အခွင့်ထူးခံ ဒီမိုကရေစီ


(လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရေးခဲ့ပြီး ဂျာနယ်တွေက ပယ်ချထားခဲ့တဲ့ ဆောင်းပါး)

ဒီမိုကရေစီရရှိရေး ဦးဆောင်နေသူတွေကို ဒီမိုကရေစီမီဒီယာတွေက ၀ိုင်းအမြှောက် လွန် သွားတဲ့အခါ အခွင့်ထူးခံ ဒီမိုကရေစီခေါင်းဆောင်တွေ ဖြစ်လာပါတော့တယ်။ဗမာတွေရဲ့ သူရဲကောင်း ကိုးကွယ်လွန်ဖြစ်ရပ်တွေကြောင့် ကျန်စစ်သားမင်းရဲ့ စွမ်းရည်တွေကို ချဲ့ ကား လွန်း လိုက်တော့ ပုံပြင်လို ဖြစ်သွားခဲ့ရတယ်။အခုလည်းကြက်တူရွေး ကတော်တော်မယ်ဘော် ကကဲ ကဲဆိုသလိုဒေါ်အောင် ဆန်းစု ကြည်ကိုယ်တိုင်ကအထူးအခွင့်အရေးပေးရင် ကျွန်မကိုစော်ကား တယ်လို့မြင်တယ်၊ဒီလောက်တောင် ညံ့လို့အထူးအခွင့်အရေးပေးထားရမှာလား လို့ပြောထား ရက်နဲ့၁၆.၆.၂၀၁၄ထုတ်အလဲဗင်းဂျာနယ် ၊ ဒေါက်တာ ရန်မျိုးသိမ်းရဲ့ ဆောင်းပါး မှာ ဒေါ်အောင် ဆန်း စုကြည် ဟာ ထူးခြား သူတစ်ဦးဖြစ်လို့  ဗိုလ် ချုပ်အောင်ဆန်း ရဲ့သမီးဖြစ် လို့အထူး ကိစ္စ အနေနဲ့သမ္မတဖြစ်ရေးကိစ္စ မဖြစ်မနေစဉ်းစားပေး သင့်ကြောင်း မြှောက်ပင့် ရေး သားထား တာ ဘ၀င်မကျဖြစ်ရပါတယ်။

0 comments:

Post a Comment

ရေမြေခြားလျက်ကျောက်ဆူးနှစ်လက် အပိုင်း(၁၉)



=====================================
ဆုံးဖြတ်ကို ပိုင်ပိုင်ချမှတ်လိုက်ရင်း မိုးယံထက်တစ်ယောက်သက်ပြင်းရှည်ကြီး
ကိုချလိုက်ရသည်။ ဆုံးဖြတ်ချက်သည်ကား Ying ရှိရာသို့လိုက်သွားရန်ပင်..။
တကယ်တော့ သူမကိုချစ်လွန်းလို့သာဆုံးဖြတ်လိုက်ရသော်လည်း မိုးယံထက်
အတွက်တော့ တော်တော်ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုပင်ဖြစ်လေသည်..။
အေးလေ.... (၁၀)နှစ်နီးပါး အချိန်တွေ ဘ၀တွေပေးဆပ်ပြီးမှ ရရှိခဲ့ခြင်းဖြစ်သော
ဗိုလ်ကြီးဆိုသည့် နေရာတစ်ခု ဒီနှစ်တွေထဲမှာ ရင်းနှီးခဲ့ကြသော ရဲဘော်ရဲဘက်
သူငယ်ချင်းတွေ တပည်တွေ အကိုတွေ ညီတွေအားလုံးကို စွန့်ပစ်ရမည်ဆိုသည်
ကခက်ခဲလှသော အခြေအနေတစ်ခုပင်မဟုတ်ပါလား...။ သို့သော်လည်း သူ့အနေ
နှင့် Ying ကို ဘယ်လိုနည်းနှင့်မှ အဆုံးအရှုံးမခံနိုင်ပါလေ..။ တွေ့ရတာ ခဏဆို
သော်လည်းပဲ ထိုခဏလေးကပင် မိုးယံထက်တစ်ယောက်အတွက် ကြီးမားသော
အချစ်တခုကို တည်ဆောက်ဖို့ လုံလောက်ရုံတင်မက ပိုပင် ပိုလျှံနေသေးသည်လေ။

0 comments:

