စစ်သားနဲ့ ရေဗူးပေါက်တဲ့ဇာတ်လမ်း (၂)

Khin Mg Thant's photo.
အခန်း(၂)

ရွှေမန်းတလေးမှာရှေ့ပြေးလိုက်ရတာကြာတော့စစ်တိုက်ရသလိုဘဲပျော်လာပါတယ်၊နောက်တခုပါတီဗဟိုကော်မတီဝင်တွေကများသောအားဖြင့်သဘောကောင်းတာများကြသလို ကျနော့ကိုလည်းဗိုလ်သားလေး၊ဗိုလ်ပိစီကွေးလေး လို့ချစ်စနိုးနဲ့တောင်ခေါ်ဝေါ်တတ်ကြပါတယ်၊နောက်တခု powerခေါ်မလား၊အဲသည်တုံးက ဒုဗိုလ်၊ဗိုလ်တယောက်အပေါ်အထက်ဌာနကထားတဲ့ယုံကြည်မှုက အခုအချိန်ထက်ပိုမယ်ထင်ပါတယ်၊ 

0 comments:

Post a Comment

သွေးနဲ့ရင်းတဲ့မြေ(၈)



သွေးနဲ့ရင်းတဲ့မြေ(၈)

ခလရ(၇၅)မှစစ်ကူစစ်ကြောင်းရောက်ရှိလာသော်လည်း လူအင်အားမှာ အရာရှိ(၈)ဦး စစ်သည်(၁၇၂)ဦးသာဖြစ်သည်။ အဆိုပါ၁၈၀ တွင်ဒဏ်ရာရှိသူများပါဝင်သည်

0 comments:

Post a Comment

စစ်သားနဲ့ ရေဗူးပေါက်တဲ့ဇာတ်လမ်း


Khin Mg Thant's photo.

(၁)
"ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာဘဲလိုချင်တယ်" ဆိုတဲ့စကားကို စစ်သားများအားလုံးကြားဘူးကြပါလိမ့်မယ်၊ သည်စကားနဲ့ပတ်သက်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းအငြိမ်းစား ဗိုလ်ချုပ်ကြီးသူရတင်ဦး(ယခု NLD နာယကကြီး) ကVOA ကဦးရော်နီညိမ်းမေးတဲ့တပ်မှုးတပ်သားပြောစကားမှာသည်လိုရှင်းပြထားပါတယ်။

1 comments:

Post a Comment

လက်ပံတောင်း အစီရင်ခံစာက ပြောသောစကား


မြန်မာ့ခေတ်သစ် သမိုင်းတွင် မှတ်တိုင်ဖြစ်သော လက်ပံတောင်းတောင် အစီရင်ခံစာတွင် မြင်မိသော အချက်အလက်အချို့ကို ဆွဲထုတ် ကြည့်မိသည်။
စာချုပ်ပြန်ပြင်ချုပ်
စီမံကိန်းကိုရပ်၊ ယခုပုံစံအတိုင်း ဆက်လုပ်နှင့် ပုံစံပြောင်း လုပ်ဟု ရွေးချယ်စရာ နည်းလမ်းသုံးလမ်း ရှိသည့်အနက် တတိယ နည်းလမ်းကို ရွေးချယ်လိုက်သည်။ စီမံကိန်းသည် စီးပွားရေးအရ တွက်ခြေကိုက်သည်။ သို့သော် သဘာဝပတ်ဝန်းကျင်၊ လူမှုရေး စသည်တို့ကို တွက်ချက်မှု အားနည်းသည်။ တိုတိုပြောရလျှင် စာချုပ်ကို စိတ်ကြိုက်ပြန်ပြင်ချုပ်။

0 comments:

Post a Comment

ရေမြေခြားလျက် ကျောက်ဆူးနှစ်လက် အပိုင်း(၉)



====================
ညက မူးမူးနှင့်အိပ်ပျော်သွားခဲ့သော်လည်း မနက်ခင်းတွင်တော့ စောစီးစွာနိုးနေခဲ့သည်ကား
မိုးယံထက်...။ အိပ်ယာနိုးနိုးခြင်း ယူနီဖောင်းမီးပူတိုက်ခြင်း ရူးဖိနပ်ကို ပြောင်သည်ထက်ပို
ပြောင်လက်အောင် တိုက်ချွတ်ခြင်း အပွင့် ကော်လံဂျက် ခါးပတ်ခေါင်းများတိုက်ချွတ်ခြင်းများ
ကိုဇယ်ဆက်လျက် လုပ်နေမိသည်။ ယူနီဖောင်းကိစ္စပြီးတော့ အရပ်ဝတ်ကိစ္စဖက်လှည့်ရပြန်
သည်။ မြို့ထဲတွင်တနေကုန်နေမည်ဆိုပါက ယူနီဖောင်းနဲ့က အဆင်အပြေ။ အသွားအလာ
အနေအထိုင် အကုန်ဆင်ခြင်ရသည်လေ။ ခရီးဆောင်အိတ်ကိုဖွင့်၍ ပါလာသော ရှပ်အင်္ကျိများ
ကိုတစ်ထည်ခြင်းထုတ်ကြည့်နေမိသည်။ ဘယ်ဟာဝတ်ရကောင်းမလဲပေါ့..။ တကယ်တော့
များများစားစားရွေးချယ်စရာမရှိ သုံးထည်သာပါလာခဲ့သည်မဟုတ်ပါလား..။ နောက်ဆုံးနက်ပြာ
ရောင် စပို့ရှပ်ကိုသာရွေးချယ်ပြီး မီးပူထပ်တိုက်လိုက်သည်။

0 comments:

Post a Comment

သွေးနဲ့ရင်းတဲ့မြေ (၇)



ဆေးတပ်သားဝင်းနိုင်သည် တပ်ရင်းမှူးအား အမှောင်ထဲတွင်ပင် လိုက်ရှာနေမိသည်။
ကဆာနလီတောင်ကြောကြီး တလျောက် လက်နက်ကြီးများ အဆက်မပြတ်ကျရောက်ပေါက်ကွဲလျက်ရှိသဖြင့် သွားလာရန်မလွယ်ကူလှ။

0 comments:

Post a Comment

လက်ပန်းတောင်း ရှင်းတမ်း


လက်ပန်းတောင်း ရှင်းတမ်း
******************
လက်ပန်းတောင်း စီမံကိန်း ပြသနာကို သုံးသပ်လျှင် …
အပိုင်းနှစ်ပိုင်း ခွဲခြားသုံးသပ်နိုင်ပါသည် …
ပထမပိုင်းက …
စီမံကိန်း ဖြစ်ပေါ်လာသည့် နောက်ခံသမိုင်း နှင့် …
ဒုတိယပိုင်းက …
လက်ရှိ ဖြစ်ပွားလျက်ရှိသည့် အရေးအခင်းများ တို့ ဖြစ်ပါသည် …

0 comments:

Post a Comment

အချစ်ကို သစ္စာဖြင့် ပွေ့ဖက်ပါလို့



* အချစ်ကို သစ္စာဖြင့် ပွေ့ဖက်ပါလို့ *
………………………….

နှမလိုခင်ရတဲ့ သူငယ်ချင်းမလေးတစ်ယောက်က " သစ္စာရေသောက်တဲ့ ပုံပြင် " လေးပြောပြပါဦး ဆိုတော့ မှန်တာပြောရရင် စိတ်က( အင်း……နှလုံးသားက ) အတိတ်ကို ပြန်လည်ရောက်ရောက် သွားတယ်။

0 comments:

Post a Comment

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၈)



===================

“ဟိုဘက်လှည့်ပေးပါလား အ၀တ်လဲလိုက်ချင်လို့”

“အမ် …. အပြင်ထွက်ပေးရမလား”

“ရပါတယ်မထွက်နဲ့ ဟိုဘက်သာလှည့်ထား”

0 comments:

Post a Comment

သွေးနဲ့ရင်းတဲ့မြေ (၆)



ကဆာနလီ

အောက်တိုဘာလ(၄)ရက်နေ့ မိမိယာယီခြေကုတ်နေရာများအား ရန်သူမှ ၀င်ရောက်သိမ်းပိုက်နေရာယူပြီးနောက် စစ်ကြောင်း(၁) ဌာနချုပ် ကဆာနလီတောင်ကြောအား
တိုက်ရိုက်ပစ်ခတ်တော့သည်။

0 comments:

Post a Comment

“ပြည်တွင်းထုတ်စစ်ရေယာဉ်များ တပ်တော်ဝင်အခမ်းအနား ကျင်းပခြင်း”


Myanmar NAVY added 5 new photos.
“ပြည်တွင်းထုတ်စစ်ရေယာဉ်များ တပ်တော်ဝင်အခမ်းအနား ကျင်းပခြင်း”
ယနေ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ(၂၄)ရက် နေ့လည် ၁း၃၀ အချိန်တွင် သံလျင်တပ်နယ်ရှိ ရေတပ်ဆိပ်ခံတံတား၌ ပြည်တွင်းထုတ် Stealth Frigate စစ်ရေယာဉ်-ကျန်စစ်သား နှင့် အမြန်သွားကင်းလှည့်တိုက်ခိုက်ရေးရေယာဉ် (Torpedo) တို့၏ တပ်တော်ဝင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

0 comments:

