(၆၃)နှစ်မြောက်သံချပ်ကာတပ်ဖွဲ့နေ့ဂုဏ်ပြု


အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းမှ ၁၉၄၆ ခုနှစ် မေလ၁၆ ရက်နေ့တွင်ကျင်းပသော ဖဆပလ ဦးစီးညီလာခံတွင် ''ခေတ်မီ သယ်ယူပို့ဆောင်ရေးယာဉ်တို့ဖြင့် ဒလကြမ်းဝင်ရောက် လာမည့်ရန်သူ လေတပ်အကူအညီ သံချပ်ကာအကူအညီ မရှိသောမည်သည့်အမြဲတမ်းတပ်ကမှ ခုခံနိုင်မည်မဟုတ်" ဟု မိန့်ကြားခဲ့သည်။ 

0 comments:

Post a Comment

မတူကွဲပြားမှုများဖြင့်



လောကကိုအလှဆင်ရာတွင် တစ်ဦးတစ်ယောက်၊ တစ်စုံတစ်ခု၊
တစ်မျိုးတည်းဖြင့် မဆောင်ရွက်နိုင် ။ တူညီသောအရာ တစ်မျိုး
တည်းဖြင့်လည်း ပြည့်စုံသောအလှကို မရနိုင်။ မတူသောရောင်
စုံပန်းပွင့်များ၊ မညီသော တိမ်များ၏ ပုံသဏ္ဍန်များ၊ အဆောက်
အဦးတို့၏ အချိုးအဆစ်အမျိုးမျိုး၊ ကျေးငှက်သာရကာတို့၏ ဇီဝ
အဖုံဖုံ၊ ကွဲပြားသောဂီတအမျိုးအစား အစုံစုံ .... စသည် စသည်
တို့ဖြင့် စုစည်း ဖန်တီး ပေါင်းစပ်ကြမှသာ ပြည့်စုံသော လောက
အလှကို ရရှိနိုင်ပေမည်။

0 comments:

Post a Comment

စစ်သားနဲ့ အခွင့်အရေးသမား တခြားစီ

Wunnaphe Thaw's photo.

Photo
၁၇နှစ်သား စစ်တက္ကသိုလ် ဗိုလ်လောင်း ဝဏ္ဏဖေသော် စစ်ထွက် ဝတ်စုံဖြင့် ၁၉၉၃ ခုနှစ်


စစ် တပ်ထဲကို ဝင်တဲ့ကောင်တွေ စစ်ဗိုလ် လုပ်ချင်တဲ့ကောင်တွေက အခွင့်အရေး လို ချင်လို့စစ်တပ်ထဲ ဝင်ကြတာ တိုင်းပြည် ချစ်လို့ဝင်တဲ့ ကောင် မရှိဘူး ကိုယ့်ဘာသာ တုံး လို့ အ လို့ စစ်ဗိုလ်ချုပ် တွေ အသုံးချ တာ ခံနေရတာ သေရင်သနားစရာ မရှိဘူး လို့ ချိုး ချိုး ဖဲ့ဖဲ့ပြောကြတယ် ။
ဒါနဲ့ပတ်သတ်လို့ အပြန် အလှန် တွေးတော သုံးသပ်ကြည့်ရအောင် ။

0 comments:

Post a Comment

ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး နဲ့ တပ်မတော်(ရေ)


ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး နဲ့ တပ်မတော်(ရေ)
အခုတလော ဂျာနယ်/ သတင်းစာ/ Facebook စာမျက်နှာတွေမှာ ပင်လယ်ပြင်အတွင်း လှိုင်းလေရာသီဥတုဆိုးဝါးမှုကြောင့် ဒုက္ခရောက်နေတဲ့ ကျားဖောင်ရေလုပ်သားများကို တပ်မတော်(ရေ)မှ ကယ်တင်ခဲ့တဲ့သတင်းတွေ ဖတ်ရပါတယ်။ ကြားလည်းကြားမိပါတယ်။ အသက်တစ်ချောင်း ကယ်တင်ခြင်းဟာ မွန်မြတ်လှတဲ့ ကုသိုလ်အလုပ်တစ်ခုဖြစ်တဲ့အတွက် ကျေနပ်ပီတိဖြစ်စရာကောင်းပါတယ်။

0 comments:

Post a Comment

တပ်မတော်(ရေ)ရဲ့ ပင်လယ်ပြင်ကယ်ဆယ်ရေး

 Myanmar NAVY's photo.
“တပ်မတော်(ရေ)စစ်ရေယာဉ်များမှ ရာသီဥတုဆိုးဝါးသဖြင့် ပင်လယ်ပြင်အတွင်း မျောပါနေသော ကျားဖောင်ရေလုပ်သား(၄၂၉)ဦးအား ရှာဖွေကယ်ဆယ်”
ရာသီဥတုဆိုးဝါးသဖြင့် မြစ်ဝကျွန်းပေါ် ဖျာပုံဒေသမှ ကျားဖောင်ရေလုပ်သားများ ပင်လယ်ပြင်အတွင်း မျောပါနေကြောင်းသတင်းရရှိသဖြင့် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်-၅၅၆ ၊ စစ်ရေယာဉ်-၅၆၃ ၊ စစ်ရေယာဉ်-၅၆၄ ၊ စစ်ရေယာဉ်-၆၂၀(ထပယ)၊ စစ်ရေယာဉ်-နဝရတ် စုစုပေါင်းစစ်ရေယာဉ်(၅)စီးဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ(၇)ရက် ညနေပိုင်းအချိန်မှ စတင်၍ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ(၈)ရက်နေ့ မနက်(၁)နာရီခန့်အထိ ရေလုပ်သား(၂၅၂)ယောက်အား ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ဧရာဝတီရေတပ်စခန်းဌာနချုပ်တွင် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်၍ သက်ဆိုင်ရာသို့ လွှဲပြောင်းပေးခဲ့ပါသည်။

0 comments:

