အီးပါတဲ့ယောက်ျားနှင့် ထူးဆန်းသည့် စားပိုးနင့်ရောဂါ



ဘုရင့်နောင်တပ်ခွဲမှ သန်းနိုင်မြင့်(မြင့်ကြူနိုင်- မုံရွာ) ကတော့ စစ်ဗျူဟာဘာသာရပ်မှာဖြစ်ဖြစ်၊ စာပေသင်တန်းမှာဖြစ်ဖြစ် နည်းပြဆရာများ မေးတိုင်း အရင်ဦးဆုံး ထထဖြေတတ်သူဖြစ်သည်။ ကျွန်တော်တို့အပတ်စဉ်တွင် အင်္ဂလိပ်စာ ထူးချွန်သူတစ်ဦးလည်းဖြစ်၏။ သူသည် သူများထက် ဦးအောင်ဖြေရမှ ကျေနပ်သူဖြစ်လေရာ တစ်ခါက ကျောက်တောင်အနီး ယူကလစ်တောစပ်တွင် စစ်ဗျူဟာဘာသာ ကိုယ်စီတိုက်ပွဲ ထိုင်လျက်သင်ခန်းစာ ပို့ချနေစဉ် အိပ်ငိုက်နေသဖြင့် ဆရာမေးတာကို သေချာမကြားဘဲ ဦးအောင်ခုန်ထပြီး တလွဲဖြေလိုက်ရာ သေနတ်ကို မြှောက်ကိုင်လျက် Squad ကို ပတ်ပြေးရရှာသည်။ နောက်တော့မှ သူအိပ်ငိုက်နေစဉ် အိပ်မက်ထဲမှာ ကြားရသော မေးခွန်း၏အဖြေကို ဖြေကြားလိုက်ခြင်းသာဖြစ်ကြောင်း ကျွန်တော်တို့ကို ရှင်းပြလေသည်။

0 comments:

Post a Comment

“ အမေ” တို့  “အဘ” တို့ ခေတ်ကို နိဂုံးချုပ်ပေး မဲ့ “ပီ----အာ”


by ရွှေမြင့်မောင်
-----------------------------------------
“သူခိုးတွေအဝေမတည့်ရင် ပိုင်ရှင်လက်ထည်းပစ္စည်းပြန်ရောက်တတ်တယ် ”
(ရုရှားဆိုရိုးစကားဟောင်းတစ်ခု)
အပြောင်းအလဲ တစ်ခုဖြစ်တော့မယ်ဆိုတိုင်း တည်ဆဲအခြေအနေ (status quo) မှာစားသာနေ၊ အထက်စီးရနေတဲ့သူတွေက နည်းလမ်းရှိသမျှနဲ့ အသေအလဲ ခုခံကြတာသဘာဝဖြစ်ပါတယ်။ ရွေးကောက်ပွဲနည်းစံနစ်ကို ပြောင်း မယ်ဆိုရင် ၂ဝဝ၈ အခြေခံဥပဒေနဲ့ မညီဘူးလို့  တစ်ခုသော လွှတ်တော်ဆွေး နွေးပွဲမှာ NLD အမတ်ပုသိမ်ဦးဝင်းမြင့်ကပြောခဲ့တယ်။ သူက အခြေခံဥပဒေပါ ရွေးချယ်တင်မြှောက်ရေးနဲ့ သက်ဆိုင်တဲ့ပြဌန်းချက်တွေဟာ FPTPကို အခြေခံပြီးစဉ်းစားထားတာလို့ ကောက်ချက်ချပြတယ်။ အဲဒီအထိတော့မှန်ပါတယ်။ ဒါပေမဲ့ အဲဒီအချက်ကို မူတည်ပြီး (ရှိပြီးသား) ရွေးကောက်ပွဲစံနစ်ကို အခုပြင်ရင်အခြေခံဥပဒေနဲ့ မညီဘူး (unconstitutional) ဆိုတာ ကတော့ သူလိုရာဆွဲပြောခဲ့တာဖြစ်တယ်။

0 comments:

Post a Comment

သွေး သံ အသက်(၁)

 
Photo: သွေး သံ အသက်(၁)

ဖောက်
-
-
-
ဖောက်

မြေခင်းအမိုးပေါ်သို့ နှင်းစက် များကျသံ ကတိတ်ဆိတ်သောပတ်ဝန်းကျင်ကို အသက်ဝင်စေလျက်ရှိသည်။ နာရီကို ကြည့်တော့ လက်တံက ၈ဂဏန်းတွင် 
ထိုးနာရီ စက်တက်ရဦးမှာပါလားဆိုသော အသိက တပ်သားနန္ဒ ၏ ထိုင်းမှိုင်းနေသောအသိ ကို  နိုးကြား လာစေသည်။ ထိုခဏတွင် စဉ်းစားမိတာက အင်း ဒီအချိန်စက်တက်လဲ အဆက်အသွယ်ကောင်းမှာမဟုတ်ပါဘူး မတက်ပဲနေရင်ကောင်းမလား ၉၀၆ စက်များသည် ည ပိုင်း အချိန်များတွင် Ionosphere လေထု မြင့်တက်မှုကြောင့် အဆက်အသွယ်ပြတ်တောက်လေ့ရှိသည်ကို စဉ်းစားမိခြင်းဖြစ်သည်။ အို ကောင်းကောင်းမကောင်းကောင်း တာဝန်ကတာဝန်ကတာဝန်ပါပဲ စက်ကိုဖွင့်လိုက်သည်။ 
ဖွင့် ဖွင့်ခြင်းကြားမိတာက စစ်ကြောင်းရုံး မှခေါ်သံ  ၀က်ဝံ မှ ပျံလွှား ပျံလွှားရှိလား အသံသဲ့သဲ့ ကို အားစိုက် နားထောင်ရင်း ရှိတယ် ပျံလွှားရှိသည် ပျံလွှား အောက်လိုက်ခဲ့ သီးခြားလိုင်းကိုခေါ်နေပီ တစ်ခုခုတော့ထူးခြားချေပီ သီးခြား Frequency ကိုလိုက်သည် ပိုမိကြည်လင်သော အသံကိုကြားရပီ အေး ပျံလွှား မင်းတို့ခေါင်းပေါင်းနဲ့ စိန်ပန်းကြီး ၇၀ ကိုင်မယ် တပ်မှူးး မှသူတို့ တပ်စုမှူး နှင့် စကားပြောလိုကြောင်း ပင်ဖြစ်သညိ ၃၅ ၃၅ အပြေးအလွှားပင် တပ်စုမှူးး အားခေါ်ရန် လိုက်ကျင်းတလျောက် ပြေးစဉ် လဘက်ရည်ခွက်ကိုင်လာသော ဒုတပ်ကြပ် ရန်မျိုးနိုင်နှင့် တိုက်အမိ ငါ့ လခွေး ဘာတွေများသောက်ရေးကြီးလာတုံး ဒီမှာမှောက်ကုန်ပီခွေးသား ဟာကတော့ကတော့ဆရာ CO ကြီးက ဗိုလ်ကြီးကို ၇၀ ကိုင်မလို့အဲဒါသွားခေါ်မလို့ 
ဘာတွေအရေးပေါ်ပြန်ပလဲကွာ
အေးသွားသွား
တပ်စုမှူးး ၏ ဘန်ကာရောက်တော့ တပ်စုမှူးဗိုလ်ကြီး ထက်ဦး မအိပ်သေး ရေဒီယို အသံသဲ့သဲ့ မှ သတင်းကြေငြာသံကြားရသည် ဟနန္ဒ ဘာတွေအရေးကြီးလာတာလဲ
ဗိုလ်ကြီး တပ်ရင်းမှူးးက ဗိုလ်ကြီးနှင့် ၇၀ကိုင်မယ်တဲ့

ဟုတ်လားအေးအေး

အီကွေ့မင့်ပတ်ကာထလိုက်လာခဲ့သည်။လက်ထဲမှာကာဘိုင်သေနတ်ကိုကိုင်စွဲလျက်-

COကြီး ပေါက်ပါခင်ဗျ

အေး ထက်ဦးနားထောင် ကစို စခန်း ပစ်ခံရတယ် ဒို့ဆီကတော်တော်ထိတယ်

ရထားပါ

အေးဒီကောင်တွေ ရဲ့ နောက်ပစ်မှတ်ကမင်းဖြစ်နိုင်တယ် သတိနဲ့နေ တပ်ကို Stand to များများလုပ် ခြံစည်းရိုးတွေပြန်စစ် မိုင်းကွင်းတွေပြန်စစ် တ၀က်အိပ်တ၀က်နားထား အကုန် အထဲမှာပြန်စုထားရှင်းလား

ရှင်းပါတယ် Coကြီး

အေး အဆက်အသွယ်မပြတ်စေနဲ့ ဆင်းပီ

ဟေ့ ဆရာကြီးမိုးမြင့် ကိုသွားခေါ်စမ်း တပ်စုတပ်ကြပ်ကြီး ဆရာမိုးမြင့် ရောက်လာသည် လူကယိုင်ထိုးယိုင်ထိုး  ခင်ဗျားသောက်ထားပြန်ပီလား မဟုတ်ပါဘူးဗိုလ်ကြီး ကျနော်ငှက်ဖျားတက်ချင်လို့ပါ  ဆရာမိုးမြင့်ကား စစ်ရေးစစ်ရာတွင်အားကိုးရသော်လည်း အသောက်အစားမကင်း အိမ်ထောင်လည်းမရှိသူမို့ သေနတ်နှင့် အရက်သာသူ့ဘ၀ ဖြစ်သည်။

တပ်စုမှူး ဆူရန် အပြင် -

ဖောက်

ဟူသောအသံနှင့် တူ ပတ်ဝန်းကျင်သည် နေ့ခင်းအလားလင်းထိန်သွားစဉ်

ဟေ့အားလုံးဝပ်မီးကျည် နောက်ဆက်တွဲကား 

ရွှီ --------၀ုန်း နားကွဲမတတ် ပစ်ခတ်လိုက်သော ၅၇ မမ ကျညများစခန်းပေါ တ၀ုန်းဝုန်း

ခံစစ်စခန်းလေး သည် ငရဲ အလား ------------

(ဆက်ရန်)

(မဲသဝေါ တိုက်ပွဲအား မိမိ၏ Version ဖြင့်မတတ်တတ်ခံစားရေးဖွဲ့ပါသည်)
ဖောက်
-
-
-
ဖောက်

မြေခင်းအမိုးပေါ်သို့ နှင်းစက် များကျသံ ကတိတ်ဆိတ်သောပတ်ဝန်းကျင်ကို အသက်ဝင်စေလျက်ရှိသည်။ နာရီကို ကြည့်တော့ လက်တံက ၈ဂဏန်းတွင်
ထိုးနာရီ စက်တက်ရဦးမှာပါလားဆိုသော အသိက တပ်သားနန္ဒ ၏ ထိုင်းမှိုင်းနေသောအသိ ကို နိုးကြား လာစေသည်။ ထိုခဏတွင် စဉ်းစားမိတာက အင်း ဒီအချိန်စက်တက်လဲ အဆက်အသွယ်ကောင်းမှာမဟုတ်ပါဘူး မတက်ပဲနေရင်ကောင်းမလား ၉၀၆ စက်များသည် ည ပိုင်း အချိန်များတွင် Ionosphere လေထု မြင့်တက်မှုကြောင့် အဆက်အသွယ်ပြတ်တောက်လေ့ရှိသည်ကို စဉ်းစားမိခြင်းဖြစ်သည်။ အို ကောင်းကောင်းမကောင်းကောင်း တာဝန်ကတာဝန်ကတာဝန်ပါပဲ စက်ကိုဖွင့်လိုက်သည်။ 

0 comments:

Post a Comment

အနော်ရထာသိရင် ဘာလုပ်မယ်???

Photo: အနော်ရထာသိရင် ဘာလုပ်မယ်???

 ပထမပိုင်း

တောင်ပြုံး ပွဲကြီး နီးလာပြီ။
မြန်မာမှန်ရင် တောင်ပြုံးမင်း၂ပါး မင်းကြီးမင်းလေးကို မကိုးကွယ်ရင်သာ ရှိမယ် မသိသူတော့ရှားမယ်ထင်တယ်။

အနော်ရထာမင်းကြီးဟာ သူနဲ့ 
သွေးမတော်တဲ့ မြေးတော် ၂ယောက်ကို
ဆော့လွန်း ဗရုပ်ကျလွန်းလို့ အတော့်ကိုစိတ်ညစ်နေခဲ့တယ်ဆိုသဗျ။

ဒါနဲ့ ဘဲ မျက်စိနောက်နားပူသက်သာအေးရော ဆိုတဲ့သဘောနဲ့  တောင်ပြုံး စေတီတည်တဲ့ နေရာမှာ ကုသိုလ်ယူဖို့  ထဲ့ပေးလိုက်ပါတယ်။
ခေတ်စကားအရဆိုရင်တော့ ပြည်သူ့ အကျိုးပြုလုပ်ငန်းပေါ့ဗျာ။

ဒါပေမဲ့ ကလေးဟာ ကလေးဘဲ ဘယ်အဆော့ပျက်မလဲ။ မင်းကြီးမျက်ကွယ်မှာ ပိုတောင် ကြိုက်သေး။ ဝန်ကြီးတွေကိုဂုတ်ခွစီးလိုက်၊ ဝန်ကတော်တွေကို                                လူရှေ့ တင်ပါးဆွဲဆိတ်လိုက်နဲ့ပေါ့။
ဒါကိုလဲ ဝန်မင်းတွေက ပျော်တပြုံးပြုံးဘဲ။
မြေးတော်လေးတွေလေ သိတယ်မဟုတ်လားးး

ဒီထဲမှာ ဝန်မင်းတပါးကတော့သိပ်မကြည်ဘူးဗျ။ 
မကြည်ဆို---သူနဲ့ သူ့ မိန်းမကြည်နူးနေကြတာကို မြေးတော်လေးတွေက ချောင်းကြည့် ပြီး တောင်ပြုံးတခွင်ပြဲပြဲစင်အောင် ဟာသလုပ်ပြောတာကိုးဗျ။ ဝန်မင်းဘဲ ရှက်တာပေါ့လို့ ။

ဒီလိုနဲ့ တောင်ပြုံး စေတီကြီးပြီးလို့ ဖွင့်ပွဲကိုရောက်လာပါလေရော။

အနော်ရထာမင်းကြီးလဲ ဖဲကြိုးတွေဖြတ် မိုးပျံပူပေါင်းတွေ လွှတ်ပြီးထုံးစံအတိုင်းစေတီတော်ဝန်းကျင် ကြည့်ရှု ပြီး လိုအပ်သည်များကိုမှာကြားလေသတဲ့။