Post a Comment

ရန်-မန်း အမြန်လမ်းနှင့် တွေးမိတွေးရာ

'အခုတလော ရန်-မန်း အမြန်လမ်းကို ခဏ ခဏရောက်နေလို့ အမြန်လမ်းမကြီး အကြောင်း ဆန်းစစ်မိတယ်။
ကိုယ်က အင်ဂျ င်နီယာ မဟုတ်တော့ နည်းပညာပိုင်း အမှားတွေ မမြင်တတ်ပါဘူး
သာမန်မျက်စေ့ နှင့် အမြင် မတော်တာ လေး တွေပဲ စဉ်းစား ကြည့်မိတာပါ။

လေးလမ်းသွားကို မူလစီမံကိန်း အတိုင်း ရှစ်လမ်းသွား လုပ်ပြီး အဆင့်လည်းထပ်မြှင့် တင်မယ်လို့ တင်ဒါ စခေါ်နေပြီ။

ဒီကိစ္စ ကတော့ ဆီးသီးဗန်း မှောက် လို့ကောက်တာ မဟုတ်ဘဲ ဆီးသီး တောင်းကို ကန်ချနေတာလို့မြင်မိပါတယ်။
အရင် လမ်းဖေါက်တုန်းကလည်း စစ်ထောက် ချုပ်ကြီးနှင့် တကွ GE တပ်မှုးများ (နေရဲမာန် တောင်ပါမယ်ထင်တယ်) ပါတနာ ကုမ္ပဏီများ                                        ကို ဒေါ်လာ သန်း ကြွယ် သူဌေး ကြီးတွေ ဖြစ်စေခဲ့ပါပြီ ။ အခု အလှည့် တော့ အရပ်သား ဆောက် လုပ်ရေး ဝန်ကြီး အလှည့် ပေါ့လေ။

အင်မတန်များ ပြားလှတဲ့ ဘတ်ဂျ တ်ကို မလိုအပ်ဘဲ အလောသုံးဆယ် သုံးချင် လို့ လုပ်တဲ့သဘောပါ ။ 
ချက်ချင်း သုံးမရတောင် တင်ဒါ အအောင် ပြပြီး နောက် အစိုးရ ဆုံးဖြတ်ခွင့်ကို ကြို အသုံး ချသွား တာပါပဲ။

အမြန်လမ်းက လက်ရှိလေးလမ်းသွား က အနေတော်ပါဘဲ လမ်းကြပ်တဲ့ အဆင့် ကိုမရောက်သေးပါဘူး။

လက်ရှိလမ်းကို ထပ်ပိုးလွှာ အဖြစ် ကတ္တရာကွန်ကရိ AC ခင်းနေတာကိုပဲ ပြီးအောင် အရင် လုပ်သင့်တာပါ။

အခုလို ခင်းနေတဲ့နေရာမှာကိုပဲ ချို့ယွင်း ချက်တွေက အင်ဂျ င်နီယာ မဟုတ်သူ တောင်သိနိုင်တာတွေချည်းပါ။

အရင်လမ်းဖေါက်တုန်းက ကွန်ပက်ရှင် ကောင်းအောင် မကြိတ်ခဲ့လို့ ဒါမှမဟုတ် မြေသား မကောင်းတာကို အစား မထိုးမိလို့ နိုမ့်ကျ သွားတဲ့နေရာကို ပြန်မပြင်ဘဲ အဟိုက် အနိုမ့်တွေ အတိုင်း ပြန်ခင်းထား တာတွေ့ နေရပါတယ် ။
တံတား အဝင် အထွက်တွေ မှာ လမ်းအဖွဲ့နှင့် တံတား အဖွဲ့ ပညာပြိုင် ရင်းဖြစ်ထား တဲ့ အနိမ့်အမြင့် မညီတာတွေ ဘုတွေ ဒစ်တွေ ကို ပြေပြစ်အောင် မလုပ်ဘဲ ကတ္တရာ ထပ်အုပ် ထားပါတယ်။

ကတ္တရာ ကွာလတီ ကောင်း /မကောင်းက တော့ မြေကြီးပေါ်က ကွန်ကရစ် လမ်းပေါ် မှ မဆိုထား နှင့် တံတား ပေါ်က ကြိုတင်အားဖြည့် သံကူကွန်ကရစ် ပေါ်မှာ တောင် လှို င်းတွေ ထ နေပါတယ်။

လမ်းသား ညီ မညီ ကို စက်နှင့် တိုင်းစရာ မလိုပါဘူး လမ်း ပုခုံးနား က စည်း အဝါနှင့် လမ်းလယ်က စည်းအဖြူ  ကိုသာ ကား မောင်းရင်းကြည့်ပါ။မြွေလိမ် မြွေကောက် တွေ့ရပါလိမ့်မယ် ထိုင်းက အမြန်လမ်းတောင် ဒါမျိုး မဖြစ်ပါဘူး။

