ပြည်တွင်းသောင်းကျန်းမှုအစ၊ ဘယ်က? (၃)

Lay Lwin Maf's photo.
အပိုင်း(၄၄)၊အခန်း(ဃ)။

ပြည်တွင်းမှာကျန်ရှိခဲ့တဲ့နောက်ချန်ကူမင်တန်တပ်ဖွဲ့ကိုခေါင်းဆောင်ကွပ်ကဲဘို့အတွက် ထိုင်ဝမ်ထောက်လှမ်းရေးက ငှားရမ်းတာဝန်ပေးခဲ့သူကတော့ ထူးထူးခြားခြား ယူနန်ပြည် နယ်သား ဟွီးမူဆလင်( Hui Muslim) ဗိုလ်ချုပ် Maj General Ma Chun-kuo ဆိုသူပါတဲ့။ သူဟာ အီဂျစ်နိုင်ငံမှာကျင်းပတဲ့ မွတ်ဆလင်ညီလာခံမှာ ရုရှနဲ့တရုပ်ကွန်မြူ နစ်အစိုးရကိုဆန့်ကျင်တိုက်ခိုက်မယ်ဆိုတဲ့အကြောင်း အတိအ လင်းကြေငြာခဲ့တဲ့ တရုပ်ပြည်အနောက်မြောက်ဒေသက မူဆလင်သူပုန်ခေါင်းဆောင်တဦးပါ။

0 comments:

Post a Comment

ကြော်ငြာမော်ဒယ်လ်လေးနှင့် တွေးမိရေးရာ



မင်းကွန်းမှာ ကျွန်မကမွေးစားညီမ တော်ထားတဲ့ ကလေး၂ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ ကလေးတစ်ယောက်က ပြောပါတယ်…… "အမ အမ အဲ့ဒီမှာ အမညီမ လှိုင်ယမင်းဓါတ်ပုံနဲ့ ကြော်ငြာထားတာ တွေ့လားးး??" "ဟယ် ဟုတ်သားပဲ။ အမက တူပါတယ် လို့တော့ထင်သားးး ငါ့ညီမက တိုင်းသိပြည်သိ တယ်လီနောရဲ့ ကြော်ငြာမော်ဒယ်ဖြစ်နေတာကိုးးးး။" လှိုင်ယမင်းက ရှက်ရှက်နဲ့ ဖြေရှာပါတယ်…… 

0 comments:

Post a Comment

ရောက်တတ်ရာရာ (၁)



တီထွင်ခြင်း ၊ ဖန်တီးခြင်း နဲ့ လေ့လာခြင်း ၊ တည်ဆောက်ခြင်း မှာ မတူညီတဲ့သဘောသဘာဝတွေရှိတယ်ထင်တယ် ။
ကမ္ဘာကျော် တွေ အတော်များများ ဟာ systematic education ကို အတော်များများဆန့်ကျင်ကြတယ်။ ဘာကြောင့် လဲ လို့ ကြည့်ကြည့်တဲ့ ခါ သူတို့ ဟာ တီထွင်သူတွေ ၊ ဖန်တီသူတွေ ဖြစ်နေတတ်ကြတယ် ။ အနောက် နိုင်ငံတွေမှာတော့ ပညာရေးလို့ အစပြု ရမှာ ရောမခေတ် က ဆိုဖစ်ကျောင်းတွေ ဖြစ်မယ်ထင်တယ် ။ အဲဒီ ခေတ်က ပညာရေးဟာတွေးတာ ... စိတ်ကူးဥာဏ်တွေ ကွန့်မြူးတာ ၊ တီထွင်တာ ၊ ဖန်တီးတာတွေ ကို လွတ်လွတ်လပ်လပ်လုပ်ကြတာ ။ အဲဒီကနေ မှ နည်းနိသျ အသစ်တွေ ထွက်လာတယ် ။ 

အဲဒီနည်းတွေတိုင်းမှာ အားသာချက် ၊ အားနည်းချက်တွေ ရှိလာတယ် ။ ဟိုးအရင်ကလူတွေ တီထွင်ခဲ့ တဲ့ နည်းလမ်းတွေပေါ်မှာ ထပ်ပိုးပီး လောကသဘာဝတွေကို အဖန်ဖန်အခါခါရှာဖွေ ဆန်းစစ်ခြင်း ၊ လေ့လာခြင်း ဆိုတဲ့ research တွေ လုပ်ကြတယ် ။ ဘယ်နည်းကတော့ ဘယ်နေရာမှာ အားနည်းတယ် ။ ဘယ်နည်းကတော့ဘယ်နေရာမှာအားသာ တယ် ။ 

တချို့ တီထွင်ဖန်တီးမှု ပါရမီရှိနေသူ တွေကတော့ အဲဒီ ကနေတဆင့် တက်ပြီး ကိုယ်ပိုင်အသစ်တွေ ဖော်ထုတ်နိုင်ကြတယ် ။

ခပ်စောစော က အွန်လိုင်းမှာ ဟိုဖတ်ဒီဖတ် လျှောက်ဖတ်ရင်း us education forum တစ်ခုမှာ သူတို့ဆီကပညာရေးနဲ့ပက်သက်ပြီးဆရာတွေ၊ ကျောင်းသားတွေ ဆွေးနွေးကြတာ တွေဖတ်ရတယ် ။ သူတို့ နိုင်ငံ ပညာရေးစနစ် ဟာ transform လုပ်ဖို့ အချိန်တန်နေပြီတဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ ခုနောက်ပိုင်း ကမ္ဘာ့အတော်ဆုံးဆိုတဲ့ လူတွေထဲမှာ တရုတ် ၊ ဂျပန် ၊ ကိုးရီးယား ၊ အန္ဒိယ စတဲ့ နိုင်ငံက ကလေးတွေ ဟာနေရာယူလာကြပြီ တဲ့ ။ မကြာတော့သော ကာလမှာ သူတို့ နိုင်ငံ ပညာရေးအဆင့်တန်းဟာ အောက်ကိုကျတော့မယ် တဲ့ ။ သူတို့ နိုင်ငံရဲ့ ခေါင်းဆောင်တွေ ဟာ ပညာရေးနဲ့ ပက်သက်လို့ reform process ကိုလုပ်ရင်း ..ဒုံရင်းက မတက်နိုင်ကြတော့ဘူးတဲ့ ။ ဒါကြောင့် reform မလုပ်ပဲ transform သာလုပ်ရမယ်တဲ့။

ကျွန်တော်တို့ ဖတ်တဲ့ သတင်းစာတွေ ၊ စာအုပ်တွေထဲမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ၊ ပညာရေးပြုပြင်ပြောင်းလဲမှု ... Reform process စသဖြင့်သာတစ်လျှောက်လုံးကြားလာရတာ ။ Transform process လုပ်ရမယ်လို့ ကြားရတဲ့ ချိန်မှာ အဲဒီမှာ ကျွန်တော် စဉ်းစားစရာတွေဖြစ်သွားတယ် ။

နောက်လျှောက် ဖတ်ကြည့်မိတော့ ... ပြောင်းလဲ ခြင်း မှာ ၃ မျိုး ရှိတယ်တဲ့ ။ reform , conform , transform တဲ့ ။ Reform ဆိုတာကတော့ မြန်မာပြည်က ကတ္တရာ လမ်း အပေါက်လေးတွေ ဖာသလိုပေါ့ ။ ပျက်စီး ယိုယွင်းနေတဲ့ နေရာလေးတွေကို ဖာထေးတာမျိုး ၊ အားနည်းနေတဲ့ နေရာလေးတွေ လိုက်ဖြည့်တာမျိုး ပေါ့ ။ အားသာချက်က အရေးကြီးတဲ့ နေရာတွေမှာ risk နည်းတယ် ။ အင်တိုက်အားတိုက်သုံးဖို့ မလိုဘူး ။ ခွန်အား ၊ စွမ်းအင်ကိုလိုသလိုချွေတာနိုင်တယ် ။ အားနည်းချက်ကတော့ ဒီနေ့လေးဖာပီးလိုက် ၊ နောက်တနေရာက ထက် ပြဲ လိုက် ...ပုဆိုးစုတ်လိုပဲ ။ ပြီးဆုံးတယ်ဆိုတ ခပ်ရှားရှားပဲ ။

နောက် conform ဆိုတာကတော့ .... လူငယ်တွေ ၊ ရပ်ပါစတိုင်လ် ၊ ပန့်ခ် စတိုင် ၊ အီမိုစတိုင်ဆိုပီးလိုက်လုပ်တာမျိုး ။ ဖက်ရှင်တစ်ခုခု ၊ မော်ဒယ်တစ်ခုခု ကို ယူပြီး အဲဒါနဲ့တူအောင် လိုက်လံ ပြောင်းလဲ တာမျိုး ။ စင်္ကာပူလိုဖြစ်အောင်လုပ်မယ်ဆိုတာ အဲဒါ conform လုပ်တာ မျိုးပဲ။

သူ့မှာအားသာချက်က သိပ်အများကြီးစွန့်စားစရာမလိုဘူး ကိုယ့်ရှေ့မှာ လုပ်ပြပီးသားလူကရှိပြီးသား ။ အားနည်းချက်ကတော့ ကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်ချင်မှ ဖြစ်မယ် ။

နောက်တစ်ခုကတော့ transform ။ ပိုးတုံးလုံးကောင်လေးဘ၀ ကနေ လိပ်ပြာဘ၀ ပြောင်းလဲသွားတဲ့ ဖြစ်စဉ်မျိုး ကို transform process လို့ခေါ်တာ ။ အရင်ဘ၀ နဲ့ အခုဘ၀ ဟာ ဘာမှ မဆိုင်တော့လောက်အောင်ပြောင်းလဲသွားတာမျိုး ။ Transformer ဇာတ်ကားထဲ က ကားကနေ စက်ရုပ်ကြီး ပြောင်းလဲ သွားတာမျိုး ။ တစ်ခုတည်း ၊ တစ်ယောက်တည်းပေမဲ့ ဘာဆိုဘာမှ မဆိုင်တော့သလိုဖြစ်သွားတာမျိုးပေါ့ ။ အားသာချက်ကတော့ အခု ပြောင်းလိုက် မနက်ဖြန်အသစ်ဖြစ် ။ မြန်ဆန်တယ် ။ အတိတ်က အဆိုးတွေ ကို ပြည်ဖုံးကားချခဲ့နိုင်တယ် ။ အားနည်းချက်ကတော့ ...ပထမ အဲလို transform လုပ်နိုင်လောက်တဲ့ ခွန်အားတွေလိုတယ် ။ အဲဒီ ခွန်အားပြည့်ပြည့်စုံစုံမရှိရင်လမ်းတစ်ဝက်မှာတင် ပျက်ဆီးခြင်းဆိုက်တယ် ။ risk များတယ် ။ ဒီအခြေနေတစ်ခုက ပြောင်းလဲလိုက်လို့ နောက် အခြေနေတစ်ခုမှာ ကောင်းပါ့မယ်ဆိုတဲ့ အာမခံချက်မျိုးမရှိဘူး ။

နားဦးမယ် ...နောက်မပျင်းရင်ဆက်ရေးတာပေါ့ ... 