Post a Comment

အလုပ်ဖြစ်ဖို့ လိုတယ်


(၁)
ဒီနေ့ခေတ်မှာ result orientated ဆိုတဲ့ စကားလုံးက တော်တော်အရေးပါလာတယ်။ ဘယ်လောက် ကိုယ်အားစိုက်ထုတ်ထားတယ် ဆိုတာထက် ရလဒ်ဘယ်လောက်ရလာခဲ့တယ်ဆိုတာကို ပိုပြီး ဦးစားပေးလာကြတယ်။ ကြိုးစားခြင်းဆိုတဲ့ Work hard စကားလုံးအစား အိုင်ဒီယာကို ဦးစားပေးတဲ့ work smart ဆိုတဲ့ စကားက အစားထိုးနေရာယူလာတယ်။ ကိုယ်က ၀န်ထမ်းပဲဖြစ်ဖြစ်၊ ပိုင်ရှင်ပဲဖြစ်ဖြစ်၊ စီးပွါးရေးပဲလုပ်လုပ်၊ လူမှုရေးပဲလုပ်လုပ်၊ ဘာလုပ်လုပ် ရလဒ်တစ်ခု ထွက်အောင် လုပ်ကြဖို့လိုတယ်။ ဒါက သိပ်ဆန်းတဲ့ အယူအဆတော့ မဟုတ်ဘူး။ ကျွန်တော်တို့ငယ်ငယ်က ရူပဗေဒမှာ သင်ခဲ့ကြရတယ်။ လူတစ်ယောက်က နေပူကြီးထဲမှာ ပင်ပင်ပန်းပန်းနဲ့ ကျောက်တုံးကြီးတစ်တုံးကို အင်တိုက်အားတိုက် တွန်းနေတယ်။ သူ့ဘက်က အားဘယ်လောက်သုံးသုံး ကျောက်တုံးက တစ်စက်မှမရွေ့ဘူးဆိုရင် သူလုပ်နေတာ အလုပ်ဖြစ်တယ်လို့ မခေါ်ဘူး။ ငါတို့လည်း လုပ်နေတာပဲ၊ ရမှမရတာ၊ ဘယ်တတ်နိုင်ပါ့မလဲ ဆိုပြီး လုပ်လို့မရတော့ပါဘူး။ အကြောင်းပြချက် မပေးနဲ့၊ ရအောင်လုပ်၊ ဖြစ်အောင်ကြိုးစား။ မအောင်မြင်ရင်တောင် အရှုံးက ရလိုက်တဲ့သင်ခန်းစာတွေနဲ့ အိုင်ဒီယာအသစ်တွေ ထပ်ထုတ်၊ အစီအစဉ်တွေ သေချာဆွဲပြီး ရလဒ်မထွက်ထွက်အောင် လုပ်ကြရတယ်။ အပြိုင်အဆိုင်အရမ်းများလာတဲ့ ဒီနေ့ခေတ်မှာ အဲဒီ mindset နဲ့ အလုပ်လုပ်တတ်ဖို့ သိပ်ကိုအရေးကြီးလာပါတယ်။

0 comments:

Post a Comment

မှတ်ပလား-ဟဲ့၊လျှာရှည်တာ

Lay Lwin's photo.
အပိုင်း(၂၆)၊ မှတ်ပလား-ဟဲ့၊လျှာရှည်တာ။
၁၉၉၈ခုနှစ်ကုန်လောက်က ဟောင်ကောင်ကနေပြန်ရောက်တုန်း လူကြီးနဲ့ စကား စမြည်ပြောရင်း ချစားလာတ်စားမှု တိုက်ဖျက်ရေးကော်မရှင်ဖွဲ့စည်းဘို့ ကိစ္စ အကြံပြု တင်ပြခဲ့ဘူးပါတယ်။သူက -
“ဘာ လဲကွICRC ဆိုတာ”-တဲ့။ (ICRC = International Committee of Red Cross)
ကျနော်က“ ICRC မဟုတ်ပါဘူးခင်ဗျ၊ ICAC ပါခင်ဗျ” လို့ဖြေတော့၊ “ဘာလဲ၊မင့် ICAC ဆိုတာ? ဘာလုပ်တာလဲ”တဲ့။

0 comments:

Post a Comment

ခြေစစ်ပွဲ မအောင်သေးသည့် မြန်မာ့နိုင်ငံရေး





ဗိုလ်နေဝင်း အုပ်စိုးသည့်ကာလ  ၁၉၇၀ လောက်က ပြည်ပရောက် သခင်နုပြောဖူးသည့် စကားတစ်ခုရှိသည်။ “ငါတို့ဒီနေ့ဆွေးနွေးတဲ့  ထိပ်တန်းလျှို့ဝှက်သတင်းတွေကို သိချင်ရင်  နောက်နေ့မှာ ထုတ်လွှင့်မယ့် မြန်မာ့အသံကို နားထောင်ကြည့်” တဲ့။

0 comments:

Post a Comment

သောင်းကျန်းမှုနှိမ်နင်းရေးသုံး တိုက်လေယာဉ်များ(အပိုင်း-၁)



၂၀ ရာစုကာလများအတွင်းစစ်ဘက်ဆိုင်ရာ အယူအဆများ အတွေးအခေါ် များပြောင်းလဲလာသည်နှင့် အညီ စစ်ဆင်မှု အတတ်ပညာများသည် လည်း စစ်ပွဲပုံသဏ္ဍန်များပေါ် လိုက်ကာအဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။ ဒုတိယကမ္ဘာစစ် ကာလအတွင်းမှစတင်ကာလေကြောင်းအရေးသာမှု သည် စစ်ပွဲ၏အဆုံးအဖြတ်တစ်ခု ဖြစ်လာခဲ့ပါသည်။ 

0 comments:

Post a Comment

မြန်မာတွေ ဘာ့ကြောင့်ဆင်းရဲနေသလဲ

မြန်မာတွေ ဘာ့ကြောင့်ဆင်းရဲနေသလဲ
==== ==== ====
ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင်ရှိ သော ကုန်သည်ကြီးများဟိုတယ် (ယခု ဆူးလေရှန်ဂရီလာဟိုတယ်)ဘေးမှ ဖြတ်လျှောက်လာတိုင်း ထူးဆန်းသောခံစားချက်တခုကို ကျွန်တော်အမြဲ ခံစားရသည်။ ဗိုလ်ချုပ်လမ်းဘက်မှ ကုန်သည်ကြီးများဟိုတယ်ဘေးသို့ ဖြတ်လျှောက်လာလျှင် ဟိုတယ်စားသောက်ခန်းမအတွင်းဝယ် ၀တ်ကောင်း စားလှဝတ်ထားကြသော နိုင်ငံခြားသားဧည့်သည်များ၊ နံနက်စာ၊ နေ့လယ်စာ၊ ညစာများကို စမတ်ကျကျစားသောက်နေကြတာ ကို မှန်ချပ်ကြီး၏အတွင်းဘက်၍ တွေ့ မြင်နေရစမြဲဖြစ်သည်။ လူသွား လမ်းနှင့် လေးပေလောက်ပဲကွာသည့်နေရာတွင် စားသောက်ပွဲကြီးကို တည်ခင်းသုံးဆောင်နေကြခြင်းဖြစ်သည်။ 

