ရဟန်းတော်များ နိုင်ငံရေးတွင် ပါသင့်မပါသင့်



ဗုဒ္ဓဘာသာ ရဟန်းတော်တွေ နိုင်ငံရေးတွင် ပါသင့်မပါသင့် အငြင်းအခုန်တွေ ဖြစ်နေ တာတွေ့ ရပါတယ် ။ ဒီတော့ ဘုန်းကြီးတွေ ကို ဝေဖန်ဆောကြောချင်ရင် ဘုန်ကြီး ၀ိနည်းကို အရင်တီး မိခေါက်မိဖို့ လိုပါတယ်။ ပိတက္ကဋ် သုံးပုံ မှာ တစ်ပုံက ၀ိနည်းပါ ၀ိနည်း ကရဟန်းတွေ နှင့်ပဲ ဆိုင်တာ မဟုတ်ပါဘူး လူတွေ နှင့်လည်း အထိုက်အ လျောက်ဆိုင်ပါတယ်။ သာသနာတော်ကို ပံ့ပိုးရန် ရဟန်းတော်များနှင့် ဆက်ဆံရာ တွင်အသုံးတည့် သလိုမင်းအစိုးရများသာသနာ သန့် ရှင်းတည်တံ့ ပြန့် ပွားအောင် ဆောင်ရွက်ရာတွင်လည်းအသုံးဝင်ပါတယ်။ ဒါကြောင့် သာသနာရေး ဦးစီးဌာန မှာ ဓမ္မာစရိယအောင်ပြီးသူတွေ ( ဘုန်းကြီးလူထွက်တွေ) တာဝန် ထမ်းဆောင်နေကြ တာပါ။ 

0 comments:

Post a Comment

အမေ (သို့ မဟုတ်)အနှိုင်းမဲ့

 

အမေ (သို့ မဟုတ်)အနှိုင်းမဲ့
~~~~~~~~~~~~~~~~~
အမေ.....
အဲ့ဒီနေ့ က
မိုးတွေ ရွာနေတယ်နော်...

0 comments:

Post a Comment

ကျွန်တော်နဲ့ ကွန်ပြူတာ (၃)၊ DSIT & DSTA


မိတ်ကောင်း၊ ဆွေကောင်း၊ ဆရာကောင်းတွေနဲ့ တွေ့ဆုံခွင့်ရတာ သင့်အတွက် ကံကောင်းခြင်းပါပဲ။
တပ်မတော်အင်ဂျင်နီယာတက္ကသိုလ် ဒုတိယနှစ် ပြီးဆုံးလို့ ခွင့်ပြန်တဲ့ကာလမှာ ပြင်ဦးလွင်မှာ ဆုံခဲ့ဘူးတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဖြစ်တယ်။ သူတို့က ကွန်ပြူတာ တက္ကသိုလ်မှာ တက်နေကြတယ်။ ခွင့်ပြန်ကာလက ရက်သတ္တပတ် လေးပတ်သာကြာမြင့်လို့ ရန်ကုန်မှာ ဖွင့်တဲ့ အပြင်ကွန်ပြူတာ သင်တန်းတွေတက်ဖို့ ဘယ်လိုမှ အခွင့်မသာဘူး။ ဒါနဲ့ပဲ သူငယ်ချင်းတွေ အဆက်အသွယ်နဲ့ ကွန်ပြူတာ တစ်လုံး တစ်လနှစ်သောင်းနဲ့ ငှားကိုင်ပြီး လေ့လာမယ်လို့ အကြံဖြစ်တယ်။ အဖေ့ကို ပူစာပြီး အဖေ့ရုံးက အခန်းတစ်ခုမှာ တစ်နေရာပြောပေးဖို့ ထပ်ဆင့်တောင်းဆိုရပြန်တယ်။ တပ်တွင်းလိုင်းခန်းတွေမှာ နေထိုင်ရတာမို့ လျှပ်စစ်မီးက ညနေခြောက်နာရီက