ရုပ် ဆိုး

0 comments:

Post a Comment

ပြည်တွင်းသောင်းကျန်းမှုအစ၊ ဘယ်က? (၂)

Lay Lwin Maf's photo.
အပိုင်း(၄၄)၊အခန်း(ဂ)။ 
တရုပ် PLA တပ်တွေအနေနဲ့လည်း မြန်မာပြည်နယ်ထဲမှာကျန်နေခဲ့တဲ့ ကူမင်တန် တပ်အကြွင်းကျန်တွေကို ၀င်ရောက် တိုက်ခိုက်ခြင်းမပြုဘဲ မြန်မာ့တပ်မတော်လက် ထဲကိုသာ လုံးလုံးလျားလျားပုံအပ်ထားခဲ့ပါတယ်။(အမှန်ကချစ်လို့၊ခင်လို့၊ နယ်မြေ ပိုင်ဆိုင်မှုကိုလေးစားလို့တော့မဟုတ်ပါဘူး၊ သူ့ပြည်တွင်းရေးပြဿ နာတွေမပြေ လည်သေးလို့ကတaကြာင်း အကယ်၍မြန်မာ့နယ်မြေထဲဝင်တိုက်လိုက်လို့ မြန်မာ ကစိတ်ဆိုးမကျေမနပ်ဖြစ်ပြီးအမေရိကန်ဖက်ကို ယိမ်းသွားမှာကိုလည်းစိုးရိမ် တွက် ဆခဲ့မိလို့ပါ)။

0 comments:

Post a Comment

ပြည်တွင်းသောင်းကျန်းမှုအစ၊ ဘယ်က? (၁)

Lay Lwin Maf's photo.

အပိုင်း(၄၄)၊အခန်း(ခ)။

နောက်တခါ-အမေရိကန်ကမြန်မာကိုစစ်ပစ္စည်းအချို့လက်ဆောင်ပေးအပ်ခဲ့တယ် ဆိုရာမှာမြန်မာလွပ်လပ်ရေးရပြီးစ၊အဲဒီအချိန်က ကမ္ဘာ့ကုလသမဂ္ဂမှာအခြေအတင် ဖြစ်နေတဲ့ ကိုရီးယားစစ်ပွဲနဲ့ပါတ်သက်လို့ ဆုံးဖြတ်ချက်(၉)ခုရှိ တဲ့အနက်(၇)ခုကို မြန်မာကအမေရိကန်အလိုကျလိုက်ပါထောက်ခံပေးပြီး ကျန်အဆို(၂)ခုကိုကြားနေ မဲပေးလိုက်တာလည်း အကြောင်းတခုအပါအ၀င်ဖြစ်ပါတယ်။

0 comments:

Post a Comment

စစ်သားနဲ့ ရေဗူးပေါက် ဇာတ်လမ်း အပိုင်း (၆)



အခန်း(၆)

အခန်း (၅) အပြီးမှာ အလုပ်တွေအမြီးနဲ့အမောက် မတည့်ဘဲဖြစ်နေတာနဲ့ စာမရေးဖြစ်တာ အတော်ကြာ သွားပါတယ်၊ အခုလည်း မိုးကုတ်ကြပ်ပြင်ဒေသမှာ ကိုတေဇ ယူရေနီယံရှာတွေ့လို့ ဓါတ်ရောင်ခြည် သင့်နေတယ်ကြားလို့ ၁၉၈၆ က မိုးကုတ်ရွှေညောင်ပင်မှာ စခန်းထိုင်ရင်း ကြပ်ပြင်၊ဒယ်အိုး-ကျာကြီးဖက်မှာ အထူးသတ်တ္တုရှာဖွေရေးတပ်ခွဲက အကိုကြီးနဲ့ နိုင်ငံခြားသားပညာရှင်နဲ့ အတူလိုက်ပြီး ယူရေနီယမ် ရှာခဲ့ရတာလေးတွေ၊ နောက် အရပ်သားဘ၀ရောက်မှ တောတွင်းတနေရာမှာ သိပ်ပံနဲ့နည်းပညာဝန်ကြီးကို ရှင်းပြခဲ့ရတာလေးတွေ၊ နောက် ဟုမ်းမလင်းဖက်မှာ ရွှေတူးပြန်တော့ အထူးသတ်တ္တုရှာတဲ့ တပ်နဲ့ပြန်တွေ့ခဲ့ရတာတွေ၊ သူတို့လိုခြင်တဲ့ ရွှေချီးဆိုတဲ့နမှုနာလေးတွေ ပေးခဲ့ရတာလေးတွေ ရေးခြင်မိပြန်တယ်၊ ဒါပေမဲ့ ချင့်ချိန်ရမှာတွေရှိပြီး စဉ်းစဉ်းစားစားရေးရမှာမို့အခုတော့ ဖြတ်ထားတာ ကြာပြီဖြစ်တဲ့ ကျနော်တို့ ခလရ (၉၅) ရွှေလီချိုင့်ဝှမ်း စစ်ဆင်ရေးအကြောင်းလေးတွေဘဲ ဆက်ရေးလိုက်ပါတယ်၊ အားပေးချီးမြင့်ကြပါဦး၊----------

0 comments:

Post a Comment

သွေးနဲ့၇င်းတဲ့မြေ (၁၃)



ဗိုလ်ချုပ်မောင်လှသည် အခြေအနေအားသုံးသပ်ချက်ဆွဲကြည့်သည်။

ရန်သူသည်မိမိတို့အားပထ၀ီအငိုက် လူအငိုက် သတင်းအငိုက်ဖမ်းကာ မိမိအားချေမှုန်းခြင်းဖြစ်သည်။

သာမန်စခန်းသိမ်းတိုက်ပွဲတိုက်ဖော်ခြင်းသက်သက်မဟုတ်ပဲနယ်မြေသိမ်း စစ်ဆဆင်ရေးတစ်ရပ်ဆင်နွဲခြင်းဖြစ်သည်။

0 comments:

Post a Comment

ဂုဏ်ယူပါသည် သမားဇာနည်

Oo Oo Myo Kyaw's photo.
====================
၂၀၁၄ခုနှစ် ၇ လပိုင်း ကုလား-ရခိုင် အ ရေးခင်းပြီစအချိန်
ကုလားရွာတွေပတ်လည်ဝိုင်းနေတဲ့ ဘူးသီးတောင် မြို့နားက
ခမရ(---)ဆိုတဲ့ တပ်လေးတစ်တပ်. . . . . . .
------------------------------------------------

ည(၁၀)နာရီလောက်ဆိုတော့ တပ်တစ်ခုလုံး တိတ်ဆိတ်နေပြီ။
အရာရှိရိပ်သာတစ်ခုသာ ဖ ယောင်းတိုင် မီးလေးနှင့် ရေနွေးကြမ်းသောက်ပြီး
စကားပြောနေကြတဲ့ လူ ၄ယောက် (နောက်တန်းမှူး၊တပ်ရေး၊တပ်ထောက် နှင့်ကျွန်တော် ရယ်ပေါ့)
အခြားအရာရှိတွေ၊စစ်သည်တွေက တော့ အဘ တပ် ရင်းမှူးဦးစီးပြီး ရှေ့တန်း
ထွက်နေကြသည်။

ကင်းသမားတစ်ယောက် ရောက်လာသည်
"ဗိုလ်ကြီး…လူ ၂ ယောက် လာတယ်၊ ဗိုလ်ကြီးနဲ့တွေ့ချင် လို့တဲ့"
"အေး၊ ခေါ်ခဲ့လိုက်ကွာ ဒီချိန်ကြီး ဘာလာလုပ်ကြတာလဲ"
မုတ်ဆိတ် ရှည်ရှည်တွေနဲ့ ကုလား နှစ်ယောက်၊
တစ်ယောက်က 'မိုနာ' ရွာက ရွာသူကြီး။
ဗမာစကားပြောတက်သည်။ ကျန်တစ်ယောက်တော့မသိ… …
Oo Oo Myo Kyaw's photo.
"ဆေးဗိုလ်ကြီးကို ခေါ်ချင် လို့ပါ"
ဗမာစကားတက်တဲ့ ရွာသူကြီးကုလားက ပြောသည်။
"ဒီ မာမူအိမ်က မိန်းက လေး… ဗိုက်နာနေတာ ခုထိမ မွေးသေးဘူး၊
ဗိုက်နာတာကြာပြီ နေ့ခင်းကတည်းက ခုထိ မ မွေးနိုင် လို့ပါ"
"ဘယ်နှစ်ယောက်မြောက်လဲ… …မာမူ"
သူကတစ်ဆင့်အခြားတစ်ယောက်ကို ထပ်မေးသည်၊
ကုလားလိုပြောတော့ နားမလည်
ပြီးမှ… …
"တစ်ယောက်ပါ … …"
"သက်ဦးလား… …"
"ဟုတ်… …ဟုတ်ပါတယ် ဗိုလ်ကြီး"
ကုလား အမျိုးသမီးတွေက ငယ်ငယ်ရွယ်ရွယ်(၁၂/၁၃)အပျိုဖြစ်စလောက်
ကတည်းက အိမ်ထောင် ပြုကြသည်။ အိမ်ထောင် ပြုပြီးတော့လည်း က လေး
တန်းယူကြသည်။ဒီမိန်းက လေး တော်တော်အခက်ကြုံနေလောက်မည်။ ။
--------------------------------

