ ဖွေးတက်သွားတဲ့ သွားတွေ ၊ ရီသွားတဲ့ မျက်လုံးလေးတွေတင်မဟုတ်ဘူး စစ်သည်တစ်ယောက်ရဲ့ နှလုံးသားထဲထိ လှမ်းမြင်ကြည့်လို့ရတယ် ။
0 comments:
Post a Comment
ကာဂီးလ်စစ်ပွဲ (၁၉၉၉) အပိုင်း(၄)
၁၅။ ၁၉၉၉ ကာဂီးလ်စစ်ပွဲဖြစ်ပွားခြင်း။ 
၁၉၉၉ ခုနှစ် ဧပြီလလယ်ပိုင်းမှစ၍ အရှေ့မြောက် ဂူရက်ဇ် ဒေသမှ ပါကစ္စတန်ထောက်ခံအားပေးသည့် မွတ်စလင် ခွဲထွက်ရေး ပြောက်ကျားများသည် ကာဂီးလ်ဒေသတောင်ကုန်းများသို့ စတင်စိမ့်ဝင်လာခဲ့ကြပါသည်။ ၎င်းင်းပြောက်ကျားများ ထိုးဖောက်ရာဒေသသည် နှစ်နိုင်ငံထိန်းချုပ်ရေးမျဉ်းဖြတ်သန်းသွားရာ တောင်မြင့်ပိုင်းဒေသဖြစ်၍ လူသူမရှိခြင်း၊ အိန္ဒိယတပ်များလည်း တပ်စွဲထားခြင်းမရှိသော နယ်မြေဖြစ်ပါသည်။
0 comments:
Post a Comment
ကာဂီလ်စစ်ပွဲ(၁၉၉၉) အပိုင်း(၃)
၁၁။ ၁၉၇၁ ခုနှစ်စစ်ပွဲသည် အိန္ဒိယနိုင်ငံအတွက်ကြီးမားသော အောင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။ နိုင်ငံရေးအောင်မြင်မှုအဖြစ် အရှေ့ပါကစ္စတန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် ထူထောင်ကာ အိန္ဒိယလိုလားသော ဘင်္ဂါလီအမျိုးသားရေးဝါဒီရှိတ်မူဂျစ် အစိုးရအား တင်မြှောက်ပေးနိုင်ခဲ့သည့်အပြင် အနောက်ပါကစ္စတန်နယ်မြေ အတွင်းသို့ကန့်သတ်စစ်ဆင်နွှဲ၍ ကက်ရှ်မီးယားဒေသ အပစ်အခတ်ရပ်စဲရေးမျဉ်းတစ်လျှောက် ပါကစ္စတန်ဘက်၌ ရောက်ရှိနေသော စစ်မဟာဗျူဟာ အရေးကြီး နေရာများကို သိမ်းယူနိုင်ခဲ့ခြင်းဖြင့် ပါကစ္စတန်နိုင်ငံသားတို့၏ စိတ်အတွင်း၌ အိန္ဒိယနိုင်ငံအပေါ် အခဲမကျေနိုင်သော ရန်ငြိုးများ၊ အစိုင်အခဲများအဖြစ် အမြစ်တွယ်ကြီးထွားခဲ့သည်။ စစ်ကြီးပြီးဆုံး သော်လည်း ကက်ရှ်မီးယားဒေသတွင် ဆူပူအုံကြမှုများ ရှိနေပြီး အိန္ဒိယနှင့်ပါကစ္စတန်တို့သည်ူဥဃ တစ်လျှောက် ထိပ်တိုက်ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။ စစ်အေးတိုက်ပွဲကာလအတွင်း အရှေ့အုပ်စုနှင့်အနောက်အုပ်စုတို့၏ အင်အားစမ်းသပ်ခြင်း၊ သြဇာနယ်ပယ်ထူထောင်ခြင်း အကျိုးဆက် တို့ကြောင့်လည်း စစ်ပွဲဖြစ်ခဲ့ရခြင်းဖြစ်ပါသည်။
0 comments:
Post a Comment
ကာဂီးစစ်ပွဲ(၁၉၉၉) အပိုင်း(၂)
စစ်ဖြစ်ရသည့်အကြောင်းရင်း
၆။ ၁၉၄၇ ခုနှစ်ပထမအကြိမ်ထိပ်တိုက်ရင်ဆိုင်မှု။ အိန္ဒိယနှင့်ပါကစ္စတန်တို့ လွတ်လပ်ရေး ရရှိခဲ့သော်လည်း ကက်ရှ်မီးယားသွေးခွဲအုပ်ချုပ်မှုနှင့်အတူ ဂျမူး-ကက်ရှ်မီးယား ပြည်နယ်ပိုင်ဆိုင်ခွင့်ကိစ္စမှာ အိန္ဒိယနှင့်ပါကစ္စတန် အကြား၌ ထိုအချိန်မှစ၍ ရန်မီးတစ်ခုဖြစ်လာခဲ့သည်။ အိန္ဒိယနှင့်ပါကစ္စတန် လွတ်လပ်ရေးရသည်နှင့် ကက်ရှ်မီးယားပြည်နယ်သည် တစ်ဦးတည်းမရပ်တည် နိုင်တော့ဘဲ အိန္ဒိယနှင့်ပါကစ္စတန်တို့၏ ပြဿနာအဖြစ် ကြီးထွားလာသည်ကို တွေ့ မြင်ရသည်။ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလတွင် ကက်ရှ်မီးယားတောင်ပိုင် နှင့်ဂျမူး တို့တွင် ဟိန္ဒူနှင့်ဆစ်ခ်တို့က မွတ်စလင်တို့အား တိုက်ခိုက်ခဲ့ကြပြီး အဆိုပါတိုက်ခိုက်မှုတွင် မဟာရာဇာ၏ ဆစ်ခ်လူမျိုးတပ်သားများက ပါဝင်တိုက်ခိုက်ကြသည်။