Post a Comment

ယောက်ျားတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်




ယောက်ျားတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

ကျွန်တော် မရေးတော့ဘူးလို့ အကြိမ်ကြိမ်ဆုံးဖြတ်မိပါတယ်..။ ကျွန်တော့်မှာ ငဲ့စရာမျက်နှာတွေရှိနေတယ်..။ ဒါပေမယ့် နောက်ဆုံးတော့ ကျွန်တော်ရေးဖြစ်ပါတယ်..။ ဒါဟာ တကယ်မဟုတ်တဲ့ ဒဏ္ဍာရီ ဇာတ်လမ်းတစ်ပုဒ်မဟုတ်သလို.. ရင်ထဲမှာ ဆတ်ဆတ်ခါ အောက်မေ့နေတဲ့ တကယ် အဖြစ်အပျက်တစ်ခုကို ဖွင့်ဟ ဝန်ခံခြင်းတစ်ခုပေါ့လေ...။

0 comments:

Post a Comment

သွေးနဲ့ရင်းတဲ့မြေ(၅)



နဲနဲ နှင့် ကြဲကြဲ

တပ်ရင်းမှူးသည် မဲသဝေါဒေသကြီးတွင်ရင်ဆိုင်နေရသော မိမိတပ်၏ အင်အားကိုပြန်လည်သုံးသပ်မိသည် မိမိအပါအ၀င် ၂၂၀ ခန့်သာရှိကြောင်းသုံးသပ်မိသည်။

0 comments:

Post a Comment

ရေမြေခြားလျက် ကျောက်ဆူးနှစ်လက် အပိုင်း(၇)



=============

“ကျွန်မအခန်းကိုလိုက်လည်ပါလား”

“အမ် ဖြစ်ပါ့မလား စည်းကမ်းဖောက်သလိုများဖြစ်နေမလား”

“ကျန်တဲ့သူဆိုရင်တော့ ဖြစ်ချင်ဖြစ်မှာပေါ့ ယံက လေဇင်ပဲလေ သင်္ဘောပေါ်ဝင်ခွင့်ထွက်ခွင့်
ုပြုထားတာပဲကို”

0 comments:

Post a Comment

သွေးနဲ့ရင်းတဲ့မြေ (၄)

သွေးနဲ့ရင်းတဲ့မြေ (၄)

၁၉၈၈ စက်တင်ဘာလ(၃၀)ရက်နေ့

နောက်တန်းတွင်ကျန်ခဲ့သူများအဖို့တော့လစာထုတ်ရက် မင်္ဂလာရှိသောနေ့

မဲသဝေါ ဒေသကြီးတွင် ကား------------

နှစ်ရက်တိုင်တိုင်ငြိမ်သက်နေသော မဲသေဝေါဒေသကြီးသည် ၈၂ မီလီမီတာစိန်ပြောင်းကြီးပစ်ခတ်သံနှင့်အတူ တဖန်ပြန်လည်နိုးထလာချေသည်။

၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင်ဆက်သွယ်ရေးမြောင်းများ တူးကာမိမိခြေကုပ်နေရာ များအား လှန်ချရန် တိတ်တဆိတ်ချည်းကပ်နေသော ကရင်တိုက်ခိုက်ရေးသမားများသည်
ခလရ(၇၆) မှ ရှေ့ကာတပ်ခွဲဖြစ်သောဗိုလ်သိန်းနိုင်၏ တပ်ခွဲနှင့် လက်ပစ်ဗုန်းတစ်ကမ်း အကွာအရောက်---------------

(၃၀) ရက်နေ့ နေ့လည်(၁၄၀၀)

ရန်သူသည် နေ့ခင်းကြောင်တောင်ပင် အတင်းဝင်လုံးတော့သည်

ဗိုလ်သိန်းနိုင်တပ်ခွဲအား ရန်သူ ၆၀ သည် လက်ပစ်ဗုံးများ ပစ်ခတ်ကာအတင်းဝင်တိုးတော့သည်

ဗိုလ်သိန်းနိုင်၏ရဲဘော်များသည် ပစ်ကျင်းများ အတွင်းမှခုန်ထွက်ကာ အတင်းပြန်လည်ပစ်ခတ် သဖြင့် ရန်သူမိမိ ရောထွေးကုန်တော့သည်။

နောက်ကာတပ်ဗိုလ်ကြီးသိန်းလွင်၏ ခွဲ(၅) မှ ၆၀မီလီမီတာ စိန်ပြောင်းဖြင့် ရှေ့သို့ကျော်ကာ ပစ်ခတ်ပေးသည်။

မိမိ ခြေကုတ် နေရာဆီသို့ တောက်လျောက်တူးထားသော ဆက်သွယ်ရေးမြောင်းအတိုင်းရန်သူသည် ၄င်းတို့၏ ၅၇ မမ နောက်ပွင့်ရိုင်ဖယ်အားဆွဲယူကာ  တိုက်ရိုက်ပစ်ခတ်သော်လည်း ၆၀မမ စိန်ပြောင်းတိုက်ရိုက်ထိမှန်မှုကြောင့် ရန်သူ့ နောက်ပွင့်အဖွဲ့ သားအားလုံး ကျဆုံးကုန်တော့သည်။

၁၆၀၀ နာရီအထိ ရန်သူသည် အတင်းတိုးသော်လည်း အံ့ကျော် ကုန်း အောက်ခြေမိမိ ခြေကုတ်များအားလှန်မချနိုင်-------

တိုက်ပွဲသည် ဆဲသွားချေပီ------

၃၀ရက်နေ့တိုက်ပွဲတွင် တပ်မတော်မှ စစ်သည်(၁)ဦးကျဆုံးပီး (၄)ဦးဒဏ်ရာရှိခဲ့သည်။

အကြိတ်အနှယ်တောက်တဲ့ပုလဲ

အောက်တိုဘာလ(၁)ရက်နံနက် (၀၆၃၀)

ရန်သူတို့သည် တစ်ညလုံးပုံမှန်ပစ်ခတ်နေရာမှ ပစ်အားကိုတစ်ပြိုင်နက် မြှင့်တင်လိုက်သည်
လက်နက်ကြီးအားစုပြုံပစ်ခတ်သည်။ စိန်ပြောင်းကျည်များ မိုးသီးမိုးပေါက်ပမာ
နောက်ပွင့်ကျည် များတိုက်ရိုက်ထိမှန်သဖြင် သစ်ပင်ကြီးများလဲကုန်သည်။

ကဆာနလီကြောပေါ်သို့ ရန်သူ့ ၅၇မမ နောက်ပွင့် အလုံး ၆၀ကျော်နှင့် ၈၂မမ စိန်ပြောင်းကြီး အလုံး ၈၀ခန့် ကျရောက်ပေါက်ကွဲသည်။ ၆၀မမ စိန်ပြောင်းကျည် အလုံး ၁၀၀ ကျော်ပစ်ခတ်သည်။

နေ့လည် ၁၁၃၀ တွင် ရှေ့ကာတပ်ခွဲသို့ ရန်သူ (၁၀၀)ခန့် သည် လက်ပစ်ဗုံး အမ် ၇၉ လောင်ချာများ ပစ်သွင်းကာအတင်းတက်လုံးသည် တပ်စုများအဆက်အသွယ်ပြတ်ကုန်သည်။
ဗိုလ်သိန်းနိုင်၏ ရှေ့ကာတပ်စု(၁)နှင့် တပ်ကြပ်ကြီးတင်ထွန်း၏ တပ်စုကြားသို့ ရန်သူ ၅၀ ခန့်အတင်း ဖြတ်တောက်ဝင်ရောက်လာသည်။ တပ်စုများ အပြန်အလှန်မကူနိုင် တော့

ခလရ(၇၆)ကွ
တပ်မတော်ကွ
တပ်မ(၆၆)ကွ-------------

ဆဲဗင်းဘရီဂိတ်ကွ

ဟစ်ကြွေးသံဆဲဆိုသံ များသည် ပစ်ခတ်သံများကြားမှ ထွက်ပေါ်လာသည်။

တပ်ခွဲ(၅)မှဗိုလ်ကြီးသိန်းလွင်သည် ရသမျှလူထုတ်ကာ ဗိုလ်သိန်းနိုင်တပ်ခွဲ အား လုံးနေသောရန်သူ၏ ဘေးနံမှပတ်ရန် စီစဉ်သော်လည်း စစ်ကြောင်း(၁) ဌာနချုပ်သို့ ဖြည့်ပေးလိုက်ရသဖြင့် လက်ကျန်အင်အားနည်းသွားပြန်သည်။

တစ်နေကုတ်တိုက်ပွဲဖြစ်ပွားသည်

ညနေ(၆)နာရီအထိရန်သူသည် (၇)ကြိမ်တိုင်တိုင် လှံစွပ်ထိုးသည်

မှောင်စသန်းလာသောအချိန် တွင် ရန်သူသည် အလောင်းများနှင့် ဒဏ်ရာရသူများကိုဆွဲကာ ပစ်ကျင်းများဆီပြန်ဆုတ်သွားသည်။

ထို့နောက်တွင်ကားလက်နက်ကြီးပစ်ခတ်မှု အား ပြန်စတင်ကာ တစ်ညလုံးပင်ပစ်ခတ်ပြန်တော့သည်။

(ကြယ်နီ)
(ဆက်ရန်)

၁၉၈၈ စက်တင်ဘာလ(၃၀)ရက်နေ့
နောက်တန်းတွင်ကျန်ခဲ့သူများအဖို့တော့လစာထုတ်ရက် မင်္ဂလာရှိသောနေ့
မဲသဝေါ ဒေသကြီးတွင် ကား------------

0 comments:

Post a Comment

သွေးနဲ့ရင်းတဲ့မြေ(၃)

သွေးနဲ့ရင်းတဲ့မြေ(၃)