"ငါတို့ ဗိုလ်ကြီးကို မင်းတို့နဲ့ မထည့်လိုက် နိုင် ဘူး မာမူ…"
နောက်တန်းမှူး၏ပြတ်သားသော လေသံ
"မင်းတို့က… ငါ့တို့ဗိုလ်ကြီးရဲ့ လုံခြုံရေးကို ဘယ်လောက်တာဝန်ယူနိုင်
မှာမလို့လဲ"
ကုလား ၂ယောက် မျက် နှာငယ်လေးတွေနှင့် တိုင် ပင် နေကြလေ ရဲ့။
"လိုက်မသွားနဲ့ ……ငါ့ညီ၊ သူတို့က သိပ်စိတ်ချရတာမဟုတ်ဘူး"
ကျွန်တော် စဉ်းစားရကျက်သွားသည်။
တစ်ဖက်က…
ကိုယ့်ညီမ အငယ်ဆုံးအရွယ် မ မွေးနိုင် လို့ အခက်ကြုံနေရတဲ့ လူနာတစ်ယောက်… … …
တစ်ဖက် ကလည်း…
မိမိအသက်အတွက် စိုးရိမ် လို့ ခွင့်မပြုတဲ့ နောက်တန်းမှူး… … …
----------------
Oo Oo Myo Kyaw's photo.
ဆုံးဖြတ်ချက် ချလိုက်သည်… …
သမားတစ်ယောက် ရဲ့ လူနာအ ပေါ်ထားတဲ့ ဂရုဏာနှင့်ပေါ့… …
"အစ်ကို… …
ကျွန်တော် အမိန့်မနာခံတာ မဟုတ်
ပါဘူး၊ ဒီလူနာက တကယ်အခက်ကြုံနေရှာမှာ၊ ခွင့်ပြုပါအစ်ကို…"
နောက်တန်းမူးကို ခွင့်တောင်းလိုက်သည်။
ဘာမှတော့မတုန့်ပြန်… …
လိုအပ်မယ့်ပစ္စည်းနှင့် ဆေးတွေ အိပ်ထဲထည့်ပြီး လိုက်သွားဖို့လုပ်တော့……
နောက်တန်းမှူးက မှာသည်…
"မြန်မြန်ပြန်လာပါ။ နောက်ပြီး (၁၀)မိနစ်တစ်ခါ ဖုန်းနဲ့ဆက်သွယ်ပါ"
ဒါနဲ့ပဲ လိုက်သွားလိုက်သည်။
ဟိုရောက်တော့ နည်းနည်းလန့်သွားသည်… …
အိမ်က ဝင် ပေါက်တစ်ခုပဲရှိသည်၊ ဂူသဏ္ဌန်ဆောက်ထားတဲ့အိမ်
ပြတင်းပေါက်လည်းမရှိ၊ အ ပေါက်ဝ မှာလဲစောင့်နေကြတဲ့လူတွေက အများသား… …
အိမ်ထဲမှာလည်း…
မှောင် မဲလို့
ဗိုက်နာလို့ အော်နေတဲ့ အမျိုးသမီးတစ်ယောက် ရဲ့အသံတော့ကြားနေရသည်။
လူနာကို မွေးနိုင် အောင် ကူညီရင်း…
(၁၀)မိနစ်တစ်ကြိမ် အားလုံးအဆင် ပြေတဲ့အ ကြောင်း နောက်တန်းမှူးကို
သတင်းပို့ ရသည်။
--------------------------------

အူဝဲ----အူဝဲ-----အူဝဲ----
ဒီအသံလေးက ကြုံနေရတဲ့ မိခင် ရဲ့အခက်ခဲကိုလည်း
ပြေပျောက်သွားပါပြီ။
ကူညီလိုက် ရလို့ ကျွန်တော်လည်းပီတိ ဖြစ် ရပါသည်။
အားလုံးပြီးလို့ ပြန်ထွက် လာတော့… … …
အိမ်ပေါက်ဝ မှာစစ်သည် ၂ ယောက်
"ရဲဘော်…… ဘာဖြစ် လို့လိုက်လာ
တာလဲ"
"နောက်တန်းမှူးက ဗိုလ်ကြီးကို
စိတ်မချ လို့လွှတ်လိုက်လို့ပါ"
နောက်တန်းမှူးရဲ့ စစ်သားအချင်းချင်းအ ပေါ်ထားရှိတဲ့ စေတနာ ကြောင့်လည်း
ဝမ်းသာ ပီတိဖြစ် ရပြန်ပါသည်။
-----------------------------------------------------------
အဲဒီနောက်တွင် တော့… … …
သူတို့ ရွာမှာ ဘာပွဲပဲရှိရှိ
"ဗိုလိကြီး ဆရာဝန် "ဆိုတဲ့ ဖိတ်စာ
လေးတွေ …
ကျွန်တော်ဆီ ရောက်လာစမြဲပဲပေါ့။


14.1.15

0 comments:

Post a Comment

ဗိုလ်လေးဘဝ အမှတ်တရများ (၁၃)





လေကြောင်းပစ်ကူ နှင့် တိုက်ပွဲနိဂုံး

(၃၀)

မှောင်မှောင်မဲမဲထဲ မြေတစ်ဆုပ်တစ်ခဲနဲ့ စွန့်ပစ်ခဲ့ရတဲ့ ရဲဘော်လေးရဲ့အလောင်းကို ထားရစ်ပြီး ကျန်သူတွေ အသက်ဆက်နိင်ရေးအတွက် ခရီးဆက်ခဲ့တဲ့ ကျွန်တော်တို့တပ်စုဟာ မနက်အာရုဏ်တက်ချိန်လောက်မှာ စစ်ကြောင်းရုံး အနောက်ဖက်နားအထိ ခရီးပေါက်ခဲ့ပါပြီ။ ဒီအချိန်မှာ ကမမောင်း ကတိုင်တိဘက်ကနေ ဖြတ်ဝင်လာတဲ့ ခမရ (၄) စစ်ကူစစ်ကြောင်းဟာ ဆင်စွယ်စခန်းရဲ့အနောက်ဘက် ခမရ (၈) ခမရ (၆) တို့ရဲ့ ဘယ်ဖက်က ၀င်ရောက်လာပြီး စစ်ကူပိတ်ဆို့ထားတဲ့ ကေအင်ယူနဲ့ တွေဆုံတိုက်ပွဲဖြစ်ပါတော့တယ်။

0 comments:

Post a Comment

သွေးနဲ့ရင်းတဲ့မြေ(၁၂)



ပွိုင့် ၉၆၂

တပ်မ(၆၆)၏ဒုတပ်မမှုး ဗိုလ်မှူးကြီးခင်အောင်ဗလသည် ပွိုင့် ၈၆၅တွင် ရှေ့တန်း ကွပ်ကဲမှု ဖွင့်လှစ်ကာတိုက်ပွဲကြီးအားကွပ်ကဲလျက်ရှိသည်။စစ်ဆင်ရေးမှူးသည်မြေအခြေအနေ အားသုံးသပ်မိရာ မိမိ မဲသဝေါပင်မစခန်းနှင့် မောရလီအား အဓိကခြိမ်းခြောက်နေသောပွိုင့် ၉၆၂ တောင်ကုန်း ရန်သူ့လက်နက် ကြီး Base တိုက်စစ်သမားများ၏ အခြေခံနေရာ ဒီလန်းကြောင်းကိုဖြတ်နိုင်လျင် ရန်သူသည် ပွိုင့် ၁၇၇၈ ဘက်မှပတ်ရမည်။ မိမိတပ်များ အသက်ရှုချောင်မည်။

0 comments:

Post a Comment

ဗိုလ်လေးဘဝ အမှတ်တရများ (၁၂)





ခွာစစ် နှင့် နေရစ်တော့ရဲဘော်

(၂၈)

တဖြေးဖြေး မှောင်မိုက်လာတဲ့ ညနဲ့အတူ တိုက်ပွဲဆူညံသံတွေလည်း လျော့နည်းလာပါ တယ်။ အမှောင်ထဲမှာ တစ်ချက်တစ်ချက် ထပစ်တဲ့ သေနတ်သံတွေကလွဲလို့ တိတ်ဆိတ်နေပါတယ်။ ရန်သူလုပ်နိင်တဲ့ နည်းလမ်းတွေထဲမှာ မနက်အလင်းရောင်လာစအချိန်မှာ ကျွန်တော်တို့တပ်စုကို ချေမှုန်းရေး လုပ်ဖို့ များနိုင်ပါတယ်။  တပ်ခွဲမှုးနဲ့ စစ်ကြောင်းမှုးဟာ ကျွံဝင်နေတဲ့ ကျွန်တော်တို့ တပ်စု ထွက်ပေါက်ရအောင် ဒီညမှာတခုခု တော့လုပ်ပေးမယ်လို့ ယုံကြည်ထားပါတယ်။

0 comments:

Post a Comment

ဗိုလ်လေးဘဝ အမှတ်တရများ (၁၁)



ရှေ့ပြေးတပ်စု ကျွံ ၀င်ခြင်း နှင့် သံသယစိတ်ဝင်မိခြင်း

(၂၆)

ဝေါကနဲထွက်လာတဲ့ ဘီအေ ၆၄ စက်ကလေး ကျည်အတွဲလိုက်ဆွဲသံနှင့် တပြိုင်တည်း အားလုံးမြေမှာ မှောက်ဝပ်ချိန် တစ်စက္ကန့်လောက်ရလိုက်လို့ တပ်စုတစ်စုလုံး ကံကောင်းခဲ့ရပါတယ်။ ဘယ်ဘက်အစွန် တပ်စိတ်ဒုတပ်စိတ်မှုးက စတွေ့ ပြီးသူရဲ့  စက်ကလေး အတွဲလိုက်ဆွဲသံနဲ့အတူ တိုက်ပွဲစလိုက်နိင်တဲ့ တစ်စက္ကန့်လောက်လက်ဦးမှုကတပ်စုရဲ့ အသက်များစွာကို ကယ်တင် နိင်ခဲ့တယ်လို့ ဆိုရ မှာပါ။