ဝတ်စုံပြည့်နှင့်သပ်သပ်ရပ်ရပ်ဝတ်စားထား သော စားပွဲထိုးဝန်ထမ်းများကလည်း ကျွမ်းကျင်မှုအပြည့်ဖြင့် ခန်းလုံးပြည့် ကော်ဇောခင်းထားသော အဲကွန်းအခန်းထဲဝယ် တည်ခင်းဧည့်ခံ ကျွေးမွေးနေကြပါသည်။ ထိုလူကုံထံတို့၏ စားသောက်ပွဲကိုတခါတရံတွင် တောင်းရမ်းစားသောက်သူများ၊ ဆင်းရဲသားလက်လုပ်လက်စားများသည် မှန်ချပ်၏တဖက် ဗိုလ်ချုပ်လမ်းပလက်ဖောင်းပေါ်မှငေးကြည့်နေကြတာ မကြာခဏမြင်ဖူးပါသည်။ တချို့ကလည်း မမြင်ဖူး၍၊ တချို့ကလည်း အားကျသောအကြည့်နှင့် အချို့မှာ စားသောက်ချင်၍ကြည့်ကြခြင်းဖြစ် သည်။ အခြားသူတွေတော့ ဘယ်လိုနေမည်မသိ။ ကျွန်တော်ကတော့ ထိုမြင်ကွင်းကို မြင်တိုင်းစိတ်မကောင်းဖြစ်မိသည်။ ဟိုတယ်စားသောက်ခန်းထဲတွင် စားသောက်နေကြသူတွေကို မနာလိုလို့တော့မဟုတ်။ သူတို့ တတ်နိုင်၍ သူတို့ပိုက်ဆံဖြင့်စားသောက်ခြင်းကို ဘာမှအပြစ်ပြောစရာ မရှိ။ သို့သော် ကျွန်တော့်စိတ်ကိုဆွဲဆောင်မှုအရှိဆုံးဖြစ်ရပ်မှာ မြန်မာနိုင်ငံတွင် အကြွယ်ဝဆုံးသူများနှင့် အဆင်းရဲဆုံးလူများသည် မှန်ချပ်၏ တဖက်တချက်တွင် အနီးကလေးကပ်လျက်ရပ်တည်နေကြခြင်းဖြစ်ပြီး သူတို့သည် တယောက်နှင့်တယောက် ပေအနည်းငယ်သာကွာသော် လည်း သူတို့ဘ၀များမှာ မိုးနှင့်မြေလိုကွာခြားကြခြင်းဖြစ်သည်။ ကျွန်တော် ကတော့ (အလုပ်သဘောဖြင့်)ဟိုတယ်အတွင်းသို့လည်းဝင်၍ ထိုနေရာ တွင် စားသောက်ဖူးသည်။ ဟိုတယ်အပြင် လူသွားလမ်းဘေးမှလည်း အထဲမှလူတွေ စားသောက်နေတာကို တစေ့တစောင်းကြည့်ခဲ့ဖူးသည်။
 
လောကကြီးတွင် ငတ်နေသူအချို့ကငတ်နေ၍ စားနိုင်သောက် နိုင်သူအချို့က ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးတွင် စားသောက် နေကြတာကို အနီးကပ်မြင်ရတာ ဤဟိုတယ်တခုပဲရှိမည်ထင်သည်။ တခါတရံတွင် ကလေးချီထားသော အာဟာရချို့တဲ့နေသည့် တောင်းရမ်း စားသောက်သူ မိခင်တယောက်က မှန်နံရံနောက်ကွယ်မှ ထိုသူများ စားသောက်နေခြင်းကို ကြည့်နေသည့်မြင်ကွင်းအားတွေ့ရသည်မှာ စိတ်မချမ်းသာစရာဖြစ်သည်။ စားနိုင်သောက်နိုင်သူများကို မုဒိတာပွားသော်လည်း မစားနိုင်မသောက်နိုင် ငေးမှိုင်ကြည့်နေရှာသော မြန်မာနိုင်ငံသား ဆင်းရဲသားလုပ်သားပြည်သူ များအတွက်တော့ ၀မ်းနည်းမိပါသည်။ ထိုအတွေးနှင့်ထပ်တူ ကျွန်တော် တို့နိုင်ငံသားတော်တော်များများသည် အဘယ်ကြောင့် ဆင်းရဲတွင်းမှ နှစ်ပေါင်းကြာရှည်အောင်မတက်နိုင်ကြသည်ကို အကြောင်းရင်းကို လေ့လာသုံးသပ်မိပါသည်။ ထိုအခါ ဖြစ်နိုင်သမျှ မြန်မာများ ဆင်းရဲကြ ရခြင်းကို အောက်ပါအတိုင်း တွေ့ရပါသည်။
 