0 comments:
Post a Comment
ချစ်သောကမ္ဘာမြေ(၂)
ကျမချစ်သောကမ္ဘာမြေကိုကာကွယ်စောင့်ရှောက်ကြစေဘို့အတွက်
နံပါတ်(၁)ရေထုညစ်ညမ်းမှုနဲ့ ရေချို၊ရေသန့်ရှားပါးမှုပြဿနာပြီးတော့
နံပါတ်(၂)ပြဿနာဖြစ်တဲ့လေထုညစ်ညမ်းမှုပြဿနာများအကြောင်း ပြောချင်ပါတယ်။
ဒီပြဿနာက ပိုမိုကျယ်ပြန့်ပြီး ပါတ်သက်ဆက်နွယ်နေတဲ့ အကြောင်းတရားတွေကလဲ
အင်မတန် များပြားပါတယ်။
0 comments:
Post a Comment
ကာဂီးလ်စစ်ပွဲ (အိန္ဒိယ-ပါကစ္စတန်)(အပိုင်း-၁)
https://www.facebook.com/htet.sweoo မှကူးယူဖော်ပြပါသည်။ 
(၁၉၉၉)
ကာဂီးလ်စစ်ပွဲသည် ဟိန္ဒူနှင့် မွတ်စလင်အဖွဲ့အစည်းနှစ်ရပ်၏ သမိုင်းကြောင်းအရ မပြေလည်သည့် ကိုးကွယ်ယုံကြည်မှုအပေါ် ဗြိတိသျှတို့၏ နည်းမျိုးစုံဖြင့် သွေးခွဲအုပ်ချုပ်မှုစနစ်ကျင့် သုံးမှုတို့ကြောင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲဖြစ်ပြီး ပြောက်ကျားစစ်နှင့် သမားရိုးကျစစ်တို့ပေါင်းစပ်အသုံးပြုခဲ့သော စစ်ပွဲဖြစ်ပါသည်။
0 comments:
Post a Comment
"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"
B 24 Liberator Y2 အမျိုးအစား ဗုံးကြဲလေယာဉ်
B 24 Liberator Y2 အမျိုးအစား ဗုံးကြဲလေယာဉ်
   ဗိုလ်ပီတာထံမှ သတင်းပေးပို့ချက်ကိုရရှိသည်နှင့် ဗိုလ်မောင်သိန်း၏မျက်လုံးများက ကျူးကျော်ဝင်ရောက်လာသည့် ရန်သူ့လေယာဉ်ကိုအလျင်အမြန်ရှာဖွေနေမိသည်။
စက္ကန့်ပိုင်းအတွင်းမှာပင်လျှင် ရန်သူ့လေယာဉ်ကိုရှာဖွေတွေ့ရှိလိုက်သည်။ ဗိုလ်ချစ်ခိုင်သည် ဝင်ရောက်လာနေသည့် လေယာဉ်၏အမျိုးအစားကို သေချာတိကျစွာ မသိချေ။
0 comments:
Post a Comment
ဘင်္ဂလားဒေရှ်လေတပ်၏ မြန်မာတပ်မတော်(လေ)အပေါ်သက်ရောက်နိုင်မူ
 Sky Hunter's photo.
ဘင်္ဂလားဒေရှ်လေတပ်၏ Yak-130အမောင်းသင်တိုက်လေယာဉ်ဝယ်ယူမူနှင့် မြန်မာတပ်မတော်(လေ)အပေါ်သက်ရောက်နိုင်မူ
ဘင်္ဂလားဒေရှ်လေတပ်သည် ရုရှားနိုင်ငံ Yakolev Aircraft Production Companyထုတ် Yak-130 ကနဦးအမောင်းသင်တိုက်လေယာဉ် ၂၄စီးကို ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်လက်ခံရရှိတော့မည်ဖြစ်သည်။Yak-130သည် နောက်ဆုံးပေါ် စတုထ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်သော Su-30MKI/MKM/SM,Su-35,Mig-29M/M2/SMT/UPG,Mig-35,J-10A/B,Dassualt Rafel,Eurofighter Typhoon,Gripen C/D/NG,F-16 block-50/52+/60,F-15E/F,F/A-18E/Fအစရှိသော ခေတ်မှီတိုက်လေယာဉ်များနှင့် ပဉ္စမမျိုးဆက် F-22,F-35A/B/C,J-20/31,Su-T-50PAKFA/FGFAအစရှိသော ကိုယ်ပျောက်တိုက်လေယာဉ်များကို အချိန်တိုအတွင်း မောင်းနှင်နိုင်ရန်အတွက် အထောက်အကူပေးနိုင်သော အမောင်းသင်တိုက်လေယာဉ်တစ်မျိုးဖြစ်သည်။
0 comments:
Post a Comment
"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ"