0 comments:

Post a Comment

ရေမြေခြားလျက် ကျောက်ဆူးနှစ်လက် အပိုင်း(၁၇)



================

မိုးယံထက်တစ်ယောက် အိမ်ကိုခေါင်းငိုက်စိုက်နှင့်ပြန်ရောက်လာခဲ့လေပြီ။ အပြန်လမ်းမှာလဲ စိတ်တွေတော်တော် လေနေသည်. သူမကိုမေ့ပစ်ရမှာလား ဟင့်အင်း ဘယ်လိုမှမဖြစ်နိုင်ပါ။ အချိန်တိုလေးအတွင်းမှာ ဆိုပေမယ့် သူမကိုမေ့လို့မရအောင်ချစ်နေမိပြီလေ..။ အိမ်ရှေ့ရှိဆိုဖာပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး ဆေးလိပ်တလိပ်ကို မီးညှိ့ဖွာရှိုက်လိုက်သည်။

0 comments:

Post a Comment

ဗိုလ်လေးဘဝ အမှတ်တရများ (၁၀)



စိတ်ကူးယဉ်ဆန်တဲ့ ဖြစ်ရပ်မှန် နှင့် အငိုက်(၃) ငိုက်

(၂၃)

တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုသလို ဖေဖော်ဝါရီလ ကတိုင်တိတိုက်ပွဲမှာ ရေငတ်ခဲ့တဲ့ ပူပူနွေးနွေးသင်ခန်းစာ ကို မမေ့သေးတဲ့ ကျွန်တော်တို့ စစ်ကြောင်းက စစ်သည်အားလုံးဟာ ဘယ်သူမှ ညွှန်ကြားစရာ မလိုဘဲ ပလပ်စတစ် ရေဗူးတွေ ၀ါးဆစ်ဗူးတွေနဲ့ ရေကိုသယ်နိင်သလောက် သယ်ဖို့ ပြင်ကြပါတယ်။ ရဲဘော်တစ်ဦးချင်း ကျောပိုး အိပ်ကိုယ်စီမှာ ၀ါးဆစ်ဗူး (၂) ဗူး စီ ရေအပြည့် ထည့်ကြပါ တယ်။ ကူးဆိပ်ရွာကနေ တနေကုန် ခရီးတလျှောက် ချောင်းတွေမှာ ရေလုံးဝမရှိဘဲ ဆင်စွယ် စခန်း အနီးရောက် မှ ရေရနိုင်မှာဖြစ်ပါတယ်။

0 comments:

Post a Comment

ဗိုလ်လေးဘဝ အမှတ်တရများ (၉)



ကူးဆိပ်ရွာက "လုလု...စက္က" နှင့် အမှတ်တရ သင်္ကြန်ရက်များ

(၂၁)

ဖာပွန်ဒေသ နာမည် ကျော်တာကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ ၊တောတောင်ထူထပ်တာ၊ မိုင်းတွေတဂျိုင်းဂျိုင်းကွဲနေတာ၊ တိုက်ပွဲတွေအမြဲတမ်းဖြစ်နေတာ၊ မနက်ပိုင်းအကောင်းပကတိကနေ ညနေငှက်ဖျားအကြီးအကျယ်တက်ပြီး အသက်ပါဆုံးရတာ၊ အစားအသောက်ရှားပါးတာ တွေကြောင့်ထင်ပါတယ်။

0 comments:

Post a Comment

ရေမြေခြားလျက် ကျောက်ဆူးနှစ်လက် အပိုင်း(၁၆)



"စိန်လိုက်လေ"

မိုးယံထက် ဒီဂျေ၏သံစဉ်နှင့်အတူ ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်သည်..။ ထို့နောက်သံစဉ်နှင့်အတူ မျော့လွင့်သွား တော့သည်။ စည်းချက်နှင့်အတူကခုန်ရင်း နှင်းသီရိကိုလည်း စိန်ခေါ်သည့်အကြည့်နှင့်ကြည့်သည်။ ကောင်မလေးတော့ လွင့်ခနဲ့ပြုံးရင်း ရင်ခွင်ထဲစွေ့ခနဲဝင်လာကာ လိုက်လျောညီ ထွေဖြစ်အောင် ကနေလေသည်။ တစ်ကြိမ်တခါသာ မြင်ဘူးသောသူကို့ ရှိန်နေခြင်းမရှိသွက်လက်လွန်းလှသည်။ မိန်းကလေးကတောင် ရှက်ရွံခြင်းမရှိမှတော့ ဘာထိန်းစရာလိုမလဲ ဟူသောစိတ်နှင့်အတူ ကကွက်တွေကပိုကြမ်းလာသည်။ ပိုဆန်းလာသည်...။ ကနေရင်း ကနေရင်း Dirty Dance အသွင်သို့ပင် ကူးပြောင်းလာသည်။ ကောင်မလေးကလည်း တချက်မတွန့်အေးဆေးပင်..။ စိတ်ထဲတွင် တဖြည်းဖြည်းနှင့် မသင်္ကာစိတ်များကကြီးထွားလာသည်။ ထိုစဉ်အချိန်မှာပင် ဒီဂျေက တန်ပိုချသည့်အနေနှင့် တီးလုံးများကို နှေးချလိုက်ရာ ဆက်မကတော့ပဲ ၀ိုင်းရှိရာသို့သာပြန်လာခဲ့သည်။

0 comments:

Post a Comment

ဗိုလ်လေးဘဝ အမှတ်တရများ (၈)






မြေစာပင်ဘ၀ နှင့် လူမျိုးကြီးဝါဒ

(၁၉)

ရန်သူ့ လက်နက်ငယ် အပိုင်ပစ်နိင်တဲ့ အကွာအဝေး မရောက်ခင် ကွင်းပြင်ကျယ်ရဲ့ သုံးပုံတစ်ပုံ လောက်အရောက်မှာ ကြိုတင်ညှိနှိုင်းထားတဲ့အတိုင်း ကျည်ကွယ်ကောင်းကောင်းရနိုင်တဲ့ လယ်ကန်သင်းရိုး ရှည်အတိုင်း တပ်စုတစ်စုလုံး ရင်ဘောင်တန်း မှောက်နေရာယူပြီး ရန်သူနေရာယူထားနိင်မယ့် ချောင်း ချောက် လျှို ချုံတန်း တစ်လျှောက်ကို ဖြန့်ပစ်လိုက်တဲ့ သေနတ်သံတွေနဲ့ တဆက်တည်း ရန်သူ့သေနတ်သံတွေ ထွက်ပေါ်လာပြီး နောက်ဖက်ညာဘက်ခြမ်းက တပ်ခွဲမှုးအသင့်ပြင်ဆင်ထားတဲ့ စက်လတ်နဲ့ နှစ်လက်မ စိန်ပြောင်း(၃)လက် ပစ်ခတ်သံပေါက်ကွဲသံတွေ တစ်ပြိုင်တည်း ဆူညံသွားပါတယ်။

0 comments:

Post a Comment

ဘင်္ဂလားဒေ့(ရှ်) သံချပ်ကာတပ်ဖွဲ့ တစေ့တစောင်း

Htay Gyi's photo.
၂၀၀၈ခုနှစ်ရေပြင်ပိုင်နက်အငြင်းပွားမှု စတင်ကာ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့(ရှ်)နိုင်ငံနှင့်မြန်မာနိုင်ငံတို့ အကြားဆက်ဆံရေးမှာ အေးခဲ တင်းမာသောအခြေအနေသို့ရောက်၇ှိခဲ့ပါသည်။ နောက်ပိုင်းသံတမန်ဆက်ဆံရေးအရ ဆက်ဆံမှုများရှိခဲ့သော်လည်း အိမ်နီးချင်း၏ လူဥိးရေပေါက်ကွဲ မှုများကြောင့် ၂၀၁၂ခုနှစ် တွင် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ရခိုင်ပြည်နယ် တွင် ၂၀၁၂ခုနှစ်အတွင်း လူမျိုးရေးအဓိက၇ုဏ်းများသည် ဘင်္ဂလားဒေ့(ရှ်)၏ ပရောဂမကင်းဟုယူဆရပါသည်။ 

0 comments:

Post a Comment

ဗိုလ်လေးဘဝ အမှတ်တရများ (၇)



ဓါးသမား ကို ကြောက်ရတဲ့ သေနတ်သမား နှင့် ကွင်းတွေ့ ရင်ရှောင်ဆိုသော်လည်း

(၁၇)

ဘာကြောင့်မှန်း သေသေချာချာမသိရဘဲ ကော့ကရိတ်မြ၀တီဘက်ကို အပြင်းအထန် ချီတက်နေတဲ့ ကျွန်တော်တို့စစ်ကြောင်းဟာ ကော့ကရိတ်အရောက်မှာ ရှေ့မဆက်ရတော့ဘဲ နောက်ကြောင်းပြန် လှည့်ဖို့အမိန့်ရတဲ့အတွက် လာလမ်းအတိုင်း ပြန်လှည့်ရပါတော့တယ်။ နယ်စပ်ကေအင်ယူစခန်းတွေကို တိုက်ဖို့ အထက်ဌာနကြီးက ခွင့်မပြုလို့ မူလစစ်ဆင်ရေး တာဝန်နေရာတွေအတိုင်း ပြန်ဝင်ရမယ်လို့လည်း ပြောကြပါတယ်။

0 comments:

Post a Comment

ဗိုလ်လေးဘဝ အမှတ်တရများ (၆)





ဂျာမဏီကျည် သံသယ နှင့် ကော့ကရိတ်လမ်းက မိုင်းတစ္ဆေ

(၁၅)

ကမမောင်းရွာကြီးဟာ သံလွင်မြစ်ဘေးမှာတည်ရှိပြီး အစားအသောက်ပေါ၊ ရွာလူထုကလည်း သဘောကောင်း တပ်စခန်းလည်းရှိလို့  ကျွန်တော်တို့ စစ်ကြောင်းနေခဲ့တဲ့ နှစ်ညနဲ့ တစ်နေ့လုံးမှာ အပြည့်အ၀အနားရခဲ့ပါတယ်။ နောက်တစ်နေ့ မှာတော့ တပ်ရင်းတစ်ရင်းလုံး ကမမောင်း ၊ရွှေဂွန်း၊ ထိလုံ၊ ဘားအံ၊ ကျုံဒိုး၊ ကော့ကရိတ်လမ်း အတိုင်း ခရီးရှည်ချီတက်ရပါတော့တယ်။ ကမမောင်းကနေ သံလွင်မြစ်ဘေးအတိုင်း ရွှေဂွန်းကိုချီတက်ပြီး ထိလုံရွာကြီးမှာ ကားတွေလာကြိုနေလို့ ရဲဘော်တွေပျော်ရွှင်စွာနဲ့ ကားတွေပေါ်တက်လိုက်ခဲ့ကြပါတယ်။

0 comments:

Post a Comment

ဘာကိုပြောင်းလဲရမှာလည်း?