(၁) ပညာမတတ်သဖြင့် ၀င်ငွေကောင်းသော အလုပ်အကိုင်များ မရကြခြင်း။
မြန်မာနိုင်ငံသားတော်တော်များများသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပါသည်။ ကျေးလက်တောရွာများတွင် အချို့ ရွာများတွင် ကျောင်း ပင်မရှိ။ အချို့ရွာကြီးများတွင်သာ မူလတန်းကျောင်းလေးများရှိပါသည်။ တောရွာများတွင် မူလတန်းအောင်သောအခါ ကျောင်းဆက်တက်ရန် အလယ်တန်း၊ အထက်တန်းကျောင်းများမရှိပါ။ အထက်တန်းကျောင်းရှိ သည့်မြို့သို့လွှတ်၍ ပညာသင်စေမည်ဆိုလျှင် မိဘအတွက် သာသမီး တို့နေဖို့ နေစရာအိမ်၊ စားစရာထမင်းဖိုး၊ သွားလာရသည့်ခရီးစရိတ်၊ ကြည့်ရှုစောင့်ရှောက်မည့်သူ စသည်တို့လိုလာပါသည်။ တော်ရုံဝင်ငွေ မျှသာရှိသော လယ်သမားတယောက်အနေနှင့် သားသမီးကိုမြို့သို့ပို့၍ ပညာသင်ကြားစေရေးမှာ အခွင့်အရေးမရှိသလောက် နည်းပါသည်။ ထို့ကြောင့် ကျေးလက်မှကလေးများသည် စတုတ္ထတန်းအောင်သည်နှင့် ဆက်တက်စရာကျောင်းမရှိတော့၍ ပညာရေးနိဂုံးချုပ်သွားပါသည်။ သူတို့ သည် မွေးရာပါအခွင့်အရေးအရ မြို့မှကလေးများနှင့်မျှတသောယှဉ်ပြိုင် ခွင့်ကိုမရရှာပါ။ ပညာမတတ်သောအခါ ကြီးပြင်းလာလျှင် လယ်သမား၊ သူရင်းငှား၊ ကျပန်းလုပ်သား စသော ဘ၀မှာပဲ ကျင်လည်ရပြန်ကာ သူတို့က မွေးဖွားလာသော မျိုးဆက်များကိုလည်း ပညာအမွေပေးနိုင်မည် မထင်ပါ။ အစိုးရမှ ပညာရေးအသုံးစရိတ်ကို အဆများစွာမြှင့်တင်ပြီး တောကျောင်းများတွင် အထက်တန်းအထိပညာသင်နိုင်ခွင့်ကို ဖန်တီး ပေးသင့်ပါသည်။ ယခုအခါ ပညာရေးအတွက်သုံးသော မြန်မာနိုင်ငံ၏ ဘတ်ဂျက်မှာ ယခင်က ၄ ဒသမ ၄ % ပဲရှိရာ ယခုနှစ်တွင်မှ ၅ ဒသမ ၄၃% ပဲသုံးသည်ဟုဆိုရာ နိုင်ငံတော်သည် ငွေတရာရမှ ပညာရေးအတွက် ငါးကျပ်လေးဆယ့်သုံးပြား သုံးခြင်းဖြစ်သည်။ နိုင်ငံတကာတွင်တော့ ဘတ်ဂျက်၏ (၂၀)ရာခိုင်နှုန်းခန့်ကို ပညာရေးအတွက်အသုံးပြုကြပါသည်။ မြန်မာနိုင်ငံတွင်တော့ တပ်မတော်အတွက် ဘတ်ဂျက်၏(၂၀%)ကို အသုံး ပြုပါသည်။ အာဆီယံတွင် အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်သော စင်ကာပူသည် နိုင်ငံ့ဘတ်ဂျက်၏ (၂၀)ရာခိုင်နှုန်းကို ပညာရေးအတွက်သုံးပါသည်။ နိုင်ငံသားတို့ပညာတတ်စေရန် အစိုးရသည် ပညာရေးအတွက် ငွေပိုသုံးရပါ မည်။ ဆင်းရဲခြင်းသည် ပညာမတတ်ခြင်းနှင့် ဆက်နွယ်နေပါသည်။ 

(၂) ၀င်ငွေနှင့် ထွက်ငွေမမျှခြင်း။
မြို့ပေါ်နေ မြန်မာနိုင်ငံသားတော်တော်များများသည် မိမိလစဉ် ၀င်ငွေ၏ ထက်ဝက်ခန့်ကို အိမ်ငှားခအတွက်အသုံးပြုနေရပါသည်။အချို့မှာရသည့်လခ၏အားလုံးနီးပါးမှာ အိမ်လခဖြင့်ပင်ကုန်သွားပါသည်။ အိမ်ဈေးမြေဈေးများမှာ သာမန်တိုင်းသူပြည်သားများ အိုးပိုင်အိမ်ပိုင်နှင့် မနေနိုင်လောက်အောင် မြင့်မားလျက်ရှိနေကြရာ ဘိုးဘွားအမွေအဖြစ် ရရှိထားသော လက်ငုတ်လက်ရင်း အိမ်ခြံမြေရှိထားသူများမှတပါး သမ္မာအာဇီဝဖြင့်ရရှိသော လစာငွေဖြင့်မြေတကွက်ဝယ်နိုင်ဖို့မှာ မျှော်လင့်ချက်မရှိသလောက်ဖြစ်သည်။ အစိုးရသည် တတ်နိုင်သလောက် အရှုံးခံ၍ အိမ်ရာစီမံကိန်းများကိုချက်ချင်း အကောင်အထည် ဖော်သင့်ပါသည်။ ၀င်ငွေ၏ထက်ဝက်ကို အိမ်ငှားခအတွက်သုံးလိုက်ရသော အခါအခြား မရှိမဖြစ်သုံးရမည့် အစားအသောက်၊ လူမှုရေး၊ ပညာရေး၊ ဆေးဝါး၊ အပန်းဖြေရေးတို့အတွက် သုံးရမည့်ငွေသည် မရှိသလောက်ဖြစ်သွားကာ ငွေပိုငွေလျှံမစုဆောင်းနိုင်ဘဲ ဆင်းရဲတွင်းသံသရာရှည်နေပေသည်။ စားသောက်ကုန်စရိတ်များကြီးမြင့်လာခြင်း၊ လျှပ်စစ်မီတာခများတိုးကောက် ခြင်း၊ သယ်ယူပို့ဆောင်ရေးအတွက်ကုန်ကျစရိတ်(ကားခ)များပိုမိုလာခြင်း စသည်တို့သည်လည်း ၀င်ငွေနှင့်ထွက်ငွေမလောက်ငစေသောအကြောင်း များဖြစ်သည်။