သူလိုအပ်လို့မှာကြားတဲ့ထဲမှာ ထူးထူးခြားခြားပါတာက------
စေတီတော်နံရံမှာ အုတ်၂ချပ်လွတ်နေကြောင်း၊ တရားခံအားစောလျင်စွာဖော်ထုတ်၍ ထိရောက်သောပြစ်ဒဏ်များချမှတ်ရန်အတွက် တရားခံဖော်ထုတ်ရေးကော်မရှင်ဖွဲ့ စည်းကြောင်းပေါ့။

ဇာတ်လမ်းကအဲ့တော့မှစတာ။
သူဖွဲ့ ပေးလိုက်တဲ့ကော်မရှင်ရဲ့  ဥက္ကဌ ကစောစောကပြောတဲ့ သိပ်မကြည်တဲ့ ဝန်မင်း ဖြစ်နေပါလေရော။
ဝန်မင်းလဲ အမိန့် ရလျင်ရချင်း တရာခံရှာလိုက်တာ စက်နာရီ ၁၀မိနစ်အတွင်း တွေ့ ရောဗျာ။

ဘယ်သူရှိမလဲ ????? သူမကြည်တဲ့ ဟို၂ယောက်ပေါ့။

ဒါနဲ့ တခါထဲ မင်းတရားကြီးကို လူရှေ့သူရှေ့ တင်လျောက်တဲ့ အခါ မင်းတရားကြီးလဲ ရှက်ရှက်နဲ့ သူ့စကားအတိုင်းအရေးယူစေပေါ့။ ဒါပေမဲ့ သူ့မြေးတော်လေးတွေဖြစ်နေလို့  ရွှေဖော့ရိုးနဲ့ ရိုက်နှက်စေတဲ့။
 တတ်လဲတတ်နိုင်တဲ့သူကြီး။
ဒါတောင်မကြည့်ရက်လို့  နန်းတော်ကို အရင်ပြန်နှင့်တယ်ဆိုလားဘဲ။
    ဒါကိုအခွင့်ကောင်းယူပြီး ဝန်မင်းက မြေးတော်၂ယောက်ကို တုတ်တိုနဲ့ ဗျဉ်းလိုက်တာ အလာရှင် ရဲ့ အမိန့်တော်ခံသွားရသတဲ့။
      နောက်တော့အဲ့ ဝန်မင်းလဲ  နိုင်ငံတော်ပြန်တမ်းထုတ်ပြီး ကျမ္မာရေးအရ နှုတ်ထွက်ခွင့်ပြု လိုက်ပါတယ်။
     နောက်ပိုင်းမင်းကြီးလဲ  အိပ်မက်ပေးတယ် ဘာဖြစ်တယ် ညာဖြစ်တယ် အကြောင်းပြပြီး တောင်ပြုံးတခွင်ကို ဝက်သားမယူရ နယ်အဖြစ်သတ်မှတ်ပြီး သေသွားတဲ့ မြေး ၂ ယောက်ကို မင်းကြီးမင်းလေးဘွဲ့ ခံစေကာ အပိုင်စားပေးလေသတဲ့။ နှစ်စဉ်ဝါခေါင်လမှာလဲ  မာမီတသိုက် နဲ့  အကြည်ဆိုက်ခွင့် ပါမစ်တောင်ပါသေးသဗျ။
ကဲပြီးတာတွေလဲ ပြီးးးးးးးခဲ့ပါပြီ ( နတ်သံဖြင့် )

ဒုတိယပိုင်ုး

ကြာတော့နဲနဲ ကြာခဲ့ ပါပြီ။
ကျနော့အဖေနဲ့ ကျနော် စစ်သမိုင်းပြတိုက်ကိုသွားလေ့လာတုန်းကပေါ့----------
ခမ်းနားလှတဲ့ ပြတိုက်ကြီးထဲရောက်လို့ ကြည့်စရာတွေ ကြည့်ရင်း တနေရာရောက်တော့ စိတ်ထဲ နဲနဲ ဇဝေဇဝါ ဖြစ်သွားတယ်။
ခေတ်အဆက်ဆက်ကာကွယ်ရေးဦးစီးချုပ်များ ဓါတ်ပုံဆိုတဲ့ နေရာပေါ့။
ကိုယ်သိထားတဲ့ သမိုင်းအရဆိုရင် ဓါတ်ပုံ၂ပုံကပျောက်နေပြီ။
သမိုင်းကသမိုင်း အုတ်ကျင်းကအုတ်ကျင်းဘဲ
ဘာဆိုင်တာမှတ်လို့။
ဒါနဲ့ သက်ပြည့်ပင်စင်စား မွေးသဖခင် စစ်သားဟောင်းကြီးကို မေးလိုက်ပါတယ်။
အဖေ ကလဲ-----
အေးကွာ မိုနာလီဇာပုံနဲ့ မှားများ ခိုးသွားလား မသိဘူး တဲ့။

ကျနော်လဲ နောက်ချင်စိတ်ရှိလာတာနဲ့ အဖေကိုပြောလိုက်ပါတယ်--------
အဖေအဖေ  ခုနေ အနော်ရထာမင်းကြီးသာ တွေ့ သွားရင် ဓါတ်ပုံဖျောက်ထားတဲ့ သူကြီးကို ဘာလုပ်လဲမသိဘူးနော်  လို့။

ကျနော်အဖေကလဲ စစ်သားဆိုပေမဲ့ အင်မတန်မှ ပျော်တတ် နောက်တတ်တဲ့ သူဆိုတော့ ပြာပြာသလဲ ပြန်ဖြေရှာပါတယ်--------
အမလေးငါ့သားရယ် မပြောကောင်းမဆိုကောင်းတွေ  ။သူများတွေကြားကုန်လို့ အားလုံး ဒုက္ခရောက်ကုန်ပါအုံးမယ်။  
သားပြောသလို ဓါတ်ပုံဖျောက်သူကြီးကို အပြစ်ပေးလိုက်ရင် သူ့ အတွက် ကျောက်ဆည်နယ်ကို အပိုင်ပေးရပြီး နှစ်တိုင်း တို့ တွေ ကတော့ပွဲတွေသွားပေး နေရပါအုံးမယ်။ အေးအေးနေစမ်းပါ သားရယ်တဲ့။    
NZM  31/07/14'''''10am
အနော်ရထာသိရင် ဘာလုပ်မယ်???

ပထမပိုင်း

တောင်ပြုံး ပွဲကြီး နီးလာပြီ။
မြန်မာမှန်ရင် တောင်ပြုံးမင်း၂ပါး မင်းကြီးမင်းလေးကို မကိုးကွယ်ရင်သာ ရှိမယ် မသိသူတော့ရှားမယ်ထင်တယ်။

0 comments:

Post a Comment

ရေပြာကမ်းမှ လွမ်းတက္ကသီလာ - (အဆက်)

 
Kyine Lian's photo.
ဗိုလ်မှူးက စားရိပ်သာကိုလာစစ်ချိန်မှာ ရိပ်သာ ညစ်ပတ်သည်ဟုဆိုကာ ကျွန်တော် တို့ သင်တန်း
သားစားရိပ်သာတာဝန်ခံသောင်းထွဋ်ကြူနှင့် ထမင်းချက် တာဝန်ခံဆရာကြီး သန်းမြင့်တို့ကိုဆူပါ၏။ဗိုလ်
မှူးသည်ထိုစဉ်ကအမေရိကန်နိုင်ငံဆင်ဒီယေးဂိုးရေတပ်တက္ကသိုလ်မှ သင်တန်းဆင်းပြီးပြန်လာခါစဖြစ်၍
ကျွန်တော်တို့သင်တန်းကိုရေအောက်လက်နက် ဘာသာရပ်သင်ကြားပေးသည့်ဆရာလည်းဖြစ်ပါသည်။
အလွန်စည်းကမ်းကြီးသူဖြစ်ပြီးချက်ကိုအမျိုးအစားတိုက်ပွဲဝင်ဘိနပ်ကြီးကိုဦး၌ပြောင်လက်နေအောင်ဘိုး
Bold တင်၍စီးသူဖြစ်သည်။အရပ်မှာ(၆)ပေခန့်ရှိပြီးသူလာလျင် အဝေးကြီး ကနေချက်ကိုဘိနပ်သံတဂွပ်
ဂွပ်ကြားနေရပါသည်။ဆရာကရိပ်သာကိုလာစစ်ဆေးစဉ်အရာရှိများ စားဖို့ပြင်ဆင်ထား သည့်ထမင်းပန်း
ကန်တွေကိုလက်နှင့်တို့ကြည့်ပြီးဆီပေရာတွေ ထင်နေသဖြင့်စိတ်ဆိုးပြီး ထပ်ဆူရာဆရာကြီးသန်းမြင့်က ပန်းကန်တွေမှာဟောင်းနွမ်းနေပြီး အချို့ အက်ရာတွေ ထင်နေသဖြင့်ဆေးကြောရ ခက်ကြောင်းနှင့်တတ်
နိုင်ပါကအသစ် ထပ်ဝယ်ပေးရန်တင်ပြပါသည်။

0 comments:

Post a Comment

ရေပြာကမ်းမှ လွမ်းတက္ကသီလာ

Kyine Lian's photo.

ဆိပ်ကြီးဆိုသည်နှင့်အချို့ ကဆိပ်ကြီးခနောင်တိုနှင့်မှားတတ်ကြသည်။ကရင်ပြည်နယ်အတွင်း မှ
ကြာအင်းဆိပ်ကြီးလည်းမဟုတ်ပါ။ ကြာအင်းဆိပ်ကြီးကိုလည်းဒေသခံများကအတိုကောက်
ကြာအင်းဟု၎င်း ဆိပ်ကြီးဟု၎င်းသုံးနှုန်းတတ်ကြသည်။ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း
ကသံလွင်၊ ဂျိုင်းနှင့်အတ္ထရံမြစ်တွေနှင့်ကျွန်တော် ကာလအတန်ကြာ လက်ပွန်းတတီးနေခဲ့ရဘူး
သည်။ ထိုသို့နေရဖို့မြစ်ဖျားခံရာဒေသကတော့ သံလျင်မြို့နယ်အတွင်းကသီလ၀ါ၊ဗိုလ်ချုပ်ရွာတို့နှင့်
မလှမ်းမကမ်း၌ ရှိသည့်ဆိပ်ကြီးပင်ဖြစ်ပါ၏။ဆိပ်ကြီး၌ရေတပ်လေ့ကျင့်ရေးဌာနချုပ်(ယခု၊ရေ
တပ်လေ့ကျင့်ရေးကျောင်း)တည်ရှိသည်။ ကျွန်တော်တို့တွေပြင်ဦးလွင် ကကျောင်းဆင်းလာ
ကြပြီး ဆိပ်ကြီးရှိရေတပ်လေ့ကျင့်ရေးဌာနချုပ် မှာစီမံခန့်ခွဲရေး အရာရှိငယ်သင်တန်း Junior
Executive Officer Course ကိုတက်ကြရ၏။

0 comments:

Post a Comment

လူ့အဖွဲ့အစည်း ၊ စစ်ပွဲ ၊ တွေးတောကြံဆမှု နှင့် စစ်လက်နက်များ

ရှေးခေတ်သုံး ယမ်းထောင်းသေနတ်

လူ့အဖွဲ့အစည်း ၊ စစ်ပွဲ ၊ တွေးတောကြံဆမှု နှင့် စစ်လက်နက်များ
----------------------------------------------------------------

ကျွန်တော်တို့ လူသားတွေ ရဲ့ သန္တာန်မှာ ပျော်ရွှင်လိုစိတ် ၊ အောင်မြင်လိုစိတ် ၊ ရယူလိုစိတ် စတဲ့ လောဘတွေရှိသလို ၊ ထိခိုက်ခံရတဲ့ခါ နာကျင် မှု ၊ ခံပြင်းမှု ၊ အလိုမကျမှု စတဲ့ ဒေါသတွေရှိလည်းရှိကြတယ် ။ လူ့သမိုင်း တိုးတက်လာတာနဲ့ အ မျှ လူသားတွေ ဟာ အုပ်စုတွေ ဖွဲ့ပြီး နေထိုင်ခဲ့ကြတယ် ။ တစ်ဦးချင်း ၊ တစ်ယောက်ချင်း ၊ အုပ်စုချင်း ၊ အဖွဲ့ချင်း ကာယအား ၊ ဥာဏအားတွေ ယှဉ်ပြိုင် ၊ ရင်ဆိုင် ၊ အနိုင်ကျဲ ကြရင်းနဲ့ လူ့သမိုင်းတွေကိုတည်ဆောက်ခဲ့ကြတယ် ။ ဘေးထွက်ဆိုးကျိုး အနေနဲ့ သတ္တဝါတွေထဲမှာ အသိဥာဏ် အမြင့်မားဆုံးအဖြစ် ကြွေးကြော်ခဲ့ကြတဲ့လူသားတွေဟာ မျိုးနွှယ်တူချင်း ပြန်လည်သတ်ဖြတ်မှု တွေ ၊ ရန်ပွဲတွေ ၊ တိုက်ပွဲတွေ ၊ စစ်ပွဲ တွေ ဖြစ်ပေါ် ခဲ့ကြတယ်

0 comments:

Post a Comment

ဒုက္ခသည် ဈေးတနေ့

 

(တစ်)
အဖိုးကြီးထထ၊ ဒီနေ့ဈေးနေ့လေ .... ကျမထမင်းချက်ထားလိုက်မယ်။
ကလေးတွေကျောင်းတက်အမှီ စားသွားလို့ရအောင်၊ အမြန်လည်းပြန်ခဲ့အုံးနော်။
ဟုတ်ပ ဒီနေ့သောကြာနေ့ဆိုတော့ဈေးနေ့။ ပြီးခဲ့တဲ့ တင်္နလာနေ့နဲ့ ဗုဒ္ဓဟူးဈေးနေ့တွေမှာ ဈေးမသွားဖြစ်ခဲ့။ ဒါကြောင့် ဒီနေ့တော့ သွားကိုသွားတော့မှ … ပြောမယ့်သာပြောရတာပါ။ တခါတခါ လည်း နှစ်ပတ်သုံးပတ်အထိကို ဈေးမသွားနိုင်တဲ့အခါလည်းရှိပါတယ်။ ရှိတော့ရှိတယ်များတယ် လို့တောင် ပြောရမလိုလို၊ အိမ်ရှေ့မျက်စောင်းထိုးမှာရှိတဲ့ ကုန်စိမ်းဆိုင်လေးက ချဉ်ပေါင်ရွက် ၅ ဘတ် ဖိုးလောက်၊ ကန်စွန်းရွက် ၅ ဘတ်ဖိုးလောက်နဲ့ ပြီးသွားရတဲ့ရက်တွေကလည်း အများကြီး။

0 comments:

Post a Comment

ဒီမိုကရေစီပန်းတိုင်အတွက် လိုအပ်သော အခြေခံအုတ်မြစ်များ


ဒီမိုကရေစီပန်းတိုင်အတွက် လိုအပ်သော အခြေခံအုတ်မြစ်များ(ယခုအပါတ်ထုတ် လူထုပုံရိပ်ဂျာနယ်ပါ ကျနော် ဆောင်းပါး) ညီသုတ(ဖာပွန်)