နောက်ပြီး မိုးရွာ လျှင် လမ်းပေါ် ရေတင် နိုင် ကြောင်း သတိပေး စာ ကပ်ထား တာ ရှက်ဖွယ်ပါ ။ ရေမတင် အောင် လုပ်ဖို့ လမ်းဒီဇိုင်း ဆွဲတဲ့နေရာ မှာ ပါပြီးသားပါ။
မလိုက်နာလို့ ဖြစ်နေတာပေါ့။ 
ရေဆင်း ပေါက်တွေလည်း ပြောင်းပြန်ဖြစ် နေတာ တွေ သာမန်မျက်စေ့ နှင့် တောင် တွေ့နိုင်ပါတယ်။ 
လမ်းဘေး ပလက်ဖေါင်း တုံးတွေကို ကြည့် လိုက်တာနှင့် လမ်း အနိမ် အမြင့်မညီတာတွေ 
လှိုင်း ထနေတာ တွေအလွယ် သိနိုင်ပါတယ်။

လမ်း အကွေ့အကောက်တွေအတွက် အစောင်း တွေလည်း ဒီဂရီ မမှန်ပါဘူး ။

တချို့နေရာတွေမှာ မလိုအပ်ပဲ လမ်းကွေ့များ နေတာတွေ တွေ့နေရပါတယ် ရှောင်ပြီး လမ်းကွေ့စရာ တောင်၊ ချောင်း ၊ ချောက် တွေ မတွေ့မိဘဲ လမ်းအူ ကြောင်း အဟောင်း ကို မပြင်မိတာလား မြေ ရှင်တွေ အသိမ်း ခံရ သက်သာအောင် ခြံတွေ ရှောင် ဖေါက်ပေး ထား သလား စဉ်းစား စရာပါ။

ဘယ်ရီယာ တုံးတွေကိုလည်း တဆက် တည်းမချ ဘဲ တစ်ခု ခြား ချတာ လွှသွား ပုံဖြစ်ပြီး တိုက်တဲ့ကား လွင့် ထွက်သွား နိင်ပါတယ်။ 
တကယ်တန်းတော့ တစ်ဆက်တည်း ချတဲ့ အပြင် အတွင်းကို ဟိုက်ထား တဲ့မြောင်းပါမှ တိုက်မိရင် လွင့် ထွက်မသွား ဘဲ ဒရွတ်တိုက် အလိုက်သင့် ပါလာပြီး အရှိန်သေပြီး ရပ်သွား မှာပါ။ တုံး၏ ဒီဇိုင်းကိုက လွဲနေပါတယ် သူများ နိုင်ငံတွေမှာ တွေ့ဖူး သည့် ပုံစံ မျိုးမဟုတ်ပါ။

ကျန်တဲ့လမ်းပြ အမှတ် အသား တွေ အကြောင်းတော့ စာရှည် မှာ စိုးလို့မရေးတော့ ပါဘူး။
အမြန်လမ်း ဖေါက်တဲ့ အင်ဂျင်နီယာ များနှင့် အခုပြင်နေတဲ့ အင်ဂျင်နီယာများ (အခြား အင်ဂျ င်နီယာများ မပါ ဝိုင်းဆော်ကြမှာ စိုးလို့)
တကယ် မတတ်တာလား ငတ်တာလား လို့ မေး လိုက်ချင်ပါတယ်ကွယ်။

Photo ကတော့( ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုး ရေး ရံပုံငွေကို တကယ် လိုအပ်နေတဲ့နေရာမှာ မသုံးဘဲ သူဌေး ရပ်ကွက် ရွှေတောင်ကြားက အင်းလျား မြိုင် လမ်းမှာ ရေမြောင်း အလုပ်ပြပြီး ဘုန်းတဲ့ပုံလေးပါဗျာ)'

အခုတလော ရန်-မန်း အမြန်လမ်းကို ခဏ ခဏရောက်နေလို့ အမြန်လမ်းမကြီး အကြောင်း ဆန်းစစ်မိတယ်။
ကိုယ်က အင်ဂျ င်နီယာ မဟုတ်တော့ နည်းပညာပိုင်း အမှားတွေ မမြင်တတ်ပါဘူး
သာမန်မျက်စေ့ နှင့် အမြင် မတော်တာ လေး တွေပဲ စဉ်းစား ကြည့်မိတာပါ။