မြန်မာ့တပ်မတော်(လေ)တွင် အသုံးပြုခဲ့သည့် ဆီးဖြူရီ (Sea Furies) တိုက်လေယာဉ် တစီး
မြန်မာ့တပ်မတော်(လေ)တွင် အသုံးပြုခဲ့သည့် ဆီးဖြူရီ (Sea Furies) တိုက်လေယာဉ် တစီး
             မြန်မာ့တပ်မတော်(လေ)ကို စတင်တည်ထောင်ဖွဲ့စည်းခဲ့ချိန်မှစတင်ရေတွက်သော်..... (၁၄)နှစ်အကြာ၊(၁၉၆၁)ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်၊ ဗုဒ္ဓဟူးနေ့။ တိတိကျကျဆိုရပါလျှင် တပ်မတော်(လေ)၏သက်တမ်း (၁၄)နှစ်နှင့် (၃၀)ရက်ပြည့်မြောက်သည့်နေ့ရက်၏ နံနက်ခင်းအချိန်။ သည်လို တပေါင်းလဆန်းကာလတွင် မိခင်လေတပ်စခန်းဌာနချုပ် တည်ရှိရာ မှော်ဘီလေတပ်စခန်းတွင်တော့ ဆောင်းရာသီ၏အရသာ ပျောက်ဆုံးလောက်ပြီဖြစ်သော်လည်း မြန်မာပြည်အရှေ့ပိုင်းမှ ကျိုင်းတုံမြို့လေးတည်ရာ ရှမ်းကုန်းပြင်မြင့်ထက်တွင်တော့ ဆောင်း၏အငွေ့အသက်များက မပျောက်ပျယ်သေးပါချေ...။  ဒယ်အိုးသဖွယ် တောင်ပတ်လည်ဝန်းရံထားသော ကျိုင်းတုံမြို့၏ရာသီဥတုမှာ နေချင့်စဖွယ်နွေးထွေးလျက် နေ့လည်ခင်းနာရီပြန် (၂)ချက်တီးသည့်တိုင် ခါတိုင်းနေ့ရက်များလိုပင် အေးဆေးငြိမ်သက်လို့နေခဲ့သည်။
0 comments:
Post a Comment
မီးချစ်တဲ့ နှစ်
ပူလောင်အိုက်စပ်လွန်းလို့   ယပ်တောင်တဖျပ်ဖျပ်ခပ်ရင်း  အိပ်ပျော်ဖို့ခက်ခဲတဲ့ နွေလယ်ညတွေ ဖြတ်သန်းရတဲ့ အချိန်တိုင်း  မီးချစ်တဲ့နှစ်တနှစ် က ဖြစ်ပျက်ခဲ့ပုံလေးတွေကို မမေ့နိုင် သတိရဆဲပါ။
0 comments:
Post a Comment
လူပင်လေလား၊ လိပ်ပြာလား
ထိုနေ့က အိပ်ယာထနောက်ကျလေ့ ရှိသော သာမာန် စနေတစ်နေ့သာ ဖြစ်သည်။ အထပ်လိုက်ရှိ မီးသတိပေးစနစ်များ အသစ်လဲလှယ် တပ်ဆင်နေ၍ အချိန်ပိုင်း လျပ်စစ်မီးပျက်နိုင်ကြောင်း ကြေငြာထားသော ကာလဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဖုန်းအသစ်ကလေးတစ်လုံး(ပထမဦးဆုံး ဝယ်နိုင်သော ကင်မရာ အနည်းငယ်ကောင်းသည့် အန်းဒရိုက်ဖုန်းငယ်) ဝယ်ထားပြီးတာ မကြာသေးသောကာလ။ ရှေ့ကင်မရာ ၈မက္ကာပစ်ဇယ် ဆိုသည်ကို မမြင်ဘူးမူးမြစ်ထင်ကာ လှုပ်လှုပ်မြင်သမျှ ဖုန်းဖြင့်ချိန်သောကာလ၊ အသံဖြင့် အမိန့်ပေးလို့ရသဖြင့် ခလုပ်မနှိပ်ပဲ လူထူထူရှိတိုင်း တရွှတ်ရွှတ်(shoot) အမိန့်ပေးခိုင်းကောင်းနေသည့် မျောက်အုန်းသီးရကာလ။
0 comments:
Post a Comment
မြန်မာ့စစ်တပ်ကို ဝေဖန်ပြစ်တင်မလား၊ အားပေးမြှင့်တင်မှာလား
မြန်မာနိုင်ငံတွင် အစိုးရဝန်ကြီးဌာနများ၊ အစိုးရဌာနဆိုင်ရာများ၊ အစိုးရစီးပွားရေးဆိုင်ရာအဖွဲ့များက နိုင်ငံဘဏ္ဍငွေ (ပြည်သူလူထုပိုက်ဆံ) ကိုင်တွယ်သုံးစွဲနေကြပါသည်။ ထိုအစိုးရ ဆိုသည့် အာဏာကိုရရှိသောအုပ်စုသည် နိုင်ငံကြီးပွားတိုးတက်ရေးကိုလုပ်ဆောင်မည်ဟု အသံကျယ်လောာင်စွာပြောကြသည်။ လူထုကြီးသည် လက်ရှိ သမ္မတ၊ ဒုသမ္မတများ၊ လွှတ်တော်ဥက္ကဌများကို ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးသကဲ့သို့ ယုံကြည်စွာ အားကိုးကြပါသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများသည် ရုတ်တရက်မမျှော်လင့်ပဲရရှိသော ပင်စင်လစာငွေကြောင့် ရှိခိုးမတတ်ကျေးဇူးတင်ကြပါသည်။ ကောင်းပါသည်။ အစိုးရအဖွဲ့သည် မိုက်ကရို၊ မက်ကရို စီးပွားရေးစီမံကိန်းများဖြင့် ရေရှည်၊ ဥပဒေများ၊ အခြေခံအဆောက်အဦးများကို အုတ်မြစ်ချနေချိန်ဖြစ်သည်။