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါ အချိန်တစ်ခု ကြာမြင့်တတ်ပါတယ်။ဒီကြာမြင့်ချိန်ဟာ မတူညီတဲ့နောက်ခံအကြောင်းအရင်းတွေပေါ်မူတည်ပြီး နိုင်ငံတစ်နိုင်ငံနဲ့ မတူတတ်ပါဘူး။အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ဟာ ခြားနားကွာဟ လွန်းတဲ့အတွက် လူတွေမှာ ဒီမိုကရက်တစ်အမူအကျင့် ဖြစ်ထွန်းလာဖို့ စောင့်ဆိုင်းရလေ့ရှိပါတယ်။နောက်တစ်ချက်က ဒီမိုကရေစီစနစ်ဟာ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှူကို အာမ မခံနိုင်ပေးတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

0 comments:

Post a Comment

BUK တာလတ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်




ဒီနေ့ ကမ္ဘာမှာ အုန်းအုန်း ထလောက်အောင်ဖြစ်နေတဲ့ မလေးရှား MH 17 ခရီးသည်တင်လေယာဉ်ကို ပစ်ချရာမှာ အဓိက လက်သည်ဖြစ်တဲ့ BUK တာလတ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ် အကြောင်းတင်ဆက်ပါမယ်။

BUK ဒုံးပျံစနစ်ကို ဆိုဗီယက်ပြည်ထောင်စု က ၁၉၇၉ ခုနှစ်မှာထုတ်လုပ်ခဲ့တာဖြစ်ပီး ခရုစ် ဒုံးပျံများပဲ့ထိန်းဗုံးများ လေယာဉ်ရဟတ်ယာဉ်များကိုကြားဖြတ်တိုက်ခိုက်ဖို့ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။

0 comments:

Post a Comment

ကွန်မန်ဒို ညတိုက်ပွဲ ….




photo credit to  Ko Ye Kyaw Thura
ကွန်မန်ဒိုတိုက်စစ်ကို ကျွဲနားတောက်မှာ သွားတိုက်ရသည်။ တပ်ခွဲတိုက်စစ်ဖြစ်သည်။ ကျောင်းကနေ နံနက်အစောကြီး သေနတ်ထုတ်၍ အမှိုက်ကျင်းရွာမှ မန္တလေး-လားရှိုး ရထားလမ်းကို ဖြတ်ဆင်းပြီး ငါးရံ့ချောင်းမှတဆင့် ဆင်လမ်းရွာကို ချီတက်ရသည်။ ဆင်လမ်းမှာ ခေတ္တအခြေပြုပြီး ကွန်မန်ဒိုတိုက်စစ်မှာ အသုံးပြုမည့် ဆက်စပ် စစ်ဗျူဟာသင်ခန်းစာများကို တပ်ခွဲမှူး ဗိုလ်မှူးစိုးမောင်၊ တပ်စုမှူးများဖြစ်သည့် ဗိုလ်ကြီးထွန်းထွန်း နှင့် ဗိုလ်ကြီးအေးကြူတို့က ပြန်လည်ဆွေးနွေးပေးကြသည်။ ပြီးတော့မှ တပ်ခွဲကို စုဖွဲ့သည်။ တပ်ခွဲမှူးက ဌေးနိုင် (နောင် ချယ်မန်ဒိုတပ်ခွဲမှူးဟု နာမည်ရသူ) ဖြစ်သည်။

0 comments:

Post a Comment

ဆံရစ်ဝိုင်းတို့ရွာ ၎


Photo
......

ဟိုး..မြို့ပြနဲဝေးနေတဲ ဆံရစ်ဝိုင်းတို့ရွာ

ခေတ်မမှီပေမယ့် ယဉ်ကျေး မှု့အစစ်ရှိနေတဲ

ရွာလေးတစ်ရွာပါ

ဆံရစ်ဝိုင်းတို့ရွာလေးမှာ အလှတရားတွေစုဝေးလို့နေဆဲပါ

မြို့ပြတွေလို အကျီ်လည်ဟိုက်ဝတ်လို့လှတာမဟုပ်ပါဘူး

0 comments:

Post a Comment

အာဇာနည်နေ့ အတွေး

July 18, 2011 at 1:35pm

(Photo - ကိုခိုင်) 
 (တပ်မတော် အရာရှိငယ်တဦး ရေးခဲ့ဖူးတဲ့ အာဇာနည်နေ့ အမှတ်တရ စာစုလေးပါ)
(Photo - ကိုခိုင်)

ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တာ ၆၄ နှစ်ရှိခဲ့ပြီ။ ခုချိန်ထိ ကျွန်တော်တို့ နိုင်ငံဟာ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ အနေအထားနဲ့ အလှမ်းကွာဆဲပဲ။ တပ်မတော်ဟာလည်း ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ တပ်မတော်မျိုး ဖြစ်ဖို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အများကြီး ရှိနေဆဲပါ။ ဒီ(၆၄)နှစ် အတွင်းမှာ ဗိုလ်ချုပ်မျှော်မှန်းခဲ့တာတွေကို ကျွန်တော်တို့ဘာတွေများ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ခဲ့သလည်းဆိုတာ ပြန်သုံးသပ်မိတယ်။

0 comments:

Post a Comment

ခင်ဗျားနဲ့ ကျွန်တော်ကြားက ၁၉ ဇူလိုင်

 Photo: " ခင်ဗျားနဲ့ ကျွန်တော်ကြားက ၁၉ ဇူလိုင် "

. . . ၁၉ ဇူလိုင်ရောက်တိုင်း စကားသံတွေ ၊ စာသံတွေနဲ့ ကျွန်တော်တို့ရဲ့ နှလုံးသွေးတွေပွက်အံ ဆူညံလာစမြဲပဲ မဟုတ်လား။

. . . ကျွန်တော်တို့သမိုင်းတလျှောက်ရဲ့ တကယ့်အခိုက်အတန့်ကြီးထဲက ကျွန်တော်တို့သမိုင်းတလျှောက်ရဲ့ တကယ့်သူရဲကောင်းတွေ . . ။ ကျွန်တော်တို့ လွမ်းမောကြရ ၊ တသကြရ။ သတိရအောက်မေ့ပြီး ချီးကျူးထောပနာပြုကြ ၊ ကျေးဇူးကို အောက်မေ့ဆင်ခြင်ကြ။

. . . လွတ်ထွက်နေတဲ့ မြင်ပေါက်ကလေးတစ်ခုကနေ အာဇာနည်နေ့ကို ချောင်းကြည့်လိုက်ပါတယ်။ 

. . . သေသွားခဲ့တာက ကျွန်တော်တို့လူမျိုး ၊ အာဇာနည်လို့ သတ်မှတ်ရတဲ့ ကျွန်တော်တို့ရဲ့သူရဲကောင်းများ။ အစားထိုးလို့ မရခဲ့တာ ယနေ့တိုင်။ ကြီးမားလှတဲ့ ဆုံးရှုံးမှုကြီးတစ်ခုဆိုတာ လက်ခံကြရမြဲ။

. . . သတ်တဲ့လူက ကျွန်တော်တို့လူမျိုး ၊ လူတော်တွေထဲက တစ်ယောက်။ သတ်တဲ့နေရာက ကျွန်တော်တို့နိုင်ငံတွင်းမှာ ၊ ရန်ကုန်မြို့တော်ရဲ့မြို့လယ်ကောင်။ သတ်တဲ့အချိန်က အပေါ်ယံပြောရရင် ကျွန်တော်တို့တိုင်းပြည်အတွက် အလုပ်လုပ် (အစည်းအဝေးထိုင်) နေတဲ့ အချိန်။ ခပ်နက်နက်ပြောရရင် တမျိုးသားလုံးရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရလုရခင်။ ရပြီးနောက်မှာ ဆက်တိုက်တည်ထောင်ရမယ့် ကျွန်တော်တို့ရဲ့အသစ်ကျပ်ချွတ်နိုင်ငံတော်အတွက် တမျိုးသားလုံးလက်တွဲစည်းလုံး ပြင်ဆင်ကြရမယ့် အချိန်မျိုး။ ပြင်သူတွေ ပြင်နေကြချိန်။ 

. . . သတ်တဲ့ အကြောင်းက . . . ခင်ဗျားလည်း စဉ်းစားကြည့်ပါဦး ၊ ကျွန်တော်လည်း ပြန်ပြောင်း စဉ်းစားပါ့မယ်။ ကောင်းပါပြီ ၊ အခြားသူများကိုလည်း စဉ်းစားခိုင်းလိုက်ကြပါဦးစို့လား။ ဒီအချက်ဟာ ဒီဖြစ်စဉ်ကြီး တစ်ခုလုံးရဲ့အနှစ်သာရ ဖြစ်ခဲ့တဲ့အပြင် ၊ ဒီအချက်ကပဲ ဒီနေ့ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့နိုင်ငံကို ဒီလိုအဖြစ်မျိုးဆီတွန်းပို့ပေးခဲ့တဲ့ အဓိကလက်သည် ဖြစ်ခဲ့တယ်မဟုတ်ဘူးလား။ 

. . . ဟုတ်ပါတယ် . . ခင်ဗျားတွေ့သလို ကျွန်တော်လည်းတွေ့ပါတယ်။ အခြားသူများလည်း စဉ်းစားပြီးရင် တွေ့ကြပါလိမ့်မယ်။ . . ကြောက်စရာကောင်းတဲ့ စိတ်ထား ၊ စက်ဆုပ်ဖို့ကောင်းတဲ့ စိတ်ထား ၊ ရွံဖို့ကောင်းတဲ့ စိတ်ကူး နဲ့ လူမဆန်တဲ့ အတွေးအကြံ။ " ငါတို့လူမျိုးအတွက် " ဆိုတဲ့ ဘုံအတွေးတစ်ခုကိုတောင် မွမွချေပစ်လိုက်နိုင်ခဲ့တဲ့ မစ္ဆေရိယ ၊ အတ္တ နဲ့ လောဘ ပေါင်းစွက်ထားတဲ့ ၊ လူတစ်ယောက်အတွက် ကိုယ့်ကိုကိုယ် သတ်သေပစ်နိုင်လောက်အောင် ရှက်ဖို့ကောင်းတဲ့ စိတ်ထား ကို ကျွန်တော်တို့ တစ်ချက်လောက် ချောင်းကြည့်ဖြစ်တာပါပဲ။ 

. . . အဲဒီစိတ်ကူးကို စိတ်ပါလက်ပါစိတ်ကူးခဲ့တဲ့သူဟာ ခင်ဗျားတို့ ကျွန်တော်တို့ လူမျိုးကြီးပါပဲ။ အဲဒီစိတ်ကူးကို ပီပီပြင်ပြင် အကောင်အထည်ဖော်ခဲ့တဲ့သူကလည်း ခင်ဗျားတို့ ကျွန်တော်တို့ လူမျိုးကြီးပါပဲ။ ၀င်ရောက်ကပြသွားတဲ့ ဇာတ်သားများကလည်း ကျွန်တော်တို့လူမျိုးများပါပဲ။ သေသွားသူတွေထဲမယ် ကျွန်တော်တို့လူမျိုးများရဲ့အပြင်က ပါဝင်သေးသော်လည်း သတ်ခဲ့သူတွေကတော့ ကျွန်တော်တို့လူမျိုးများပါပဲ။ တနည်းအားဖြင့် ကျုပ်တို့ ပေါ့ဗျာ။

. . . ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကို ကျွန်တော်တို့ ပြန်သတ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ကျွန်တော်တို့ဘာသာ မြေမြှုပ်ခဲ့ကြ။ ကျွန်တော်တို့ရဲ့သမိုင်းကို ကျွန်တော်တို့ဘာသာ ပြဋ္ဌာန်းခဲ့ကြ။ ကျွန်တော်တို့ရဲ့စရိုက်ကပဲ ကျွန်တော်တို့နဲ့ကိုက်တဲ့ အိမ်အသစ်ကို ပုံဖော်ပေးခဲ့ပြီ။ 

. . . ကျွန်တော်တို့လူမျိုးတစ်ခုလုံးရဲ့ နှစ်ခေတ် သုံးခေတ်စာ သူရဲကောင်းတစ်ယောက်က အသက် ၃၀ မှာ သေသွားခဲ့တယ်။ ရှက်ဖို့ကောင်းတဲ့ ကျွန်တော်တို့လူမျိုးကြီးကလည်း သူလိုချင်တာမျိုးမရဘဲ သေတာပါပဲ။ ပါဝင်ခဲ့တဲ့ ဇာတ်သားတွေလည်း သေ။ တစ်ခေတ်တစ်ယောက်စာ ခေါင်းဆောင်တွေလည်း သေခဲ့ကြပေါ့။ . . . ဒီဖြစ်စဉ်ရဲ့ ရလာဒ်ကတော့ အခုစာဖတ်နေတဲ့ ခင်ဗျား နဲ့ အခုစာကိုရေးတဲ့ ကျွန်တော် တို့ရဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကြီး တစ်ခုလုံး ၊ နဲ့ ဒီနေ့ ကျုပ်တို့ရဲ့ တိုင်းနိုင်ငံကြီးပါပဲ။

. . . ၁၉ ဇူလိုင် ရောက်တိုင်း . . တချိန်က တကယ်ရှိခဲ့တဲ့ ကြောက်စရာ ၊ ရှက်စရာ စိတ်ထားမျိုးအကြောင်း ပြန်တွေးကြည့်ရင်းနဲ့  'ဒီနေ့' ကို တတ်နိုင်သလောက် ပုံဖော်ကြည့်ကြဖို့ပါ။ 

. . . အနည်းဆုံးတော့ ခင်ဗျားနဲ့ ကျွန်တော်ကြားမှာ ဒီလိုစိတ်ထားမျိုးကို ဒီနေ့ကစပြီး သင်းသတ် ပစ်နိုင်ကောင်းပါရဲ့ဗျာ။ 

မေတ္တာ များစွာဖြင့် . . 
(ယက္ခ) ရဲကြီး ။
၅ ၊ နိုဝင်ဘာ ၊ ၂၀၁၃ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/
" ခင်ဗျားနဲ့ ကျွန်တော်ကြားက ၁၉ ဇူလိုင် "

. . . ၁၉ ဇူလိုင်ရောက်တိုင်း စကားသံတွေ ၊ စာသံတွေနဲ့ ကျွန်တော်တို့ရဲ့ နှလုံးသွေးတွေပွက်အံ ဆူညံလာစမြဲပဲ မဟုတ်လား။

. . . ကျွန်တော်တို့သမိုင်းတလျှောက်ရဲ့ တကယ့်အခိုက်အတန့်ကြီးထဲက ကျွန်တော်တို့သမိုင်းတလျှောက်ရဲ့ တကယ့်သူရဲကောင်းတွေ . . ။ ကျွန်တော်တို့ လွမ်းမောကြရ ၊ တသကြရ။ သတိရအောက်မေ့ပြီး ချီးကျူးထောပနာပြုကြ ၊ ကျေးဇူးကို အောက်မေ့ဆင်ခြင်ကြ။