ညဆယ်နာရီအထိပဲ ပေးတယ်။ တပ်လိုင်းခန်းတွေရဲ့ လျှပ်စစ်မီးအသုံးက တပ်ရံပုံငွေက ကျခံရတာမို့ ညဖက်ခေတ္တ မီးထွန်းဖို့ပဲ ပေးနိုင်တယ်။ ခွင်ြ့ပန်ဆဲကာလ တန်အောင်သုံးရမှာဆိုတော့ ရုံးမှာသွားသုံးတာ အကောင်းဆုံးပဲ။ ကွန်ပြူတာစာအုပ်တွေ ဝယ်ဖတ်၊ help ဖိုင်တွေဖတ် ကွန်ပြူတာနဲ့ လက်ပွမ်းတတီးဖြစ်သွားရုံလောက်ပါပဲ။ သိပ်အများကြီး အကျိုးဖြစ်လှတယ်တော့ မဟုတ်။ better than nothing ပေါ့။

0 comments:

Post a Comment

ချယ်ရီမြေသို့ ခရီးအစ





စစ်တက္ကသိုလ် ဗိုလ်လောင်းအဖြစ် အရွေးချယ်ခံရပြီဖြစ်ကြေင်း အကြောင်းကြားစာကို လက်ခံရရှိပြီဆိုတော့ ပြင်ဦးလွင်သို့ သွားဖို့ပြင်ဆင်ရလေပြီ။ ငွေယားတောင် ဗိုလ်ရွေးအဖွဲ့မှာ သွားရောက်ဖြေဆိုခဲ့စဉ်က နောက်ဆုံးနေ့ လူတွေ့စစ်ဆေးခြင်း (Personal Interview) မတိုင်ခင် ညနေပိုင်းမှာ ဗိုလ်ရွေးတပ်ဖွဲ့ ဒုတပ်မှူးက ဖြေဆိုသူ ဗိုလ်လောင်း တစ်ဦးချင်းကို တွေ့ဆုံ၍ နောက်တစ်နေ့ အင်တာဗျူးအတွက် အကြိုစစ်ဆေးပြင်ဆင်ပေးသည့် Pre Test ကို ပြုလုပ်ပါသည်။ အကင်းပါးသူတစ်ယောက်အဖို့ ထိုအကြိုအင်တာဗျူးမှာပင် ကိုယ့်အခြေအနေကို ကိုယ်ခန့်မှန်းနိုင်သည်။

0 comments:

Post a Comment

ကျွန်တော်နဲ့ ကွန်ပြူတာ (၂)


ကျွန်တော်နဲ့ ကွန်ပြူတာ (၂)
ဗိုလ်သင်းတန်းတွေရဲ့ ထုံးစံအရ စီနီယာ ဂျူနီယာ စနစ်ရှိတယ်။ တစ်ကဏ္ဍသက်သက် ရှင်းပြမှရမယ်။ ဒီနေရာမှာ under training ကာလဆိုတော့ နှိပ်ကွပ်တယ်ပဲ ခေတ္တသုံးမယ်။ training ကများ၊ လူကပင်ပန်း၊ စီနီယာက နှိပ်ကွပ်တဲ့အချိန် အကြီးအကဲတွေက တပ်မတော်မှာ ကွန်ပြူတာသင်တန်း သက်သက်ဖွင့်ရင် ကောင်းမယ်လို့ အကြံဖြစ်ပြီး အင်ဂျင်နီယာဘာသာ မယူဘဲ ကွန်ပြူတာတက်မယ့်သူ ရှိလားလို့ စာရင်းကောက်တယ်။

0 comments:

Post a Comment

ဗမာပြည်က လူဝီ၁၆နဲ့မာရီအန်တွိုင်းနက် အပိုင်း(၂)


 

ဝန်ကြီးဟောင်း ဦးအောင်သောင်းအကြောင်း



မိသားစုလိုက် ခိုးကြပြီ