ဒုတိယအိုကီနာဝါ(သို့) တစ်ပေအတွက်အသက်တစ်ချောင်း

စစ်ဗျူဟာအရေးကြိး မြေများဖြစ်သော အံ့ကျော်ကုန်း နှင့် ပွိုင့် ၁၇၇၈ အားစွန့်လွှတ်လိုက်ရချိန်တွင် စစ်ကြောင်း(၁)ဌာနချုပ် ကဆာနလီတောင်ကြောကြီးသည် အကာကွယ်မဲ့ အနေထားသို့ရောက်ရှိသွားအခြေအနေပင်။

သို့သော်ညားတပ်ရင်းမှူး သည် သီဟသူရ စီစီဝမ်တာပန် တိုက်ပွဲကြီးတွင်သီဟသူရ ဘွဲ့ရရှိခဲ့သောတပ်ရင်းမှူးသည် သမရိုးကျစစ်ပွဲ များနှင့်အကျွမ်းဝင်ပီးသား လွယ်လွယ်နှင့်အလျော့မပေးတတ်

စက်တင်ဘာလ(၂၇)

ရှမ်းရွာသစ်တွင် လုံခြုံရေးယူထားသော တပ်ခွဲ(၃) အားပြန်လည်ခေါ်ယူလိုက်သဖြင့် အင်အား(၁၀၀)ခန့်တိုးလာချေပီ သို့သော်လည်း ရင်ဆိုင်နေရသော ရန်သူကား------------------

တပ်ရင်းမှူးသည် တပ်ရင်းအား တပ်စု(၈)စုထုတ်နှုတ်ကာ အံ့ကျော်ကုန်းအား တန်ပြန်တိုက်ခိုက်ရန်ပြင်ဆင်သည်။ ကဆာနလီတောင်ကြောပေါ် မှ လက်တက်ကြီးပစ်ကူယူကာ တပ်စုများအား ကိုယ်တိုင်ကွပ်ကဲကာ တက်လုံးရန်ပြင်ဆင်သည်။

စက်တင်ဘာ(၂၇) ရက် နေ့လည် (၁၃၀၀) နာရီ

ကဆာနလီကြောမှလက်နက်ကြီးပစ်ခတ်မှု စတင်သည် သို့သော် မိမိ က ၆၀မမ (၁)ချက်ပစ်လျင် ရန်သူက အံ့ကျော်ကုန်းမှလည်းကောင်း ပွိုင့် ၁၇၇၈ မှလည်းကောင်း ၈၂မမ စိန်ပြောင်းကြီးများဖြင့် (၁၀) ချက်ပြန်ပစ်သည် မိမိမှ ၃.၅ လက်မ လောင်ချာပစ်လျင် ရန်သူ့ RPG များမှ အစုလိုက် အပြုံလိုက်တန်ပြန်ပစ်ခတ်သည်။

ပစ်အားခြင်းမည်သိုကမှမယှဉ်နိုင်---------------

တပ်ရင်းမှူး ဦးစီး စစ်ကြောင်း(၁)ဌာနချုပ်နှင့် တပ်စု(၂)စုသည်  ပစ်ခတ်မှုအောက်မှပင်တရွေ့ရွေ့ချည်းကပ်သည် အထိအခိုက်များလှသည် သို့သော်လည်း တပ်ရင်းမှူးး ၏ဦးဆောင်မှု နောက်တွင် ထက်ကြပ်မကွာ

ဗိုလ်ကြီးသိန်းလွင်၏ တပ်ခွဲ(၅) နှင့် တပ်စု (၃)စုသည် လက်ယာဘက်တောင်ကျောတလျောက် ချည်းကပ်သည်။ တပ်ခွဲ(၅)ချည်းကပ်နိုင်ရန် ဗိုလ်သိန်းနိုင်၏ ထုတ်နှုတ် တပ်စု(၂)စုက လက်ဝဲ ဘက်မှထောင်ပြ လှုပ်ရှားသည်။

ကဆာနလီကျောပေါ်မှ ၇၅ မမ နောက်ပွင့်ရိုင်ဖယ်နှင့် ကားလ်ဂူးစတပ်လောင်ချာကြီးက အံ့ကျော်ကုန်းပေါ်သို့တိုက်ရိုက်ချိန်တွယ်ပစ်ခတ်လျက်ရှိသည်။သို့သော်ညား တိုက်ပွဲစတင်သည့် (၂၆၀ရက်နေ့မှစတင်ကာ ရန်သူသည် တစ်ရက်လျင် လ က်နက်ကြီး အချက်(၃၀၀)အထိပစ်ခတ်နိုင်ပီး .၅ စက်သေနတ်ကြီး အချက်(၅၀၀)မှ(၁၀၀၀)ထိပစ်ခတ်လျက်ရှိသည်။

စက်တင်ဘာလ(၂၇)ရက်နေ့တစ်နေ့လုံးပြင်းထန်စွာတိုက်ပွဲ ဖြစ်ပွားသည် မဲသဝေါဒေသကြီး တစ်ခုလုံးမီးခိုးလုံးများမဲမှောင်လျက် လက်နက်ကြီး/ငယ်သံခြိမ့်ခြိမ့် ညံ့လျက်

အထိခိုက်အကျအဆုံးများလှသဖြင့် တိုက်စစ်သည်ရပ်တ့လာသည် ခလရ(၇၆) ခြေကုပ်ရထားသောနေရာများတွင်  ကျင်းတူးကာအံ့ကျော်ကုန်းအားရင်ဆိုင်ထိန်းချုပ် ခြင်းသာတတ်နိုင်တော့သည်။

တဖြည်းဖြည်းမှောင်စပျိုးလာသည်နှင့် အမျှ ခလရ(၇၆) ၏ လက်နက်ကြီးသံတဖြည်းဖြည်းလျော့နည်းလာတော့သည်။ ခဲယမ်းကားကြောက်မက်ဖွယ် ကောင်းလောက် အောင်လျော့နည်းလာသည်။

စစ်သည်တစ်ဦးချင်းစီတွင် ကျည်ကပ် (၁)ကဒ်စီခန့်သာကျန်ရှိသောအချိန်တွင် ရန်သူ့ပစ်အားကားကြောက်ခမမ်းလိလိ  အံ့ကျော်ကုန်း ပွီုင့် ၁၇၇၈ ကုန်းများပေါ်မှ ပစ်ခတ်လိုက်သော .၅ စက်ကြီး ၏ မီးကျည်တန်းများကားတ၀င်းဝင်း------------------

စစ်သည်များကတုတ်ကျင်းများအားရောက်ရာခြေကုပ်တွင် တစ်နေ့လုံး တစ်ညလုံးပစ်ခတ်မှုအောက်တွင်တူးနေရသည်

ရန်သူသည်တောင်သုံးလုံးတောင်ကြောမှ အံ့ကျော်ကုန်းထိ ဆက်သွယ်ရေးမြောင်း၇ှည်ကြီးအား ၂၇ ရက် ၂၈ ရက်နေ့များတွင် အပြီးတူးဖော်နိုင်ပီး ထို ကတုတ်မြောင်းမှတဆင့် လူ လက်တက်ခဲယမ်းများအား အံ့ကျော်ကုန်းနှင့် ပွိုင့် ၁၇၇၈ သို့ တောက်လျောက်ဖြည့်တင်းလျက်ရှိသည်။

ဒုဗိုလ်မှူးကြီးသီဟသူရကျော်ညွှန့်သည် ဗိုလ်ကြီးသိန်း လွင်၏ တပ်ခွဲ(၅)အား စစ်ကြောင်း(၂) ၏မဲသဝေါပင်မကုန်းသို့ သွားရောက်လူနာပို့ကာ ခဲယမ်း ထုတ်ယူစေသည်။

အနီးဆု့းရင်ဆိုင်ထားရသော ဗိုလ်ကြီး သိန်းနိုင်၏ ထုတ်နှုတ်တပ်စု(၂)စုအား လူအင်အားခဲယမ်းဖြည့်တင်းစေသည်။ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် မဲသဝေါသည် ငြိမ်သက်လျက်လျက်ရှိသည်။သို့သော်လည်းမုန်တိုင်းမစမီငြိမ်သက်ခြင်းမျိုးပင်။

စင်စစ်တွင် ၂၇ ရက်နေ့ တန်ပြန်ထိုးစစ်သည် လက်နက်အင်အားလူအင်အားမည်သို့မျှ မယှဉ်နိုင်သောရန်သူအား တန်ပြန်တိုက်ခိုက်ခြင်းဖြစ်သော်လည်း မိုက်ရူးရဲ စွန့်စားခြင်းမဟုတ် ဗကပ တို့နှင့်သမရိုးကျစစ်ပွဲမျိုးကိုဆင်နွဲခဲ့ဖူးသောတပ်ရင်းမှူး၏ ရန်သူ့ထိုးစစ်အဟုန်တံ့ သွားစေရန် ထိုးစစ်အပြုအမူရှိသော ခံစစ် အား အရင်းနှီးကြီးကြီးပေးကာစွန့်စားလိုက်ခြင်းပင်ဖြစ်သည်။

(ကြယ်နီ)
(ဆက်ရန်)

ဒုတိယအိုကီနာဝါ(သို့) တစ်ပေအတွက်အသက်တစ်ချောင်း

စစ်ဗျူဟာအရေးကြိး မြေများဖြစ်သော အံ့ကျော်ကုန်း နှင့် ပွိုင့် ၁၇၇၈ အားစွန့်လွှတ်လိုက်ရချိန်တွင် စစ်ကြောင်း(၁)ဌာနချုပ် ကဆာနလီတောင်ကြောကြီးသည် အကာကွယ်မဲ့ အနေထားသို့ရောက်ရှိသွားအခြေအနေပင်။