(၃) ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်မရှိခြင်း။
မြန်မာနိုင်ငံသားများအတွက် ကျင့်သုံးနေသော ကျန်းမာရေးစောင့် ရှောက်မှုစနစ်မှာ အရှင်းဆုံးပြောရလျှင် ကိုယ်ဖြစ်ကိုယ်ခံ ကျန်းမာရေး စနစ်ဖြစ်သည်။ လူတယောက်သည် နေမကောင်းလျှင် မိမိကိုယ်ပိုင်ငွေ ဖြင့်သာ ဆေးခန်းသွားပြရသည်။ ရောဂါကြီးလျှင် မရှိမဲ့ရှိမဲ့ ပစ္စည်းများ ကိုပေါင်နှံရောင်းချ၍ ပုဂ္ဂလိကဆေးရုံဆေးခန်းများသို့ သွားရောက်ကုသ ကြရသည်။ အလွန့်အလွန်ဆင်းရဲမွဲတေကြသူများကို နိုင်ငံတော်ပြည်သူ့ ဆေးရုံများမှ အခမဲ့ကုသစောင့်ရှောက်မှုပေးသည်ဆို၏။ သို့သော် နိုင်ငံ တော်ဆေးရုံများတွင် ခွဲခြားဆက်ဆံမှုများ၊ ရိုင်းပြသောဆက်ဆံရေးများ၊ ဆေးဝါးမပြည့်စုံမှုများက အဓိကပြဿနာဖြစ်သည်။ ပြည်သူလူထုသည် အသက်သာအသေခံမည်၊ အစိုးရဆေးရုံသို့ တတ်နိုင်သမျှ မသွားချင် ကြောင်း မိမိကိုယ်ကိုယ်သတ်သေသွားသော မြောင်းမြမြို့မှ အူကျရောဂါ ဝေဒနာရှင်တဦးက သက်သေပြနေပါသည်။ လူတို့၏၀င်ငွေသည် မိသားစု အတွင်းမှ တစုံတဦးဆေးကုသမှုခံယူလိုက်ရသည်နှင့် အကြွေးတင်သည် အထိ နစ်မြုပ်သွားလေ့ရှိသဖြင့် ဆင်းရဲသားများမှာ နာလန်မထူနိုင်တော့ ဘဲ ဆင်းရဲတာရှည်ပါသည်။ နိုင်ငံတကာတွင် ကျန်းမာရေးအာမခံစနစ် တခုထားရှိပြီး သတ်မှတ်ထားသောပြင်ပဆေးခန်းများတွင် အတိုင်းအတာ တခုအထိ အခမဲ့ကုသခွင့်ပြုထားခြင်း၊ အစိုးရဆေးရုံများတွင် တပြား တချပ်မှပေးစရာမလိုဘဲ အဆင့်မီစွာ၊ ယဉ်ကျေးဖွယ်ရာစွာ ကုသမှုပေးခြင်း ကို ပြုလုပ်ပေးကြပါသည်။ ကျန်းမာရေးအတွက် မြန်မာနိုင်ငံ၏အသုံး စရိတ်မှာ ငွေတရာကျပ်နိုင်ငံတော်တွင်ရှိတိုင်း သုံးကျပ်ဆယ့်ငါးပြား(၃ ဒသမ ၁၅%)ကိုသာ နိုင်ငံတော်ကသုံးနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုသည် အလွန်နိမ့်ကျနေပါသည်။ လူတို့ဆင်းရဲ ခြင်းမှာ မကျန်းမာမှု၊ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျများမှုတို့ကြောင့် ဖြစ်ပါသည်။

( ၄ ) အလုပ်အကိုင်ရှားပါးခြင်း။
နိုင်ငံအတွင်းဝယ် နှစ်ရှည်လများ ဖြစ်ပေါ်နေခဲ့သော စီမံခန့်ခွဲမှု အလွဲများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမရှိသလောက်နည်းပါးသွား ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၆၂ မှ ၁၉၈၈ အထိ ဆိုရှယ်လစ် စနစ်ဖြင့် တံခါးပိတ်မူဝါဒကိုကျင့်သုံးကာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ကို ပြည်သူပိုင်သိမ်းခဲ့ရာမှ စီပွားရေးချွတ်ခြုံကျခဲ့ပါသည်။ ပြည်သူပိုင် စက်ရုံအလုပ်ရုံများမှာလည်း မဆိုစလောက် အလုပ်အကိုင်များကိုသာ ဖန်တီးပေးနိုင်ပါသည်။ ၁၉၈၈ မှ ၂၀၁၀ စစ်အစိုးရလက်ထက်တွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သော်လည်း ခိုင်မာသောဥပဒေမရှိခြင်း၊ မူဝါဒ မကြာခဏပြောင်းလဲခြင်း၊ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့ထား ခြင်းတို့ကြောင့် တရုတ်နှင့် အာဆီယံကုမ္ပဏီအချို့မှလွဲ၍ ထိရောက်သော ပြည်ပရင်းနှီးမြှုပ်နှံမှုမရှိခဲ့။ အလုပ်အကိုင်အခွင့်အလမ်းလည်း ပြည်သူတို့တွင် မရှိသလောက်ဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ နှုန်းကို စစ်အစိုးရသည် တခါမှ တရားဝင်စာရင်းအင်းများမကြေညာသဖြင့် မသိရသော်လည်း ကျွန်တော်တို့ လက်တွေ့ကျင်လည်ကြီးပြင်းခဲ့ရာခေတ် ကြီးတွင် လူ ၁၀၀ လျှင် အလုပ်မရှိသူမှာ ၄၀ ထက်လျော့မည်မဟုတ် ချေ။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်များ၊ ဘိလိယက်ခုံများ၊ အရက်ဆိုင် များတွင် လူတို့အုံခဲနေကြခြင်းဖြစ်သည်။ အလုပ်မရှိသဖြင့် မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံများသို့ သွားရောက်ကာ ရရာအလုပ်လုပ်နေရသော မြန်မာလူငယ်များ သန်းနှင့်ချီ၍ရှိနေတာ မြန်မာနိုင်ငံတွင် အလုပ်ရှားပါးမှု ၏ အဓိကသက်သေဖြစ်သည်။ အလုပ်မရှိသဖြင့် ၀င်ငွေမရှိ၊ ၀င်ငွေမရှိ သဖြင့် ဆင်းရဲသည်။ ဤသံသရာကိုအမြစ်ဖြတ်ရန် အစိုးရသည်အောက် ခြေလူတန်းစားများကို အလုပ်အကိုင်များ ပို၍ဖန်တီးပေးရမည်။ သဘာဝ ဓာတ်ငွေ့၊ ကျောက်မျက်၊ လျှပ်စစ်၊ သစ်တော စသော သဘာဝသယံ ဇာတများတူးဖော်မည့် နိုင်ငံခြားကုမ္ပဏီများထက် မြန်မာလူထုကိုအလုပ် အကိုင်များ ဖန်တီးပေးနိုင်မည့် စက်ရုံ၊ အလုပ်ရုံ (ဥပမာ မော်တော်ကား စက်ရုံ) စသည်များကို မြန်မာနိုင်ငံသို့ရောက်လာအောင် မက်လုံးပေး စည်းရုံးသင့်ပါသည်။ 