0 comments:

Post a Comment

မြန်မာတပ်မတော်(လေ)၏ အမျိုးသမီးလေသူရဲနှင့် စစ်သမီးများ (အပိုင်း-၂)

Maung Paing's photo. (၁)

တပ်မတော်(လေ)အတွက် အမျိုးသား အရာရှိများအပြင် အမျိုးသမီး ဗိုလ်မများကို ခေါ်ယူပြီး တာဝန်ထမ်းဆောင်စေခဲ့သည့်။ ထို့ပြင် အမျိုးသားစစ်သည်များနည်းတူ လေယာဉ်စက်ပြင်ခြင်း၊ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် အမျိုးသမီးစစ်သမီး(ရဲမေ) များခေါ်ယူရန် ဆောင်ရွက်ခဲ့သည်။

0 comments:

Post a Comment

မြန်မာတပ်မတော်(လေ)၏ အမျိုးသမီးလေသူရဲနှင့် စစ်သမီးများ

Maung Paing's photo.
---------------------
(အပိုင်း-၁)

(၁)

၁၉၅၆ ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့သည် တပ်မတော်(လေ)တွင် သမိုင်းမှတ်တိုင် တွင်ရစ်မည့် လေကြောင်းပျံသန်းမှုတစ်ခု ပြုလုပ်ခဲ့သည့် နေ့ရက်ပင်ဖြစ်သည်။ ဇူလိုင်လ၏ နေ့ရက်များသည် တိမ်မဲညိုများနှင့် ပြည့်နေတတ်သော်လည်း ထိုနေ့နံနက်တွင်တော့ ကောင်းကင်ပြာကြီးကို တစ်ပြန့်တစ်ပြော မမြင်ရသော်လည်း နေရောင်တို့ကမူ တိမ်သားတိမ်လိတ်များကြားမှ ဖြာကျလျက်ရှိပါသည်။

0 comments:

Post a Comment

ပန်းလှိုင်မြစ် ကမ်းနဖူးက လွမ်းဖူးသူတယောက်ပါမေ

Khin Mg Thant's photo.

++++++++++++++++++++++++++++++++++++
(လောက်ကိုင်ဖက်ကိုအားပါပြီးစာတွေအတော်များများရေးနေမိတဲ့ကျနော့ကို ကြည့်မြင်တိုင်တဖက်ကမ်းကဘော်ဒါကြီး ကိုတင်စိန်က ဖုန်းနဲ့လှမ်းချဲပါတယ်၊ ဟေ့ကောင် တစစ်စစ်နဲ့
စစ်တိုက်ခြင်သလောက်နောက်မှတိုက် -ငါတို့ပြောထားတာလည်း ရေးဖို့မမေ့နဲ့ဦးလို့ လှမ်း သတိပေးပါတယ်၊ ဟုတ်ပါတယ် ကျနော်လည်း လက်ပတ်နီ ကိစ်စရေးပြီးကထဲက အာရုံနောက်လာလို့ အဲ့ဒီဖက်အခြမ်းကို နည်းနည်းလေးအာရုံပျောက်နေမိပါတယ်၊လက်ပတ်နီလက်တဆုပ်လောက်အတွက်နဲ့ ဒေသခံ ကျေးရွာ (၁၁)ရွာအကျိုးနဲ့မလဲနိုင်တာမို့ ရေးသင့်တာလေးတွေပြန်ရေးပါတော့မယ်-
အဓိက အဲသည်ကြည့်မြင်တိုင်တဖက်ကမ်းမှာ သေရေးရှင်ရေးနီးပါးသတိပေးရေးရမဲ့လတ်တလော အချက်နှစ်ချက် ရှိပါတယ်၊ အဲဒါတွေကတော့

0 comments:

Post a Comment

၈၈ ကိုယ်တွေ့ (၁၀)




(နိဂုံး)