0 comments:

Post a Comment

သူနှင့် သူ၏အားသာချက်များ

ချစ်တော့ ချစ်တယ် အလိုမလိုက်ဘူး#####
ဒီလိုပြောလို့သမီးရည်းစားကောင်မလေးက သူ့ကောင်လေး ကိုပြောတဲ့ စကား လို့မထင် ကြပါနဲ့။
မြန်မာ့ နိုင်ငံရေးလောက မှာဦးသန်းရွှေကအတိုက် အခံ တွေအပေါ်ကျင့်သုံးခဲ့တဲ့ မဟာဗျူဟာပဲ။
ဦးသန်းရွှေက သွေးအေးလေ တော့ အတိုက် အခံဘက်က လေကြီးလေကျယ်တွေနှင့်ကြုံး ဝါး တာတွေ ခြိမ်းချောက်တာတွေ တောင်းဆို တာတွေကို ဒေါသတကြီး တုံ့ပြန်လေ့ မရှိသလို လိုက်လျောလေ့ လည်း မရှိဘူး။ 
တောင်းဆိုမှုတွေ ထိပ်တိုက် ရင်ဆိုင် မှုတွေ ရှိတိုင်းမှာ စစ်တပ်မှာ သုံးတဲ့ နည်း ဗျူဟာ အတိုင်း စည်းသုံးတန်တား ပြီးစောင့်ကြည့်နေခဲ့တယ်။
ပထမစည်း ဒုတိယစည်း တွေ မှာစောင့်ကြည့် သည်းခံနေပေမယ့် နောက်ဆုံးစည်း မကျော်ခင်မှာ ချေမှုန်း ပြစ်တာပဲ။
မလုပ် ခင်မှာတော့ လုပ် လိုက်ရင် ဖြစ်လာ မည့် ရိုက် ခတ်မှုအတွက် ကြိုတင်ပြင်ဆင် ပြီးသား ဖြစ်လို့ ပြဿနာ ကို နိုင်နိုင်နင်းနင်းကိုင်တွယ် နိုင်လေ့ ရှိတယ်။
အဆိုးဆုံးအခြေအနေကို တွက်ဆထားလေ့ ရှိ တော့ သူ့အတွက် အဆုံးသတ်မှာအနိုင်ရသွား တာများတယ်။
တောင်းဆိုမှုတွေ ညှိနှိုင်းမှုတွေမှာ တိုက်ရိုက်ပြင်းပြင်းထန်ထန် မငြင်းပယ် ဘဲ လမ်းလွှဲပြီး တဖက်က သွေးအေးသွား ချိန်ကိုစောင့်လေ့ ရှိတယ် ။
တခါတရံမှာ ယောင်ပြလှည့်စား မှု အနေနဲ့ သဘောတူမယ်ပြောဆိုပြီးမှသူ့ဖက်က ကိုချိန်ခွင်ညှာ စောင်းလာ ချိန်မှာ ဆုံးဖြတ်ချက်ကို ပြောင်းပြန် ဖြစ်အောင်ပြောင်းပြစ် တတ်တယ်။
ချိန်ခွင်ညှာ စောင်းလာအောင် ဖန်တီးနိုင်မှု ဟာ သူ့လက်ထဲရှိနေတာကို သတိမမူ တတ်တဲ့ အတိုက်အခံတွေ ရဲ့ ညံ့ဖျင်း မှုကို အခွင့်ကောင်း ယူ ခဲ့တာပဲ။
လူတွေ ရဲ့သွေးပူတုန်းခဏ တက်ကြွပြီး ဇွဲမကောင်း တတ်တာ ကာလ ရှည် အစီအမံ နှင့် အနာဂတ် စီမံကိန်း မရှိ ဘဲလုပ်နေကြတာကို သိလို့အချိန်ဆွဲတဲ့နည်းကိုတွင်တွင် သုံးခဲ့တာပါ။
နိုင်ငံရေးလုပ် ပြီးအစိုးရကို ဆန့်ကျင်နေတဲ့ သူတွေက ကိုယ့် ကိုယ်ပိုင်စီးပွား ရေး ကို အောင် မြင်အောင် မလုပ်နိုင်တဲ့သူတွေ ဖြစ်နေတာရယ် သူက နှောက်ယှက် လိုက်လို့ အနေအစား ပျက်သွား တဲ့ အခါ ယုံကြည် ချက်ခံယူ ချက် လျော့ ရဲလာသလို မလျော့ရဲသူကလည်း စားဝတ် နေရေး ကို ပြန်ငဲ့နေရ တဲ့အတွက် လုပ်ငန်းတွေ အောင်မြင် အောင် မလုပ်နိုင်တော့ပါဘူး။
ဒီကြား ထဲထောက်လှမ်းရေးကို ခိုင်းပြီး
အတိုက်အခံထဲက ၉၀ ရွေးကောက်ပွဲ 
အနိုင်ရအမတ်တွေကို ဖဲ့ထုတ်စည်းရုံး
နိုင်တဲ့ဖြစ်စဉ်တွေ လည်းရှိခဲ့ပါတယ် ။
အမျိုးသား ညီလာခံတက် လာတဲ့လူတွေ အချို့က ဦးခင်ညွန့်စည်းရုံးခဲ့တဲ့လူ တွေပါပဲ။ ဒီအကြောင်းကို သတ်သတ်ရေးပါဦးမယ်။
အမျိုးသားညီလာခံကြီးကို ဆယ်နှစ်
လောက်ကြာအောင် ကျင်းပ သွားတာ ဟာ သူ့ရဲ့အပျော့ဆွဲနည်းတစ်ခုပါပဲ ဒီကြား ထဲ အတိုက်အခံ၏ မပါးနပ် မှုက သူ့ခွင်ထဲကို ဝင်သွား စေတဲ့အချက်ပါ။
ဒေါ်စုကြည်နှင့်ပတ်သတ်ရင် လည်းထိုနည်း၎င်း ပါပဲ။ 
တွေ့ဆုံဆွေးနွေးမှု တွေကို ကြား လူတွေနှင့် အကြိမ်ပေါင်းများစွာ လုပ်ခဲ့ပါတယ် ။
ဒေါ်စုကြည် ဖက်ကလည်း အမေရိကန်သံရုံး ယာယီတာဝန်ခံ အမျိုး သမီးနှင့်တွေ့ပြီး ချိန် ဗြိတိသျှ သံအမတ်နှင့် တွေ့ပြီး ချိန်တွေ မှာ တောင်းဆိုမှုအသစ် တွေ ငြင်းပယ် မှု အသစ်တွေ ထွက်လာ သလို တိုက်ကွက် အသစ်တွေလည်း ထပ် ထွက် လာလေ့ရှိတယ်။
ဒါပေမယ့် ဘဘကြီး၏ မပြောင်းလဲတဲ့ဗျူဟာ ကတော့ တောင်းဆိုသမျှ ဆန်ရှင်လုပ်သမျှ ကို အပျော့နည်း အမာနည်းတွေသုံးပြီး လမ်းလွှဲ ကြံ့
ကြံ့ခံထား တဲ့နည်းပါပဲ။
ဦးသန်းရွှေကံကောင်း ပြီးမြန်မာပြည် ကံဆိုး တာလား ဒါမှ မဟုတ် ဒီထက်ဆိုး မည့်သူလက်ထဲ မရောက် ဖို့အကြောင်း ဖန်လာသလား တော့မသိဘူး။ 
မြန်မာပြည်က အခက်အခဲတွေကြားရှိ နေတဲ့ အခြေအနေကနေ ကျောက်မျက် က သစ်က ရတဲ့ငွေ ထက်အဆ များများ သာတဲ့ ဂက်စ်တွေ တွေ့ခဲ့တာရယ် တရုတ်ကြီးနှင့် ရုရှက အမေရိကန် ကို သြဇာ မခံသူအဖြစ်ထောက်ပံ့ခဲ့တာ တွေက သူ့ကို အသက်ဆက်စေခဲ့တာ ပါပဲ။ 
သူ့ရဲ့ဘုန်းကံနှင့် တိုင်းပြည်ရဲ့ကံ ကြမ္မာ တွဲ နေတာ ပေါ့ ။ စာရှည် ရှည်မဖတ် ချင်သူများ အတွက် ပိုင်းပြီးရေးပါမည် နောက်ဆက်တွဲမျှော်ပါ Tag တွဲစေချင် သူများ မန့်ခဲ့ပါ မှတ်ပြီး Tag ပေးပါမည်။

ချစ်တော့ ချစ်တယ် အလိုမလိုက်ဘူး#####
ဒီလိုပြောလို့သမီးရည်းစားကောင်မလေးက သူ့ကောင်လေး ကိုပြောတဲ့ စကား လို့မထင် ကြပါနဲ့။
မြန်မာ့ နိုင်ငံရေးလောက မှာဦးသန်းရွှေကအတိုက် အခံ တွေအပေါ်ကျင့်သုံးခဲ့တဲ့ မဟာဗျူဟာပဲ။
ဦးသန်းရွှေက သွေးအေးလေ တော့ အတိုက် အခံဘက်က လေကြီးလေကျယ်တွေနှင့်ကြုံး ဝါး တာတွေ ခြိမ်းချောက်တာတွေ တောင်းဆို တာတွေကို ဒေါသတကြီး တုံ့ပြန်လေ့ မရှိသလို လိုက်လျောလေ့ လည်း မရှိဘူး။
တောင်းဆိုမှုတွေ ထိပ်တိုက် ရင်ဆိုင် မှုတွေ ရှိတိုင်းမှာ စစ်တပ်မှာ သုံးတဲ့ နည်း ဗျူဟာ အတိုင်း စည်းသုံးတန်တား ပြီးစောင့်ကြည့်နေခဲ့တယ်။

0 comments:

Post a Comment

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၆)


===========
အဆောင်ကိုပြန်ရောက်တော့ မိုးယံထက်တစ်ယောက် စိတ်တော်တော်လေနေပြီ....။
ယူနီဖောင်းအဖြူကားမပြင်ရသေး..။ ယူနီဖောင်းကိုစိတ်မပါလက်မပါပြင်ဆင်ရင်းနှင့်
သက်ပြင်းမောတွေကတချချ…. ယူနီဖောင်ပြင်ပြီးတော့ ချက်ချင်းရေမချိုးဖြစ်သေး.......
ဆေးလိပ်တစ်လိပ်ကိုဖွာရှိုက်ရင်း ထွက်လာသောမီးခိုးငွေ့များကို အဓိပ္ပာယ်မဲ့လိုက်
ကြည့်နေမိသည်။ တလိပ်ကုန်သွားတော့နောက်တလိပ်...