(၅) သယံဇာတရောင်းချရာမှမှရသောဝင်ငွေသည် ပြည်သူလူထုထံသို့ ရောက်ရှိမလာခြင်း။
နှစ်စဉ် ဒေါ်လာဘီလျံနှင့်ချီသော သဘာဝဓာတ်ငွေ့ရောင်းရငွေများ၊ ကျောက်မျက်ရောင်းရငွေများ၊ ကျွန်းသစ်နှင့် သစ်မာရောင်းရငွေများ၊ ရေသယံဇာတရောင်းရငွေများ၊ ကြေးနီ၊ နီကယ်၊ ရွှေသတ်္တုတူးဖော်ရေး စသော သဘာဝသယံဇာတရောင်းချရာမှရရှိသောဝင်ငွေများသည် ဒေသခံ ပြည်သူလူထုထံသို့ ဒေသဖွံ့ဖြိုးရေးပုံစံဖြင့်ဖြစ်စေ၊ အကျိုးအမြတ်ခွဲဝေ မှုပုံစံဖြင့်ဖြစ်စေ ဒေသခံပြည်သူတို့ ရပိုင်ခွင့်ရှိပါသည်။ ဥပမာ အာရပ် နိုင်ငံအချို့တွင် ရေနံရောင်းချခြင်းမှရရှိသော ၀င်ငွေကိုနိုင်ငံသားများအား ခွဲဝေပေးသဖြင့် ယူအေအီး၊ ကာတာစသော ရေနံထွက်သော အာရပ် နိုင်ငံသားများ ၀င်ငွေအလွန်ကောင်းကာ တိုင်းသူပြည်သားများ၏လူနေ မှုအဆင့်မြင့်လာကြပါသည်။ မြန်မာနိုင်ငံ၌ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဒေသခံများ လယ်မြေယာမြေများကို စွန့်လွှတ်အနစ်နာ ခံခဲ့ရသော်လည်း အကျိုးအမြတ်ကို မြန်မာ-၀မ်ပေါင်ကုမ္ပဏီ၊ အစိုးရနှင့် စီးပွားရေးဦးပိုင်လီမိတက်တို့သာ ဝေခြမ်းယူခဲ့ကြလေသည်။ ဒေသခံ တို့အတွက် ဘာမှမရသလောက်ပင်ဖြစ်သည်။ ဖားကန့်၊ မိုးကုတ်၊ မိုင်းရှူး ရခိုင်ပြည်နယ် စသည့်ဒေသများတွင်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ ဒေသခံတို့သည် သူတို့ထံမှ သဘာဝသယံဇာတများကိုပေးလိုက်ရသော်လည်း ဘာမှမယ်မယ်ရရပြန်မရသဖြင့် ဆင်းရဲမြဲဆင်းရဲကာ နိုင်ငံခြားတွင် ခေတ်သစ်ကျွန်သွားခံကာ အောက်ကျသောအလုပ်များကို လုပ်နေ ကြရဆဲဖြစ်သည်။ သယံဇာတမှရသော တနှစ်ဝင်ငွေအနက် တရက်ဝင်ငွေ ကိုသာ ဒေသခံတို့အား ရှယ်ယာအဖြစ်ခွဲဝေပေးလျှင်ပင် မရှိဆင်းရဲသား များအတွက် အတော်အထောက် အကူရပေလိမ့်မည်။

( ၆ ) စစ်အသုံးစရိတ်ထောင်းနေခြင်း။
တပ်မတော်သားများသည် ဤကဲ့သို့ပြောပါက မကြိုက်ကြပေ။ဒေသတွင်း တပ်မတော်များနှင့် နှိုင်းယှဉ်လျှင် ခေတ်မီတပ်မတော်တခု အတွက် လိုအပ်သောအနိမ့်ဆုံး စစ်စရိတ်ကိုသာသုံးနေခြင်းဖြစ်သည်ဟု တပ်မတော်ခေါင်းဆောင်များက အမြဲတမ်းကာကွယ်ပြောလေ့ရှိပါသည်။ သုံးငွေပမာဏချင်းယှဉ်လျှင် မြန်မာတပ်မတော်၏အသုံးစရိတ်မှာ ထိုင်း တို့၊ စင်ကာပူတို့ထက်နည်းကောင်းနည်းပါလိမ့်မည်။ သို့သော် နိုင်ငံ၏ ၀င်ငွေ၊ နိုင်ငံသူနိုင်ငံသားတို့၏၀င်ငွေနှင့် အချိုးချကြည့်လျှင်တော့ မြန်မာ နိုင်ငံ၏ ဘတ်ဂျက်အသုံးစရိတ်များတွင် ကာကွယ်ရေးအသုံးစရိတ်မှာ အများဆုံးဖြစ်နေပါသည်။ ဥပမာအားဖြင့် တလသိန်းတရာဝင်ငွေရှိသော သူဌေးတယောက်သည် သူ့အိမ်လုံခြုံရေးအတွက် လုံခြုံရေးအစောင့် များငှားခြင်း၊ စီစီတီဗီ စသည့် ကိရိယာများတပ်ဆင်ခြင်းအတွင် တလ ဆယ်သိန်းသုံးသည်ဆိုပါစို့။ သူ့ဘေးအိမ်မှ တလလျှင် နှစ်သိန်းသာဝင်ငွေ ရှိသော ဆင်းရဲသားမိသားစုသည် ဘေးအိမ်ကိုအားကျ၍ လုံခြုံရေးစရိတ် တလလေးသောင်းသုံးပြီး သူ့အသုံးစရိတ်မှာ ဘေးအိမ်နှင့်စာလျှင် အလွန် နည်းပါသည်ဟု ပြောနေသလိုဖြစ်ပေသည်။ သူထည့်မတွက်သောအချက် မှာ ဘေးအိမ်သည် လုံခြုံရေးအတွက် တလဆယ်သိန်းသုံးသလို ပညာ ရေးနှင့် ကျန်းမာရေးအတွက် တလသိန်းနှစ်ဆယ်သုံးနေခြင်းဆိုသည့် အချက်ဖြစ်သည်။ ဆိုလိုသည်မှာ ဘယ်ရွေ့ဘယ်မျှသုံးသည် ဆိုခြင်းမှာ ပဓာနမဟုတ်။ ၀င်ငွေ၏ ဘယ်လောက်ရာခိုင်နှုန်းကို သုံးပစ်နေသည် ဆိုခြင်းကပြဿနာဖြစ်သည်။ တနေ့သုံးထောင်သာဝင်ငွေရှိသော ဆိုက်္ကား သမားက ငွေတထောင်ဖိုး သူ့အတွက်သုံးလိုက်ခြင်းသည် မိသားစုတစု လုံးအတွက် နှစ်ထောင်သာကျန်တော့ခြင်းကြောင့် ထိခိုက်မှုရှိပါသည်။ တနေ့တသောင်းဝင်ငွေရှိသူက နှစ်ထောင်ဖိုးသုံးခြင်းနှင့်သွား၍ မနှိုင်း ယှဉ်သင့်ပေ။
 