0 comments:

Post a Comment

သပွတ်အူ၊ ပဋိပက္ခတို.၏ နိဂုံးကမ္မ

July 18, 2014 at 11:43am

အငြင်းပွါးမှု.တွေ၊ ပဋိပက္ခတွေ ဆိုးဆိုးရွားရွား ယုတ်မာကြမ်းတမ်းမှု.တွေ ဆိုတာ ဒီဘက်ခေတ်မှာ ပိုများလာ သလိုမျိုးပဲ။ သို့သော်လည်း ကျွန်တော်တို့ရဲ. ဘိုးဘွားဘီဘင်တွေ လက်ထက်ကတည်းက ဖြစ်ပျက်နေခဲ့ဖူးတယ်။ လူတွေရဲ. ညစ်ညမ်း စုတ်ပဲ့တဲ့ အောက်တန်းစား စရိုက်တွေ ကမ္ဘာတည်သရွေ. အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူး။

0 comments:

Post a Comment

အို-၇ တိုက်ပွဲမှ သူရဲကောင်းများ

ကျွန်တော်   ဒီကပြန်ရင် ရွာကိုခွင့်ပြန်မယ် ကျွန်တော့်အမေက မမာဘူးဗိုလ်ကြီးရဲ့ ညီမလေးကလည်း ကျောင်းပညာတပိုင်းတစနဲ့ အိမ်ပြန်ပီးကျွန်တော်စုထားတဲ့ လစာလေးနဲ့ အမေနဲ့ညီမလေးကိုထောက်ပံ့ခြင်တယ်

 

အချိန်ကား ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ အတွင်း နေရာကား ရှမ်းပြည်နယ် အရှေ့ပိုင်း ယိုးဒယားနယ်စပ် အို-၇ မြန်မာ့တပ်မတော်၏ မဆုတ်တမ်းခံစစ်ကုန်း ခမရ(  ) တပ်ခွဲ (၁) တပ်စု(၂) မှ ရဲဘော်လေး ဇေယျမောင်မှ တပ်စုမှုးဖြစ်သူ ဗိုလ် ဝေလင်းအား မှတ်မှတ်ရရပြောကြားမိသော စကားစုလေးပင်

 ဇေယျမောင်တို့တပ်စု အို-ရ ကုန်းတွင်မဆုတ်တမ်းခံစစ်ယူ ခဲ့ တာ ၁နှစ်တိုင်ခဲ့ပီ စစ်သည် ၃၀ခန့်တွင် ဗိုလ်ဝေလင်း အပါအ၀င် လူပျို အရာရှိစစ်သည် ကား ၇ဦးသာရှိပီး ကျန်စစ်သည်များကား အိမ်ထောင်သည်များဖြစ်ကြသည်။

တပ်ရင်းအခြေစိုက်ရာဒေသကား မအေးချမ်းသော ဒေသဖြစ်သဖြင့် နောက်ပိုင်း မှမိသားစုများအတွက် နောက်ကြောင်းမအေး ကြရှာ။

 

အိမ်ထောင်သည်များက ထိုသို့နောက်ကြောင်း မအေးကြသလို လူပျိုများကလည်း တွယ်မိတွယ်ရာသံယောဇဉ်များအတွက် နောက်တန်းသို့ပြန်ဝင်ချင်ကြပီ

 

ဖေဖော်ဝါရီ လကုန်ပိုင်းတွင် နောက်တန်းပြန်ဝင်ရမည် ဆိုသောသတင်းများ သဲ့သဲ့ ကြားလာရ ပီ ရဲဘော်တွေကလည်း ကိုယ့်အတွေးတွေ ကိုယ့်မျှော်လင့်ချက်လေးတွေ ကိုယ်စီနဲ့ ပျော်နေကြပီပေါ့

 

ဒီအချိန်မှာ ရဲဘော်လေး ကသူ့ တပ်စုမှုးကို သူနောက်တန်းပြန်ရင် အမေနဲ့ ညီမလေးဆီ ပြန်ချင်တဲ့ အကြောင်းအထက်ပါအတိုင်း သတင်းပို့ လာရှာပါသည်

 

ဗိုလ်ဝေလင်းကိုယ်တိုင်ကလည်း အမေတစ်ခု သားတစ်ခုမို့ ကိုယ်ချင်းစာ နားလည်စွာနဲ့ ပဲ နောက်တန်း ပြန်ဝင်လျင်ခွင့် ရ အောင်ဆောင်ရွက် ပေးမည်ဟု ကတိပြု လိုက်ပါသည်။

 

ရဲဘော်လေးလည်း မျှော်လင့် ချက်အပြည့်နဲ့ ပျော်ရွှင်စွာနဲ့ပဲ တပ်စုမှုးအနားက အလေးပြုကာဖယ်ခွာသွားပါတော့သည်။

 

တပ်စုမှုးလည်းကိုယ့်ရဲဘော်များနောက်တန်းပြန်ရောက်ရင် ဘယ်လောက်များ ၀မ်းသာကြမှာပါလိမ့် ဆိုသောအတွေကို တွေးမိရင်းသူတို့အတွက်ရောကိုယ့်အတွက်ပါ ကြည်နူး ရပြန်သည် ကိုယ်ကိုယ်တိုင်လည်း နောက်တန်းပြန်ရင် ချစ်ရသူနဲ့ လက်ထပ်ပွဲဆင်နွှဲရမည်မဟုတ်ပါလား

 

ထိုနေ့ကား ၂၀၀၁ခုနှစ်ဖေဖော်ဝါရီ ၂၄ ရက်....................................

 

ထိုနေ့ ည ၁၂၀၀နာရီတွင် တပ်စူမှုး ရုတ်တရက်လန့်နိုးလာသည် စိတ်ထဲ မသန့်ဖြစ်လာသဖြင့် ချပ်ဝတ်တန်ဆာဝတ် သေနတ်ဆွဲပီး ကင်းများကိုစစ်ဆေးရန်ထွက်လာခဲ့သည် ၁၂၀၀နာရီမှ ၀၂၀၀နာရီကင်းက တပ်သားဇေယျမောင် စစ်သည်မှာအတွေ့အကြုံနည်းသေးသည် ကျောင်းဆင်းသည်မှာ မကြာသေး ထို့ကြောင့် တပ်စုမှုးမှစိတ်မချစွာ မှာကြားရင်း ကင်းတဲမှအထွက် တဖက်ကမ်း တိုင်း တပါးတပ်စခန်းဆီမှ မီးမောင်း များ ၀င်းခနဲလင်းလာပီး ၇၅ မမနောက်ပွင့် ကျဉ်များ အဆက်မပြတ် ကျလာပါတော့သည်။

 

ရုတ်တရက်အငိုက်မိသွားသော တပ်မတော်ခံစစ်စခန်းသည် တပ်စုမှုး၏ စစ်မိန့် သံနှင့်အတူ ရုတ်ခြည်း တိုငက်ပွဲဝင်အသင့်အနေအထားသို့ရောက်ရှိလာခဲ့ပါသည်----------------------------------------

 

လက်နက်ကြီး ကျည်များကြားထဲမှပင် ခံစစ်စခန်းသည် အသက်ဝင်လာခဲ့ပီ-----------------------------

စစ်သည်များ ခံစစ်ကျင်းအတွင်း အသင့်နေရာယူပီးပီ------------------------------

 

တပ်စုမှုး ဆက်သွယ်ရေးစက်ဖြင့် ဆက်သွယ်သော်လည်း ရန်သူ့ကျည်ကြောင့် XDD 6 M1 ဆက်သွယ်ရေးစက်မှာပျက်စီးခဲ့ရပီ

မိမိတို့တပ်စု ပြင်ပ နှင့် အဆက်အသွယ် ပြတ်ခဲ့ရပီကို တပ်စုမှုး သုံးသပ်မိ ပီ ကိုယ့်အားကိုယ်သာကိုးမှရမည် စစ်သည်များစိတ်ဓာတ်မကျစေရ NEVER SURRENDER ကျောင်းတော်ကြီးရဲ့ ဆောင်ပုဒ် ကိုနှလုံးသွင်းလိုက်သည်။

 

ရန်သူ့လက်နက်ကြီးများက ၁၂၀၀ နာရီမှ ၀၄၀၀နာရီ ထိ ဆက်မပြတ် မိမိအားကြိုတင်ချေမှုန်းလျက်ရှိသည် မိမိ စစ်သည် ၄ဦး ကျဆုံးခဲ့ပီ ၆ဦး ဒဏ်ရာရနေပီ မိမိလက်နက်များကရန်သူကိုလက်မှမ်းမမီ တပ်စု အဆင့် လက်နက်များသာရှိသည် ရန်သူက နည်းဗျူဟာ အဆင့် လက်နက်ကြီးများဖြင့်အဆက်မပြတ်ချေမှုန်းနေသည်

 

အာရုံတက်တော့မည် ရန်သူ့လက်နက်ကြီးသံ ဆဲ  သွားပီ ရန်သူ DAWN ATTACK လုပ်တော့မည် နံနက်ခင်း အလင်းရေင်နှင့်အတူ ကြည့်မိတော့ ရန်သူ၏့် အဆမတန်အင်အားကိုတွေ့ မိသည် အချို့ စစ်သည်များမျက်နှာတွင် အားငယ်သောအရိပ်အရောင်များ ကိုတပ်စုမှုး တွေ့ နေရပီ အလားအလာမကောင်း ၇န်သူတို့ ၏ M-60 တင့် ၄စီး နှင့် COMMANDO သံချပ်ကာယာဉ်များက  အတွေ့ အကြုံနုနယ်သူစစ်သည်များအတွက်ချောက်ချားစရာ

 

တပ်စုမှုးကိုယ်တိုင်လည်း ရန်သူ့ သံချပ်ကာများကို တွေ့ရသဖြင့် ရုတ်တရက်တုန်လှုပ်မိသည် သို့သော် တွေဝေနေချိန်မရ စစ်သည်များ၏ စိတ်ဓာတ်ကို မြင့်တင်ရမည်စိတ်ဓာတ်သာ အားကိုးစရာရှိသည် ၆၀မမ စိန်ပြောင်း နဲ့ အမ်အေ-၁၀ တင့်ဖျက်ကို ကိုယ်တိုင်ကွပ်ကဲမှုယူကာ ၇န်သူ့ တင့်များကိုပစ်ခတ်စေသည် တပ်စုလက်နက်များကို စုပြုံပစ်ခတ်စေသည် ကိုယ်တိုင် တင့် ဖျက်ကို ပစ်ခတ်ရင်း ၇န်သူ့တင့် (၂)စီးကိုဖျက်ဆီးရင်း တပ်စုမှုး  ကျညိသင့် ကျဆုံးခဲ့သည် ရန်သူ့တင့်(၂)စီးနှင့် သံချပ်ကာ(၁)စီးဖျက်ဆီးနိုင်ခဲ့သည်

 

ပြင်းထန်စွာဖြစ်ပွားနေသောတိုက်ပွဲသည် ၂၅ ရက်နေ့ ၁၀၀၀နာရီတိုင်ခဲ့ပီ ရန်သူသည် (၂)ကြိမ်တက်လာပီး ကတည်းကဆက်မတက်ရဲ လက်နက်ကြီးများဖြင့်သာ အဆက်မပြတ်ပစ်ခတ်နေသည်

 

တပ်စုမှုးလည်းကျဆုံးခဲ့ပီ ကျည်လည်းကုန်လုပီ ထမင်းဆိုတာမစဉ်းစားနိုင်သေး ရန်သူသည် မိမိအားအဲပီးတိုင်ချေမှုန်းတော့မည် ရဲဘော်များစိတ်ဓာတ် ပြီုကွဲတော့မည် ရန်သူများနောက်ဆုံးအကြိမ်အ ပီးသတ် ချေမှုန်းရေးလုပ်တော့မည်

 

သို့သော်------------------------

 

တောင်အရပ်ဆီမှ ငှက်မည်း(၄)ကောင်အလား G-4 တိုက်လေယာဉ် (၄)စီးဆင်းသက်လာပီး ရန်သူ့ တင့်နှင့် ခြေလျင်ဆီသို့ တဟုန်ထိုး--------------------------------------------

 

စစ်သည်များစစ်ကြွေးသံနှင့် အတူ လင်းယုန်ငှက်များ၏ အောင်ပွဲသည်စစ်မြေပြင်ကိုလွှမ်းခြုံခဲ့ပီ------------------

 

တပ်စုမှုး၏ အင်ကျီဘယ်ဘက် အိတ်ကပ်မှ ချစ်သူ၏သွေးစွန်းနေသောဓာတ်ပုံနှင့် တပ်သားသစ်လေးဇေယျမောင်၏ လက်တွင်စည်းထားသော မိခင်အထက်ဆင်လေး သည် ခက်ထန်သောစစ်မြေတွင် အမှတ်တရမျာုးအဖြစ်သာကျန်ခဲ့လေပီ--------------

 

၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမြန်မာ့တပ်မတော်နှင့် ယိုးဒယားတပ်မတော်တို့ကြားဖြစ်ပွားခဲ့သော အို-၇တောင်ကုန်းတိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ အရာရှိ(၁)ဦးအပါအ၀င် စစ်သည် (၁၅)ဦးကျဆုံးခဲ့ပီး ကျူးကျော်သူ ယိုဒယား တပ်မတော်မှ တင့်(၂)စီး သံချပ်ကာ (၁)စီးပျက်စီးခဲ့ပီး ဗိုလ်ကြီး အဆင့် ရှိသူ(၁)ဦး အပါအ၀င် (၆၀)ခန့် ကျဆုံးခဲ့သည်။

 

 မေ့ပျောက်ခံ အို-၇ သူရဲကောင်း အမိမြေကို ကာကွယ်ရင်းကျဆုံးခဲ့သော အာဇာနည်များအားဂုဏ်ပြုလျက်-------

ကြယ်နီ
"ကျွန်တော် ဒီကပြန်ရင် ရွာကိုခွင့်ပြန်မယ် ကျွန်တော့်အမေက မမာဘူးဗိုလ်ကြီးရဲ့ ညီမလေးကလည်း ကျောင်းပညာတပိုင်းတစနဲ့ အိမ်ပြန်ပီးကျွန်တော်စုထားတဲ့ လစာလေးနဲ့ အမေနဲ့ညီမလေးကိုထောက်ပံ့ခြင်တယ်"

အချိန်ကား ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ အတွင်း နေရာကား ရှမ်းပြည်နယ် အရှေ့ပိုင်း ယိုးဒယားနယ်စပ် အို-၇ မြန်မာ့တပ်မတော်၏ မဆုတ်တမ်းခံစစ်ကုန်း ခမရ( ) တပ်ခွဲ (၁) တပ်စု(၂) မှ ရဲဘော်လေး ဇေယျမောင်မှ တပ်စုမှုးဖြစ်သူ ဗိုလ် ဝေလင်းအား မှတ်မှတ်ရရပြောကြားမိသော စကားစုလေးပင်။

0 comments:

Post a Comment

တပ်မတော်အရာရှိငယ်တွေရဲ့ အင်တာနက် အကောင့်တွေ .....ဘာလဲ...ဘယ်လဲ



တပ်မတော်အရာရှိငယ်တွေရဲ့ အင်တာနက် အကောင့်တွေ .....ဘာလဲ...ဘယ်လဲ????
===========================

တနေ့ က Eleven ဂျာနယ်မှာ ရေးထားတာလေးပါ....