မီးကိုရေနဲ့ ငြှိမ်းရတယ် ဆိုပေမယ့် တောမီးလောင်တာကိုတော့ ရေနဲ့မနိင်ဘဲ မီးနဲ့ ပြန်လှန်ရှို့ မှ ငြှိမ်း လို့ ရ သလို၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကနေ တောမီးလို ကြီးမားလာတဲ့ ဆူပူုသတ်ဖြတ် မှုတွေ ကို ငြှိမ်း သတ်ဖို့  စစ်အုပ်ချုပ်ရေးမီးနဲ့ ငြှိမ်းသတ်ခဲ့ရ ပါတယ်။  စစ်အုပ်ချုပ်ရေး ဆိုတာ အာဏာသည် သေနတ်ပြောင်းဝ ကလာသည်ဆို တဲ့အ တိုင်း သေနတ်ပြ အကြောက်တရား နဲ့ အုပ်ချုပ်ရတဲ့ စနစ်ဖြစ်လို့ သိမ်မွေ့ညင်သာမှု မ ရှိနိင်ပါဘူး။ မြို့တွင်းတိုက်ပွဲတွေ ဖြစ်နိင်တယ်ဆိုတဲ့ အဆုံးစွန် မျှော်လင့်ထားချက် အထိ မဖြစ်ခဲ့ဘဲ ဆူပူလုယက် အကြမ်းဖက် သတ်ဖြတ်မှုတွေကို ရက်ပိုင်းအတွင်း နှိမ်နှင်းပြီးနောက် နိင်ငံတော် ငြိမ်ဝပ်ပိပြားရေး အဖွဲ့ လိုလားချက်အတိုင်း သာကေတ၊ ဒေါပုံ ၊သင်္ကန်းကျွန်းမြို့  နယ် တွေဟာ လိုအပ်တဲ့ ကြမ်းတမ်းမှုထက်မပိုဘဲ ငြိမ်ဝပ်ပြီးပိပြားလာ ခဲ့ပါတော့တယ်။

0 comments:

Post a Comment

၈၈ ကိုယ်တွေ့  (၉)



အထွေထွေအုပ်ချုပ်ရေး၊ ရဲ၊ တရားရေး၊ ဥပဒေဆိုတဲ့ ဌာနတွေ အလုပ်ပြန်မစနိင်ကြသေးတဲ့ ကြားကာလ မ၀တ၊ ရ၀တ တွေ မရှိသေးဘဲ လုံခြုံရေးတပ်ဖွဲ့က ပြန်ကြားရေးဌာနဖွင့်ပြီး လူထု နဲ့  စတင်ထိတွေ့ ဆက်သွယ် ဆက်ဆံရတာ တော်တော်ကို့ရို့ကားယား နိင်ပါတယ်။

0 comments:

Post a Comment

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၁၈)



==============
ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေစဉ်မှာပင် ကလစ်ကလစ်ကလစ်ဟူသော မက်ဆင်ဂျာမှ
အသံထွက်လာပြီ တောက်ခနဲ နံပါတ်လေးတက်လာသည် ထိုနောက် နံပါတ်တွေကို
ပလုံစီတက်လာလေတော့သည်။ မိုးယံထက်တစ်ယောက် သူဖြစ်ပါစေဟူသော
အတွေးလေးနှင့် မက်ဆင်ဂျာကို တုန်ရီနေသောလက်နှင့် ဖွင့်ကြည့်လိုက်မိသည်။
ပျော်ရွှင်မှုတွေက လပြည့်နေ့ဒီရေလို အလုံးအရင်းဖြင့် ရင်ခွင်ထဲသို့စီးဝင်လာလေသည်။
သူမမှသူမအစစ်....။ ဟေး ခနဲပျော်ရွှင်စွာ အော်ဟစ်လိုက်ပြိးမှ ညဥ့်နက်နေပြီဆိုတာ
သတိရ၍ မနဲပြန်ထိန်းလိုက်ရသည်။ ဖုန်းပေါ်မှ စာများကိုအလျှင်အမြန်ဖတ်လိုက်တော့

0 comments:

Post a Comment

ကာကွယ်ရေးအသုံးစရိတ် ဆိုသည်မှာ

'ကာကွယ်ရေးအသုံးစရိတ်ဆိုသည်မှာ

နိုင်ငံတစ်နိုင်တွင် ကဏ္ဍအားလုံးသည်အတူအရေးကြီးပါတယ်။ တစ်မျိုးတွေးကြည့်ရင် တခြားသောအရေးတွေကို နိုင်ငံတစ်ခုပီပီသသ ကိုယ့်လက်ကိုယ့်ခြေ အေးအေးချမ်းချမ်း လုပ်နိုင်ဖို့က ကာကွယ်ရေးကပိုအရေးကြီးတယ်။ ကာကွယ်မှုမပေးနိုင်ရင် စောစောက ကျန်တဲ့ကဏ္ဍတွေအလုံးစုံပျက်သုန်းရမှာဓမ္မတာပဲဖြစ်ပါတယ်။ ဘာမှမလုပ်နိုင်တဲ့အခြေအနေမျိုးလည်း ဖြစ်လာနိုင်တယ်။ သေချာတာက အရှေ့တောင်အာရှအပါအ၀င် ကမ္ဘာမှာ ကာကွယ်ရေးတိုးမြှင့်မှုဟာ ကြောက်စရာကောင်းအောင် တိုးမြှင့်လာပြီ။ သူတို့တွေကတိုးသာတိုးနေတာ။ သူတို့ကို ထိမှာကြောက်လို့ထက် သူများကို တို့နိုင်ထိနိုင်တောင် လုပ်လာတာ။ လုံလောက်နေလည်းထပ်တိုးနေတာပဲ။ ကျနော်တို့က မလုံလောက်သေးပါဘူး၊ အင်အားနည်းနေတုန်းပါပဲ။ အခုလောလောဆယ်တော့ဘာမှမဖြစ်နိုင်သေးဘူးထင်ရတယ်။ ဒါပေမယ့် အခြေအနေက ပြောမရဘူးဗျ။ ချစ်ကြည်ရေးဘောလုံးကန်တာကနေတောင် စစ်ဖြစ်နိုင်တဲ့ သာဓကတွေရှိခဲ့တယ်။ ဆန်တွေလှူနေပေးနေတဲ့ ဂျပန်ကိုတောင် နိုင်ငံဖြတ်ပြီးဒုံးဖြတ်ပစ်တဲ့ မြောက်ကိုရီးယားလိုနိုင်ငံမျိုးရှိတယ်။ သူများပိုင်တဲ့ ယဉ်ကျေးမှုအမွေကိုတောင် ကိုယ်ပိုင်လုပ်ချင်တဲ့ ထိုင်း၊ သမိုင်းအမုန်းကို ဆပွားလို့ ကျနော်တို့နိုင်ငံကို ဆန့်ကျင်သူမှန်သမျှကူညီတဲ့ထိုင်း၊ ကျနော်တို့ သံရုံးကိုဝင်စီးတဲ့သူတွေကိုတောင် တစ်ဖက်လှည့်နဲ့လွှတ်ပေးတဲ့ထိုင်း၊ ကျနော်တို့ရေပြင်ထဲကို စစ်သင်္ဘောတွေနဲ့ထိုးဝင်တဲ့ ဘင်္ဂလား၊အခုနောက်ဆုံကိုးကန့်အရေးအခင်းစသည်ဖြင့် မမျှော်မှန်းနိုင်သောကိစ္စများ အများကြီးရှိပါတယ်။ ဒါကြောင့် ကာကွယ်ရေးကို အားနည်းတဲ့နိုင်ငံဟာ စစ်ရေးအရမဟုတ်တောင် စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေးနဲ့ နိုင်ငံရေးတွေမှာ အများရဲ့ ဗိုလ်ကျစိုးမိုးမှုကို အဓိကထားတဲ့ မဟာဗျူဟာများဖြင့် နှိမ့်ချဆက်ဆံခြင်းကို ခံရနိုင်ပါတယ်။
ငပိန်ငညောင်ဆိုရင် လူ့လောကမှာ တစ်ကယ်ပေးထားတဲ့ပိုက်ဆံ ပိုငွေပြန်တောင်းတာတောင် ကားစပယ်ရာကတောင် ဟောက်ချင်တယ်။ဗလကြီးအကြီးကြီးနဲ့ မျက်နှာထားတင်းတင်းနဲ့ကောင်ကျတော့ မပေးကိုမပေးရသေးတဲ့ ပိုက်ဆံကိုတောင် ရုပ်တည်နဲ့တောင်းတော့ ပေးလိုက်ရတာမျိုး တွေ့ဖူးတယ်။ ဒီသဘောပါပဲ ။ကဏ္ဍစုံအချိုးကျတိုးတက်ရင်တော့ အားလုံးကောင်းပါတယ်။ကမ္ဘာ့နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံ အချို့ရဲ့ ကာကွယ်ရေးဘက်ဂျက်ခွဲဝေသုံးစွဲမှုတင်ပြပါရစေ။