မကြာခင်လပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ စက်မှု (၁) လက်အောက်ခံ ဇေယျဝတီသကြားစက် ကြံခင်း ပိုင်ဆိုင်မှုကိစ္စအမှုမှာ ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးလွှတ်ထားသူနဲ့ ဝန်ကြီးဦးအောင်သောင်းရဲ့ အတွင်းလူနှစ်ဦး ပြဿနာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ပိုင် မြန်မာ့ဦးပိုင်လီမိတက်ကိုလွှဲမယ့် ဇေယျဝတီသကြားစက်က စက်အရန်ပစ္စည်းတွေ ပျောက်ဆုံးနေလို့ မြန်မာ့ဦးပိုင်လီမိတက်က သကြားစက်ကို လက်မခံလို့ စသုံးလုံးက ဝင်စစ်ရတဲ့အဖြစ် ရောက်ခဲ့တယ်လို့ စက်ရုံအရာရှိတဦးက ပြောပါတယ်။

0 comments:

Post a Comment

ဗမာပြည်က လူဝီ၁၆နဲ့မာရီအန်တွိုင်းနက် အပိုင်း(၁)


 

ဝန်ကြီးဟောင်း ဦးအောင်သောင်းအကြောင်း

ငတက်ပြားအစ

ဦးအောင်သောင်းဟာ တောင်သာနယ် ကျောက်ကာရွာ ဇာတိဖြစ်တယ်။ ဒါပေမယ့် သူ့ကိုယ်သူ (အင်္ဂလိပ်တော်လှန်တဲ့ မြင်းခေါင်း ဗိုလ်ရာညွန်ဇာတိ ကျောက်ကာနဲ့ ကပ်ရက်) ၀ဲလောင်ရွာ ဇာတိ လိုလို လိမ်ပြောလေ့ရှိတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကို ၀ဲလောင်သားလို့ မကြာခဏ ခေါ်လေ့ရှိတယ်။

0 comments:

Post a Comment

ကျွန်တော်နဲ့ ကွန်ပြူတာ (၁)


ကျွန်တော်နဲ့ ကွန်ပြူတာ (၁)
ကျယ်ပြောလှတဲ့ အိုင်တီအသုံးဝင်ပုံထဲကမှ အီးမေးလ်၊ Outlook အသုံးဝင်ပုံကို သာမန် user တစ်ယောက်အနေနဲ့ သိတာ ဖြစ်စေချင်တာလေး မျှဝေမလို့ အစချီရေးလိုက်တာမှာ ဘယ်လိုလုပ် အစိုးရအပစ်ဖို့တဲ့ ဘက်ရောက်သွားလဲမသိဘူး။
ရှယ်တဲ့သူ၊ တစ်ရက်အတွင်း friend request ပေါင်းများစွာ လက်ခံရရှိလိုက်တယ်။ စိတ်မကောင်းပါဘူး။ အမှန်တော့ blame လုပ်တာထက် constructive contribution လုပ်တာကသာ အကျိုးများမှာပါ။

0 comments:

Post a Comment

ဗိုလ်ကြီးနေမျိုးဇင် ကြားသိနိုင်ပါစေ




ဗိုလ်ကြီးနေမျိုးဇင် ကြားသိနိုင်ပါစေ
=====================

မင်္ဂလာပါရှင်….