Lay Lwin Maf's photo.
၁၉၉၃ ခုနှစ်လောက်က ဗီယက်နမ်နိုင်ငံကိုနိုင်ငံတော်တာဝန်နဲ့ခေတ္တရောက်ခဲ့ဘူး ပါတယ်။ အဲ့တုန်းကအခြေအနေက စုတ်စုတ်ပြတ်ပြတ်ပါ။ လူတွေဆင်းရဲကြပ်တည်း သလို မြို့ပြအနေ အထားကလည်းပြောင်ပြောင်ရောင်ရောင်မရှိပါဘူး။ နိုင်ငံခြားသားတွေ့တိုင်းလက်ဖြန့် တောင်း ရမ်းတဲ့သူတောင်းစားအရေအတွက်ကလည်း ကြည့်လိုက်ရင်ပြေးမလွတ်။( ဗမာတိုးရစ်ဆိုပြီး အထင်ကြီးပြီးကိုယ့်နောက်ကို ခလေးလူကြီး၁၀ယောက်လောက် တကောက်ကောက် မခွာ ဘဲလိုက်နေလို့ဆိုင်ရှေ့ပေါက်က၀င်ပြီးနောက်ပေါက်ကနေထွက်ပြေးခဲ့ရတယ်)။ စစ်ပွဲပေါင်း အလီလီနွှဲလာခဲ့ရခြင်းရဲ့အကျိုးဆက်ပြယုဒ်ပေါ့။

0 comments:

Post a Comment

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၁၅)



=================

စီမံချက်သည်ကား အာရုံလွှဲရန်....။ သူရဇော်က မိုးယံထက်အကောင့်ကိုဝင်ကြည့်၍ ဘလော့လစ်စ်များကို အကုန်ပြန်ဖွင့်လိုက်သည်.. ပြီးတော့ ချက်လစ်စ်တွေပြန်ကြည့်သည်။ မိုးယံထက်က အထာပေးသည်ဟုထင်သော မိန်းကလေးအကောင့်မှန်သမျှကို ဘလော့လေ့ရှိသည်လေ။ အားလုံးကို အကျိုးအကြောင်း ရှင်းပြတော့
အချို့တွေက လှောင်ပြောင်သည်။ အချို့တွေက နည်းသေးသည်ဟုပြောသည်....။

0 comments:

Post a Comment

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၁၄)



=================

ဗကမိုးယံထက်တစ်ယောက် အထူးတာဝန်ပြီးဆုံး၍ မူလတာဝန်များ ပြန်လည်ထမ်းဆောင်ရန်
ဌာနသို့ ပြန်လည်သတင်းပို့ရလေပြီ..။ အုပ်မှူးကတော့ ရေယာဉ်မချပေးသေးဟုပြောသည်...။
လက်ရှိတွင် သူ့သူငယ်ချင်း သူရဇော်က ရေး ထောက် တာဝန်ယူနေလေပြီ။ ဘေးနားရှိခုံတွင်
ထိုင်နေရင်း ၀ိုင်ဖိုင်ဖမ်းကာ ဖေ့ဘွတ်ပေါ်တက်၍ Ying အကောင့်လေးကို သေချာပြန်ကြည့်သည်
ပုံတွေ ဒေါင်းသည်။ Noti ယူသည်...။ သူမအင်တာနက်သုံးချိန် မရလောက်သေးဆိုတာ သိသိရဲ့
နှင့် ချက်ဘောက်ကနေ စာတွေတသီချင်းပို့နေမိသည်။ ဓာတ်ပုံလေးကို ကြည့်ပြီးတော့ ရင်ထဲမှာ
တဆစ်ဆစ်...။ ရေမြေခြားနေပြီဖြစ်တဲ့ သူတို့နှစ်ဦး ဘယ်လိုဆုံစည်းခွင့် ရနိုင်ပါမည်လဲ....။

0 comments:

Post a Comment

ကျိုက်ထီးရိုးမှာ ကျန်ခဲ့တဲ့ ဝေဒနာ



ပြီးခဲ့တဲ့စနေနေ့ မိသားစုက ကျိုက်ထီးရိုးဘုရားဖူးလိုက်ခဲ့လို့ခေါ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်လဲ မိသားစုကို အချိန်မပေးဖြစ်တာ လပေါင်းအတော်ကြာခဲ့ပြီမို့ လိုက်ဖြစ်ပါတယ်။ ဘုရားဖူးကားတွေရဲ့ ထုံးစံအတိုင်း ညဘက်ထွက်ကြတာပေါ့ ဒီလိုနဲ့ ကျွန်တော်နဲ့ ကျွန်တော့်အစ်မတွေ၊ အစ်ကိုတွေ၊ ညီတွေ၊ တူတွေ၊ တူမတွေ နဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီးကို စတင်ခဲ့ပါတယ်။ မရောက်တာကလဲ (၁၀) စုနှစ်တစ်ခုကျော်ပြီမို့ မနက် ၂း၃၀ လောက် တောင်ခြေကိုရောက်တော့ အရာရာဟာ သစ်လွင်တောက်ပလို့နေပါတော့တယ်။

0 comments:

Post a Comment

အမှတ် (၄) ခြေလျင်တပ်ရင်း (ဂေါ်ရခါး)

Htay Gyi's photo.
မြန်မာ့တပ်မတော်သမိုင်းတွင် အမှတ် (၄) ခြေလျင်တပ်ရင်း၏ စွမ်းဆောင်မှုများမှာ အစဉ်အလာကြီးမားသည်။ ထို့ကြောင့် အမှတ် (၄) ခြေလျင်တပ်ရင်း၏ သမိုင်းအကျဉ်းကိုလေ့လာကြည့်ဖို့လိုသည်။

0 comments:

Post a Comment

သွေးနဲ့ရင်းတဲ့မြေ(၁၀)



စစ်သည်များချက်ချင်းအားတက်လာသည်

ခမရ(၃) သည် ဖောက်ထွက်ကာမောရလီပေါ်သို့ရောက်ခဲ့ချေပီ

ရန်သူသည်စစ်ကူစစ်ကြောင်း ကျောက်တောင်ကုန်းပေါ်သို့မရောက်မီ သိမ်းပိုက်နိုင်ရန် တရှိန်ထိုးတိုက်တော့သည်။

ရဲဘော်များကလည်းတစ်လက်မမှနောက်မဆုတ်ပဲကြံ့ခံတိုက်သည်။

0 comments:

Post a Comment

ဗိုလ်လေးဘဝ အမှတ်တရများ (၅)



လိုက်စစ်

(၁၃)

ရန်သူ့ဆုတ်လမ်းကတော့ ကတိုငိတိကနေ ယွန်းစလင်းချောင်းကိုဖြတ်ပြီး အရှေ့ဘက်သံလွင်မြစ်ကူး နယ်စပ်စခန်းအရောက် ဆုတ်မယ့်အနေအထားပါ။ လိုက်စစ်ဆင်ရာမှာ ပေါ့ပါးလျင်မြန်မှ ရှေ့ကရန်သူကို မှီမှာဖြစ်ပေမယ့် တိုက်ပွဲဖြစ်ရင် မရှိမဖြစ်လိုအပ်တဲ့ လက်နက်ကြီးတွေ ဗုံးသီးတွေ ရိက္ခာတွေနဲ့ ကျွန်တော်တို့ လိုက်စစ်စစ်ကြောင်းကြီးဟာ လေးလံလှပါတယ်။

0 comments:

Post a Comment

အလယ်အလတ်သဘောထားရှင်တို့ အောင်ပါစေ





အလယ်အလတ်သဘောထားရှင်တို့နှင့်သဘောထားတင်းမာသူ အစွန်းရောက်တို့ တိုက်ပွဲတွင် မည်သူအောင်နိုင်မည်နည်းဆိုသည့် မေးခွန်း၏အဖြေက  ယနေ့မြန်မာနိုင်ငံ၏ အနာဂတ်ကို ဆုံးဖြတ်လိမ့်မည်။

0 comments:

Post a Comment

ဗိုလ်လေးဘ၀ အမှတ်တရများ (၄)




(၁၀)