အမေရိကန်ပြည်ထောင်စု    ဒေါ်လာ ၅၈၁ဘီလီယံ  GDP ရဲ့ ၃.၈ရာခိုင်နှုန်း
တရုတ်          ဒေါ်လာ ၁၂၉ဘီလီယံ  GDP ရဲ့ ၂ရာခိုင်နှုန်း
ရုရှား       ဒေါ်လာ ၈၁ဘီလီယံ  GDP ရဲ့ ၄.၁ရာခိုင်နှုန်း
အိန္ဒိယ     ဒေါ်လာ ၄၇ဘီလီယံ  GDP ရဲ့ ၂.၅ရာခိုင်နှုန်း
တောင်ကိုရီးယား   ဒေါ်လာ ၃၃ဘီလီယံ  GDP ရဲ့ ၂.၈ရာခိုင်နှုန်း
ထိုင်း    ဒေါ်လာ ၅.၃ဘီလီယံ  GDP ရဲ့ ၁.၈ရာခိုင်နှုန်း
ဘင်္ဂလားဒေ့ရှ်    ဒေါ်လာ ၁.၅ဘီလီယံ  GDP ရဲ့ ၂.၈ရာခိုင်နှုန်း
ဗီယက်နမ်   ဒေါ်လာ ၃.၄ ဘီလီယံ  GDP ရဲ့ ၃ရာခိုင်နှုန်း
မြန်မာ   ဒေါ်လာ ၁.၂ ဘီလီယံ  GDP ရဲ့ ၂.၁ရာခိုင်နှုန်း

နှိုင်းယှဉ်ကြည့်လိုက်ရင် အပေါ်ကနိုင်ငံကြီးတွေထားပါ  ဒေသတွင်းနိုင်ငံ တွေအနေအထားမှာကိုယ်က အနိမ့်ဆုံးပါပဲ GDP အရ ရာခိုင်နှုန်းမှာကော သုံးစွဲတဲ့ 
ငွေပမာဏမှာရော အနည်းဆုံးမှာပါပဲ၂၀၁၄- ၂၀၁၅ ဘက်ဂျက်ခွဲဝေမှုအရ ၂၀ရာခိုင်နှုန်းဖြစ်နေပေမယ့် GDP ၇ာခိုင်နှုန်း အရ ပမာဏအရတော့ဒေသတွင်းနိုင်ငံ
တွေထဲမှာ အနည်းဆုံးပါပဲ ဒီလိုပမာဏနနဲ့တောင်  စစ်အင်အားကမ္ဘာ့ အဆင့် ၄၄ 
ရှိတဲ့တပ်မတော်တစ်ရပ်ကိုတည်ထောင်နိုင်ခဲ့ဖို့ဆိုတာဘယ်လောက်ရုန်းကန်ရမလဲစဉ်းစား
စေလိုပါတယ်။ တခါတလေမျက်မှန်စိမ်းတွေချွတ်ကြည့်ကြရင်တော့ သိပ်ကောင်းမှာပါပဲဗျာ

မေတ္တာရည်လျက်

ကြယ်နီ'

နိုင်ငံတစ်နိုင်တွင် ကဏ္ဍအားလုံးသည်အတူအရေးကြီးပါတယ်။ တစ်မျိုးတွေးကြည့်ရင် တခြားသောအရေးတွေကို နိုင်ငံတစ်ခုပီပီသသ ကိုယ့်လက်ကိုယ့်ခြေ အေးအေးချမ်းချမ်း လုပ်နိုင်ဖို့က ကာကွယ်ရေးကပိုအရေးကြီးတယ်။ ကာကွယ်မှုမပေးနိုင်ရင် စောစောက ကျန်တဲ့ကဏ္ဍတွေအလုံးစုံပျက်သုန်းရမှာဓမ္မတာပဲဖြစ်ပါတယ်။ 

0 comments:

Post a Comment

ဘင်္ဂလားဒေ့ရှ်တပ်မတော်အကြောင်းတစေ့တစောင်း

Htay Gyi's photo.
မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်သောဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တပ်မတော်ကို ကြည်းတပ် ရေတပ်လေတပ် ဟူသောအဓိက အရင်းအဖြစ်ကြီး ၃ခုဖြင့်ဖွဲ့ စည်း
ထားပါသည်။ အရံတပ်ဖွဲ့များအနေဖြင့် ဗိုလ်လောင်းတပ်ဖွဲ့ကြီး ၊ နယ်ခြားစောင့်တပ်
(ယခင်ဘင်္ဂဘလားဒေ့ရှ်ရိုင်ဖယ်) နှင့် ကမ်းခြေစောင့်တပ်ဖွဲံတို့ဖြစ်ပါသည်။
နယ်ခြားစောင့်တပ် နှင့် ကမ်းခြေစောင့်တပ်ဖွဲံတို့သည် စစ်အေးချိန်တွင်
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင်ဖြစ်သော်လည်း စစ်မက်ကာလတွင်
ကြည်းတပ်နှင့်ရေတပ်တို့၏ ကွပ်ကဲမှုအောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