0 comments:

Post a Comment

သွေးနဲ့ ရင်းတဲ့မြေ (၂)



သွေးခင်းလမ်းရဲ့ နိဒါန်း

ဒေါနတောင်ရှေ့ခြမ်း ကဆာနလီတောင်ကြောကြီးပေါ်ဝယ် ဒုတိယဗိုလ်မှူးကြီး သီဟသူရကျော်ညွန့်ဦးစီးခလရ(၇၆) စစ်ကြောင်း(၁) ဌာနချုပ်သည် အခြေပြုကာ မဲသဝေါ ဒေသကြီး လုံခြုံရေးကိုဆောင်ရွက်လျက်ရှိသည်။

0 comments:

Post a Comment

Blood is thicker than water


သာမန်အားဖြင့်တော့ကျနော်အလုပ်လုပ်သည့်အချိန်များတွင်အမျိုးစပ်လေ့မရှိပါ၊အလုပ်ကိုအလုပ်နှင့်တူအောင်သာလုပ်ခဲ့သည်။ဦးသန်းရွှေ ဧ။်ကုန်းမြင့်သာယာအိမ် ကိုGEတပ်ကခိုင်းလို့လုပ်ပေးခဲ့ရသလို၊ နေပြည်တော်စစ်ရုံးထဲက အိမ်နှင့်ရာဇသင်္ဂဟပေါ်က အိမ်တို့ကို Asia World ကအလုပ်အပ်သဖြင့်လုပ်ပေးခဲ့ရသည်၊

1 comments:

Post a Comment

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၅)


===============
“နင့်ကိုငါအရမ်းချစ်တယ် Ying”

“ဟမ်ဘာပြောလိုက်တာလဲ ယံ”

“အော် အစားအသောက်တွေဘယ်လိုလဲလို့မေးတာပါ … မေ့ပြီးမြန်မာလိုပြောမိသွားတာ”

1 comments:

Post a Comment

ကျွန်တော်လေးစားရသော ပုဂ္ဂိုလ်တစ်ယောက်



ကျွန်တော်လေးစားရသော ပုဂ္ဂိုလ်တစ်ယောက်

သူကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲလေ့ကျင့်ရေးအရာရှိချုပ် ရဲမှူးချုပ်သူရဘိုနီပဲဖြစ်ပါတယ်။

သူဟာ တပ်မတော်မှာ ရွတ်ရွတ်ချွန်ချွန်တိုက်ပွဲဝင်ခဲ့လို့ သူရဘွဲ့ကိုလဲ ထိုက်တန်စွာ ရရှိခဲ့သူတစ်ဦးဆိုလည်း မမှားပါဘူး။

0 comments:

Post a Comment

သွေးနဲ့ရင်းတဲ့မြေ(၁)



၁၉၈၈ ခုနှစ် စက်တင်ဘာလ၁၄ ရက်နေ့ မှောင်ရီပျိုးချိန်

မိုးသည် တစိမ့်စမ့်ရွာသွန်းလျက်ရှိသည်
ဒေါနတောင်တန်းကြီးသည် ပိန်းပိတ်အောင်မှောင်မဲလျက်
သာမန်ပြည်သူများ တစိမ့်စမ့်ဖြင့် အိပ်ယာထဲကွေးနေချိန်

အင်အား ၅၀၀ ခန့်ရှိလက်နက်ကိုင်များသည် မှောင်ရိပ်ကို အံတုကာမိုးရေထဲတွင်
လှိုင်းဘွဲ့မြို့လေးဆီသို့ ဦးတည်ချည်းကပ်လာသည် ကိုမည်သူမှမသိနိုင်ပါတကား

0 comments:

Post a Comment

ရင်ထဲက စကားများ

Wunnaphe Thaw's photo.

ယောက်ျား မှာစစ်သား။စစ်သား မှာ စစ်ဗိုလ်။စစ်ဗိုလ်မှာ စစ်တက္ကသိုလ် ဆင်း ဆိုပြီးငယ်ငယ်က ဂုဏ်ယူ ခဲ့ရဖူး တယ်။
စစ်တပ်ထဲတာဝန်ထမ်းပြန်တော့လည်း သက်ဆိုင်ရာတိုက်ခိုက်ရေးတပ်၏စွမ်းရည် လက်ရုံးတပ်များ၏ အစဉ် အလာကိုသီးခြား ဂုဏ်ယူပြောဆိုကြ ပြန်တယ်။

0 comments:

Post a Comment

ဗိုလ်မှူးကျော်စွာဝင်း၏ ဖြစ်စဉ် အကျဉ်း


ဗိုလ်မှူးအဆင့်ဖြင့်တာဝန်ထမ်းဆောင်နေစဉ်ထောင်ဒဏ်(၂) နှစ် ပြစ်ဒဏ်ချမှတ်ခံရသော ကျော်စွာဝင်း ၏ ဖြစ်စဉ် အကျဉ်း
------------------
တာဝန်ထမ်းဆောင်ခဲ့သည်က ရခိုင်ပြည်နယ် တစ်နေရာရှိ အင်ဂျင်နီယာတပ်တစ်ခု
ပြစ်မှုဖြစ်စဉ်များ

0 comments:

Post a Comment

သူ့မှာတမ်း


သူ့မှာတမ်း

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့၊ ထတုန်းတည်း...။

အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့ လိုသနည်း။
ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ...။

အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများမှာခဲ့ လိုသနည်း။
မွေးသမိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ...။

အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့ လိုသနည်း။
ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ...။

ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းဝယ်
နေလုံးကွယ်လေပြီတကား.......

မင်းသုဝဏ်

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့၊ ထတုန်းတည်း...။

0 comments:

Post a Comment

ဒီကနေ့ မြန်မာပြည်


မြန်မာပြည်ကိုလာကြတဲ့ ပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေကို အရင်ကတွေ. ဆုံတိုင်းရှင်းပြဖိတ်ခေါ်ခဲ့ပါတယ်။ မြန်မာပြည်ဆိုတာအကျယ်ကြီး။ မြန်မာမှာမြေ ရှိတယ်၊ လူ.လုပ်အားတွေရှိတယ်၊ သယံဇာတတွေပေါတယ်ပေါ့။ Vast Land with plenty of Labour & Natural Resources ပေါ့။ အင်္ဂလိပ်လိုလဲအတော် တတ်ကြ တယ်ပေါ့။ နည်းပညာနဲ. ရင်းနှီးငွေ Technology & Money မရှိလို.၊ အပြင်က ယူလာပြီး ရင်းနှီးမြှုပ်နှံကြပါ။ အလုပ်ဖြစ်ကြမှာပါ၊ကြီးပွားကြမှာပါ။ သမ္မတကြီး က လည်း အမြဲတမ်းဖိတ်ခေါ်နေပါတယ်လို.လေ။

0 comments:

Post a Comment

၁၁ နှစ် ၁၁ ကြိမ်



"""" 11နှစ် 11 ကြိမ်"""'''်
ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိသေးခဲ့ရင် လာမယ့် 2015 ဖေဖေါ်ဝါရီလ 13ရက်နေ့မှာ နှစ်တစ်ရာတင်းတင်း ပြည့်မှာဖြစ်ပါတယ်။

0 comments:

Post a Comment

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၄)


===============================================
ခေါ်သံကြောင့်မော့ကြည့်လိုက်တော့ သူပုဆိုးဝတ်ပေးလိုက်သော အဖွဲ့ထဲကတစ်ယောက်။
ခေါင်းညိမ့်ပြလိုက်တော့ ၀င်ထိုင်သည်။

0 comments:

Post a Comment

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၃)


=========
မိုးယံထက်တစ်ယောက် အပြေးတစ်ပိုင်းနှင့်ပြေးသွားကာအခြေအနေကိုစေ့ငုလိုက်တော့
ဘောင်းဘီတိုနေသဖြင့်မတက်ရခြင်းဖြစ်သည်။ အဖြေကိုသိတော့ ရှည်ရှည်ဝေးဝေးရှင်း
ပြမနေတော့ပဲ မြန်မာအင်္ဂလိပ်နှစ်ဘာသာဖြင့်ရေးထားသော ဘောင်းဘီတိုမ၀တ်ရဟူသော
စာတမ်းကိုလက်ညိုးထိုးပြလိုက်တော့ ကိုရီးယားတသိုက် ခေါင်းတညိတ်ညိတ် အိုတကေကေ
ဖြစ်သွားသည်။ ပြသနာက ဒီမှာတင်မပြီး ဘယ်လိုတက်လို့ရအောင် လုပ်မလဲဆိုသည့်ပြသနာ
ကရှိသေးသည်လေ။ ဘုရားလုံခြုံရေးအဖွဲ့ကိုမေးတော့ ပုဆိုးငှားလို့ရသည် သို့သော် ပုဆိုးနည်း
နေ၍ ဆိုင်ကသာဝယ်ရန်ပြောတော့ မိုးယံထက်တစ်ယောက်ဘာသာပြန်ပြရပြန်သည်။ ဒါကို
တော့ သူတို့မငြင်း။ မဟုတ်လဲအမှတ်တရပစ္စည်းတခုခုဝယ်ရမည်အတူတူ မြန်မာ့ရိုးရာဝတ်စုံ
ကိုဝယ်လိုက်တော့မည်ဟုဆိုသည်။

0 comments:

Post a Comment

ဧရာဝတီသို့ စီးဝင်ခြင်း

"  ဧရာဝတီသို့ စီးဝင်ခြင်း "
…………………….