အစိုးရရဲ့  မူဝါဒတွေကို ဖော်ပြ ဝါဒဖြန့် ပြနေတာ စစ်တပ်က စနစ်တကျ လေ့ကျင့်ထားတဲ့ အရာရှိငယ်တွေရဲ့ အကောင့်အတုတွေပါ ဆိုတဲ့ ရေးသားချက်လေးတွေဖတ်မိလိုက်လို့ ပါ....

0 comments:

Post a Comment

“ ပန်းလှေတဲ့ ”


“ ပန်းလှေတဲ့ ”
လူဆိုတာက အသိုင်းနဲ့အ၀ိုင်းနဲ့နေကြတာဆိုတော့ခံယူချက်အမူအကျင့်တစ်ခုကို ခံယူကျင့်သုံးရင် တနွယ်ငင်တစဉ်ပါ ဆိုသလို ဖြစ်လေ့ရှိတာကို တွေးမိလို့ပါ …..

0 comments:

Post a Comment

" ရုပ်တစ်ရာ စိတ်သုည "

" ရုပ်တစ်ရာ စိတ်သုည "
………………

(၁)
 " ဒီမှာသာ ထားခဲ့ပါဗျာ ရပါတယ်၊ မပျောက်ပါဘူး "
 ကျွန်တော်က မယုံရဲသလိုနှင့် ဖိနပ်ကို မချွတ်သေး။
 " ချွတ်ခဲ့ အာမခံတယ် မပျောက်ဘူး။ ကျွန်တော်တို့ ပုဂံမှာ သူခိုးမရှိဘူး စိတ်ချ "
 ထိုစကားကြားတော့ စိတ်ထဲကျေနပ်မိသည်။  ယုံကြည်စွာဖြင့် ဆိုင်ကယ်ဘေးနားတွင် ဖိနပ်ကို ချွတ်ခဲ့ပြီး ဓမ္မံရံဘုရားကြီးအတွင်းသို့ ကျွန်တော်တို့ လှမ်းဝင်ခဲ့လိုက်သည်။

 ထိုမှတစ်ဆင့် အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရား၊ ဗူးဘုရားစသည့် ပုဂံရှိ ဘုရားစေတီပုထိုး စုံနေအောင် လည်ပတ်ဖူးမြော်ခဲ့ကြသည်။  ရောက်ရှိသည့် နေရာတိုင်းတွင်လည်း ဖိနပ်၊ ဆိုင်ကယ်၊ ပစ္စည်းတို့အတွက် စိတ်က ခိုးလိုးခုလုမဖြစ်တော့။  ယုံကြည်စွာဖြင့် ထားခဲ့၊ အပ်နှံခဲ့နိုင်ခဲ့တော့သည်။

 " ကျွန်တော်တို့ ပုဂံမှာ သူခိုးမရှိဘူး "
 စကားသံက ကျွန်တော့် နားထဲ၌ ပဲ့တင်ရိုက်ခိုက်လို့နေသည်။  သြော် ရှေးနှစ်ပေါင်းများစွာက တည်ထားတော်မူခဲ့သော ဘုရားစေတီ၊ အဆောက်အဦတို့သည်  ခမ်းနားကြီးကျယ်လွန်းလှသော ရုပ်အပေါင်း လက္ခဏာပြီးပြည့်စုံရုံမျှမက ပုဂံသူ၊ ပုဂံသားတို့၏ စိတ်ထားတို့သည်လည်း အပေါင်းလက္ခဏာ ပြည့်ဝလှ ပါတကား။
 ဆိုရလျှင်မူ  ရုပ် ၁၀၀၊ စိတ် ၁၀၀ ပေပေါ့။

(၂)
 " ဆရာမ စားပါဦးလား၊ ငါ့ဟင်းကောင်းတယ်။  ငါးကချင်ချက် ချက်လာတာ "
 " စားပါကွဲ့ စားပါ "
 " ဆရာမ နင် ညနေ ငါ့အိမ်ကို လိုက်လည်ပါလား၊ ခေါပုတ် ကြော်ကျွေးမယ် "
 " မလိုက်တော့ပါဘူး ကလေးရယ်၊ ဆရာမက အလုပ်တွေရှိသေးတယ် "
 " အေး အေး ပြီးရော "
 သူငယ်ချင်းဖြစ်သူ ဆရာမတစ်ဦးက သူ့ကျောင်းက ကလေးတွေအကြောင်းပြောပြနေခြင်းဖြစ်သည်။  ကျွန်တော်မြစ်ကြီးနားမြို့မှာ တာဝန်ကျနေစဉ် သူနှင့် တွေ့ဆုံရခြင်းဖြစ်သည်။  သူက ၀ိုင်းမော်ဘက်တွင် တာဝန်ကျနေခြင်းဖြစ်သည်။

 ကချင်၊ လီဆူး၊ လ၀မ် စသည့် တိုင်းရင်းသားကလေးတွေက " နင် " နှင့် "ငါ " ပြောတတ်ကြောင်း၊ နား ထောင်လျှင် ရိုင်းသည်ထင်ရပေမဲ့ စိတ်ရင်းက ရိုးသားလှကြောင်း၊ တချို့သော ဘ၀လေးတွေက သနားစရာ ကောင်းလှကြောင်း ပြောပြသည်။

 ပညာက သေစာ၊ ရှင်စာ တတ်လျှင်ရပြီဆိုပြီး တချို့သော မိဘတို့က သူတို့ကလေးတွေကို ကျောင်းထုတ်ပြီး တာယာအလုပ် လုပ်ခိုင်းကြောင်း၊ တချို့ကတော့ ကျောင်းထားပေးနေရသော်လည်း ကလေး အတွက် ပြည့်စုံအောင် လုပ်မပေးနိုင်ကြကြောင်း၊ အ၀တ်အစားက နုံချာချာဝတ်ပြီး ဖိနပ်ပင်မပါသော ကလေးတွေ အများကြီးရှိကြောင်း ပြောပြသည်။

 သို့သော် အချင်းချင်းရိုင်းပင်းကူညီတတ်ကြောင်း၊ ဆရာ၊ ဆရာမတွေအပေါ် သံယောဇဉ်ကြီးမား လှကြောင်း၊ စိတ်ထားလေးတွေက ဖြူစင်လှကြောင်း သူငယ်ချင်းက ပြောပြသည်။  
 မြစ်ကြီးနားမြို့ အနီးဝန်းကျင်ရှိ ကျေးရွာတစ်ချို့ကို ကျွန်တော်လည်ပတ်၍ စူးစမ်းကြည့်သောအခါ သူငယ်ချင်းဖြစ်သူ၏ စကားများ မှန်ကန်လှကြောင်း ကိုယ်တိုင်သိခဲ့ရသည်။  မြစ်ကြီးနားသာမက ရောက်ရှိခဲ့ဖူး သော ကလော၊ သံတောင်၊ ပြင်ဦးလွင် စသည့်ဒေသတို့ရှိ တိုင်းရင်းသားတို့၏ ပြောဆိုမှုမှာ လူ့ယဉ်ကျေးဟုခေါ် သောအသိုက်အ၀န်းအတွက် နားရိုင်းစရာဖြစ်လင့်ကစား စိတ်ထားတို့ကမူ ယဉ်ကျေးနုနယ်ပါပေသည်။

 ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြည့်စုံမှုမရှိလှ၍ အနှုတ်အသွင်ဆောင်သော်လည်း စိတ်ထားမှာမူ အပေါင်းလက္ခဏာ အပြည့်ပင်ဖြစ်ပေသည်။  ထို့ကြောင့်လည်း ရုပ် ၁၀၊ စိတ် ၁၀၀ ပင်ဖြစ်ပေသည်။

(၃)
 " ပျစ် "
 မှတ်တိုင်တွင် ကားရပ်စောင့်နေသော ကျွန်တော့်အပေါ်သို့ ကွမ်းတံတွေး အချို့လာစင်သည်။  ဖြတ်သွား သောလိုင်းကားပေါ်မှ ထွေးလိုက်သော ကွမ်းတံတွေးပင်ဖြစ်သည်။  

 ပလက်ဖောင်းပေါ်နှင့် လမ်းမထက်သို့ ကြည့်လိုက်သည့်အခါ အရုပ်ဆိုးလွန်းလှသော ကွမ်းတံတွေး အကွက်၊ အကွက်တို့ကို တွေ့မြင်ရသည်။  ကွမ်းတံတွေးတွေက ဒီလို လမ်းမထက်တွင်သာ မဟုတ်၊ အများသူငါ အပန်းဖြေနားနေရာ ပန်းခြံရှိ လမ်း၊ မြက်ခင်းပြင်ပေါ်တွေ၊  လမ်းဘေးရှိ အုပ်နံရံတွေ၊ စီးဆင်းနေသော ရေမြောင်း ပေါ်တွေ၊ အိမ်ခြံဝန်းအတွင်းတွေပါ နေရာအနှံ့ မြင်တွေ့ရသည်။  စည်းမရှိလိုက်သည့် ပါးစပ်တွေလို့သာ ကျွန်တော်ရေရွတ်မိပါသည်။

 သွားလိုသည့်ခရီးကို ပို့ဆောင်မည့် လိုင်းကားရောက်ရှိလာသဖြင့် ကားပေါ်သို့ တိုးတက်လိုက်သည်။
 " ကဲ ရှေ့က ခရီးသည်များ ရှေ့လေးကို တိုးပေးကြမယ်နော်၊  ရှေ့မှာ ဖိုးချစ်ဇာတ်ကလို့ရသေးတယ်၊ ဘေးဘယ်ညာ ရပ်နေသူများ ဘေးတန်းလေးတွေကိုင်ထားပေးကြနော် "
 ပြွတ်ညပ်နေသော ကားထဲသို့ ကျွန်တော်လည်း တိုးဝင်ရသည်။  လူတွေကတော့ မလူးသာ မလွန့်သာ။
 " ကျိုက်ဝိုင်းပါသေး ကျားနှစ် ဆရာရေ၊ နောက်မှာ ၁၂၁ လိုက်လာတယ် "
 " ကျွီ.."
 အရှိန်ဖြင့် မောင်းလာသော ကားကို ဘရိတ်ဖမ်းနင်းလိုက်သဖြင့် ကားထဲက ခရီးသည်များ ရှေ့သို့ပြုံကျ သွားသည်။  မှတ်တိုင်တွင် ဆင်းမည့် ခရီးသည်နှစ်ဦး မြေပေါ်သို့ ခြေကျမကျတော့ မသိချေ။ ကားက တန်း၍ မောင်းထွက်သည်။  နောက်ကားပါလာခြင်းကြောင့် သုတ်ချေတင်နေခြင်းဖြစ်သည်။

 " လိုက်ရင်တင်ထားဆရာ၊ ပညာလေး ပညာ "
 " ကျွီ…"
 ကားကို ဘရိတ်ဖမ်းအုပ်ပြန်သည်။  ခရီးသည်များ ရှေ့သို့ ငိုက်ကျသွားခြင်းကြောင့် ကားပေါ်တွင် ခရီသည်ပိုဆန့်သွားသည်။  မှတ်တိုင်တွင် ခရီးသည် ထပ်တင်သည်။  ကားပေါ်က ခရီးသည်တို့ကတော့ တရား မဟုတ်သော မေတ္တာပို့ခြင်းဖြင့် ကားဆရာတို့ကို မေတ္တာပို့နေကြလေပြီ။

 ကျွန်တော်သွားလိုသော ခရီးရောက်ရှိပြီဖြစ်သော်လည်း တည်းခိုရမည့် အခန်းက ရှာမတွေ့သေးချေ။  တတိယအထပ် အခန်းနံပါတ် ၃၀၂ ဖြစ်သော်လည်း အခန်းနံပါတ်တို့ ရေးမထားခြင်းကြောင့် ဘယ်နှင့် ညာ ဘယ် အခန်းကို တံခါးခေါက်ရမလဲ စဉ်းစားရသည်။

 တံခါးက နှစ်ထပ်၊ သံတံခါးနှင့် သစ်သားတံခါး။  သံတံခါးအပေါက်မှ လက်လျှို၍ သစ်သားတံခါးကို ခေါက်လိုက်သည်။  အမျိုးသမီးတစ်ဦး တံခါးလာဖွင့်ပြီး တည်သော မျက်နှာထားဖြင့်ကြည့်သည်။
 " ဒါ အခန်းနံပါတ် ၃၀၂ လားခင်ဗျာ။  မခိုင်လေးတို့အခန်းလားခင်ဗျ "
 " မဟုတ်ဘူး ဒါက ၃၀၁၊ ၃၀၂ က ဟိုဘက်အခန်း၊ မခိုင်လေး ဟုတ်မဟုတ်မသိဘူး "
 စကားလည်းဆုံး တံခါးလည်းပိတ်လိုက်သည်။  သြော်ခက်ပါဘိ ကိုယ့်ရှေ့ မျက်နှာချင်းဆိုင်က အခန်း ဘယ်သူ့အခန်းလဲဆိုတာ မသိတဲ့။  တို့ကျေးရွာက လူတွေနှင့် ကွာလိုက်ပါဘိ။  ကျွန်တော်တို့ ကျေးရွာမှာဆိုလျှင် တော့ အိမ်နံပါတ်ဘယ်လောက်ဆိုလျှင် အူတူတူဖြစ်နေဦးမည်  မောင်ပိုင့်အိမ် ဘယ်အိမ်လည်းဆိုလျှင်ဖြင့် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါလိမ့်မည်။

 သြော် မဟာရန်ကုန်ရွှေမြို့တော်ကြီးက တစ်ချို့ တစ်ချို့သော လူတွေရဲ့ စိတ်ဓာတ်တွေ၊ လူ့မှုပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံမှုတွေက မပြည့်ဝကြပါလား။  အိုးအိမ်တိုက်တာတို့ကတော့ဖြင့် လည်ပင်း ညောင်းအောင် မော့ကြည့်နေရပေမယ့် စိတ်ထားပိုင်ဆိုင်ရာကတော့ အနှုတ်လက္ခဏာပါတကား။