ကျွန်တော်တိုနှစ်ယောက် ရောက်သွားတဲ့ တောင်ကြောရန်သူရှေ့ ခံစစ်စည်းမြေအနေအထားဟာ ခွန်နှစ်စဉ်ကြယ်(ရေမှုတ်ပုံ) နဲ့ပုံသဏ္ဌန်ဆင်ပါတယ်။ ဘယ်ဘက်ကုန်းထိပ်က (ဂ) ပုံကွေးလာပြီးညာဘက်ကို ဖြောင့်ဆင်းလာပါတယ်။ ရန်သူခံစစ်ကြောင်းကလဲ တောင်ကြောအတိုင်း လိုက်ယူထားတာပါ။ ကျွန်တော်တို့နှစ်ယောက် ရောက်သွားတဲ့နေရာက ဘယ်ဘက် (ဂ) ပုံနဲ့ ညာဘက်ခြမ်း အဖြောင့်အနီး အကွေးအတွင်း ဆက်သွယ်ရေးမြောင်း ထိပ်မှာပါ။ သစ်ပင်ဝါးရုံတွေ ထူထပ်စွာပေါက်နေတဲ့ နေရာဖြစ်ပါတယ်။ ဒုတပ်စိတ်မှုးဟာ ဆက်သွယ်ရေးမြောင်းထိပ်နဲ့ ကပ်လျက်ဝါးရုံနောက်မြေပြင်မှာ မှောက်လျက် အသင့်နေရာယူ ထားပါတယ်။ ကျွန်တော်က သူရဲ့ညာဘက် နောက်တစောင်း (၁၅) ပေလောက်မှာရှိနေပြီး ကျွန်တော့်ညာဘက် ရှေ့ မှာတော့ ကတုတ်ဘန်ကာတစ်ခု ရှိနေပါတယ်။

0 comments:

Post a Comment

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၁၃)



===================
မိုးယံထက်တစ်ယောက် နာကျင်စွာအော်ဟစ်လိုက်မိသည်။ ပန်းရောင်စာအိတ်လေးကို
ကျစ်ကျစ်ပါအောင်ကိုင်ထားရင်း မျက်ရည်များလိမ့်ဆင်းလာသည်. . သူမရေးထားသည်
က.....။

0 comments:

Post a Comment

အတူအလုပ်တွဲလုပ်ဖို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေစရာမလိုဘူး

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက် ဆွေးနွေးပွဲမှ သမ္မတဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်


၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက် ဆွေးနွေးပွဲမှ သမ္မတဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
၂၀၁၅ အဝင် ပထမဆုံးလတွင်ပင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဗျူဟာအခင်းအကျင်းများကို ခပ်စိပ်စိပ်တွေ့လာရသည်။ ဇန်နဝါရီလ ၁၀ ရက်က မြစ်ကြီးနား မနောပွဲသို့ ဦးသိန်းစိန် သွားရောက်ကာ ပြည်သူလူထုနှင့် နီးနီးကပ်ကပ် ရင်းနှီးနွေးထွေးစွာ ဆင်နွှဲခဲ့သည်။ ယင်းမတိုင်မီကလည်း ပုဂံတွင် ကမ္ဘာလှည့်ခရီးသွားများနှင့် စကားစမြည်မေးမြန်းပြောဆိုနေပုံများ လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြခဲ့သည်။

0 comments:

Post a Comment

၂၀၁၅ - နိုင်ငံရေးပုစ္ဆာ အဖြေမရှိခြင်း မဟုတ်ပါ

၂၀၁၅ သည် မြန်မာ့နိုင်ငံရေးအတွက် အလှည့်အပြောင်းဖြစ်မည့်နှစ် …. သို့သော် ယင်းအလှည့်အပြောင်းမှာ အကောင်းလား အဆိုးလား အားလုံးက စိတ်ဝင်စားကြသည့်နှစ်လည်းဖြစ်ပေသည်။
၂၀၁၄ ခုနှစ်ကို ခြုံကြည့်မည်ဆိုလျှင် ဒီမိုကရေစီခရီးလမ်းကို စတင်လျှောက်လှမ်းကာစ နိုင်ငံတစ်ခုအနေနှင့် ကြုံတွေ့ရလေ့ရှိသော ပုစ္ဆာများနှင့် ပြည့်နှက်နေသော နှစ်တစ်နှစ်အဖြစ် ရှုမြင်ရမည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးအနာဂတ်ကို တမျိုးတဖုံပြောင်းလဲပေးနိုင်သည့် ပုစ္ဆာများစွာအနက်မှ ၂၀၁၅ ခုနှစ်အတွင်း အဖြေထုတ်ရမည့် နိုင်ငံရေးပုစ္ဆာအကြောင်းကို ဆွေးနွေးတင်ပြလိုပါသည်။

0 comments:

Post a Comment

သူကောင်းတွေနဲ့ တော်စေထက်စေသော်ဝ်

" သူကောင်းတွေနဲ့ တော်စေထက်စေသော်ဝ် "
………………………….

      လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က ဦးသန်းရွှေရဲ့ တချို့အချက်တွေကို အားကျတဲ့ အကြောင်းလေးရေးမိ တော့ လူဆိုးတစ်ယောက်ကို ချီးမွမ်းရပါ့မလားဆိုပြီး ပြောသူကပြောကြတယ်။  ဒါကြောင့်လဲ ဒီစာရေးဖို့ အတွေး လေးပေါ်လာရတာပါ။               
                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                  
 ကျွန်တော်တစ်ဦးတည်း အမြင်ကို ပြောရရင်တော့ လူတစ်ယောက်ဟာ အမြဲမဆိုးနိုင်ဘူးလို့ထင်တယ်။  အင်မတန်ဆိုးမိုက်တယ်ဆိုတဲ့ ဒေ၀ဒတ်ကြီးတောင် " ငါသည် မြတ်စွာဘုရားအား ပြစ်မှားခြင်းကြီးသောကြောင့် ဤမျှလောက်သော ဒုက္ခကိုခံရချေသည်၊ ကန်တော့မှသာလျှင် ထိုအပြစ်ကင်းတော့မည် " ဟု ကိုယ့်အမှား ကိုယ်သိလို့ ဆိုခဲ့သေးမဟုတ်ပါလား။

 သာမန်ပုထုဇဉ်လူသားတွေအဖို့ အမြဲမဆိုးနိုင်ဘူးလို့ထင်ပါတယ်။  ဒါကြောင့်လဲ ဦးသန်းရွှေထဲက အားကျမိတဲ့ ရှေးအတိတ်ကံတွေ၊ လက်ရှိလုပ်ဆောင်မှုလေးတွေကို ရေးခဲ့တာပါ။  ပြီးတော့ ဦးသန်းရွှေဟာ လူတော်တစ်ယောက်လို့ ကျွန်တော်ဆိုချင်တယ်။

 တကယ်တော်ခဲ့လို့လဲ ဒီနေရာရောက်ခဲ့တာပဲလေ။  သာမန်လူတစ်ဦးအနေနဲ့ ရောက်ဖို့မလွယ်ပါဘူး။ ဒါကြောင့်လဲ ခေါင်းဆောင်ဆိုတဲ့နေရာမှာ လူတိုင်းမဖြစ်နိုင်ကြတာပါ။  

 ဟုတ်ကဲ့ ကျွန်တော်က ဦးသန်းရွှေ တော်တယ်၊ ခေါင်းဆောင်လို့ ဆိုခဲ့ပါတယ်။  ဒီနေရာမှာ တစ်ခုလေး ချန်ထားပါတယ်။  အဲဒါက " ကောင်း " ဆိုတဲ့ စကားလုံးလေးပါ။  လူတော်တစ်ယောက်ပါ သို့သော် ကောင်းချင် မှကောင်းမယ်။ ထို့အတူ ခေါင်ဆောင်တစ်ယောက်ပါ ကောင်းချင်မှ ကောင်းပါ့လိမ့်မယ်။

 တော်တဲ့သူတိုင်း မကောင်းနိုင်ပါဘူး။  ပညာတတ်၊ ထက်မြက်ပြီးတော်တဲ့သူများဟာ လူကောင်းမဟုတ် ရင်ပိုပြီး ကြောက်စရာကောင်းတတ်ကြပါတယ်။  ပညာမဲ့ လူမိုက်တစ်ယောက်အနေနဲ့ သူကြောင့် သူ့အိမ်၊ သူ့ရပ်ကွက်လောက်သာ ထိခိုက်နိုင်ပေမယ့် ပညာတတ်လူမိုက်တစ်ယောက်ကြောင့် တစ်တိုင်းပြည်လုံးမဟုတ် ဘူး တစ်ကမ္ဘာလုံးတောင်ပျက်စီးသွားနိုင်ပါတယ်။

 ယနေ့ခေတ် လူငယ်လေးတွေဟာ အင်မတန်ထက်မြက်ပြီး တော်တဲ့သူတွေများကြပါတယ်။  ဒီလို တော်တဲ့ လူငယ်လေးတွေကို ကောင်းဖို့အတွက်လည်း လုပ်ဆောင်ကြရမှာပါ။  လူငယ်လေးတွေ ကောင်းဖို့ အတွက် လက်ဆင့်ကမ်းပေးမယ့် လူကြီးတွေရဲ့ စိတ်ထားများကလည်း မြင့်မြတ်နေဖို့၊ ဖြူစင်နေဖို့ လိုအပ်ပါ တယ်။  ညစ်ပေနေတဲ့ လက်နဲ့ ပေးကမ်းခဲ့ရင်တော့ လက်ခံမျိုးဆက်တွေဟာ ညစ်ပေနေတဲ့ အရာတွေပဲ သူတို့ ရရှိကြရမှာပါ။

 ဒါကြောင့်လဲ တော်ရုံအပြင် ကောင်းဖို့၊ လူတော်လူကောင်းတွေဖြစ်ဖို့ အထူးဆောင်ရွက်ကြဖို့ လိုပါတယ်။  တန်ဖိုးရှိတဲ့ ဦးနှောက်တွေပိုင်ဆိုင်ရုံမျှမက ဖြူစင်တဲ့နှလုံးသားအလှတွေပါ သိမ်းပိုက်ထားဖို့လိုပါ တယ်။  ပြီးတော့ လူတော်လေးတွေ၊ လူကောင်းလေးတွေကို နေရာပေးကြဖို့လိုပါတယ်။

 ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းစဉ်မှာလည်း တော်တဲ့သူ ကောင်းတဲ့သူတွေဟာ နေရာသိပ်မရကြပါဘူး။ ကောသလမင်းကြီးအိပ်မက်အရဆိုရင်တော့ စာဗူးတောင်းတွေရေလယ်မှာ နစ်မြုပ်ပြီး ကျောက်ဖြာကြီး ရေပေါ် ပေါ်ကြတာပေါ့။  လူဆိုး၊ လူမိုက်ဟာ လူဆိုးလူမိုက်အသိဥာဏ်သာရှိတဲ့အတွက် သူတော်ကောင်းနဲ့ပေါင်းဖို့ ဆိုတာ ဖြစ်နိုင်ခဲပါတယ်။  ဒါကြောင့်လဲ ကိုယ့်ထက် တော်မယ် ထက်မယ်ဆိုရင် ရှင်းလင်းတတ်ကြတာပါ။

 နောက်တစ်ချက်က ကျွန်တော်တို့နိုင်ငံက လူတချို့ဟာ အစွဲကြီးပါတယ်။  ဘာလို့လဲဆိုရင် တစ်ဦး တစ်ယောက်မကောင်းရင် တစ်သက်လုံးမကောင်းဘူး၊ ပြီးတော့ တစ်ဆွေမျိုးလုံး မကောင်းဘူးလို့ ထင်မြင်တတ် ကြပါတယ်။  ဒါကြောင့်လဲ နိုင်ငံဟာ တိုးတက်သင့်သလောက် မတိုးတက်တာလို့ မြင်ပါတယ်။

 တစ်ယောက်ကြောင့် နောက်လူတွေ တော်တာ၊ ကောင်းတွေဟာ အလဟဿဖြစ်တတ်ကြတယ်။  စွန့်ပယ်ခံရကြပါတယ်။   ခြေမမကောင်းပေမယ့် ခြေထောက်တစ်ချောင်းလုံးကို ဖြတ်ထုတ်တတ်ကြပါတယ်။  ဒီတော့ တော်သင့်သူ ထက်သင့်သူတွေဟာ မှေးမှိန်သွားတော့တာပါပဲ။

 လူတစ်ယောက် ဆိုးတဲ့ဘက်ကနေ ကောင်းတဲ့ဘက် ပြောင်းလဲလာသော်လည်း ပတ်ဝန်းကျင်က အမြဲလူဆိုးဆိုတဲ့အမြင်ပဲ မြင်နေကြတော့ အကောင်းဘက်ပြောင်းသူတွေတောင် ရပ်တန့်သွားတတ်ကြပါတယ်။

 လူဆိုးကို လူကောင်းဖြစ်လာဖို့ ကျွန်တော်တို့ ဆောင်ရွက်ကြရမှာပါ။  ၀ိုင်းပယ်ထားကြရမှာ မဟုတ်ပါဘူး။  လူညံ့ကို လူတော်ဖြစ်အောင် စွမ်းဆောင်ကြရမှာပါ။  စွန့်ပစ်ထားကြရမှာ မဟုတ်ပါဘူး။

 လူတော်တွေ လူကောင်းတွေနဲ့ တည်ဆောက်မှသာလျှင် အေးချမ်းသာယာတဲ့ လူ့ဘောင်တစ်ခု၊ နိုင်ငံ တစ်ခုအဖြစ် တည်ဆောက်နိုင်ကြမှာပါ။

 လူကောင်းတွေကို တော်အောင်လုပ်ပါ။
 လူတော်တွေကို ကောင်းအောင်လုပ်ပါ။

 ပြီးတော့ လူတော်လူကောင်းတွေကို နေရာပေးပါ။  သူတို့အတွက် ပေးခဲ့မယ့်၊ ချန်ထားမယ့်၊ လွှဲပြောင်းမယ့် နေရာတွေ၊ စိတ်ထားတွေလည်း ကြည်လင်သန့်စင်နေပါစေ။

 လူတော်လူကောင်းလေတွေ၊ လူတော်လူကောင်းကြီးတွေ များများပေါ်ထွက်ပါစေလို့သာ။

**********

မောင်ပိုင်
၁၃-၁-၂၀၁၅။

လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က ဦးသန်းရွှေရဲ့ တချို့အချက်တွေကို အားကျတဲ့ အကြောင်းလေးရေးမိ တော့ လူဆိုးတစ်ယောက်ကို ချီးမွမ်းရပါ့မလားဆိုပြီး ပြောသူကပြောကြတယ်။ ဒါကြောင့်လဲ ဒီစာရေးဖို့ အတွေး လေးပေါ်လာရတာပါ။

0 comments:

Post a Comment

ရယ်လီစတိုးနှင့် အမေရိကမှသူခိုးဖမ်းပွဲ



အမေရိကား ရောက်တတ်ရာရာ(၄)

ခုတလောရန်ကုန်မြို့ကအထင်ကရနာမည်ကြီးစူပါမတ်ကက်ကြီးတခုကသူ့ဆိုင်မှာဈေးလာဝယ်တဲ့
တက္ကသိုလ်ဆရာမတဦးကိုဈေးဝယ်ပြီးလို့ဆိုင်အပြင်ရောက်သွားပြီးမှမသင်္ကာလို့လုံခြုံရေးတွေနဲ့အတင်းသွားခေါ်လာပြီးပြန်စစ်၊ဝယ်သူကမှန်နေတော့ဟိုလိုလိုသည်လိုလိုနဲ့ ဝယ်သူအမြဲမှန်သည် ဆိုတဲ့စကားကိုမသိချင်ယောင်
ဆောင်ကာယကံရှင်ဘက်ကလူသိရှင်ကြားတောင်းပန်ဘို့ပြန်တောင်းဆိုတော့ရူးချင်ယောင်ဆောင်၊ကာယကံရှင်
အိမ်လိပ်စာ အတင်းမေးပြီးအောက်လမ်းနည်းနဲ့ တောင်းပန်ဘို့ကြိုးစားနေတဲ့သတင်းတွေကမ္ဘာအနှံ့ ဟိုးလေးတ
ကြော်ပြန့် နှံ့လို့နေပါတယ်။

0 comments:

Post a Comment

ဗိုလ်လေးဘ၀ အမှတ်တရများ (၃)



(၇)

ကျောက်တောင်ဖာပွန်ဂွင်ဟာ ကျွန်တော်တိုဝင်ခဲ့ဖူးတဲ့ ကမမောင်းလေးကေဂွင်လို အစားအသောက်မပေါဘဲ ရွာဆက်နည်းပြီး တောတောင်ထူပါတယ်။ ရိက္ခာကိုတော့ တစ်ပါတ်တစ်ခါ ကျောက်တောင်မှာ ၀င်ထုတ်ပါတယ်။ မိုးလင်းမိုးချုပ် သွားလာလှုပ်ရှားနေရတဲ့ လှုပ်ရှားစစ်ကြောင်းနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ ကုလားပဲနဲ့  ဈေးကောင်းရတဲ့ နိ့ဆီကိုရောင်းပြီး ရတဲ့ရိက္ခာစိုငွေနဲ့ စားသောက်ရေးစီစဉ်ရပါတယ်။

0 comments:

Post a Comment

လူအမျိုးမျိုး ဘ၀အထွေထွေ (၂)

Yannaung Soe's photo.
လူအမျိုးမျိုး ဘ၀အထွေထွေ ……… / ကိုမျိုးသီဟ ( ရှေးဟောင်းပစ္စည်းချစ်မြတ်နိုးသူ ၊ စုဆောင်းသူ )
……………………………………………………………………
တကယ်တော့ ကိုမျိုးသီဟနဲ့ ကျွန်တော်သိကျွမ်းရတာသိပ်မကြာသေးပါဘူး ။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် သိခဲ့ကြတာကလည်း အပြင်မှာမဟုတ်ဘဲ လူမှုကွန်ယက်အပေါ်မှာသာ သိကြတာပါ ။ အွန်လိုင်းပေါ်မှာ သူတင်ပြဆွေးနွေးနေတဲ့ အကြောင်းအရာတွေကို တွေ့ရပြီး သတိပြုမိသွားတာဖြစ်ပါတယ် ။ ဒီတော့ ၀ါသနာအရင်းခံရှိပြီးသားဖြစ်တဲ့ ကျွန်တော်ကတော့ သူတို့ တင်ပြဆွေးနွေးနေကြတဲ့ မြန်မာ့အနုလက်မှုပစ္စည်းများ နဲ့ ရှေးဟောင်း ပစ္စည်းများအကြောင်းတွေ ၊ အဲဒီပစ္စည်းတွေရဲ့  ခေတ်အပိုင်းခြားသတ်မှတ်ချက်တွေနဲ့  အမျိုးအစားခွဲခြားပြီး ဆွေးနွေးနေကြတာတွေကို အထူးစိတ်ဝင်စိတ်ဝင်စားမိပြီး လေ့လာမှတ်သားနေရတော့တာပဲ ။ ကျွန်တော့ စိတ်ထဲမှာတော့ ကိုမျိုးသီဟ အနေနဲ့ အဲဒီပစ္စည်းနဲ့ပက်သက်လို့ ဒီလောက်ပြောနိုင်တာကိုထောက်ပြီး သူဟာ ရှေးဟောင်းပစ္စည်းတွေကို အတော်ပဲမြတ်နိုးပုံရပြီး ကိုယ်ပိုင်စုဆောင်းမှုတွေလည်း ပြုလုပ်ထားလိမ့်မယ်လို့ တွက်ထားပါတယ် ။

0 comments:

Post a Comment

ဗုဒ္ဓဘာသာကောင်း တစ်ယောက်



               
        ဗုဒ္ဓဘာသာဝင်လို့ ကိုယ့်ကိုယ်ကိုခံယူထားသူတွေ အတွက် ကိုယ်တွေ့နှင့်ယှဉ်သောအတွေ့  အကြုံလေးတွေဝေမျှ ချင်ပါတယ်။

0 comments:

Post a Comment

၂၀၁၅ နှစ်ဦးအဖွင့် ပုံရိပ်များ


ဒီရက်ပိုင်း အစိုးရအဖွဲ့ လုပ်ကွက်တွေ ပီ တယ်ဗျာ
သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်
လွပ်လပ်ရေးနေ့ပွဲကို ခမ်းခမ်းနားနားလုပ်တယ်ဗျာ
နိုင်ငံရဲ့ပိုက်ဆံတွေအများကြီးကုန်တယ်လို့ ဝေဖန်သံတွေညံခဲ့ပေမဲ့
နိုင်ငံရေးအရ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအရရော ဂုဏ်သိက္ခာအရပါတော်တော်ကြီး
အကျိုးအမြတ်ရလိုက်တဲ့ပွဲလို့မြင်ပါတယ်။

0 comments:

Post a Comment

မြန်မာပြည်ရဲ့ အလွဲများထဲမှာ အပိုင်းအစတစ်ခု


မြန်မာပြည်မှာ အစိုးရတစ်ခုတည်း ပေါက်တက်ကရအလွဲတွေ လုပ်တတ်တယ် ကိုယ့်လူပဲ ကိုယ်နေရာပေးတယ် ထင်ပါသလား?