(၁)

 " ဗွမ်း "  ဒိုက်ဗင်ထိုးချလိုက်တယ်။  ဒီလို ညနေစောင်းဆိုရင် မြစ်ကမ်းခြေမှာ ရေချိုးသူတွေက စီတန်းနေပြီ။  ကျွန်တော်တို့အဖော်တစ်စုကလဲ လူကြီးတွေနဲ့အတူ လိုက်ပါပြီး မြစ်ထဲမှာ ဆော့ကစားကြတယ်။ မြစ်က နွေကာလဆို ရေခမ်းလုနီးပါးကျဆင်းတာဆိုတော့ ရေချိုးရတာ အဆင်ပြေလှတယ်။

 ကျွန်တော်တို့ မြို့ဘေးကနေ ဖြတ်စီးဆင်းနေတဲ့မြစ်။  င၀န်မြစ်။  ဒီမြစ်ထဲမှာ ဘ၀မျိုးစုံ၊ အသွင်သဏ္ဍာန် မျိုးစုံနဲ့ ရုန်းကန်လှုပ်ရှားနေကြရတယ်။  မြစ်ကမ်းပါးတွေပြိုလို့ မြို့ကို တစ်ဖက်ကမ်းပြောင်းရွှေ့ရတော့ လှေတွေ၊ စက်လှေတွေနဲ့ ဖြတ်ပြီး ကျောင်းသွား၊ ကျောင်းပြန် လုပ်ကြရတယ်။

 နောက်ဆုံး မဖြစ်မနေ အိမ်တွေပြောင်းရွှေ့ရတဲ့အခါလည်း ဒီမြစ်ကို လှည်းတွေနဲ့ ဖြတ်ကျော်ပြီး ပြောင်းရွှေ့ကြရတယ်။ 

 ဒီတော့ င၀န်မြစ်ကြီးဆိုတာ ကျွန်တော်တို့နဲ့ ငယ်ပေါင်းကြီးဖော်။ ပြီးတော့ သူက ကျွန်တော်တို့ မြို့အပြင် သူစီးဆင်းရာ နယ်ပယ်အသီးသီးထဲက ဘ၀တွေကို ရှင်သန်စီးဆင်းစေခဲ့တယ်။  ကျွန်တော်တို့ရဲ့ နှလုံးသားတွေ ကလည်း ဒီင၀န်မြစ်ကြီးကို ချစ်တဲ့စိတ်တွေက သူ့အပေါ် ပြန်လည်စီးဆင်းစေတာပါပဲလေ။

(၂)

 ငယ်စဉ်က ဧရာဝတီမြစ်ကြီးအကြောင်း သင်ရတယ်။  မေခနဲ့ မေလိခ ပေါင်းစုံပြီး စတင်လာတဲ့ မြစ်ကြီး။ မြန်မာပြည်ရဲ့ ဟိုးထိပ်ဖျားကနေ အောက်ဧရာဝတီအထိ စီးဆင်းနေတဲ့မြစ်ကြီး။

 စာအုပ်ထဲမှာ စာရွတ်ပြီး သင်ရတာဆိုတော့ ဧရာဝတီကို သိပ်မထိတွေ့မိဘူး။  ကိုယ့်မြို့ဘေးက ဖြတ်ပြီး စီးဆင်းနေတဲ့ င၀န်မြစ်က ဧရာဝတီမြစ်ကြီးကနေ ဖြာထွက်လာခဲ့တဲ့ မြစ်တစ်စင်းဆိုတာတောင် မသိခဲ့ဘူး။ အဲဒီလောက်အထိ။

 မြေပုံသင်ခန်းစာတွေနဲ့ မြန်မာပြည်မြေပုံကြီးကို ဆွဲတဲ့အခါကြမှ သြော် ဧရာဝတီဆိုတာ တောင်ပေါ်၊ မြေ လတ်၊ မြေပြန့်တွေကို သွေးကြောတစ်ခုထဲလို စီဆင်းနေတဲ့ မြစ်ကြီးပါလားလို့ သိလိုက်ရတယ်။ 

 ဧရာဝတီရဲ့ ဖြာထွက်လာတဲ့ မြစ်တစ်စင်းထဲမှာ ကျွန်တော်ရှင်သန်ကြီးပြင်းခဲ့ကြတယ်။  ဆော့ကစားခဲ့ကြ တယ်။  ပညာတွေဆည်းပူးဖို့၊ ကျွန်တော်တို့အိုးအိမ်တွေကို ရွှေ့ပြောင်းဖို့ ဖြတ်ကျော်ခဲ့ကြရတယ်။  ဒီမြစ်ကို အမှီပြုပြီး ကျွန်တော်တို့မြို့က လူတွေ ဘ၀၀မ်းရေးအတွက် လုပ်ကိုင်ကြရတယ်။

 ဒီတော့ ကျွန်တော်တို့က ဧရာဝတီနဲ့ မစိမ်းလှပါဘူး။  ဧရာဝတီမြစ်ကြီးက ဖြာထွက်လာတဲ့ မြစ်တွေကို ပိုင်ဆိုင်ထားတဲ့ ကျွန်တော်တို့တိုင်းဟာလည်း ဧရာဝတီတိုင်းဒေသကြီးပါပဲလေ။

(၃)
 " လှလိုက်တာ " လို့ နှုတ်ကရွတ်ဆိုမိတယ်။  သဘာဝတရားကြီးက အဘယ်မျှတောင် ကြည့်လို့လှလိုက် ပါဘိသလဲ။  " ဟေး…ဧရာဝတီ…မင်းရဲ့အစကို ငါရပ်ပြီး မင်းရဲ့အလှကို ခံစားနေတယ်ကွ " လို့ စိတ်ထဲက ရွတ်ဆိုလိုက်တယ်။ 

 မေခနဲ့ မေလိခ ဆုံစည်းရာ မြစ်ဆုံ၊ ဧရာဝတီမြစ်ကြီးရဲ့ အစကို ကျွန်တော်ရောက်ရှိနေတာပါ။ သက္ကရာဇ် အားဖြင့် ၂၀၀၂ ခုနှစ်ပါ။  ဧရာဝတီရဲ့ ဘေးတစ်ဖက်ဆီမှာ ရှိနေတဲ့ တောတောင်အလှတွေ၊ မြစ်ဆုံဒေသရဲ့ အလှ တရားတွေကို ခုတော့ ကိုယ်တိုင်စိမ့်ဝင် ခံစားနေရပြီ။

 ရေကကြည်လင်လို့နေတယ်။  ကမ်းဘေးကကျောက်စရစ်ခဲလေးတွေကလည်း တဖိတ်ဖိတ်တောက်ပလို့ နေတယ်။   မေခနဲ့ မေလိခ ပေါင်းဆုံပြီးစီးတဲ့နေရာက ၀ဲကတော့လေးသဖွယ်ဖြစ်နေပြီး အထက်ကို ပြန်စီးနေ သယောင်ထင်ရတယ်။  

 ကမ်းပေါ်မှာနဲ့ မြစ်ထဲမှာ စားသောက်ဆိုင်တချို့ရှိတယ်။  ဆိုင်ကလွင့်ပျံလာတဲ့ ငါးကင်အနံ့လေးတွေက လည်းမွှေးပျံ့လို့နေတာပေါ့။  

 ကမ်းအစပ်မှာ ရေကစားနေသူတွေ၊ ကျောက်စရစ်ခဲတွေပေါ်မှာ ၀ိုင်းဖွဲ့စားသောက်နေသူတွေ၊ အမှတ်တရဓာတ်ပုံရိုက်ကူးနေသူတွေနဲ့ မြစ်ဆုံရဲ့ သက်ဝင်ပန်းချီကားတစ်ချပ်လေးပါပဲ။

 စိမ်းညို့နေတဲ့ တောတောင်အလှ၊ ကြည်လင်နေတဲ့ မြစ်ရေပြင်၊ အေးစိမ့်စိမ့်ရှိလှတဲ့ ရာသီဥတု၊ လှုပ်ရှား ရုန်းကန်နေကြတဲ့ ဒေသခံတွေနဲ့ ဧရာဝတီရဲ့အစဟာ တကယ့်ကို ကြည်လင်ချမ်းမြေ့စရာ။
 အို..ဧရာဝတီ အေးချမ်းလှပါဘိတော့။