ကျွန်မနာမည်ကတော့ ဒေါက်တာမြမြသန်း (ငြိမ်း) ဖြစ်ပါတယ်။ ဘ၀တစ်လျှောက်လုံး ကျောင်းဆရာမဘ၀နဲ့  အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ကျွန်မဟာ ဒီနေ့ဒီအချိန်မှာတော့ အသက် ၆၀ ပြည့်မြောက်ခဲ့ပြီးဖြစ်တဲ့အတွက် အငြိမ်းစားကျောင်းဆရာမ တစ်ယောက်သာဖြစ်ပါတော့တယ်။ အခုတော့ကျွန်မရဲ့မွေးရပ်ဌာနေဖြစ်တဲ့ လက်ပံတန်း မြို့မှာပဲသားသမီးမြေးမြစ်တွေနဲ့တူတူနေထိုင်လျှက်ရှိပါတယ်။

0 comments:

Post a Comment

စနေသားရဲ့ အတွေးများ

Photo from Bullet Hla Swe 
Photo from Bullet Hla Swe
ကျနော် စနေသားပါ။

 မြောက်ဥက္ကလာပ၊ သုနန္ဒာ မြို့ပတ်လမ်းပေါ်မှာ နေပါတယ်။ ရခိုင် ထိုင်တော်မူ ဘုရားကြီးရှိတဲ့လမ်းပေါ့။ အိမ်မျက်နှာချင်းဆိုင်မှာ သတ္တုတွင်းဝန်ကြီးဌာနရဲ့ ညွှန်ချုပ်တစ်ယောက်ရုံးထိုင်တဲ့ “ဘူမိဗေဒနှင့် ဓါတ်သတ္တု ရှာဖွေဦးဦးစီးဌာန”ရုံးဝင်းအကျယ်ကြီးရှိတယ်။

0 comments:

Post a Comment

လူဗလာ




Maung Paing

" လူဗလာ "
-----------

(၁)
" Hatreds do not cease through hatred, but through love alone the cease. "
" ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန် 
ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန် "
မြတ်ဗုဒ္ဓ(ဓမ္မပဒ)

0 comments:

Post a Comment

သတိမပြုမိကြသော ဝါးပင်ရဲ့ အကျိုးကျေးဇူးများ

 

သတိမပြုမိကြသော ဝါးပင်ရဲ့ အကျိုးကျေးဇူးများ....
-----------

ဝါးပင်ဟာ တကယ်တော့ မြက်ပင်လို့ ပြောလို့ရပါတယ်…… ဒါပေမယ့် ဝါးပင်ဟာ သိပ်ကိုထူးခြားတဲ့ အပင်ပါ…… ကြီးထွားနှုန်း မြန်ဆန်ပြီး သစ်မဟုတ်တဲ့ သစ်တောထွက် ပစ္စည်းထဲမှာ ပါဝင်ပြီးတော့ ကမ္ဘာပေါ်မှာ အလွန်အရေးပါတဲ့ အလိုအလျောက် ပေါက်တဲ့အပင်မျိုးထဲမှာ ပါဝင်ပါတယ်…..

1 comments:

Post a Comment

မြန်မာ့တပ်မတော်အပေါ် အမေရီကန်နိုင်ငံ အစိုးရရဲ့ သဘောထား........(၁)


မြန်မာ့တပ်မတော်အပေါ် အမေရီကန်နိုင်ငံ အစိုးရရဲ့ သဘောထား........(၁)

လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက မြန်မာနိုင်ငံက စစ်ဗိုလ် ၅ ယောက် အမေရီကန်ပြည်ထောင်စု အရှေ့ဖက်ကမ်းက Military Base တစ်ခုမှာ ကြည်းတပ်နဲ့ပါတ်သက်တဲ့ သင်တန်းတစ်ခု လာတက်ကြပါလေရော။

0 comments:

Post a Comment

ချယ်ရီရိပ်က မြတ်ဆရာများ



စစ်သမိုင်းဘာသာရပ်ကိုတော့ လေ့ကျင့်ရေးဌာနမှ ဗိုလ်ကြီး ဝင်းထွဋ်ကျော်(ရေ) က သင်ကြားပေးပါသည်။ ဗိုလ်ကြီး ဝင်းထွဋ်ကျော်သည် စစ်တက္ကသိုလ် အပတ်စဉ် (၁၇)မှ ဆင်းသော အရာရှိတစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်၏ ပထမဦးဆုံး ကျောင်းအုပ်ကြီး ဒေါက်တာ ဦးလှကျော်နှင့် နိုင်ငံကျော် စာရေးဆရာမကြီး ဒေါ်ရီကြိန်တို့၏ သားတစ်ဦးလည်း ဖြစ်သည်။ ကျွန်တော်တို့ ဗိုလ်လောင်းဘဝက

0 comments:

Post a Comment

တစ်ခါတုန်းက တက္ကသိုလ်မှာ ဇာတ်သိမ်း




ပြည်သူကို စီမံခန့်ခွဲ အုပ်ချုပ်ရာမှာ လိုက်နာရမယ့် ကျင့်ဝတ်ဆိုင်ရာ အချက်လက်တွေကို ပြင်ပက ကေ့စ်စတာဒီတွေနဲ့ ယှဉ်ပြီး ရှင်းပြရမယ်ဆိုကတည်းက ကျွန်မဟာ အိပ်မပျော်တွေဖြစ်ပြီး မနက်လင်းတော့လည်း ဂယောင်ချောက်ခြားနဲ့ နိုးလာခဲ့ပါတယ်။

0 comments:

Post a Comment

ဘင်္ဂလား ရိုးသားဖို့ လိုပါသည်

 

ဘင်္ဂလီ ၂,၄၁၅ ဦး လက်ခံမည် ဆိုသည့် ကိစ္စ မဟုတ်မှန်ပါ

ပြန်လည်စိစစ်ရေးအဖွဲ့ ဖွဲ့မည် ဆိုသည့် အကြောင်း ပြောကြားသည်ကို ဘင်္ဂလားဒေ့ရှ် အတွင်းဝန် မှ သံယောင်လိုက် ပြောကြားပြီး မီဒီယာ လက်ဦးမှု ရယူထားခြင်းသာဖြစ်သည်ဟု ယူဆမိ

0 comments:

Post a Comment

ဆရာ နဲ့ တပည့် ဆိုတာ ...

ဆရာ နဲ့ တပည့် ဆိုတာ။
ကျနော် တပ်ထဲ နေတဲ့အခါကပါ။ဘူးသီးတောင် ခမရ. ၃၅၃ မှာတော်တော်ကြာပါတယ်။အဲသည်တပ်မှာ နေရင်းကျနော့်တပ်ခွဲက တပ်သားဌေးဝင်း ( အမည်ရင်းပါဘဲ) ဟာခွင့်ပြန်ရင်းခွင့်လွန်ပျက်ကွက်ဖြစ်ပြီး တပ်ကနေစစ်ပြေးကြေငြာလိုက်တယ်။ကျနော်လဲ တာဝန်တွေကများတော့ မေ့မေ့လျှော့လျှော့နဲ့အချိန်တွေကြာသွားခဲ့ပါတယ်။နောက်တော့ ကျနော် တပ်မ ၇၇ လက်အောက်ခံ ခမ၇.၈ ကိုပြောင်းသွားတယ်။ခမရ.