 ဒီတော့လည်း ရုပ် ၁၀၀၊ စိတ် ၁၀ ပေပေါ့။

(၄)
 " မိန်းမရေ ငှက်ပျောဖီးဝယ်လာတယ်ဟေ့ ဈေးလည်းချို အလုံးကလည်း လှသကွ "
 " ဟုတ်လား ပြစမ်းပါဦး တော့ ငှက်ပျောဖီးကြည့်ရအောင် "
 ကျွန်တော့်ဇနီးက ငှက်ပျောဖီးကို ကိုင်ရင်း ငှက်ပျောသီအလုံးလေးတွေကို ဖိကြည့်သည်။ ပြီးတော့ ခေါင်းရမ်းသည်။
 " ထင်သားပဲ အဲဒါကြောင့် ယူကြည့်တာ ရှိတော့ ဆေးနဲ့မိပြီ "
 " ဘယ်လို ဘာလို့ ငါက ဆေးမိရမှာလဲ "
 " ဒီမှာ သေချာကြည့် ငှက်ပျောသီးတွေက ထောင့်မပြည့်ဘူး၊  ၀င်းဝါပြီး မှည့်နေတယ်လို့ အမြင်ရှိပေမယ့် အသီးကိုဖြစ်ကြည့် မာနေတယ်၊ အထဲမှာ အစီးတောင်ကွာမှာမဟုတ်သေးဘူး၊ အဲဒါ ဆေးထိုးပြီး ကြီးအောင်၊ ၀ါ အောင်လုပ်ထားတာ "
 ကျွန်တော်လည်း ငှက်ပျောသီးတစ်လုံးကို ဖြုတ်ပြီး လက်တွေ့စမ်းသပ်ကြည့်မိသည်။  တကယ်ပင် ငှက် ပျောသီးအခွံကို နွှာလိုက်သည်ဆိုလျှင်ပင် အစီးက မပြယ်သေး။  အသီးကလည်း မာနေသေးသည်။  အစိမ်းနီးပါး ရှိသေးသည်။  တော်သေးသည် အာဟာရမဖြစ်ပဲ ဘေးဖြစ်တော့မလို့။

 ခေတ်ကာလတွင် ဘယ်အစားအသောက်မှ ရဲရဲ မစားရဲသလိုဖြစ်လာသည်။  စိုက်ပျိုးရေးခြံထွက် သဘာဝသီးနှံဆိုသော်လည်း  ဓာတ်မြေသြဇာဆေး၊ ပိုးသတ်ဆေး၊ ရွက်ဖြန်းဆေး စသည့် ဆေးအန္တရာယ်တို့က ကြောက်စရာကောင်းလာသည်။  ထိုအတူ အသင့်ထုတ်ပိုးပြီးသား အစားသောက်တို့တွင်လည်း  အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုဆေးဝါးများ ပါဝင်နေသည်ဟု သိရှိရသည်။

 ထုတ်ပိုးမှု အပြင်အဆင်က ဆွဲမက်စရာကောင်းလှသလို အသီးအနှံတို့ကလည်း ဖွံ့ဖွံ့ထွားထွားဖြင့် ၀ယ်ယူစားသုံးချင်စရာ ကောင်းလှသည်။  သို့သော် မယုံရဲ။
 အပေါ်ယံ အပြင်အဆင် ရုပ်ပိုင်းက ပြည့်စုံသော အပေါင်းလက္ခဏာဖြစ်သော်လည်း စီးပွားရေးသမား တို့၏ လောဘစိတ်တို့သည်ကတော့ အနှုတ်လက္ခဏာပြသနေပေသည်။
 ဒီတော့လည်း ရုပ် ၁၀၀၊ စိတ် ၁၀ ပေပေါ့။

(၅)
 " ဘယ်ကောင်မ လူမထင်ဘူးကွ၊ သတ္ထိရှိရင် ဖိုးတုတ်ဆီလာခဲ့၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သောက်တာ ဘယ်ကောင်မှ လာမတားနဲ့ ထွီ "
 " ဘုတ် ..ဂလွမ် "
 သိလိုက်ပြီ ဒီအချိန်ဆိုလျှင် ကိုဖိုးတုတ် မူးပြီးပြန်လာပြီ။  တစ်ရပ်ကွက်လုံး ကိုဖိုးတုတ်ဆိုလျှင် မသိသူ မရှိ။  ကိုဖိုးတုတ်မှာ နေစရာ အိမ်မရှိ။  တွေ့သည့်နေရာ အိပ်သည်။ တွေ့သည့် နေရာစားသည်။ တွေ့သည့် ဆိုင် တွင်စားသည်။ မည်သူမျှ သူ့ကို အဖက်လုပ်မပြောကြ။  ပြောလည်း မပြောရဲကြ။

 ကိုဖိုးတုတ်က လက်ရဲဇက်ရဲရှိလှသည်။  ရပ်ကွက်ထဲ ၀က်၊ ကြက်၊ နွား ပေါ်မည်ဆိုလျှင် ကိုဖိုးတုတ်ပါပြီး သား။  လူရိုက်မှုဟေ့ ဆိုလျှင်လည်း ကိုဖိုးတုတ်ပါပြီးသာ။  ရပ်ကွက်ကတော့ ဘုရားချွတ်တော် ကျွတ်မည် မဟုတ်သည့် သတ္တ၀ါဟု ဆိုကာ လွှတ်ထားကြသည်။

 ကိုဖိုးတုတ်ကလည်း ဘယ်သူမျှဂရုမစိုက်။  ကိုယ်လုပ်ချင်ရာ လုပ်သည်။ ရှေ့နောက်တိုင်းထွာခြင်း လားလားမျှမရှိ။  အတန်းမပညာရှိ၊ အတတ်ပညာမရှိ။  ပစ္စည်းမရှိ၊ အချိန်တန်လျှင် မူးမည်၊ အော်မည်၊ ဆဲမည်။  မကျေနပ်လျှင် ထိုးမည်၊ ရိုက်မည်၊ တိရစ္ဆာန်လေးများကိုလည်း မညှာမတာ သတ်ဖြတ်သည်။

 ကိုဖိုးတုတ်လို လူမျိုး ဒီနိုင်ငံတွင် မည်မျှရှိနေမည်နည်း။  ဒီကမ္ဘာပေါ်ရှိ လူဦးရေထဲတွင် မည်မျှ ပါဝင်နေ မည်နည်း။  များစွာရှိနေပါလိမ့်မည်။
 ထိုသူတို့သည်ကား  ရုပ်သည်လည်း သုည၊ စိတ်သည်လည်း သုည။ ရုပ်အနှုတ်၊ စိတ်အနှုတ်ပင် မဟုတ်ပါလား။

(၆)
 လောက လူ့ဝန်းကျင်တွင် လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါလိမ့်မည်။ ထို့အတူ ဖွံ့ဖြိုးပြီးနိုင်ငံ၊ ဖွံ့ဖြိုးစဲ နိုင်ငံ၊ မဖွံ့ဖြိုးသေးသည့်နိုင်ငံဟူ၍ နိုင်ငံအသီးသီး၊ ပြည့်နယ်အသီးသီး၊ မြို့နယ်အသီးသီး၊ ရပ်ကွက်အသီးသီး ရှိ ပါလိမ့်မည်။

 တစ်ချို့သော အရပ်ဒေသတို့သည်ကား ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုသာမက စိတ်ပိုင်းဆိုင်ရာပါ ပြည့်ဝ ကြသည်။ တစ်ချို့ကတော့ ဆန့်ကျင်ဘက်အနေအထားတွင်ဖြစ်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းပါ နိမ့်ပါးကြသည်။ တစ်ချို့ကတော့ ရုပ်ဖွံ့ဖြိုးသလို စိတ်မဖွံ့ဖြိုးကြသေး။

 ကျွန်တော်တို့ အမိမြန်ပြည်ကြီးသည် မည်သည့်အထဲတွင် ရှိနေသနည်း။  အမိပြည်တွင် နေထိုင် ကြကုန်သော ပြည်သူပြည်သား၊ အုပ်ချုပ်သူ၊ ပြည်သူ့ဝန်ထမ်းတို့သည်  မည်သည့်အထဲတွင် ပါဝင်နေပါသနည်း။

 ရုပ် ၁၀၀ စိတ် ၁၀၀ ပင်လော။  ရုပ် ၁၀၀ စိတ် ၀ ပင်လော။  ရုပ် ၀ ၊ စိတ် ၁၀၀ ပင်လော၊ သို့တည်းမဟုတ် ရုပ် ၀၊ စိတ် ၀ ပင်လော။

(၇)
 မှန်ကိုကြည့်ရင်း ကိုယ့်ကိုယ်ကို သဘောကျနေမိသည်။  ရေချိုးပြီး မှန်ရှေ့ရောက်နေသော မိမိကိုယ်မှာ ခွန်အားများ ပြည့်ဝနေသည်ဟု ထင်မိသည်။

 လူ့သက်တမ်း တစ်ဝက်နီးပါး အသက်ရလာသော်လည်း " ဟယ် ငါမအိုအေး နုသေ၊ ခွန်အား ပြည့်စုံသေးသည် " ဟု ကျေနပ်မိသည်။
 
     ဤသို့ဖြင့် ပြင်ဆင်ပြီးသကာလ လုပ်ငန်းခွင်သွားရမည်။  လုပ်ငန်းခွင်ရောက်လျှင်တော့ ဒေါသထွက် ရမည်၊ လောဘ တက်လိမ့်မည်၊ မကျေနပ်လျှင် လက်ပါချင်ပါလိမ့်မည်၊  ကိုယ့်ကို ကျော်တက်မည့်သူကို ခြေထိုး ခံချင်ခံလိမ့်မည်၊ ကိုယ့်ထက်နိမ့်ပါးသူက ဖိဟောက်ချင်ဟောက်လိမ့်မည်၊  ရသည့်အခွင့်အရေးထက် လက်တစ်ဆုံး ပိုနိုက်ချင်နိုင်လိမ့်မည်၊  သူတစ်ပါး ရသည့် အရာထဲမှ ခေါင်းပုံဖြတ်ယူချင် ယူပါလိမ့်မည်။

 သြော် ဒီအချိန်ဝယ် ခွန်အားဖြင့် နိုပျိုတက်ကြွနေသော ခန္ဓာကြီးကတော့  ၁၀၀  အပြည့်၊ ရုပ်အပေါင်း လက္ခဏာရှိသေးသည်။  

 စိတ်တို့သည်လေကား တည်ငြိမ်၊ တည်ကြည်၊ တည်တံဖြောင့်မတ်ခြင်း မရှိလေသည်မို့ စိတ် ၁၀ (သက်သက်ညှာညှာ)ဖြစ်လိမ့်မည်။  စိတ်အနှုတ်အသွင် ဆောင်ပါလိမ့်မည်။
 မည်သို့ပင်ဆိုစေ ရုပ် ၁၀၀ မပြည့်နိုင်လျှင်သာရှိစေ  စိတ် ၁၀၀ ပြည့်နိုင်အောင် ဖြည့်ဆည်းတည်ဆောက် သွားရပါလိမ့်တော့မည်။

****************

မောင်ပိုင်
၁၅-၇-၂၀၁၄
(၂၄၀၀) နာရီ။
………………
(၁)

" ဒီမှာသာ ထားခဲ့ပါဗျာ ရပါတယ်၊ မပျောက်ပါဘူး "
ကျွန်တော်က မယုံရဲသလိုနှင့် ဖိနပ်ကို မချွတ်သေး။
" ချွတ်ခဲ့ အာမခံတယ် မပျောက်ဘူး။ ကျွန်တော်တို့ ပုဂံမှာ သူခိုးမရှိဘူး စိတ်ချ "
ထိုစကားကြားတော့ စိတ်ထဲကျေနပ်မိသည်။ ယုံကြည်စွာဖြင့် ဆိုင်ကယ်ဘေးနားတွင် ဖိနပ်ကို ချွတ်ခဲ့ပြီး ဓမ္မံရံဘုရားကြီးအတွင်းသို့ ကျွန်တော်တို့ လှမ်းဝင်ခဲ့လိုက်သည်။

0 comments:

Post a Comment

ေ၀၀ါးနေသောအနာဂတ်များ


ချစ်ရတဲ့ သားလေးများအတွက် “ေ၀၀ါးနေသောအနာဂတ်များ … “
ကျုပ်မှာလဲ သားတကောင်ရှိတာရယ် … သူလဲလူငယ်စာရင်းထဲဝင်နေတာရယ် … Facebook မှာလဲ Friends အများစုက တူအရွယ် သားအရွယ် လူငယ်တွေ ဖြစ်တာကြောင့် ဘော်ဒါလေး တွေ ဖတ်စေခြင်လို့ပါ ……..

0 comments:

Post a Comment

အမျိုးသားအကျိုးစီးပွားနဲ့ အကျင့်ပျက်ခြစားမှု




အပြောင်းအလဲ လှုပ်ရှားမှုတွေနဲ့  လူးလွန့်ရုန်းကြွနေတဲ့ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ ဖြစ်ရပ်တွေအကြောင်း ပုံနှိပ်မီဒီယာတွေ ဆိုရှယ်နက်ဝပ် မီဒီယာတွေပေါ်မှာ ရေးကြာတာတွေကို လိုက်ဖတ်မိရာက ကိုယ်လက်လှမ်းမီသလောက် နည်းနည်း စဉ်းစားကြည့်မိတာပါ။

0 comments:

Post a Comment

အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရ (သို့မဟုတ်)


အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးအရ (သို့မဟုတ်)
ပြည်ထောင်စုအကျပ်အတည်းမှ ထွက်ရပ်လမ်း
:ကျော်ဝင်း
ထိလွယ်ရှလွယ်၊ အကဲဆတ်
''ထိလွယ်၊ရှလွယ်သော အကဲဆတ်လှသည့် အနေအထား''

0 comments:

Post a Comment

လယ်သမားပါတီ နှင့် ပါတီဥက္ကဌ ဦးကျော်စွာစိုး ဘာလဲ၊ ဘယ်လဲ



လယ်သမားပါတီ နှင့် ပါတီဥက္ကဌ ဦးကျော်စွာစိုး ဘာလဲ၊ ဘယ်လဲ
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က စတင်တည်ထောင်ခဲ့သော လယ်သမားဖွံဖြိုးရေးပါတီသည် ပါတီသက်တမ်း ၂ နှစ် ပြည့်ခါနီးအချိန်တွင် ပါတီဝင်အင်အား ၂ သန်း နီးပါး ရှိနေပြီဖြစ်သည်။ မကွေးတိုင်း၊ စလင်းမြို့မှ ပါတီဝင်လယ်သမား ၂၁ ဦး ဖြင့် စတင်ခဲ့သော လယ်သမားပါတီသည် ဧရာဝတီတိုင်းတွင် ပြည်ခိုင်ဖြိုး၊ NLD ပါတီတို့အား ကျော်လွန်လျက် အင်အားအကောင်းဆုံးဖြစ်နေကာ မြန်မာတစ်နိုင်ငံလုံးအနေအထား၌ တတိယအကြီးဆုံးပါတီဟု ယူဆရန် ရှိနေသည်။