(၄)
 ရုပ်ရှင်ဆန်ဆန်ဆိုရရင်တော့ ၉ နှစ်ခန့်ကြာသော်ပေါ့။  ၂၀၁၁ ခုနှစ်မှာ မြစ်ဆုံကို ဆိုင်ကယ်တွေနဲ့ သူငယ်ချင်းတစ်စု ဆန်တက်ကြတယ်။

 ယခင်ကနဲ့ မတူတော့တဲ့ အရာတွေ တော်တော်ကွဲပြားသွားကြတယ်။  မြစ်ကြီးနားမြို့စထွက်ပြီး မြစ်ဆုံ လမ်းအခွဲမှာ ကွန်ကရစ်လမ်းမကြီးကိုဖြတ်ရတယ်။  ရေကာတာစီမံကိန်း စက်ရုံတွေအကျော်မှာတော့ ဟိုးယခင်ကအတိုင်း ကျောက်စရစ်လမ်းကို ပြန်ဖြတ်ရတယ်။

 ဧရာဝတီမြစ်ရိုးတစ်လျှောက်ဖောက်လုပ်ထားတဲ့လမ်းရဲ့ မြင်ကွင်းဟာ ကွာခြားသွားပြီ။  လမ်းရဲ့ တစ်ဖက် မြစ်တစ်ဖက်ကမ်းကို အကြည့်မှာတော့ စိမ်းညို့နေတဲ့ တောတောင်ဟာ  အပြစ်သားတွေ အချုပ်ကျလို့ ခေါင်းမှာ လေးကွက်ကြားရိတ်ခံရတဲ့ ဆံပင်တွေလို ကွက်တိကွက်ကြားဖြစ်လို့နေတယ်။

 တောတောင်အနံ့က မြေသယ်ယာဉ်ကြီးတွေ၊ မြေတူးယာဉ်ကြီးတွေရဲ့ တူးဆွအား၊ ကုတ်ခြစ်အားတွေ ကြောင့် မြေနံ့ ဖုန်မှုန့်အနံ့တို့က လွင့်စင်ထွက်နေတယ်။ 
 
 မြစ်ဆုံကို ခြေအချ ကမ်းစပ်က ကျောက်စရစ်ခဲတို့က ရွံ့နွံအရောင်နဲ့ မွဲခြောက်ခြောက်ဖြစ်နေတယ်။  မေခနဲ့ မေလိခရဲ့ စီးဆင်းနေပုံက စိတ်မပါသလိုထင်မိတယ်။  ဧရာဝတီမြစ်ကြီးရဲ့ စတင်ရာ မြစ်ရေအလျဉ်ဟာ နောက်ကျိလို့နေပြီလေ။

 တစ်ဖက်ကမ်းမှာလဲ စက်ရုံတွေလား၊ အိမ်ယာတွေလားတော့ မသိဘူး အိမ်ခြေတချို့ကို မြင်ရတယ်။  တောင်ကုန်းကြီးကတော့ ခေါင်းပြောင်ပြောင်ပေါ့။

 သြော်..လွမ်းလိုက်တာ လွန်ခဲ့သော နှစ်တွေဆီက ဧရာဝတီကို လွမ်းလိုက်တာ။ 

 အေးချမ်းကြည်လင်နေတဲ့ ဧရာဝတီကို မြင်မိပါဘိ။

 ကျွန်တော်တို့ ဧရာဝတီရေနောက်အောင် ဧရာဝတီထဲ ဘာတွေထည့်လို့ စီးဆင်းစေခဲ့တာလဲ။

(၅)
 ကြည့်စမ်း…တစ်ဖက်ကမ်းက စစ်ကိုင်းတောင်ရိုးနောက်ခံထားလို့ ဧရာဝတီရဲ့အလှဟာ ဘယ်လောက် ကျက်သရေမင်္ဂလာရှိလိုက်ပါဘိလဲ။  စစ်ကိုင်းတံတားကနေအဖြတ် ဧရာဝတီရဲ့ ကျောပေါ်မှာ လူသားတွေရဲ့ ဘ၀တွေကိုမြင်တွေ့ရတယ်။

 စား၊ ၀တ်၊ နေရေး ဆိုတဲ့ လူသားဓမ္မတာတွေအတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့အပြင် သံသရ၀ဲသြဃ အတွင်းမှာ တပေပေရှည်လျားစေတဲ့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ လှုပ်ရှားနေကြတဲ့ လူမှုဘ၀တွေကို ဧရာဝတီနဲ့ တွဲလို့ မြင်ရတယ်။

 ဧရာဝတီနဲ့ သံသရာရှည်လျားသွားလာနေတဲ့ ပုထုဇဉ်လူသားတွေနဲ့ပဲ မြင်ရတာမဟုတ်ဘူးလေ။  သံသရာစက်ကို အမှန်ဖြတ်စေတဲ့ သစ္စာတရားတွေကိုမြင်သိနိုင်တဲ့ ဗုဒ္ဓတရားတော်တွေ၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ စေတီပုတိုးတော်တွေ၊ သာသနိကအဆောက်အအုံတွေကိုလဲ ဒီဧရာဝတီနဲ့အတူ မြင်တွေ့ရတာပါပဲလေ။

 ဧရာဝတီဟာ ဓမ္မ၊ အဓမ္မကို မြင်နိုင်စွမ်းရှိအောင် ပါရမီဖြည့်နေတယ်ဆိုတာ ပံ့ပိုးပေးနေတယ်ဆိုတာ ဟာဖြင့် ကျွန်တော်အတွေးက လွန်လေမှာလားလေ။

(၆)
 ရာဇ၀င်အဆက်ဆက်၊ သမိုင်းအဆက်ဆက်မှာ မြန်မာ့သမိုင်းမှာ ထွန်းပြောင်နေတဲ့ မင်းမြတ်နော်ရတာ၊ ကျန်စစ်မင်းတို့ရဲ့ နန်းတည်ရာ၊ ကျွန်တော်တို့ရဲ့ ပထမမြန်မာနိုင်ငံတော်ရဲ့ ပုဂံ။

 ဟော..ရာဇ၀င် သူရဲကောင်းတို့နဲ့အတူ ကျွန်တော်တို့ ဧရာဝတီကြီးကလည်း ပါဝင်လို့ နေပါပကောလား။ လောကနန္ဒာဘုရင်းရင်ပြင်ထက်က မြင်တွေ့ရတဲ့ ဧရာဝတီ၊ တန်ကြည့်တောင် စွယ်တော်မြတ်ဆီက မြင်တွေ့ရ တဲ့ဧရာဝတီဟာ အားတွေ၊ မာန်တွေနဲ့ စီးဆင်းလို့ နေပါရောလား။

(၇)
 မြန်မာပြည်မြေပုံကို ဆွဲကြည့်ပါ။ အားမာန်တွေနဲ့ လှမ်းတက်နေတဲ့ လူသားတစ်ဦး အသွင်သဏ္ဍာန်ကို တွေ့မြင်ရမှာပါ။

 အဲဒီလူသားတစ်ဦးနဲ့ တူလှတဲ့ အမိမြန်ပြည်ကြီးမှာ ဧရာဝတီက အဓိကသွေးကြောကြီးသဖွယ် တည်ရှိ နေတာလေ။  ခေါင်းကနေ၊ ခြေအဆုံးပေါ့။

 အင်း သွေးကြောကြီးက တစ်ခါတခါမသိုးမသန့်ဖြစ်တော့ အသက်ရှူရကြပ်တာပေါ့လေ။  ဧရာဝတီကြီး သွေးလေမှန်ပါစေ။

 မြန်မာပြည်အတွက် ဘုရားပေးတဲ့ မြစ်ကြီးတစ်စင်း သက်တော်ရာကျော်ရှည်ပါစေသော်ဝ်လေ။

 သြော် ကျွန်တော့် နှလုံးသား၊ ကျွန်တော့် ဦးနှောက်တို့ ဧရာဝတီထဲ စီးဝင်နေခဲ့တာပါလေ။

***************

မောင်ပိုင်
၂၉-၁၁-၂၀၁၄ ရက်နေ့ရေး
၁-၁၂-၂၀၁၄ ရက်နေ့ပြီး။
(၁)
" ဗွမ်း " ဒိုက်ဗင်ထိုးချလိုက်တယ်။ ဒီလို ညနေစောင်းဆိုရင် မြစ်ကမ်းခြေမှာ ရေချိုးသူတွေက စီတန်းနေပြီ။ ကျွန်တော်တို့အဖော်တစ်စုကလဲ လူကြီးတွေနဲ့အတူ လိုက်ပါပြီး မြစ်ထဲမှာ ဆော့ကစားကြတယ်။ မြစ်က နွေကာလဆို ရေခမ်းလုနီးပါးကျဆင်းတာဆိုတော့ ရေချိုးရတာ အဆင်ပြေလှတယ်။

0 comments:

Post a Comment

ဘ၀ရဲ့ပါးပြင်

" ဘ၀ရဲ့ပါးပြင် "
………………

 မှန်ရှေ့မှာ မျက်နှာပြင်ကိုကြည့်လိုက်တော့ ပြည့်တင်းတင်း ရှိသေးတံ ပါးပြင်နှစ်ဖက်ကို တွေ့ရ တယ်။ ပါးပြင်နှစ်ဖက်ပေါ်မှာ ဘ၀ရဲ့ဖြတ်သန်းမှု အရိပ်လက္ခဏာတွေကို ခပ်ပါးပါးမြင်တွေ့ရတယ်။