၈ မှာစစ်ဆင်ရေးထွက်တော့ ကရင်ပြည်နယ်ကိုသွားရပါတယ်။ဘားအံ..လှိုင်းဘွဲ ..ပိုင်ကျုံ..နော်တရာတောင်ကို တက်...တာလေ ကတဆင့်ပွိုင့်၁၂၄၈ ဘက်ကိုသွားခဲ့ရတယ်။၁၂၄၈ ကDKBA စခန်းပါ..KNU ကဝင်တိုက်ပြီးကျသွားလို့ KNUကဆက်မနေဘဲ ပြန်ဆင်းသွားတော့ တမခ ၇၇ ကတစ်ဗျူဟာနဲ့ ၂ရင်း၊ခလရ ၂၈ ကယာယီတပ်ခွဲမှူး ဗိုလ်မှူး(ယခုတပ်မမှူးဖြစ်နေပါပြီ)တစိဦးဦးစီးတပ်ခွဲတစ်ခွဲနဲ့ စခန်းဆောက်ရင်း နောက်ထပ်အတီုက်မခံရ အောင်လှုပ်ရှားတာဝန်ဆောင်ရွကရပါတယ်။
ရှေ့တန်းစစ်ဆင်ရေးမှာ.စစ်ဆင်ရေးအထမ်းသမားအဖြစ် ရဲဘက်ထောင်သားတွေကိုအသုံးပြုရပါတယ်။အဲသည်မှာ.ဇတ်လမ်းစတာပါဘဲ။အရင်တပ်ကနေလွှဲယူတဲ့စစ်ဆင်ရေး ရဲဘက်တွေထဲမှာ..ကျနော့်အရင် တပ်ကစစ်ပြေးဖြစ်သွားတဲ့တပ်သားဌေးဝင်း ရဲဘက်နဲ့ပါလာတယ်။သူကလာနှုတ်ဆက်တော့ ကျနော်အံ့သြသွားပြီး ဘယ်လိုဖြစ်တာလဲ မေးကြည့်မှ စစ်ပြေးမှု့နဲ့ ထောင်ကျလာကြောင်း..အခုရဲဘက်ဖြစ်နေကြောင်းသိရတယ်။ကျနော်လဲ ကိုယ့်တပ်ခွဲမှာ.ခေါ်ထားပြီးစစ်ဆင်ရေး.၄.လလုံးလုံးအရင်ကရဲဘော် အခုရဲဘက် တပည့်နဲ့ အတူထပ်နေခဲ့ရတယ်။ကျနော်တို့ တပ်စစ်ဆင်ရေးပြီးတော့ ဌေးဝင်းကပြစ်ဒဏ်မပြီးသေးဘူး..ဒါကြောင့်နောက်ထပ်တပ် ကိုထပ်လွှဲခဲ့ရပြန်တယ်။လွှဲခဲ့တဲ့ တပ်ခွဲမှူးကိုတော့ ကိုယ့်တပည့်ပါ..ကြည့်ပါ.စောင့်ရှောက်ပါ မှာခဲ့ရတပေါ့။ဘာလိုလဲ မေးကြည့်တော့ စောင်တွေလိုတယ်ဆိုလို့ရှိတဲ့စောင်တွေ ပေးခဲ့ရတယ်။လွှတ်ရက်ကလဲနီးတော့ လွတ်ရင်ပဲခူးကတပ်ကို ဝင်ခဲ့ဖို့မှာခဲ့တယ်။တပ်သားဌေးဝင်း လိုပြစ်ဒဏ်ကျ ရဲဘက်တွေ အများကြီးပါပါ တယ်။
ကျနော်တပ်ကို ပြန်ရောက်ကြပြီး စုဖွဲ့လေ့ကျင့်နေချိန်မှာ..သုံးဘီးကားတစ်စီးနဲ့ အင်းကျီ မပါတဲ့ လူ ၅ ယောက်အိမ်ကိုရောက်လာတယ်။သေချာကြည့်မှ ကျနော့်တပည့်ဌေးဝင်းနဲ့အပေါင်းအပါတွေ..အင်းကျီတွေ မေးကြည့်တော့ ထောင်ကပြစ်ဒဏ်ပြီးလို့လွှတ်လိုက်တော့ ဘားအံကနေ အပြန်လက်မှတ်ဘဲပေးလိုက်တာ။ဘာမှ မပေးလိုက်တော့ ဗိုလ်ကြီးဆီအကူညီလာတောင်းတာလို့ပြောပါတယ်..အင်းကျီတွေကိုမေးကြည့်တော့ သုံးဘီးဌားခပေးစရာမရှိလို့ ပဲခူးတံတားထိပ်ကအဟောင်းဆိုင်မှာရောင်းခဲ့တယ်လို့သိရတာ။