0 comments:

Post a Comment

ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)

 
၂၀၁၁ခုနှစ်ကတည်းကကျွန်တော် Myanmar Armour Corps Page မှာတင်ခဲ့တဲ့ Post ကိုပြန်လည်ကူး ယူမျှဝေတာပဲဖြစ်ပါတယ်-

တိုက်ပွဲဖြစ်ပွားရသောအကြောင်းအရင်း
အမှတ်(၃၅၉)ခြေမြန်တပ်ရင်းမှ ဒုအရာခံဗိုလ် ကျော်ဌေးဦးစီး အင်အား(၁၀)ဦးနေ၇ာယူထားသော(အို-၇)တောင်ကုန်းအား ယိုးဒယား တပ်မှတပ်ကြပ်ကြီးအဆင့်ရှိသူ ဦးစီး

0 comments:

Post a Comment

တည်ငြိမ်ခါစ မန္တလေး

 
မန္တလေးမြို့ပေါ်တွင် ဇူလိုင်လ(၁)ရက်က စတင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှု ပဋိပက္ခ ဒီနေ့ထိဆို ရက်သတ္တ(၁)ပတ်ပြည့်ပါပြီ။

0 comments:

Post a Comment

မြန်မာ-အမေရိကန် စစ်ဘက်ဆက်ဆံရေး နိဒါန်း


အမေရိကန်တပ်မတော် Gen. Crutchfield မှ နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသားကာကွယ်ရေးတက္ကသိုလ် (National Defense College) တွင် ပြောကြားခဲ့သော မိန့်ခွန်း

~၂၅ရက်၊ဇွန်လ၂၀၁၄

အားလုံးမင်္ဂလာပါခင်ဗျာ
မင်္ဂလာနေ့လယ်ခင်းပါ။အားလုံးနဲ့ ဒီနေ့အခုလိုစကားပြောခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်ဒီမှာရှိနေခြင်းဟာ ကျွန်တော်တို့နိုင်ငံနှစ်နိုင်ငံရဲ့ သံတမန်ရေးရာကဏ္ဍသစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်းပြသလိုက်တာပါပဲ။

0 comments:

Post a Comment

တောင်အိုဆက်တီးယားစစ်ပွဲ (၂၀၀၈)(ရုရှား-ဂျော်ဂျီယာ) (အပိုင်း-၅)

 
၃၃။ သြဂုတ်လ(၁၀)ရက်နေ့တွင် ဂျော်ဂျီယာ တပ်ဖွဲ့များက တက်ခင်ဗီလီမြို့ တစ်မြို့လုံးနီးပါးကို သိမ်းပိုက်ရရှိခဲ့သော် လည်း ရုရှားတပ်ဖွဲ့များက ပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်မှုကြောင့် ဂျော်ဂျီယာတပ်ဖွဲ့များ အားလုံးသည် ယင်းနေ့ ညနေတွင် မြို့မှပြန်လည်ဆုတ်ခွာခဲ့ရသည်။ဂျော်ဂျီယာတို့၏ အမြောက်တပ်ဖွဲ့သည် လည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရ သည်။ တစ်ချိန်တည်း၌ပင် ရုရှားတပ်ဖွဲ့ များ၏ပစ်ကူပေးမှုဖြင့် တောင်အိုဆက်တီး ယားတပ်ဖွဲ့သည် တက်စ်ခင်ဗီလီမြို့သို့ ပြန်လည်ချီတက်ခဲ့သည်။

0 comments:

Post a Comment

လေးစားဂုဏ်ယူအပ်သော “ရဲဘော်စိတ်”





၂၀၀၈ နှစ်ကုန်ပိုင်းလောက်က အာဖဂန်နစ်စတန်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တခု။

အာဖဂန်မှာ လာရောက်အမှုထမ်းဆောင်တဲ့ အမေရိကန်တပ်ဖွဲ့တခုကို  သူတို့အကြီးအကဲဖြစ်သူ ဗိုလ်မှူးချုပ်က  စစ်မြေပြင်လုံခြုံရေးတိုးမြှင့်ဆောက်ရွက်ဖို့ အမိန့်တရပ်  (သိသာအောင် လွယ်လွယ်ပြောရရင် မဲမဲမြင်တာနဲ့ပစ်) ထုတ်ပြန်လိုက်ပြီးတဲ့အချိန်မှာ  အဲ့ဒီတပ်ဖွဲ့က ဒုတပ်ကြပ်တဦး မှားယွင်းပစ်ခတ်မှုကြောင့်   ဆိတ်ကျောင်းသား ကလေးငယ်တဦး နဲ့ ဆိတ် ၂ ကောင် သေဆုံးသွားပါသတဲ့။

0 comments:

Post a Comment

အန္တရာယ်ကြီးသော မူလအထိုင်များဆီသို့


(ပါဝါကော်ရစ်ဒါမှ ငေးကြည့်နေရသူ တစ်ယောက်၏ စိုးရိမ်သောကများ)
(ကျော်ဝင်း)
-----------------------------------------------------------------------------------------------------------------------------
စကားပလ္လင်
မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်သည်များကိုရေးတိုင်း၊ စာရေးသူအနေနှင့် “ဘေးမှ ရပ်ကြည့်သူတစ်ယောက် ၏ …” အစချီသော ဒုတိယခေါင်းစဉ်ကို တပ်ခဲ့ဘူးပါသည်။ ယခု ပါဝါ ကော်ရစ်ဒါပေါ်ရောက်သွားရာ၊ မြင်ကွင်းကို ပို၍ နီး နီး ကပ်ကပ် မြင်ခွင့်ရသလိုရှိသည်။ တစ်ပြိုင်နက်တည်း စိုးရိမ်မကင်းဖြစ်စရာတွေလည်း ပိုများလာသည်။ သို့တစေ.. စာ ရေးသူမှာ ဘာမှ မတတ်နိုင် ။ ငေးလို့သာကြည့်နေရသည်။ “ ပါဝါကော်ရစ်ဒါ မှငေးကြည့်နေရသူတစ်ယောက်၏ စိုးရိမ် သောကများ” ဆိုပါစို့..။

0 comments:

Post a Comment

" အပျင်းပြေ _ ၁၁ "

Photo: " အပျင်းပြေ _ ၁၁ "

. . . ငယ်ငယ်ကပေါ့ဗျာ။ အလယ်တန်းကျောင်းသား ၊ ၅ တန်း ၆ တန်း လောက်။ ကျွန်တော် မြစ်ဝကျွန်းပေါ်က နယ်မြို့တစ်မြို့မှာ ကျောင်းတက်ရတယ်။ မြို့က social & education level နိမ့်ကျတယ်။ ဗမာများတယ်။ လူနေ အလွန် သိပ်သည်းတယ်။ အထက ၁ ကျောင်းကြီးဟာ တော်တော်ကြီးကို ကြီးတယ်။ ကျောင်းသားဦးရေလည်း များတယ်။ ကျွန်တော်လည်း အဲဒီထဲက တစ်ယောက်ဖြစ်ဘူးတယ်။

. . . လွယ်လွယ်ပြောရရင် မြို့ရဲ့ အနေအထိုင်က တော်တော် ညစ်ပတ်တယ်။ မြို့ကြီးပါပဲ . . စီးပွားရေးလည်းကောင်းတယ် ၊ ဒါပေမယ့် မြို့မဆန်ဘူး။ ကားဆို မီးသတ်ကားပဲရှိတယ်။ ဆိုင်ကယ် ၂ စီး . . ဒါမျိုး ။ ရေလမ်းပဲ အားကိုးရာ။ ရန်ကုန်ကနေဆိုလည်း သဘောင်္နဲ့ပဲ သွားလို့ရတယ်။ မြို့ဝင်ပြီဆိုရင် မြစ်ကမ်းတစ်လျှောက် အိမ်သာတွေက တန်းစီပြီးကြိုတယ်။ အခန့်သင့်ရင် ပလုံခနဲ ၊ ပလွမ်ခနဲ လေးတွေလည်း မြင်ရကြားရတတ်တယ်။ လှိုက်လှဲစွာကြိုဆိုပါဧ။် ပေါ့လေ။ အိမ်သာအောက်က ပလုံဆိုရင် ဘေးကဗွမ်းခနဲ . . ရေပြန်ခပ်တာ။ ဒါပဲ ချိုးရေ ၊ ဒါပဲ သုံးရေ ၊ ဒါပဲ အီးကုန်းရေ လေ။ ဘေးမှာ ကလေးတွေ ရေငုပ်ပြိုင်နေကြလိမ့်ဦးမယ်။

. . . မြစ်ချောင်း နဲ့ ဒီရေက ဒေသခံတွေအတွက်တော့ က္ကစ္ဆာသယကြီးပါပဲ။ စားစရာ ပူရန်မလို။ ပိုက်ကလေး တလံလောက်ရှိရင် တစ်အိမ်လုံးငါးစားရတယ်။ သူတို့ကတော့ မုန်းလို့။ နေစရာ ဓနိ နဲ့ ဒီရေတောသစ်တွေ ကြိုက်တဲ့နေရာ ခုတ်ယူလို့ရတယ်။ ရေရှိရင် သွားစရာလမ်းဖြစ်တယ်။ လူ့ဘ၀ရဲ့ အခြေခံလိုအပ်ချက် အားလုံးလိုလိုကို ဒီရေ မြစ်ချောင်းတွေက အခမဲ့ထောက်ပံ့ပေးထားတာ။

. . . စားစရာ ငါးပုစွန်ပေါတာများ ပြောရင် ခင်ဗျားတို့ယုံပါ့မလားတောင် မသိဘူး။ မိုးဦးကျဆိုရင် ဖောင်းစီးဂဏန်းဆိုတဲ့ ဂဏန်းကောင်သေးသေးလေးတွေ သိပ်ပေါတယ်။ တစ်ကောင်နဲ့တစ်ကောင် တွယ်ပြီးရေပေါ်မှာ မျောနေတာ မြစ်ပြင်တစ်ခုလုံးနီးပါး ပြည့်တယ်ဗျာ . . တကယ်။ ရေပြင်တစ်ခုလုံး မည်းနေတာပဲ . . အဲဒီ ဂဏန်းကောင်တွေနဲ့ ပြည့်တာ။ ရေစပ်ဆင်းပြီး ခြင်းကြားတောင်းနဲ့ ဒီအတိုင်းဆယ်ယုံပဲ။ မိုးပြဲဒယ်ကြီးတွေထဲ ပစ်ထည့်ပြီး လှော်ပလိုက်ရင် မွှေးလို့။ ၀ယ်ရင် အလားကားလိုပဲ ရတယ်။

. . . အဲဒီမြို့မှာ အမဲသားမရဘူး။ ဆိတ်သား မရဘူး။ ၀က်သားကလည်း အလွန်ဆိုး။ မြင်ဘူးသမျှထဲ ရေအထိုးဆုံး ၀က်သားပါပဲ။ ရေကန်ကြီးထဲမှာ စိမ်ထားပြီးကို ရောင်းတာ။ မြို့ခံတွေက ၀က်သားသိပ်ကြိုက်ကြတယ်။ ဟင်းကောင်းပဲ။ ငါး ၊ ပုစွန် မမက်ကြဘူး။ အဆီတုံးကြီးတွေနဲ့ ၀က်သားဟင်းမှ တကယ့်ဟင်းကောင်း။

. . . ဆိုတော့ . . အထက ၁ ကျောင်းကြီးထဲမှာ ၀က်သားတုတ်ထိုးသည် ရှိတယ်။ တစ်ဦးတည်း။ 
အတန်းကြီးတွေ စားတာများတယ်။ အတန်းငယ်ထဲက ကြေးရေတတ်သားသမီးတွေလည်း စားကြတာပါပဲ။ ကျွန်တော်က ကြေးရေတတ်သားသမီးမဟုတ်တော့ မစားနိုင်ဘူး။ ၂ လ လောက်နေမှ တစ်ခါလောက် စားနိုင်တယ်။ ၀က်သားတုတ်ထိုးဆိုင်နားရောက်ရင် သွားရည်တွေ ပါးနှစ်ဖက်ကကျချင်လာတတ်တယ်။ တစ်ခါတစ်လေ စားနိုင်လည်း တစ်ကင် ၊ နှစ်ကင် ပါပဲ။ အဲဒီအရပ်က တုတ်ထိုး တစ်ချောင်း နှစ်ချောင်းကို တစ်ကင် နှစ်ကင် လို့ ခေါ်တတ်တယ်။ 

. . . တုတ်ထိုးသည် ဦးလေးကြီးရဲ့ အင်္ဂါရုပ်ကို အတိုဆုံးမြန်မြန်ပြောရရင် သောနုတ္ထိုရ် ခပ်ပိန်ပိန် ပုံမျိုး ဆိုပါတော့ဗျာ။ နှုတ်ခမ်းမွေးခပ်ကားကားနဲ့ . . သူ့နှုတ်ခမ်းမွှေးက ဖြူတချို့ နက်တချို့ပဲ။ တခါ တခါ ၀က်ဆီတွေပေနေတဲ့ လက်ကြီးနဲ့ တရုတ်သိုင်းဆရာကြီးတွေလို သပ်သပ်နေတတ်တယ်။ ပါးကတော့ ချောင် ကလောင်လို့။ အသားက အညိုရင့်ရင့်။ အင်္ကျီမပါတာ များတယ်။ ပါတဲ့အခါလည်း မ၀တ်ပဲ ပုခုံးပေါ် တင်ထားတာရယ်။ စားတဲ့လူ မရှိရင် ခုနပြောတဲ့ ၀က်ဆီပေနေတဲ့ လက်ကြီးနဲ့ သူ့ရင်ဘတ် ပိန်တာလေး တလျှောက် ဂျီး (ကြေး) တွန်း နေတတ်တယ်။ ဈာန်ဝင်လာရင် ကျောတွေ ပေါင်တွေပါ ပါလိုက်သေး။ စားမယ့်လူ လာထိုင်တော့မှ ပုခုံးပေါ်က အင်္ကျီစုတ်လေးနဲ့ ကျောတွေ ရင်တွေ ပုတ်ခါလိုက်ရင် ဂျီးဖတ် အလိပ်ကလေးတွေ ဖွားခနဲ ဖွားခနဲ လွင့်လို့ . . ။ ဒါကြောင့် စားကောင်းတာနေမှာပဲ။ ပုဆိုးက ဒူးအောက်ချပြီး ၀တ်တာ မတွေ့ဘူးဘူး။ ပူတဲ့နေ့မျိုးဆို အရောင်အဆင်းမရှိတဲ့ သူ့ပုဆိုးကို ပေါင်ခြံနှစ်ဖက်ထိရောက်အောင် ဆွဲတင်ထားလိုက်တာများ . . ချောင်နေတဲ့ ဒူးခေါင်းလုံးလေးတွေနဲ့ လျော့ရဲကျနေတဲ့ ပေါင်တံနှစ်ဖက် ထုတ်ကြွားနေသလိုလို။