0 comments:

Post a Comment

၈၈ ကိုယ်တွေ့ (၈)



သာကေတ ၁၀၈ တောင်ဘုရား သပိတ်စခန်းဝန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ် သက်နေပါတယ်။ ရှေ့ တန်း စစ်ဆင်ရေးတွေမှာတော့ ဒီလို တိတ်ဆိတ်ငြိမ်သက်နေပြီး ပုံမှန် သဘာဝ အတိုင်းမဟုတ်ရင် အန္တရယ် ရှိပြီလို့  သုံးသပ်ကြပါတယ်။  ရွာတစ်ရွာကို ၀င်ရှင်းဖို့ အခြေအနေကြည့်တဲ့အခါ ရွာထဲမှာ မောင်း ထောင်းသံ၊ ကလေးငိုသံ အော်ဟစ်သံ၊ ခွေးဟောင်သံတွေနဲ့  အသွားအလာမပျက်ကြတာ တွေ့ရရင် ရွာတစ်ရွာရဲ့ သဘာဝအတိုင်း ပုံမှန်ရှိနေလို့  ရန်သူမရှိနိင်ဘူးလို့ ယေဘူယျ သုံးသပ်ကြပြီး သဘာဝ မကျဘဲ အခု လို တိတ်ဆိတ် နေရင်တော့ အထူးဂရုစိုက်ကြပါတယ်။ နှစ်ဘက်စလုံးအဓိက လေ့လာကြ တာကတော့ ခေါင်းဆောင်နဲ့ တပ် ဖြစ်ပါတယ်။ မိမိရင်ဆိုင်ရမယ့် ရန်သူ့ခေါင်းဆောင် နဲ့တပ်ရဲ့ စရိုက် အလေ့အထ အင်အား တွေကို ရသလောက်လေ့လာပြီး တိုက်ကြတာ ဖြစ်ပါတယ်။ အခု သတင်း အရတော့ ခေါင်းဆောင်က ရုပ်ရှင်မင်း သား ဇော်ဝမ်း နဲ့ အဖွဲ့  လက်နက်ခဲယမ်းတွေနဲ့  ဆိုတာ လောက်ပဲ သိရပြီး ဘာမှ ထပ်မသိရပါဘူး။

0 comments:

Post a Comment

၈၈ ကိုယ်တွေ့ (၇)



“ သူကြီးဘုရား ရွာသားကောင်းမှု”  ဆိုသလို  " ပညာမတတ်လို့ ဆင်းရဲ ၊ ဆင်းရဲ လို့  ပညာ မတတ် " တဲ့ လက်လုပ်လက်စား အခြေခံလူထု အများစုဟာ မုံ့ ဝေရာမှာ မပါပေမယ့် ဒုတ်ဝေရာ မှာတော့ အမြဲ ရှေ့ က ပါပါတယ်။  မင်းမဲ့ တိုင်းပြည် ဖြစ်နေချိန်မှာ ပညာနဲ့ ဓနရှိသူများတဲ့ မြို့ လယ်ခေါင်က သူတွေဟာ အမြှော်အမြင်ရှိရှိ သပိတ်အဖွဲ့ တွေနဲ့ ပူးပေါင်း လိုအပ်တာထောက်ပံ့၊ လမ်းရပ်ကွက်လုံခြုံရေးကင်း တွေချပြီး မိသားစုနဲ့ ပတ်ဝန်းကျင် လုံခြုံရေးကို ထိန်းသိမ်းနိင်ခဲ့ကြပေမယ့် သာကေတလို လက်လုပ်လက်စား အခြေခံ လူထု အများစု နေထိုင်ရာ ဆင်ခြေဖုံးမြို့ တွေမှာတော့ အရေး အခင်း ကာလတလျောက် ကျီးလန့်စာစား ဘ၀နဲ့ မိသားစု မငတ်အောင် ကြုံသလိုရှာ ကျွေးရသလို အခု အာဏာသိမ်းပြီးချိန် မှာလည်း ရှေ့ ဆုံးက အပစ်ခံရမယ့်သူတွေ ဖြစ်နေပါတယ်။ ၀င်ငွေရစရာ တခြားဘာအလုပ်မှ မရှိလို့  သံလျင်တံတား စီမံကိန်းကြီးသာ ထမင်းအိုးကြီးဖြစ် နေ ချိန်ဖြစ်ပါတယ်။

0 comments:

Post a Comment

Followers