0 comments:

Post a Comment

ဗိုလ်လေးဘ၀ အမှတ်တရများ အပိုင်း(၂)


(၄)

“မြင်စဖူးကြုံဖူးမှယုံစဖွယ်” ဆိုတဲ့အတိုင်း ဖာပွန်မြို့ဟာ တကယ့်ဘုရားစူးမြို့ပါဘဲ။ အရင် ခေတ်ကောင်းတုံးကတော့ (ယခင် အင်္ဂလိပ်အုပ်ချုပ်ရေးခေတ်ကို ခေတ်ကောင်းလို့ ဒေသခံ အဖိုးကြီးအဖွားကြီးတွေက ဆိုကြပါတယ်) တော်တော် အေးချမ်းသာယာတယ်လို့ ပြောပေမယ့် ကျွန်တော်တို့ရောက်ချိန်ကတော့ စစ်ရိပ်စစ်ငွေ့တွေနဲ့ မှိုင်းဝေ နေပါတယ်။

0 comments:

Post a Comment

မြန်မာ့ဆက်သွယ်ရေး ဘာလည်း ဘယ်လည်း (၁)

မြန်မာ့ဆက်သွယ်ရေး ဘာလည်း ဘယ်လည်း  (၁) 
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မိုဘိုင်းဖုန်းတွေ မြန်မာပြည်မှာစသုံးတုန်းက cellular ဖုန်းကို FEC ဖြင့် ပေးသွင်းခဲ့ရတယ်၊ GSM တွေစပေါ်တုန်းက ၅ သိန်း
၊လူတိုင်းမကိုင်နိုင်သေး ၊
ပြင်ပပေါက်ဈေးသိန်း ၃၀ ကျော်။ ထို့နောက် GSM ဈေး (တရားဝင်) ၁၀ သိန်း
ရောက်သွားခဲ့တယ်၊ 
ထို့နောက် ၁၅သိန်း(တရားဝင်) ဖြစ်သွားပါတယ်၊
ကြိုတင်ငွေအဖြစ် ပြောဆိုခ ၅သောင်း တစ်ခါတည်းကောက်ပြန်တယ်၊
ပြင်ပပေါက်ဈေး ၂၀ သိန်းနှင့် ၃၀ သိန်းကြား ၊တစ်ချို့က ငှားစားကြတယ်၊
မိုဘိုင်းဖုန်း ကိုင်နိုင်သူက သူ့ပတ်ဝန်းကျင်မှာ ဆရာကြီး တစ်ဆူပေါ့၊
WCDMA ၀၉၅၅ နဲ့ ပေါ်ခဲ့ပြန်ပါတယ်၊ သူကတော့ ပိုပြီးဆရာကျ ခဲ့ပါတယ်၊
နာဂစ် မုန်တိုင်း လည်းဖြစ်ရော ကမ်းရိုးတမ်းဖုန်းလို့ ခေါ်တဲ့ ၀၉၈၆၊
၀၉၈၇ နဲ့စတဲ့ 450Mhz ဖုန်းတွေ ခေတ်ထခဲ့ပြန်တယ်၊ ကြိုတင်ပြောဆိုခ
၅ သောင်းသွင်း တရားဝင်ဈေး ၁၅ သိန်း၊ နေပြည်တော်ကို ရုံးတွေပြောင်း
ခဲ့ပြီး ထိုဒေသမှာ ၀၉၈၃ နဲ့စတဲ့ 450Mhz ဖုန်းတွေ ၁၅ သိန်း၅သောင်း
ထပ်ရောင်းတယ်၊ GSM ဖုန်း ကို နေပြည်တော်မှာ ပြောခွင့်မပေး၊
နေပြည်တော်ဖုန်းလို့ အမည်တပ်ခဲ့တဲ့ ၀၉၄၉ နဲ့စတဲ့ 450Mhz ဖုန်းတွေ 
၅သိန်း နဲ့ ထပ်ရောင်းပြန်တယ်၊ အလုအယက် ၀ယ်ခဲ့ကြတယ်၊ အထက်
ဖော်ပြပါဖုန်းတွေရရှိဖို့ ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ ထောက်ခံချက်
တွေကို ငွေ လက်ဆောင်ပေးပြီး ထိုးခိုင်းခဲ့ရပါသေးတယ်၊ ဗိုလ်ချုပ်တွေ
ဌာနအကြီးအကဲတွေဟာ လျှောက်လွှာ တစ်စောင် ငွေ ၁သောင်း ၂ သောင်း
ရရှိရင်တောင် လက်မှတ်ထိုးတဲ့အဆင့် ရောက်သွားခဲ့တယ်၊ လုပ်စားခဲ့သူတွေ
အသိဆုံးဖြစ်မှာပါ၊ ဖုန်းလျှောက်လွှာတွေတောင် ရောင်းကောင်းခဲ့ပါတယ်၊
ရန်ကုန်မှာ စတင်ပြီး မြို့နယ်ကျော် သယ်ဆောင်ခွင့်မရှိဆိုတဲ့ ၀၉၇၃ နဲ့ စတဲ့
CDMA 800Mhz ဖုန်းတွေကို ကြိုတင်ပြောခ ၅ သောင်းသွင်းခိုင်းပြီး ၅သိန်း
နဲ့ ရောင်းခဲ့ပါတယ်၊ နယ်ကျော်သယ်ဆောင်နိုင်ပြီ ဆိုပြီး ကြေညာခဲ့ပါတယ်၊
ယနေ့အထိ ပြည်နယ်/တိုင်း (ချင်းပြည်နယ်မပါ) မြို့တော်များနှင့် မြို့ကြီး
များတွင်သာ သုံးစွဲနိုင်ပါတယ် 450Mhz ဖုန်းတွေ မပါ ကျန်ဖုန်းတွေကို Internet သုံးစွဲခွင့် ၂သောင်း တောင်းခဲ့ပါတယ်၊ကဒ်ပျောက်ပျက် ၁သိန်းမှ နောက်ဆုံး ၁သောင်းလျော့ချပြီး ကဒ်ပျက် အခမဲ့ဖြစ်သွားခဲ့တာပါ ၊နေပြည်တော်မှာ GSM ပြောလို့ရပြီဆိုတာနဲ့ ၀၉၄၃ နဲ့စတဲ့ ၅သိန်း တန် ဖုန်းတွေ ထပ်ရောင်းပါတယ်၊ 
အစိုးရသစ်တက်လာတော့ GSM ၂သိန်း၊
WCDMA ၂သိန်းခွဲ၊ လပေးနဲ့ဆက်ရောင်းပါတယ်၊ တချို့ ၇သောင်း
၈သောင်း သွင်းပြီးရော အရှုပ်တော်ပုံနှင့်အတူ ၀န်ကြီးနဲ့ အပေါင်းပါ
တစု ကိုဖြုတ်ပစ်လိုက်ပါတယ်၊ ပိုင်ရာဆိုင်ရာ company များ ခရိုနီ
company များ ဆွေမျိုး သားသမီးcompany များအား စာရင်းမရှိ
စာချုပ်မရှိ ထုတ်ပေးခဲ့ပြီး ရောင်းစေခဲ့သည့်အတွက်
သိန်းနဲ့ ချီတဲ့ simcard များအတွက် ပြည်သူတွေ ပေးဝယ်ခဲ့တဲ့ ငွေများ
ယနေ့အထိ မပေးသွင်းကြောင်း သိခဲ့ရတယ်၊ ငွေဖြည့်ကဒ် ထုတ်ဝေ
ရောင်းချ ရာတွင်လည်း ပိုင်ရာဆိုင်ရာ ကိုလုပ်ကိုင်ခွင့် ပေးခဲ့သည့်
အတွက် ပက်ပက်စက်စက် ထုတ်ဝေပြီး ပြင်ပတွင်ကြိုတင်ရောင်းချခဲ့
သည့်အတွက် server တွင် မှတ်ပုံမတင်ရသေးသည့် အတွက် 
ငွေဖြည့်သည့်အခါ မရခြင်းများလည်း ဖြစ်ပေါ်ခဲ့ပါတယ်၊ အထက်
ဖော်ပြပါ ဖုန်းရောင်းရငွေများ ပြောဆိုခ ရငွေများကိုသေသေချာချာ
ရရှိခဲ့ပါက တစ်နိုင်ငံလုံး ကောင်းမွန်သော ဆက်သွယ်ရေးကွန်ယက်
ကို ပိုင်ဆိုင်ရမည် ဖြစ်ပါတယ်
(ဆက်ရန်ရှိသည်)
credit Original owner
photo credit Google
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မိုဘိုင်းဖုန်းတွေ မြန်မာပြည်မှာစသုံးတုန်းက cellular ဖုန်းကို FEC ဖြင့် ပေးသွင်းခဲ့ရတယ်၊ 
GSM တွေစပေါ်တုန်းက ၅ သိန်း၊လူတိုင်းမကိုင်နိုင်သေး ၊
ပြင်ပပေါက်ဈေးသိန်း ၃၀ ကျော်။ ထို့နောက် GSM ဈေး (တရားဝင်) ၁၀ သိန်း
ရောက်သွားခဲ့တယ်၊ ထို့နောက် ၁၅သိန်း(တရားဝင်) ဖြစ်သွားပါတယ်၊

0 comments:

Post a Comment

Followers