. . . သူက အမြဲလို ဒူးကလေးတနှန့်နှန့်နဲ့ နေတတ်တယ်။ တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် သီချင်းတွေကို အာကောင်းကောင်းလေးနဲ့ ထ ထ ဟဲတတ်တယ်။ တစ်ခါ တစ်ခါ ဟဲတာကျယ်ရင် ဆရာမတွေက လှမ်းငေါက်ပြီးထိန်းရတာမျိုး။ ဒီပြင်တော့ စကားသိပ်မများတတ်ဘူးရယ်။ ၀က်သားလှီးတာတော့ တော်တယ်။ ပရော်ဖက်ရှင်နယ်ပဲ။ ငါးချောင်းလှီးပြီး ချထားရင် ပိုကြီးတဲ့အချောင်းရယ်လို့ ရွေးမရစေရဘူး။ ပုံစံ တူချင်မှ တူမယ် . . ငါးချောင်းလုံးမှာ ၀ယ်သူ အသာစီးရစေမယ့် အချောင်းရယ်လို့ မရှိ။ သူကတော့ ပြောပါတယ် " မင်းတို့  မငြင်းရအောင်လို့ " တဲ့။ တစ်ခါတစ်လေ ကြီးတဲ့ အဖတ်မျိုးပါလာလို့ ၀ိုင်းလုကြရင် သူက ပြုံးကြည့်နေတတ်တယ်။ ဒါကြောင့် . . သေချာတယ် . . ချော်ချွတ်ပြီး ကြီးသွားတာမျိုးတော့ လုံးဝမဟုတ်ဘူး။ သူပျင်းလာလို့ ကျွန်တော်တို့ ရန်ဖြစ်အောင် တမင်တကာ နည်းနည်းကြီးပေးလိုက်တာပဲ။ 

. . . စဉ်းတီတုံး မရှိဘူး။ တုတ်ထိုးခုံက လှီးစရာနေရာလေး ပါပြီးသား။ ပျဉ်ပြားကလေးပဲ။ လှီးတာများတော့ ချိုင့်နေပြီ။ ပြောင်ချောလို့ပဲ။ စားမယ့်လူလာရင် ဒီလိုပဲ လက်နဲ့ ကောက်ကိုင်ပြီး ဒီလိုပဲတင်ပြီး လှီးလိုက်တာပဲ။ လက်အိတ်တွေ ၊ ညှပ်တွေ စတဲ့ ပကာသနမျိုး လုံးဝမရှိ။ အူမကြီးခွေက ပူနေတာမျိုးများကိုင်မိရင် အာယို ဆိုပြီး ပေါင်ကြားက သူ့ပုဆိုးထဲလက်ကို ထိုးထည့်လိုက်တာပဲ။ လှီးပြီးသွားတဲ့ အခါ လှီးစင်ပျဉ်ပြားလေးပေါ်က ၀က်သားဖတ်အစအနလေးတွေနဲ့ ၀က်ဆီတွေကို သူဓါးမတိုလေးနဲ့ ခြစ် ခြစ် ချလိုက်တာများ ' ကျိ ခနဲ ကျိ ခနဲ ' . . ပြီးရင် ဓါးပြားမှာ ကပ်နေတဲ့ အကပ်အသတ်လေးတွေကို ရှေ့က အရည်သောက်ခွက်ကြီးထဲသော်လည်းကောင်း ၊ ငရုတ်ဆီချဉ်ရည် ပုလင်းထဲသော်လည်းကောင်း ပလစ် ခနဲ သပ်ချပစ်လိုက်တာ။ ဒါတွေကြောင့် စားကောင်းတာ။ တချို့ကောင်တွေဆို အဲဒီလို သပ်ချမယ့် ပလစ်ခနဲတွေကို 'ဒီကိုပေး' ဆိုပြီး သူတို့စားနေတဲ့ ကြာဇံသုပ်ပန်းကန်ထဲ ပလစ်ခိုင်းကြတာ။ 

. . . အရည်သောက်ခွက်ကြီး ဆိုတာက သိတဲ့အတိုင်းပဲ။ ရှေ့ချထားတဲ့ ၀က်ပြုတ်ရည် ခွက်ကြီးပေါ့။ ဇွန်း ၃ ချောင်း တပ်ထားပေးတယ်။ ဘယ်တော့မှ မလောက်ဘူးလေ။ အမြဲလုနေရတာပဲ။ ချာတိတ်တွေဆိုတာ တုတ်ထိုးတစ်ကင်စားပြီး အရည် ဇွန်း ၂၀ လောက်သောက်ချင်ကြတာမျိုး မဟုတ်လား။ သွားရည်ရော နှာရည်ရော တရွှတ်ရွှတ်နဲ့ လု လုပြီး ဆွဲရတာပဲ။ နှာရည်တပြင်တည်း ခေါ်မလား။ သွားရည်တပြင်တည်းခေါ်မလား။ ကုန်သွားလည်း ရတယ်။ သူ့နောက်မှာ ဂါလံပုံး တစ်ပုံးနဲ့ အရည် အသစ်တွေရှိတယ်။ ဒီပုံးကို ပထမဆုံးတွေ့တဲ့နေ့ကတော့ ကျွန်တော်နည်းနည်း တွန့်မိတယ်။ ဟင်းရည်ပုံးလို့ မသိပဲ ကျွန်တော်ခလုတ်တိုက်တိုက်နေမိတာရော ၊ အပြင်မှာပေနေတဲ့ ရွှံ့တွေကြောင့်ရောပဲ။ ပုံးအသေးလေးကိုတော့ ကျွန်တော်ထပ် မတိုက်မိတော့ဘူး။ ငရုတ်ဆီပုံးမှန်း သိနေပြီလေ။

. . . ငရုတ်ဆီကလည်း သိပ်ကောင်းတယ်။ ခုထိ အဲဒီလောက်ကောင်းတာ မတွေ့ရသလိုပဲ။ တချက် တချက် မွှေမွှေပေးရတယ်။ ပုဂ္ဂိုလ်ကြီးကတော့ သူ့လက်ထဲက ဓါးမတိုလေးနဲ့ မွှေလိုက်တာပဲ။ ငရုတ်ဆီခွက်က စတုမဓူ ဖန်ပုလင်း လေးထောင့်လေ။ ဓါးမအားရင် လက်ညှိုးလေးနဲ့ ပေါ့ . . ပြီးရင် ပြွတ်ခနဲ စုပ်လိုက်တာပဲ။ တခါတည်း မြည်းပြီးသား။ ပြီးရင် ပြောတတ်တယ် .. " ဒါလေးနဲ့ ထိန်းထားတာ " တဲ့။

. . . အတန်းထဲက မိဘချမ်းသာတဲ့ကောင် တစ်ကောင်ရှိတယ်။ ဒီကောင် အကျင့်တန်တယ်ဗျ။ ၀က်သားတုတ်ထိုးစားရင် တစ်ချောင်းကိုင်ပြီး ငရုတ်ဆီထဲနှစ်လိုက် ပြွတ်ခနဲ စုပ်လိုက် ၊ ပြန်နှစ်လိုက် ပြန်စုပ်လိုက် နဲ့ . . တစ်ချောင်းကို လေး ငါးခါ လောက်ပြွတ်ပြီးမှ စားတော်မူတတ်တယ်။ ဒီကောင်ရှိရင်တော့ ကျွန်တော်မစားတော့ဘူး။ ဒီစာမျိုးရေးနိုင်လောက်တဲ့ အထိ ခံနိုင်ရည်ရှိပေမယ့် အဲဒါမျိုး စားဖို့လောက်ထိတော့ မမှီဘူး။ 

. . . မုန့်စားကျောင်းပြန်တက်ပြီဆိုရင် တုတ်ထိုးသည်ကြီးလည်း မီးဖိုလေး မီးငြှိမ်းပြီး ပုံးကလေးတွေဆွဲ ပြန်တာပဲ။ တစ်ခါ တစ်လေ ကျွန်တော်တို့က အိမ်သာပြန်ထွက်ကြရင် တွေ့တာပေါ့။ သူပြန်သွားပြီဆိုတာနဲ့ ခွေးအုပ်ကြီး ရောက်ချလာရော။ ကျွန်တော်တို့ ကျောင်းနားက ခွေးအုပ်ပါပဲ။ ဗိုလ်ကောင်ကြီးရှိရင်တော့ ဆူဆူညံညံမဖြစ်ဘူး။ ဗိုလ်ကောင်ကြီးက ၀က်သားတုတ်ထိုးခုံကြီးတစ်ခုလုံးကို လှီးစင်ပျဉ်ပြားလေးကနေစပြီး လျက်တော့တာပဲ။ တုတ်ကလေးတွေတင်တဲ့နားရော ၊ အချဉ်ပုလင်းချိတ်တဲ့နားရော ၊ လက်ကိုင်ခုံရော အားလုံးပဲ။ သူအားရပြီဆိုမှ ကျန်တဲ့ကောင်တွေ လျက်ခွင့်ရတယ်။ ဗိုလ်ကောင်ကြီးမရှိတဲ့အခါဆိုရင်တော့ ပထမဆုံးလျက်ခွင့်ရဖို့ လုကြတာနဲ့ ဆူညံနေတတ်တယ်။ တုတ်ထိုးခုံနားမှာ ဖုန်တထောင်းထောင်းပဲ။

. . . တော်တော်ကြာလို့ အားလုံးရှင်းသွားပြီဆိုရင် ခုံကို ပြောင်လက်နေတာပဲ။ အဲဒီအခါကျရင် ခွေးအုပ်ထဲက အငယ်ဆုံးခွေးပိန်လေး တစ်ကောင်ရှိတယ်။ ဒီကောင်က ဘယ်တော့မှ ၀င်လျက်ခွင့်မရရှာဘူး။ အားလုံးထွက်သွားတော့မှ သူ့ခမျာ ဘေးကင်း ရန်ကင်း ခုံကြီးနားကို ကပ်ခွင့်ရတော့တယ်။ ခွေးဆယ်ကောင်လောက် ၀ိုင်းလျက်ထားတဲ့ ခုံကြီးက အနံ့တောင် တော်တော်ပျောက်သွားပုံရပါတယ်။ ငပိန်ကလေးဟာ ဟိုဟို ဒီဒီ တရှုံ့ရှုံ့လုပ်ပြီး ခုံကြီးပေါ်ခုန်တက်လို့ ခွေအိပ်တော့တာပဲ။ အိပ်မက်ထဲမှာ ၀က်သားတွေ အ၀စားမယ် အားခဲပုံနဲ့။ 

. . . ကျွန်တော် စိတ်ဝင်စားလို့ စောင့်ကြည့်မိတယ်။ တုတ်ထိုးသည်ကြီး ဘယ်လို ဆိုင်ခင်းသလဲလို့။ . . ဒီလိုပဲ . . ပကာသနတွေ မပါဘူး။ ပုဆိုးစုတ်လေးနဲ့ လေးငါးချက် ခါပြီးရင် ရပြီပဲ။ သန့်ပြီးသား ဖြစ်နေလို့ နေမှာပေါ့။ ပြီးရင် " ဒါလေးနဲ့ ထိန်းထားတာ " ဆိုတဲ့ ငရုတ်ဆီပုလင်းကြီး နှစ်ပုလင်း ဂလောက်ကနဲ ချိတ်လိုက်တာပဲ။ စတင် သုံးဆောင်နိုင်ပါပြီ ပဲ။

. . . ကဲ . . ဒီနေ့ကို ပြန်လာရအောင်။ ခုတော့ ကျောင်းထဲမှာ တုတ်ထိုးသည်ကြီး မရှိတော့ဘူး။ ခုံလည်း မတွေ့တော့ဘူး။ ခွေးအုပ်ထဲက အငယ်ဆုံး ငပိန်လေးတောင် သေလောက်ပြီ။ ကျွန်တော်တော့ လွမ်းလို့။ မြို့ထဲမှာ သပ်သပ်ရပ်ရပ်နဲ့ ရန်ကုန်စတိုင် တုတ်ထိုးဆိုင်တွေ ရှိနေပြီ။ တစ်ခါတစ်ခါသွားစားလည်း ငယ်ငယ်ကပုဂ္ဂိုလ်ကြီးရဲ့ အရသာနဲ့တော့ ကွာတယ်ဗျာ။ နံသာ နဲ့ အီး ပဲ။ ( ဘယ်ဟာ အီးလည်းတော့ မသေချာဘူးပေါ့ဗျာ ) ။ ထိန်းထားတာလေးတွေ မရှိလို့လည်း ဖြစ်ကောင်းဖြစ်မှာပေါ့လေ။

. . . မြို့ကြီးကလည်း တော်တော်ပြောင်းသွားပြီ ခင်ဗျ။ ခေတ်မီသူတိုင်း ကားစီးကြသည် ဖြစ်ကုန်ပြီ။ အရင်က လက်မှတ်ရဖို့မလွယ်တဲ့ ရန်ကုန်သဘောင်္ကြီးတွေတောင် ခြောက်ကပ်လို့။ မြစ်ကမ်းတစ်လျှောက် အိမ်သာတွေလည်း မရှိတော့ဘူး။ ပလုံသံ ပလွမ်သံ လေးတွေလည်း ကြားချင်လို့တောင် မကြားရတော့ဘူးလေ။ လွမ်းစရာကို ဖြစ်လို့။ ငါး ပုစွန်တွေလည်း ပစ္စည်းပဲ ပေါမယ် ၊ ဈေးမပေါတော့ဘူး။ 

. . . အချိန်နဲ့ အတူပြောင်းသွားတာတွေ အများစုက ကောင်းတာတွေပဲ ဖြစ်မှာပါ။ ဒါပေမယ့် လူတိုင်းက ကောင်းတာတွေချည်းပဲ ကြိုက်လိမ့်မယ်လို့တော့ မသေချာဘူးထင်တယ်နော်။ ကျွန်တော်ဆို ခုတောင် စာရေးရင်း သွားရည်ကျလို့ . . . ။

(ယက္ခ) ရဲကြီး ။ 
၂၈ ၊ ဂျွန် ၊ ၂၀၁၄ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/

. . . ငယ်ငယ်ကပေါ့ဗျာ။ အလယ်တန်းကျောင်းသား ၊ ၅ တန်း ၆ တန်း လောက်။ ကျွန်တော် မြစ်ဝကျွန်းပေါ်က နယ်မြို့တစ်မြို့မှာ ကျောင်းတက်ရတယ်။ မြို့က social & education level နိမ့်ကျတယ်။ ဗမာများတယ်။ လူနေ အလွန် သိပ်သည်းတယ်။ အထက ၁ ကျောင်းကြီးဟာ တော်တော်ကြီးကို ကြီးတယ်။ ကျောင်းသားဦးရေလည်း များတယ်။ ကျွန်တော်လည်း အဲဒီထဲက တစ်ယောက်ဖြစ်ဘူးတယ်။

0 comments:

Post a Comment

Followers