(၇) အခွန်စနစ်မကောင်းခြင်း။
နိုင်ငံတကာတွင် ကောက်ခံသောအခွန်စနစ်မှာ လူများများထံမှ နည်းနည်းစီ တိတိကျကျကောက်ခံခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အခွန် ကောက်ခံသောစနစ်မှာ လူအနည်းငယ်ကို များများကောက်ခံခြင်းဖြစ် သည်။ ဆိုလိုသည်မှာ အခွန်မပေးသူ၊ အခွန်ဦးစီးမှူးနှင့်ပေါင်းကာ လျှော့ ပေးသူ၊ လုံးဝမပေးဘဲ အခွန်ရှောင်နေသူ အခွန်လိမ်နေသူ စီးပွားရေး လုပ်ငန်းရှင်ကြီးများစွာရှိပါသည်။ ထိုသူတို့ပေးရမည့်ငွေများကို သာမန် စီးပွားရေးသမား အလတ်စားနှင့် အသေးစားလုပ်ငန်းရှင်များ၊ ပြည်သူ များက ၀န်ပိုထမ်းနေရသလိုဖြစ်သည်။ ဤစနစ်က တိုင်းပြည်ဝင်ငွေ လျော့နည်းကာ ဘတ်ဂျက်လိုငွေပြပြီး ငွေစက်္ကူများ အသစ်ထပ်မံရိုက် နှိပ်သောကြောင့် ငွေဖောင်းပွကာ ပြည်သူလူထုကို ပို၍ဆင်းရဲစေပါ သည်။ ခေါင်ကမလုံ၍ မိုးယိုသောကိစ္စဖြစ်ပါသည်။

(၈) အဂတိလိုက်စားမှုများ။
မြန်မာပြည်သူများဆင်းရဲရသော အခြားအကြောင်းတခုမှာ အစိုးရ ကချပေးလိုက်သော အသုံးစရိတ်ဘတ်ဂျက်ငွေများသည် အောက်ခြေ ပြည်သူလူထုထံ မှန်မှန်ကန်ကန်ရောက်ရှိမလာဘဲ စီမံကိန်းများတွင် ပါဝင်ပတ်သက်သူများ ၀ိုင်းဝန်းခိုးဝှက်ကြခြင်းဖြင့် နိုင်ငံ့ဘဏ္ဍာငွေများ အဟောသိကံဖြစ်မှုကြောင့်ဖြစ်သည်။ ထိုကိစ်္စကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကပင် ဆီးသီးဗန်းမှောက်ကျသော ဥပမာ ပေးခဲ့လေသည်။ ပြဿနာကား ဆီးသီးဗန်း မကြာခဏမှောက်နေသော် လည်း တမင်မှောက်သူကိုရော၊ ကောက်စားကြသူများကိုရော အရေး မယူဘဲ မသိချင်ယောင်ဆောင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူ လူထုသည် အစိုးရကိုအားကိုး၍မရဘဲ ကိုယ်ထူကိုယ်ထလမ်းဖောက်လုပ် ရေးတို့၊ ကိုယ့်အားကိုယ်ကိုးရပ်ရွာမီးလင်းရေးတို့၊ စရိတ်မျှပေးကျန်းမာ ရေးတို့မှာ မလိုအပ်ဘဲ အချိန်များ၊ ငွေများအကုန်အကျများနေကာ ဆင်းရဲ တွင်းမှ မတက်နိုင်ကြခြင်းဖြစ်သည်။

(၉) လောင်းကစားနှင့် အရက်
မြန်မာအယောက် ၁၀၀ တွင် နှစ်လုံးထီ စွဲနေသူ (၈၀)ခန့်ရှိမည် ထင်သည်။ လူတို့သည် မိမိပင်မစီးပွားရေးအလုပ်ကို ဖြောင့်ဖြောင့်မလုပ် နိုင်ကြတော့ပဲ အချိန်ရှိသရွေ့ နှစ်လုံးထီတွက်ခြင်း၊ မရှိမဲ့ရှိမဲ့ငွေများကို ချေးငှားကာ နေ့စဉ်လောင်းကစားခြင်း၊ နှစ်လုံးထီထွက်မည့်အချိန်တွင် အခြားအလုပ်မလုပ်နိုင်ဘဲ လက်ဖက်ရည်ဆိုင်တွင် တမော့မော့ဖြင့် ထိုင်း နိုင်ငံ၏ရှယ်ယာဂဏန်း (ချဲပေါက်မဲ)များကို သွားရောက်ကြည့်ရှုရခြင်း၊ မပေါက်သောအခါ စိတ်ဓာတ်ကျ၍ အလုပ်မလုပ်ချင်တော့ခြင်း၊ စိတ်လေ ခြင်း၊ စားသောက်စရာပိုက်ဆံမရှိတော့၍ မရိုးသားမှုများကိုဆောင်ရွက် လာကြခြင်းတို့ဖြစ်ပေါ်ကာ ဆင်းရဲမှုသံသရာမှမလွတ်နိုင်ကြပေ။ ဘောလုံး လောင်းကစားသူများမှာလည်း ထိုနည်းနှင်နှင်။ လူကြီးလူငယ် တော် များများမှာလည်း လမ်းတိုင်းတွင် မှိုလိုပေါက်အောင် ဖွင့်လှစ်နေကြသော ယမကာဆိုင်များမှာ အချိန်ကုန်ကာ အချိန်တန်တော့ ဖောရှောဇာတ်လမ်း အတိုင်း သေမင်းခေါ်ရာနောက်သို့ ငယ်ငယ်ရွယ်ရွယ်နှင့် လိုက်ကြရတော့ သည်။ မသေမီလည်း အလုပ်ပျက်အကိုင်ပျက် ကျန်းမာရေးထိခိုက်ကာ မိသားစုအတွက် ၀င်ငွေရှာဖွေရာတွင်ထိခိုက်လာလေသည်။ ဆင်းရဲတွင်းမှ မည်သို့မျှ တက်နိုင်ကြမည်မဟုတ်ပေ။
 