0 comments:
Post a Comment
လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၇)
January 7, 2013 at 5:36am
<p> </p>
<p>လစ်ဘရယ်ဝါဒနှင့် ကန့်သတ်အစိုးရ (Liberalism and Limited Government)</p>
လစ်ဘရယ်တို့သည် လွတ်လပ်မှုကို နှစ်သက်မြတ်နိုးသော်လည်း အထိန်းအကွပ်မဲ့သော လွတ်လပ်မှု
သည် ရမ်းကားမှု (License)အဖြစ်သို့ အချိန်အခါမရွေးကူးပြောင်းသွားနိုင်ကြောင်း ကောင်းစွာသဘော
ပေါက်ထားကြသည်။ ထို့ကြောင့်ပင် လစ်ဘရယ်တို့က လွတ်လပ်မှုကိုမပျက်စီးစေပဲ ထိန်းသိမ်း ကာ
ကွယ်စောင့်ရှောက်နိုင်သော ဥပဒေသတစ်ခုကို တောင်းဆိုလာခဲ့သည်။ ၄င်းဥပဒေသအရ ပုဂ္ဂလိက
တစ်ဦးချင်းစီ၏လွတ်လပ်မှုအခွင့်အရေးကိုလေးစားသည့် လူ့အဖွဲ့အစည်း(သမဂ္ဂ)တစ်ရပ်တည်ဆောက်
ရန်အတွက် (သို့တည်းမဟုတ်) နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန်အတွက်
နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ရှိဖို့ လိုလားခဲ့သည်။ ဆိုလိုသည့်သဘောမှာ ဥပဒေအောက်တွင်လွတ်လပ် စေခြင်းပင်ဖြစ်သည်။
0 comments:
Post a Comment
လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၆)
January 6, 2013 at 2:07am
လစ်ဘရယ်တို့၏ ကိုယ်ကျင့်တရားစံ
<p> </p> ဗဟုဝါဒ (Pluralism)နှင့် ယဉ်ကျေးမှုပေါင်းစုံ (Multiculture)တို့ကို ယုံသော လစ်ဘရယ်တို့၏ ကိုယ်ကျင့်တရား
စံနှုန်းမှာ မတူညီသည့် ဆန့်ကျင်ဘက်အမြင်အယူအဆတို့ကို လက်ခံခြင်းပင်ဖြစ်သည်။ ကွဲပြားခြားနားသည့် အတွေးအခေါ်အယူအဆများသည် လူ့အဖွဲ့အစည်းကို တိုးတက်စေသည့် အပေါင်းလက္ခဏာများဟု လက်ခံထားကြသည်။ လူတိုင်းသည် ယုံကြည်မှု၊ တွေးခေါ်ယူဆပုံနှင့်အမူအကျင့်၊ ဓလေ့စရိုက်များတူညီနိုင်လိမ့်မည်မဟုတ်။
0 comments:
Post a Comment
ပင်လယ်ပြင် အမှတ်တရလေးတခု
 Photo: ၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်း ညလယ်သန်းခေါင်ယံ …
စစ်ရေယာဉ်- အင်းတော် ….  ကမ်းလွန် ရတနာဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေချိန် ….
တာဝန်ကျ ဆက်သွယ်ရေးတပ်သားက ရေဒါမြင်ကွင်းအား ကြည့်ရှုစစ်ဆေးနေစဉ်  မိမိရေယာဉ်နဲ့ မိုင် ၂၀ လောက်အကွာအဝေး စက်ဝိုင်းအတွင်း ပစ်မှတ်တခု ထူးထူးခြားခြား ပေါ်လာနေတာ တွေ့လိုက်ရပါတယ်။ ပစ်မှတ်က မိမိရေယာဉ်ရှိရာဘက် ဦးတည်ရွေ့လျားနေတယ်။ အနီးအနားမှာ ရှိနေတဲ့ တာဝန်ကျတပ်ဖွဲ့ဝင် အချို့လည်း အခြေအနေကို ဂရုတစိုက် စောင့်ကြည့်နေကြတယ်။ 
ရေယာဉ်ကို ကျောက်ချရပ်နားစဉ်က  ပင်လယ်ကူးသင်္ဘောတွေ သွားတဲ့ ရေကြောင်းနဲ့လွတ်အောင် ရေပုံတွက်ချက်ပြီး အခြေပြုခဲ့တာမို့ ဒီရေယာဉ်ဟာ ပင်လယ်ကူးသန်းသွားလာရေး ရေယာဉ်ဖြစ်ကြောင်း တထစ်ကျ မှတ်ချက်ချဖို့ ခက်နေကြတယ်။ 