ကျနော်လဲ..ရေ ချိုးခိုင်း ရှိတဲ့ အ၀တ်တွေထုတ်ပေး..ထမင်းကျွေးပြီး တပည့်တွေ ခရီးဆက်နိုင်အောင်အကူ ညီပေးရတာပေါ့...သည်တပ်က အရာရှိ စစ်သည်တွေနဲ့ ရဲဘက်ဘ၀နဲ့ ခင်လာကြတော့ လိုက်နှုတ်ဆက်ကြ... လမ်းစရိတ်ထောက်ပံ့ကြနဲ့
ဝိုင်းကူညီပေးကြပါတယ်။သူတို့လဲ သူတို့ဇာတိ ဧရာဝတီ တိုင်းဘက်ကိုပြန်သွားခဲ့ကြပါတယ်။ နာဂစ်ထဲများ ပါသွားသလားတော့ မသိပါဘူး..အဲသည်နောက်ပိုင်းအဆက်သွယ်လဲ မရတော့ပါဘူး။
ကျနော်လဲ တပ်တွေ ပြောင်း တပ်ကထွက်..သည်နေ့အထိပါဘဲ....။
ဆိုလိုချင်တာက စစ်သားဆိုတာ..စစ်တပ်ထဲမှာ ပြစ်မှု့ကျူးလွန်ရင် ပြစ်ဒဏ်ခံရမှာဘဲ။
ပြစ်ဒဏ်ခံ ရ ရင်စစ်သားဆိုပြီး ဘယ်သူမှ မညှာပါဘူး တန်းတူပါဘဲ..ရဲဘက်ထောင်သားဘဝ မျိုးကိုဆိုလိုတာပါ။
အရင်က စစ်သား အခုထောင်သား...ဒါကိုကျနော်တို့စစ်သားတွေမခွဲခြားဘူး..အရင်ကတပည့်..အခုလဲ တပည့်ပါဘဲ။
အားကိုး အားထားစရာ...အချင်းချင်းဘဲ မြင်မိတယ်...စောင်တောင်းယူတာ..အင်းကျီချွတ်ရောင်းပြီး ဆရာဆီအရောက်လာတာ....။
တစ်တပ်ထဲခြင်း မဟုတ်လဲ စစ်သားဖြစ်ခဲ့တဲ့သူခြင်း ဘယ်သူမှ မမေ့ဘူး..ခမရ.၈ ကအရာရှိ စစ်သည်တွေ လမ်းစရိတ် ကူညီပေးကြတာ။
ဒါကြောင့်...ဘယ်ချိန်..ဘယ်နေရာ..ဘယ်ဘဝရောက်ရောက်...ဘယ်သူခွဲခွဲ တို့မကွဲ..အမြဲ စည်းလုံးမည်။
အားလုံးကိုလေးစားစွာဖြင့်...နိုင်လင်း..။
ကျနော် တပ်ထဲ နေတဲ့အခါကပါ။ဘူးသီးတောင် ခမရ. ၃၅၃ မှာတော်တော်ကြာပါတယ်။အဲသည်တပ်မှာ နေရင်းကျနော့်တပ်ခွဲက တပ်သားဌေးဝင်း ( အမည်ရင်းပါဘဲ) ဟာခွင့်ပြန်ရင်းခွင့်လွန်ပျက်ကွက်ဖြစ်ပြီး တပ်ကနေစစ်ပြေးကြေငြာလိုက်တယ်။ကျနော်လဲ တာဝန်တွေကများတော့ မေ့မေ့လျှော့လျှော့နဲ့အချိန်တွေကြာသွားခဲ့ပါတယ်။နောက်တော့ ကျနော် တပ်မ ၇၇ လက်အောက်ခံ ခမ၇.၈ ကိုပြောင်းသွားတယ်။ခမရ.၈ မှာစစ်ဆင်ရေးထွက်တော့ ကရင်ပြည်နယ်ကိုသွားရပါတယ်။ဘားအံ..လှိုင်းဘွဲ ..ပိုင်ကျုံ..နော်တရာတောင်ကို တက်...တာလေ ကတဆင့်ပွိုင့်၁၂၄၈ ဘက်ကိုသွားခဲ့ရတယ်။၁၂၄၈ ကDKBA စခန်းပါ..KNU ကဝင်တိုက်ပြီးကျသွားလို့ KNUကဆက်မနေဘဲ ပြန်ဆင်းသွားတော့ တမခ ၇၇ ကတစ်ဗျူဟာနဲ့ ၂ရင်း၊ခလရ ၂၈ ကယာယီတပ်ခွဲမှူး ဗိုလ်မှူး(ယခုတပ်မမှူးဖြစ်နေပါပြီ)တစိဦးဦးစီးတပ်ခွဲတစ်ခွဲနဲ့ စခန်းဆောက်ရင်း နောက်ထပ်အတီုက်မခံရ အောင်လှုပ်ရှားတာဝန်ဆောင်ရွကရပါတယ်။