(၁၀) စီးပွားရေးလုပ်ကွက်မှန်သမျှ ခရိုနီတို့လက်ဝါးကြီးအုပ် ထားခြင်း။
ဤအချက်ကို အသေးစိတ်ထပ်မပြောလိုတော့ပါ။ တနိုင်ငံလုံး သိပြီးသားဖြစ်ပါသည်။

ဤသည်တို့ကား မြန်မာနိုင်ငံတွင် လက်ငင်းဖြစ်ပေါ်နေသော ပြည်သူများ ဆင်းရဲတွင်းနက်စေသောအကြောင်းရင်းများဖြစ်သည်။ အစိုးရ က ဖြေရှင်းရမည်များရှိသလို ပြည်သူလူထုက မိမိအသိဖြင့် ရုန်းထရမည့် အရာများလည်း ရှိပေသည်။ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းကြားတွင် ခပ်ပါးပါးလေးခြားထားသော မှန်တချပ်ရှိသည်ဖြစ်ရာ ထိုမှန်ချပ်ကြီးကို တကယ်ကောင်းမွန်သော အစိုးရ၊ တကယ်သန့်ရှင်းသောအစိုးရနှင့် ကိုယ် တိုင်ရုန်းထလိုသောပြည်သူများက ပူးပေါင်းဖြိုခွင်းရမည်ဖြစ်ပါကြောင်း။ ထိုသို့ ညီညာဖြဖြဆောင်ရွက်ကြလျှင် မြန်မာနိုင်ငံသားများသည် ခေတ် သစ်ကျွန်လူမျိုးများ၊ ခေတ်သစ်အိမ်ဖော်လူမျိုးများအဖြစ် ကျော်ကြားလာ နေခြင်းကိုပယ်ဖျက်၍ လူမှန်နေရာမှန် ရွှေမှန်ကင်းစစ်လျှင် နန်းတော်ပေါ် ပြန်ရောက်နိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။
သရ၀ဏ်(ပြည်)

မြန်မာတွေ ဘာ့ကြောင့်ဆင်းရဲနေသလဲ
==== ==== ====

ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင်ရှိ သော ကုန်သည်ကြီးများဟိုတယ် (ယခု ဆူးလေရှန်ဂရီလာဟိုတယ်)ဘေးမှ ဖြတ်လျှောက်လာတိုင်း ထူးဆန်းသောခံစားချက်တခုကို ကျွန်တော်အမြဲ ခံစားရသည်။ ဗိုလ်ချုပ်လမ်းဘက်မှ ကုန်သည်ကြီးများဟိုတယ်ဘေးသို့ ဖြတ်လျှောက်လာလျှင် ဟိုတယ်စားသောက်ခန်းမအတွင်းဝယ် ၀တ်ကောင်း စားလှဝတ်ထားကြသော နိုင်ငံခြားသားဧည့်သည်များ၊ နံနက်စာ၊ နေ့လယ်စာ၊ ညစာများကို စမတ်ကျကျစားသောက်နေကြတာ ကို မှန်ချပ်ကြီး၏အတွင်းဘက်၍ တွေ့ မြင်နေရစမြဲဖြစ်သည်။ လူသွား လမ်းနှင့် လေးပေလောက်ပဲကွာသည့်နေရာတွင် စားသောက်ပွဲကြီးကို တည်ခင်းသုံးဆောင်နေကြခြင်းဖြစ်သည်။

0 comments:

Post a Comment

ကြယ် စင် တစ် ပွင့် ရဲ့ နေ ဝင် နိ ဂုံး


ကြယ် စင် တစ် ပွင့် ရဲ့ နေ ဝင် နိ ဂုံး 
.(ဖြစ်ရပ်မှန်ဇာတ်လမ်း) 

"ဆေးလိပ်ကို ဘယ်လိုသောက်နေတာလဲ ကျော်သိန်း.....ညဘက် ဆေးလိပ်သောက်ရင် နို့ဆီခွက်နဲ့အုပ်သောက် ဖို့ ငါမမှာထားဘူးလားကွ"
ဆရာကြီးစိုးမောင်ရဲ့ ကြိမ်းမောင်းသံခပ်သဲ့သဲ့ကို ကြားနေရပေသည်။တပည့်တွေကလည်း တပည့်တွေပင်။အတန်တန်မှာထားရဲ့သားနဲ့ တခါတလေ ပေါ့ပေါ့ဆဆနဲ့နေတတ်သည်။အခုလည်း ညဘက်မှောင်ကြီးမဲကြီးထဲ ဆေးလိပ်မီးတစ်ရဲရဲ နှင့်သောက်နေသည်မို့ ဆရာကြီးစိုးမောင်က ဆူနေခြင်းဖြစ်သည်။

0 comments:

Post a Comment

တိုင်းတစ်ပါးက မေမေ့သားသို့


တိုင်းတစ်ပါးက မေမေ့သားသို့
=====================
သားရေ ..

မနေ့ က သားကို အမေက သားလေး ဒီလ ငွေလှမ်းပို့ ပြီးပြီလား လို့  ဖုန်းဆက် မေးလိုက် တော့ ..သားက အမေတို့ ကလည်းဗျာ ..ကျနော် ပို့တဲ့အချိန် ရောက် မှာပေါ့ ..အမေတို့ ကလည်း ပီးခဲ့တဲ့လက ပို့လိုက်တာလည်း ကုန်အောင်သုံးနေတာဘဲ .. ကျနော် နိုင်ငံခြား မှာ အမြဲ အလုပ်အဆင်ပြေနေတယ်မထင်နဲ့ နဲနဲ ပါးပါးလဲ စုကြဦး ..ချွေတာသုံး ကြဦး ဗျာ …ဆိုပြီး ဒေါသတကြီး နဲ့  ပြောပြီး ဖုန်းချ သွားတော့ ..အမေ လေ သားနားလည်အောင် ရှင်းပြချိန်မရလိုက်ဘဲ ရင်ထဲမှာ နင့် ပြီးဖုန်းဆိုင်ကနေ အိမ်ပြန် လမ်းတလျောက် စိတ်တွေ မကောင်းခဲ့ဘူး။ လမ်းလျှောက် နေတာတောင် လမ်းနဲ့ ခြေထောက် ထိတယ် လို့  မထင်တော့ပါဘူး သားလေးရယ် …

0 comments:

Post a Comment

Followers