ခဏအကြာမှာ သူတို့အားလုံး ဆုံးဖြတ်ချက်ချပြီး တာဝန်ကျအရာရှိထံ အခြေအနေသတင်းပို့လိုက်တယ်။ တာဝန်ကျ အရာရှိမှတဆင့် ဒုစစ်ရေယာဉ်မှူး ၊ စစ်ရေယာဉ်မှူးတို့အထိ သတင်းပို့ပြီး ဖြစ်သွားတယ်။ စစ်ရေယာဉ်မှူးက ရေ/၃၄၉၅ ဗိုလ်မှူး သီဟ ပါ။ အရာရာမှာ စိုးရိမ်သောက ကြီးဟန်ရှိတဲ့ စစ်ရေယာဉ်မှူးက ရေယာဉ်ပေါ်ရှိ crews (အဆင့်အတန်းဝင်အားလုံး) တန်းစီဖို့ အမိန့်ပေးလိုက်တယ်။ 
တာဝန်ကျတပ်ဖွဲ့ဝင်အချို့သာ နိုးနိုးကြားကြားဖြစ်နေပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ စစ်ရေယာဉ်တစီးလုံး တန်းစီခရာမှုတ်သံ .. အချင်းချင်း အော်ဟစ်နှိုးသံ … ကုန်းပတ်ပေါ်ကို ပြေးတက် နင်းလျှောက်လာတဲ့ ခြေသံတွေနဲ့  တခဏချင်းမှာ ဆူညံနိုးကြား အသက်ဝင်လှုပ်ရှားလာတယ်။ 
ရေယာဉ်နောက်ပိုင်း ဟန်ဂါအတွင်းမှာ တန်းစီနေကြတဲ့ Crews အားလုံးကို စစ်ရေယာဉ်မှူးက ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အကျဉ်းချုပ်ရှင်းလင်းပြောကြားပြီးနောက် ရေယာဉ်အသင့်ပြင်ဖို့ အမိန့်ပေးလိုက် တာပါပဲ။ 
စစ်သားတို့ထုံးစံအတိုင်း ပေးလာတဲ့အမိန့်ကို တသွေမတိမ်း လိုက်နာဆောင်ရွက်ကြပေမဲ့ အရှိန်မပြေသေးတဲ့ အိပ်ချင်မူးတူးစိတ်ကြောင့် ပါးစပ်က ပွစိပွစာ ဗလုံးဗထွေး ပြောဆိုသံတွေနဲ့အတူ ကိုယ်တာဝန်ကျရာ နေရာဌာန အသီးသီးဆီ ထွက်ခွာသွားကြတယ်။ 
၅ မိနစ်လောက် အတွင်းမှာပဲ ရေယာဉ်စက်နှိုးဖို့ အသင့်ပြင်ထားတဲ့ မီးစက်အလင်းရောင်အောက်မှာ ပုရွက်ဆိတ်တွေပမာ လှုပ်ရှားမှုတွေ ဥဒဟိုသွားလာနေကြတယ်။ လက်နက်တိုက် အတွင်းက လက်နက်ငယ်တွေနဲ့ ရေယာဉ်အပိုင်းလိုက် ဖြန့်ကျက်တာဝန်ယူသူတွေကယူ  လက်နက်ကြီး ကျည်ဆံတွေ သယ်ပိုးပြောင်းရွှေ့ပြီး ရေယာဉ်ရှေ့ပိုင်း ဘိုဖာအမြောက်တပ်ဖွဲ့ … ရေယာဉ်နောက်ပိုင်း အော်လီကွန်တပ်ဖွဲ့ နေရာယူ …  ရေယာဉ်တခုလုံး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်သွားပါတယ်။ မကြာမီမှာပဲ ရေယာဉ်စက်မကြီး နှိုးသံထွက်ပေါ်လာတယ်။ ကျယ်လောင်မြည်ဟီးလှတဲ့ စက်မကြီးနိုးသံက အိပ်ငိုက်မြည်းတွဲ ငေါင်းစင်းစင်း ဖြစ်နေတာတွေကို လွင့်စင်သွားစေတယ်။ 
အဲဒီအချိန်မှာ ရေယာဉ် ရှေ့တည့်တည့်လောက်ဆီက  အမှောင်ထုကြားထဲမှာ မဲမဲအရိပ်သဏ္ဍာန်တခု ထင်ထင်ရှားရှား ပေါ်လာနေတာ အားလုံးတွေ့မြင်နေရပါပြီ။ စောစောက တယောက်တပေါက် အပြစ်တင် ညည်းတွားနေကြတဲ့ စစ်သည်အားလုံး မျက်လုံးအဝိုင်းသားနဲ့ ပစ်မှတ်ရှိရာ အာရုံစိုက် ကြည့်နေကြတယ်။ ရန်သူလား မိတ်ဆွေလား ဝေခွဲရခက်နေတဲ့ သူစိမ်းရေယာဉ်ဆီက ဘယ်လိုတုန့်ပြန်လှုပ်ရှားမှုတွေ ရှိလာနိုင်မလဲ စိတ်လှုပ်ရှားမှုအပြည့်နဲ့ စောင့်ကြည့်နေကြရတာပေါ့။ မဲမဲအရိပ်ကြီး တဖြည်းဖြည်းနီးကပ်လာသလို သူ့ဆီက ရေယာဉ်စက်သံ တဖြည်းဖြည်းကျယ်လောင်လာပါတယ်။ 