 သြော် ပါးပြင်..ပါးပြင်။ တကယ်တော့ လူတစ်ဦး မွေးဖွားလာပြီဆိုရင်ဖြင့် ပါးပြင်နှစ်ဖက်ကိုတော့ ပိုင်ဆိုင်ရခဲ့သည် မဟုတ်ပါလား။  ဟောဒီ ပါးပြင် နှစ်ဖက်ဟာဆိုလျှင်ဖြင့် အပြုံးတွေနှင့်လည်း ထိတွေ့ခဲ့ဘူးသလို မျက်ရည်စတွေလည်း လှိမ့်ဆင်းခြင်းကို တွေ့ထိခဲ့ရပြီ။  လောကဓံရဲ့ တံပိုးလှိုင်းတို့က ပါးရည်ပြင်ပေါ်မှာ ဖြတ် ကျော်ရင့်သန်စေခဲ့ပြီ။

 ပါးပြင်တွေဟာ လူ့ဘ၀ရဲ့ အရိပ်အငွေ့တွေ၊ ဓလေ့စရိုက်တွေ၊ လူသားတစ်ယောက်ရဲ့ ရှင်သန်ကြီးပြင်းမှု အစိတ်အပိုင်းတွေ၊ စိတ်ဖြူဖြူတွေ၊ စိတ်အမည်းအပုပ်တွေကိုလည်း ဖော်ညွှန်းနေတယ်။

 ငယ်ငယ်က အဖေ၊ အမေ၊ ဆွေမျိုးညီအစ်ကိုမောင်နှမတွေက တရွှတ် ရွှတ် နမ်းခံရဘူးတဲ့ ပါးပြင်။ အဲဒီ ပါးပြင်ကတော့ နွေးထွေးလှတဲ့ မိသားစုအငွေ့အသက်တွေ ထုံမွှမ်းနေလေရဲ့။  

 မျက်လုံးလေးအမှိတ်မှာ ရွှတ်ခနဲ ခိုးနမ်းလိုက်တဲ့ ပါးပြင်ပေါ်မှာလည်း သမုဒယချစ်ခြင်းတို့က စီးဆင်းနေ မှာပါ။ ချစ်သူနှစ်ဦးရဲ့ ခိုင်မြဲသော သစ္စာတရားတို့ကို အဲဒီပါးပြင်တွေလည်း သက်သေအရာ တည်စေမှာပါပဲလေ။

 လောကရဲ့ကြီးမားလှတဲ့ ဖြူစင်လှတဲ့ မိဘမေတ္တာတွေစိမ့်ဝင်နေတဲ့ အနမ်းတို့ဖြင့် ကိုယ့်သားသမီးရဲ့ ပါးပြင်ကို မွှေးကြူလိုက်တယ်ဆိုရင်ပဲ မိဘနဲ့ သားသမီးမှာ မေတ္တာတရားတို့ ကူးလူးဆက်နွယ်နေတော့တယ်။

 ရှင်သန်လှုပ်ရှားရာ ဘ၀ထဲမှာ အောင်မြင်တွေကို ပိုင်ဆိုင်ဆွတ်ခူးမိတဲ့အခါ ဂုဏ်ပြုအနမ်းတွေကို ဒီပါးပြင် နှစ်ဖက်က လက်ခံရရှိခဲ့သလို ရှုံးနိမ့်မှုတွေနဲ့ ကြုံရတဲ့အခါလည်း ဒီပါးပြင်ပေါ်မှာ မျက်ရည်စတစ်ချို့ ဖြတ်သန်း စီးဆင်းရခဲ့တာပါပဲ။

 ပါးပြင်ထက်က သနပ်ခါးရနံ့တွေဟာ မြန်မာတွေရဲ့ ချစ်စရာရိုးရာဓလေ့ရနံ့ကို ပေးသလို တောင်ပေါ် ဒေသက ပါးအို့နီနီလေးတွေနဲ့ တိုင်းရင်းသူတွေကလည်း ရိုးသားပွင့်လင်းလှတဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးဖော်ရွေမှုတို့ကို ပြသလို့နေပါတယ်။

 တစ်ခါတခါတော့ ပါးပြင်ဟာ အသွင်ကိုလိုက်လို့ ပြောင်းလဲရတယ်။  ပါးပြင်ဟာ ရှက်လို့ ပန်းနုရောင်သွေး ပြောင်းလဲတတ်သလို ဒေါသတွေငယ်ထိပ်တက်လာတဲ့အခါ နီရဲနေတဲ့ ပါးပြင်အဖြစ်လည်း တွေ့မြင်ရမှာပါ။

 ချစ်စရာ့အပြုံးတွေကို ပိုင်ဆိုင်ရတဲ့ ပါးပြင်တွေရှိသလို မလိုတမာလိုသကာလို မတည်မငြိမ်ဖြစ်နေတဲ့ ပါးပြင်တွေလည်း ရှိလေရဲ့။  သဘာဝအလှတရားတို့နဲ့ လှပနေတဲ့ပါးပြင်ကို တစ်ခါတလေ အရောင်ချယ်သမှုတွေ တွေ့ရမှာပါ။  ရနံ့မျိုးစုံရဲ့ အနံ့တွေကိုလည်း ထွေးပွေ့ကြရမှာပါ။

 ငြင်းပယ်ခြင်း၊ စော်ကားခံရခြင်းတွေနဲ့ ပါးပြင်ကို ကြမ်းတမ်းစွာ ရိုက်ခတ်ခံရနိုင်သလို၊ ရန်ပွဲတွေ၊ နိုင့်ထက် ကလူပြုမူမှုတွေနဲ့ ထိုးနက်ခြင်းကိုလဲ ဒီပါးပြင်နှစ်ဖက်က ခံကြရပါသေးတယ်။ ကြောက်ရွံ့ခြင်း၊ မုန်းတီးခြင်းတွေ ကြောင့် ပါးပြင်ဟာ ကုတ်ခြစ်ခြင်းလဲ ခံရနိုင်ပါတယ်။

 မတုန်လှုပ်တော့တဲ့ ပါးပြင်တွေ၊ ကြောက်ရွံ့နေတဲ့ ပါးပြင်တွေ၊ ထီမထင်တော့တဲ့ ပါးပြင်တွေ၊ မချစ်မမုန်း တော့တဲ့ပါးပြင်တွေ..စိတ်ဝင်စားစရာကောင်းလှတဲ့ပါးပြင်တွေ။

 ပါးပြင်မှာ စိတ်ရဲ့အရောင်တွေလဲ မြင်ရတယ်။  ကိုယ့်ရဲ့ ကိုယ်ကျင့်တရားတွေမြင်ရတယ်။  ချစ်ခြင်း၊ မုန်း ခြင်းမြင်ရတယ်။  ပါးပြင်မှာ ဘ၀အရောင်တွေ မြင်ရတယ်။

 လူတစ်ဦး ပါးပြင်နှစ်ဖက်က မထူးဆန်းလှပါဘူး။  ဒါပေမဲ့ အဲဒီပါးပြင်တွေရဲ့ သမိုင်းကတော့ ရသမျိုးစုံ ပေးနေလေရဲ့။ 

 သြော်…ပါးပြင်..ပါးပြင်..အမှားတွေကိုပြင်ဖို့…မဖောက်မပြန်ဓမ္မအမှန်တရားတွေကို မြင်ဖို့ ဘ၀ရဲ့ပါးပြင် တွေကို ကိုယ်တိုင် ဆင်ချင်ကြည့်ရအောင်လေ။

**************

မောင်ပိုင်
၂၇-၁၁-၂၀၁၄။
မှန်ရှေ့မှာ မျက်နှာပြင်ကိုကြည့်လိုက်တော့ ပြည့်တင်းတင်း ရှိသေးတံ ပါးပြင်နှစ်ဖက်ကို တွေ့ရ တယ်။ ပါးပြင်နှစ်ဖက်ပေါ်မှာ ဘ၀ရဲ့ဖြတ်သန်းမှု အရိပ်လက္ခဏာတွေကို ခပ်ပါးပါးမြင်တွေ့ရတယ်။

0 comments:

Post a Comment

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၂)




ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၂)
===========
ထိုနေ့က ခါတိုင်းနေ့များလိုပင် မပါမဖြစ်ပစ္စည်းစုံအိတ်နှင့်အတူ တာဝန်ထမ်းဆောင်ရန်နေရာသို့
ရောက်ရှိနေရာချထားပြီးပြီဖြစ်သည်။ ထိုစဉ်မှာပင် ယခုတာဝန်ကာလအတွင်းအသုံးပြုရန်ုထုတ်
ပေးထားသော ဖုန်းဝင်လာပြီး ဂိတ်အ၀င်အထွက်စစ်ဆေးရန် လာရောက်မည့်မီဒီယာသမားများကို
စစ်ဆေးရန်တာဝန်ပေးလာခြေသည်။

0 comments:

Post a Comment

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် (၁)


ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက်
==================

ထိုနေ့သည်ကား ဗိုလ်ကြီးမိုးယံထက်တစ်ယောက်အတွက်တော့ ခါတိုင်းနှင့်မတူ အလုပ်များလှသောနေ့တနေ့ဖြစ်ချေသည်။ အကြောင်းမှာကား ယခင်က အရာရှိ(၂၀)ခန့်ဖြင့် လုပ်နေသောအလုပ်များက အထူးခရီးစဉ်ကြောင့် သူ၏ရေယာဉ်စုတွင် အရာရှိ(၃)ဦးသာ ကျန်နေခဲ့သည့်အတွက် အလုပ်များတပုံတပင်ဖြစ် နေရခြင်းပင်။

0 comments:

Post a Comment

Followers