0 comments:

Post a Comment

ကွဲဘေးကို ကျော်လွှားရမယ့် နိုင်ငံရေးပါတီများ



လွန်ခဲ့တဲ့  နှစ်နှစ်ကျော်က ကျွန်တော့်မိတ်ဆွေတစ်စု စုပေါင်းထူထောင်ထားတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခု မကြာခင်က ကွဲသွားတဲ့အကြောင်း ကြားရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း  အလုပ်မျိုးစုံနဲ့ ကျင်လည်ဖူးပြီး အကွဲမျိုးစုံ ကြုံခဲ့ရဖူးလို့ အကွဲတွေ ယဉ်ပါးလျက်ရှိပါတယ်။

0 comments:

Post a Comment

ပထမဆုံး မြန်မာ့လေကြောင်းတိုက်ပွဲ



ဖေဖော်ဝါရီ၏ နှင်းထုကား ကျိုင်းတုံ မြို့ ပေါ် လွှမ်းခြုံထားဆဲ

ပြင်းထန်လှသော ကျိုင်းတုံ ၏ နံနက်ခင်း အအေး ဒဏ်ကို အံတုကာ တလှုပ်လှုပ် အလုပ်များနေသူများက ရဲခေါင် အုပ်ဖွဲ့ မှ အရာရှိ/စစ်သည်များ

အချိန်ကား ၁၉၆၁ ဖေဖော်ဝါရီလ ၁၅ရက် ကျိုင်းတုံ၏ ဆောင်းနံနက်ခင်း

သူတို့ကား မဲခေါင်စစ်ဆင်ရေး ကြီး ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ရဲခေါင်အုပ်ဖွဲ့ Hawker Seafury တိုက်လေယာဉ် ၄စီးဖြင့် ဖွဲ့စည်းထားသော ရဲခေါင်အုပ်ဖွဲ့ ပြည်ပ ကူမင်တန် ကျူးကျော်တို့အား ရင်ဆိုင် နေရသည့် သူတို့ ၏ မျက်နှာပေါ် တွင် ဆောင်း၏အအေးဒဏ် မက တိုင်းပြည်အတွက် ငရဲ ကိုပင်သွားမည့် မာန်ထန် ကိုအထင်းသား----------------

0 comments:

Post a Comment

လည်ပြန်သုံးဆယ့်တစ်


" လည်ပြန်သုံးဆယ့်တစ် "
-----------------

မှန်တင်ခုံရှေ့ ထိုင်နေမိတာ အတော်လေးကြာမြင့်ပြီထင်သည်။ သို့သော် ကျွန်တော်မထမိသေး။ ယောကျာ်းတစ်ဦးဖြစ်လျက် ဇိမ်ပြေနပြေ အလှပြင်နေမိတာတော့မဟုတ်။ မှန်ထဲက ကိုယ့်မျက်နှာကို သေချာကြည့်နေမိတာပါ။

0 comments:

Post a Comment

Followers