ရေယာဉ်ဦးပိုင်းက ဘိုဖာအမြောက်တပ်ဖွဲ့ခေါင်းဆောင်ရဲ့ အမိန့်ပေးသံနဲ့အတူ မောင်းတင်ကျည်ထိုးသံ ထွက်ပေါ်လာပြီးနောက် အမြောက်ပြောင်းဝကို ပစ်မှတ်ရှိရာ ဦးတည်ချိန်ရွယ်ထားလိုက်ကြတယ်။ ကျောက်ဆူးတပ်ဖွဲ့ ကျောက်စတင်နှုတ်လို့ မကြာမီအချိန်အတွင်း ရေယာဉ်ထွက်ခွာဖို့ အသင့်ဖြစ်နေပါပြီ။ တဖက်ရေယာဉ်မှ ထူးခြားမှုတစုံတရာ မတွေ့မြင်ရသေး။ 
ကိုယ့်ဘက်က အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေတဲ့ အချိန်အတွင်းမှာပဲ  တဖက်ရေယာဉ်ကြီးဟာ မိမိတို့ရေယာဉ်နဲ့ ခပ်လှမ်းလှမ်းအကွာဆီမှ သူဦးတည်ရာလမ်းကြောင်းအတိုင်း အရှိန်မပျက် ဆက်လက် မောင်းနှင်ထွက်ခွာသွားတာကို အံ့အားသင့်စွာ ငေးစိုက်ကြည့်နေကြရင်း အရပ်ဘက်ရေယာဉ်ဖြစ်ကြောင်း ကိုလည်း သိလိုက်ကြရပါတယ်။ 
ရေယာဉ်ကြီးက ထားရစ်ခဲ့တဲ့လှိုင်းလုံးကြီးတွေကြားမှာ မိမိတို့ရေယာဉ် ဘယ်ညာလူးခတ်လို့  တသိမ့်သိမ့်လှုပ်ရှား ကျန်ရစ်နေပါတော့တယ်။ အဲဒီအချိန်ကျမှပဲ အားလုံးရဲ့ စိတ်ထဲမှာ ‘ဟင်းးးး’ ခနဲ သက်ပြင်းသက်မကိုယ်စီ ချနိုင်ကြပါတော့တယ်။ 
ဆိုလိုတာက စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့တခုအဖို့ ရန်သူဆိုတာ အချိန်မရွေး နေရာမရွေး ပေါ်ပေါက်လာနိုင်တဲ့ သဘောကိုပြောချင်တာပါ။ သာရေးနာရေး အလှူခံအဖွဲ့ကြွရောက်လာသလို အဝေးကြီးကတည်းက လောက်စပီကာနဲ့ ကြိုတင်အချက်ပေးနှိုးဆော်ပြီး ရောက်လာနိုင်တာမဟုတ်တဲ့ ရန်သူရဲ့အခြေအနေကို ဖြစ်နိုင်ခြေနဲ့တွက်ဆပြီး ကိုယ့်ဘက်က ပြင်ဆင်ရတာပါ။ သေချာလောက်မှ အသင့်ပြင်မယ်ဆိုရင်တော့ တကယ်ရင်ဆိုင်ရချိန်မှာ ကိုယ်နောက်ကောက်ကျပြီး ဖြစ်သွားမှာသေချာပါတယ်။ 
နောက်တခုကလည်း ရေပြင်ပေါ်မှာစစ်ဆင်ရတာဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင်များအဖို့ တက်လမ်းဆုတ်လမ်းဟာ ရေယာဉ်နယ်နိမိတ်အတွင်းမှာပဲ ဘောင်ကန့်သတ်ခြင်း ရှိနေတယ်မဟုတ်ပါလား။ ဒီတော့ တကယ်ဖြစ်လာပြီ ဆိုရင် ဒီရေယာဉ်ရဲ့ တည်ရှိမှုသာလျှင် ကိုယ့်ကံကြမ္မာလို့ ပြောလို့ရနိုင်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ အားလုံးကိုယ်စီ စိတ်ဆုံးဖြတ်ချက် အသင့်ဖြစ်နေကြပါတယ်။ နောက်ဆုံး အခြေမလှလို့ သေရတဲ့တိုင် ကိုယ့်အားကိုယ်အင်ရှိသမျှ ရုန်းကန်တိုက်ခိုက်လှုပ်ရှားရင်း အသက်စွန့်ကြဖို့ အထူးတလည် ဆော်သြနေစရာ လိုမယ်မထင်တော့ပါ။ 
သူရဲကောင်းဆိုတာ  အလိုလျောက်ပေါ်ပေါက်လာတာ မဟုတ်ဘဲ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး ရည်မှန်းချက်တာဝန်တရပ်ကို မမှိတ်မသုန် ထမ်းဆောင်ရင်း ကြွင်းကျန်တဲ့ ရလဒ်အဖြစ်လို့မြင်ပါတယ်။ 
အဲဒီတုန်းကသာ စစ်မြေပြင်လက်တွေ့အခြေအနေတရပ်ကို ရင်ဆိုင်ခဲ့ရရင်ဖြင့် ခုလောက်ဆို နေမင်းသူ ဆိုတဲ့ ရေတပ်သားတယောက်ဟာလည်း  ဖေ့ဘုတ်ပေါ်က စွာကျယ်စွာကျယ် အကောင့်ပိုင်ရှင်တဦး ဖြစ်ခွင့်ရဖို့ သေချာမှာ မဟုတ်ဘဲ  ‘သူရဲကောင်းမှတ်တမ်းဝင်’ တဦးအဖြစ်လောက်နဲ့ ဘုတ်အုပ်ထဲ ရောက်ချင်လည်း ရောက်နေနိုင်ပါကြောင်း ….။ 
ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ….
၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်း ညလယ်သန်းခေါင်ယံ …
စစ်ရေယာဉ်- အင်းတော် …. ကမ်းလွန် ရတနာဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေချိန် ….
တာဝန်ကျ ဆက်သွယ်ရေးတပ်သားက ရေဒါမြင်ကွင်းအား ကြည့်ရှုစစ်ဆေးနေစဉ် မိမိရေယာဉ်နဲ့ မိုင် ၂၀ လောက်အကွာအဝေး စက်ဝိုင်းအတွင်း ပစ်မှတ်တခု ထူးထူးခြားခြား ပေါ်လာနေတာ တွေ့လိုက်ရပါတယ်။ ပစ်မှတ်က မိမိရေယာဉ်ရှိရာဘက် ဦးတည်ရွေ့လျားနေတယ်။ အနီးအနားမှာ ရှိနေတဲ့ တာဝန်ကျတပ်ဖွဲ့ဝင် အချို့လည်း အခြေအနေကို ဂရုတစိုက် စောင့်ကြည့်နေကြတယ်။
0 comments:
Post a Comment
ရွှံ့တောထဲက စိတ်ဓာတ်နဲ့ ကမ္ဘာပတ်လို့မရပါ (၂)
Ye Kyaw Thura's photo. 
 ခုနှစ်မမှတ်မိတော့ပေမဲ့ အမေရိကန်မှာ စစ်မှုမထမ်းမနေရ စနစ်ကို ဖျက်သိမ်းလိုက်တာ အတော်ကြာသွားပါပြီ။
ဒီတော့ တပ်မတော်သားစုဆောင်းတဲ့အခါ အခြားအဆင့်တွေအတွက် သတ်မှတ် စစ်မှုထမ်းသက်ကာလပြည့်ရင် တက္ကသိုလ်အခမဲ့တက်ခွင့်ပေးတယ်လို့ သိရပါတယ်။
အမေရိကန်က တက္ကသိုလ်တွေက သူ့နိုင်ငံသားတွေတောင် အဆင်မပြေတဲ့သူဆိုရင် မတက်နိုင်ဘူးလို့သိရပါတယ်။ ကျန်တဲ့အခွင့်အရေးတွေလည်း ထပ်ဆောင်းပေးထား ပါသေးတယ်။ ဖတ်ထားတာ နှစ်အတော်ကြာသွားပြီမို့လို့ အသေးစိတ်မမှတ်မိတော့ တာပါ။
0 comments:
Post a Comment
" တောင်တန်းမြေမှ ကြယ်တပွင့်" (၂)
အရုဏ်ဦးချုံခိုတိုက်ပွဲ
+++++++++++++
             တပ်ရင်းရုံးမှ စတင်ထွက်ခွာချိန်မှာ မိုးပင် မလင်းတတ်သေး။ သြဂုတ်လ၏ နံနက်ခင်းသည် တဖွဲဖွဲရွာသွန်းနေသည့်မိုးကြောင့် ပို၍ မှောင်နေသယောင်ယောင်။ စစ်သုံးဂျစ်ကားလေးကို ဗိုလ်တိုက်ချွန်းမောင်းနှင်လာခဲ့ပြီး ဗိုလ်မှူးကြီးဟရန်သီယိုက ယာဉ်၏ဦးခန်း ဗိုလ်တိုက်ချွန်း၏ဘေးမှ ထိုင်လျက်လိုက်ပါလာခဲ့သည်။ ယာဉ်နောက်ခန်း ဗိုလ်တိုက်ချွန်း၏နောက်ဘက်တည့်တည့်နေရာတွင်တော့ ဆေးကိရိယာအစုံအလင်ဖြင့် ဆေးမှူးဗိုလ်ကြီးဒွေး၊ သူ၏နံဘေးတွင် ဗိုလ်ကြီးလှမုန်းနှင့် ဒုတပ်ကြပ်ဟိုခါးတို့ နေရာယူလျက် လိုက်ပါလာကြသည်။
0 comments:
Post a Comment
သီဟသူရ ဒုတိယဗိုလ်မှူးကြီး ထွန်းတင်
Photo: ပြန်တမ်းဝင်အမှတ် - ရေ ၂၀၀၄
ဘွဲ့တံဆိပ်ချီးမြှင့်ခံရစဉ်အဆင့် - ဗိုလ်
အမည် - ထွန်းတင်
အမြင့်ဆုံးရရှိသည့်ဘွဲ့။နှစ် -  သီဟသူရ (၁၉၅၀)
ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - တပ်မတော် (ရေ)
ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀။အထူး။၅၀
ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ (၁၉၄၉)ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် ဗိုလ်ထွန်းတင်သည် စစ်ရေယာဉ်ရွှေပုစွန်ကို ကွပ်ကဲပြီး မြစ်ကြောင်းကင်းစောင့်သင်္ဘောစုတွင် တာဝန်ထမ်းဆောင်နေစဉ် 
တွံတေးဝအနီးသို့အရောက်  ကမ်းပေါ်မှရန်သူများ၏ ပြင်းထန်စွာတိုက်ခိုက်ခြင်းခံရသည်။ 
ဝါးဖြူအမည်ရှိ သင်္ဘောပျက်စီးပြီး ကမ်းဘက်သို့မျောပါသွားရာ
 ဗိုလ်ထွန်းတင်သည် ၂၀ မမ ကျည်ဆံ မျက်နှာကိုထိမှန်သဖြင့် မေးရိုးကျိုးဒဏ်ရာ ရရှိနေသည့်အကြားမှ
 ရန်သူပစ်ခတ်နေသည့် ကျည်ဆန်များအကြားတွင် မိမိသင်္ဘောကိုကွပ်ကဲအုပ်ချုပ်ကာ
 မျောနေသော ဝါးဖြူသင်္ဘောကို ပြန်လည်ကယ်တင်နိုင်ခဲ့သည်။ 
မိမိကွပ်ကဲသောသင်္ဘောကို ရန်သူက အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်သည်ကို ပြင်းထန်သည့်ဒဏ်ရာရရှိထားလျက်နှင့် တိုက်ပွဲဖြစ်ပွားချိန် (၃) နာရီကျော်ကြာသည့်တိုင်အောင် ဆက်လက်ကွပ်ကဲတိုက်ခိုက်ခဲ့သည်။
သူ၏ စွန့်စားမှု၊ တာဝန်ကျေပွန်မှုတို့အတွက် 
နိုင်ငံတော်မှသီဟသူရဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းလိုက်ခြင်းဖြစ်ပေတော့သည်။
=========================================
လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှု ကြိုးပမ်းစဉ်ကာလမှစတင်၍ တပ်မတော်(ရေ)သည်  မြန်မာ့ ပင်လယ်ပြင်နှင့်  မြစ်တွင်း စစ်ဆင်ရေး များအား 
ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ ကြရာ -----
ယနေ့ကာလ အထိ 
တပ်မတော် (ရေ)မှ
 စွမ်းရည်ဘွဲ့/ တံဆိပ်လက်ခံ ရရှိသူ အရေ အတွက်မှာ ....
သီဟသူရ ဘွဲ့ရရှိသူ (၁)ဦး
သူရဘွဲ့ ရရှိသူ (၁၅)ဦး၊ 
သူရဲကောင်း မှတ်တမ်းဝင် ရရှိသူ (၆၂)ဦး၊ 
စစ်သေနာပတိ သူရဲကောင်း လက်မှတ် ရရှိသူ (၁၉)ဦး၊
 ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ် ရရှိသူ (၄)ဦးနှင့် 
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ် ရရှိသူ (၂၅)ဦး 
ရှိခဲ့ချေပြီ။
(ဓါတ်ပုံ။ ဒုတိယဗိုလ်မှူးကြီး ထွန်းတင်(ငြိမ်း) ယခုကွယ်လွန်)
======================================
စာကြွင်း ။ (အေး .... 
 ခွေးသူခိုး ဘင်္ဂါလီတွေ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ငါတို့ မြေ/ ငါတို့ရေမှာ သောက်လုပ်လာမရှုပ်နဲ့။
 နေဗီမျိုးဆက်အသစ်တွေက မောင်ရင်တို့ကို 'rocket နဲ့ missile တွေ တပြုံတခေါင်းကြီး လက်ဆောင် တဝကြီးကျွေးချင်နေတယ်ဆိုတာ သတိထား။ နေဗီသင်္ဘောကျင်းမှာ မကြာခင်ကမှ
အသစ်ထုတ်ထားတဲ့ ပြည်တွင်းထုတ် စစ်သင်္ဘောတွေပေါ်မှာ ဘင်္ဂါလီလည်ချောင်းသွေးနဲ့ ခြေဆေးတာခံချင်ရင်တော့
ဂြိုဟ်ဆက်ထကြပေါ့ကွာ။ 
 ရေးလက်စနဲ့တခါတည်း ဆက်ရေးလိုက်ဦးမယ်။
လိုင်ဇာကိုလမ်းလျှောက်တဲ့ ကျေးဇူးရှင်များ ဘူးသီးတောင်၊ မောင်းတောဘက်ကိုလည်း 
တဆိတ်လောက် ကြွချီတော်မူခဲ့ကြပါဦးခင်ဗျ။ တောင်ပေါ်လေမှ လတ်ဆတ်တယ် မထင်ကြပါနဲ့။ ပင်လယ်လေလည်း ရှူ ရှိုက်ဖူးတယ် ရှိအောင် တခါတခေါက် ရောက်အောင်တော့ လာခဲ့ကြစမ်းဘာ။) 
ပြန်တမ်းဝင်အမှတ် - ရေ ၂၀၀၄
ဘွဲ့တံဆိပ်ချီးမြှင့်ခံရစဉ်အဆင့် - ဗိုလ်
အမည် - ထွန်းတင်
အမြင့်ဆုံးရရှိသည့်ဘွဲ့။နှစ် - သီဟသူရ (၁၉၅၀)
ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - တပ်မတော် (ရေ)
ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀။အထူး။၅၀
ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ (၁၉၄၉)ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် ဗိုလ်ထွန်းတင်သည် စစ်ရေယာဉ်ရွှေပုစွန်ကို ကွပ်ကဲပြီး မြစ်ကြောင်းကင်းစောင့်သင်္ဘောစုတွင် တာဝန်ထမ်းဆောင်နေစဉ်
တွံတေးဝအနီးသို့အရောက် ကမ်းပေါ်မှရန်သူများ၏ ပြင်းထန်စွာတိုက်ခိုက်ခြင်းခံရသည်။
0 comments:
Post a Comment
Followers