အမြင်ကျယ်သော ပညာရေး


ဒီတပါတ်Week-end မှာတော့တစ်ရက်ပဲ နားရလို့ ငယ်ရွယ်သူတွေ ပညာသင်ကြားလေ့လာရာမှာ...နဲ့
အသက်30s ကျော် 40s တန်းမိဘများ မိမိတို့ရဲ့ ကလေးတွေကိုပြုစုပျိုးထောင်ရာမှာ
အမျော်အမြင်ရှိကြဖို့ အထူးသဖြင့် Extra-Curriculum Studies တွေဖြစ်တဲ့
Language Study, IT Study စတာ တွေကို (ကိုယ်တတ်နိုင်တဲ့ ပမာဏပေါ်မူတည်ပြီး)
အားပေးလုပ်ကိုင်ထားကြဖို့ ဒီနေ့ Sunday Post မှာ တိုက်တွန်းပြောပြချင်ပါတယ်။

0 comments:

Post a Comment

ဒဏ္ဍာရီထဲက မျောက်နတ်ဘုရားမြို့ ကို ရှာဖွေ တွေ့ ရှိခြင်း


............................
ဗဟိုမေရိကမှာရှိတဲ့ ဟွန်ဒူးရပ်စ်နိုင်ငံအတွင်းက လူသူမနီးတဲ့ တောနက်ကြီးထဲမှာပါ ။ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ဒဏ္ဍာရီတထဲက မြို့ တစ်မြို့ ရဲ့  အစအနများ ဖြစ်နိုင်ချေရှိတဲ့ သမိုင်းအထောက်ထားများကို ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က တွေ့ ရှိခဲ့တယ်လို့ ဆိုပါတယ် ။ တွေ့ ရှိခဲ့တဲ့ နေရာက Mosquitia မိုးရေသစ်တောထဲမှာ ဖြစ်ပါတယ် ။ တကယ်တော့ အဲဒီ တောကြီးထဲမှာ မြေကြီးအောက် တိမ်မြုတ်ပျောက်ကွယ်နေတယ်လို့ ယူဆထားတဲ့ ဒဏ္ဍာရီမြို့ တော် Ciudad Bkanca ရဲ့  အစိတ်ပိုင်းများကို ရှာဖွေဖို့အတွက် စွန့်စားသူများ ၊ ပညာရှင်များနဲ့ သဘ၀ကို ချစ်မြတ်နိုးသူများဟာ နှစ်စဉ် နှစ်တိုင်း လောရောက်ကြိုးပမ်းလေ့ရှိတယ်လို့ သိရပါတယ် ။ ဒါပေမယ့် အကြောင်း မထူးခဲ့ပါဘူး ။ အဲဒီ Mosquitia မိုးရေသစ်တောထဲမှာပဲ Ciudad Bkanca မြို့ လို နောက်ထပ်ဒဏ္ဍာရီထဲက မြို့ တစ်မြို့ ဖြစ်တဲ့ အဖြူရောင်မြို့  (သို့မဟုတ်) မျောက်နတ်ဘုရားမြို့  ( City of the Monkey God ) ဆိုတဲ့ ရှေးဟောင်းမြို့ တစ်မြို့ ရှိနေသေးတယ်လို့ စူးစမ်းရှာဖွေသူများက ယူဆထားတယ်လို့ ဆိုပါတယ် ။

0 comments:

Post a Comment

အပူပိုင်းဒေသနှင့် ဧရာဝတီကို တစ္ဆေဖြူ များလက်မှ ကယ်တင်ပေးပါ။ အပိုင်း၂


အပူပိုင်းဒေသနှင့် ဧရာဝတီကို တစ္ဆဖြူများလက်မှ ကယ်တင်ပေးပါဆိုတဲ့ ဆောင်းပါး အပိုင်း ၁ မှာ ယူကလစ်ပင်များသည် စက်မှုထွန်းကားသည့် နိုင်ငံများအတွက် အရေးကြီးပြီး အလွန်အသုံးဝင်သည့် စက်မှုကုန်ကြမ်းများ ဖြစ်ကြောင်း၊ထိုအပင်များ အလုံးအရင်း စိုက်ပျိုးပြီး ယူကလစ်တောများဖော်ဆောင်ခြင်းခံရသည့် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရေရှား ရပ်ဝန်းအပေါ် ထိခိုက်နစ်နာစေသည့် ဆိုးကျိုးများ၊မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝတွေအပေါ်ဆိုးကျိုးရှိစေရုံမျှမကဘဲ သံယံဇာတ ထုတ်ယူသူများက နိုင်ငံတော်အတွက် လှူဒါန်းထည့်ဝင်ရသည့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ရန်ပုံငွေများကိုပါNGOs များက ယူကလစ်စိုက်ရာမှာ ထည့်သွင်းအသုံးပြုခဲ့လျှင်သော်လည်းကောင်း ဖြစ်ပေါ်ခံစားရမည့် နစ်နာချက်များအပါအဝင် အချက်၁၀ချက်ကို ဖော်ပြရေးသားခဲ့ပါတယ်။

0 comments:

Post a Comment

" အကူး "

Maung Paing's photo.


----------
" အဟက်..ဟက် "
ကိုယ့်ကိုယ်ကို လှောင်ရယ်လေးရယ်လိုက်မိတယ်။
ရယ်မိတဲ့အကြောင်းကို ပြောရရင်တော့
ကိုနေမင်းသူ ပြောတဲ့ ပင်စင်နာက စရမယ်ထင်တယ်။

0 comments:

Post a Comment

မောင်ဖိုးချိုနှင့် သူ၏ကိုယ်စောင့်နတ်



. . . . . ခေတ်ကာလသားသမီးဖြစ်သော မောင်ဖိုးချိုတွင်လည်း အများနည်းတူ လက်ကိုင်ဖုန်းတစ်လုံးရှိ၏။ အမှန်တွင် တစ်လုံးပင်မကချေ။ စကားပြောရန်အတွက် ပွတ်၍မရသော ခလုတ်ဖုန်းကတစ်လုံး ၊ ဓာတ်ပုံရိုက်ရန် အပြင်ထွက်ရန်အတွက် ဈေးကြီးပေးဝယ်ရသော 'အိုင်'ဟုခေါ်သည့်ဖုန်းက တစ်လုံး ၊ စာဖတ်ရန် အရုပ်ကြည့်ရန် စီအိုစီတိုက်ရန်အတွက် ဖက်ဘလက်ဟုခေါ်သည့် အရွယ်ကြီးကြီးဖုန်းကတစ်လုံး ၊ သုံးလုံးတိတိရှိလေသည်။ မိုးလင်းလျှင် အားသွင်းကြိုးတန်းလန်းနှင့်ဖုန်းများကို တစ်လုံးချင်း တောင်သူကြီးသစ်သီးဆွတ်သကဲ့သို့ ဖြုတ်ယူ၏။ ဖုန်းများကို ပွေ့ပိုက်ကာ အိပ်ယာမှထ၏။ မိုးချုပ်၍ အိပ်ယာသို့ဝင်သော် ဖုန်းများကိုပွေ့ပိုက်ကာဝင်ပြန်လေသည်။

0 comments:

Post a Comment

အနာဂတ် မြန်မာ့ပင်လယ်ပြင် လုံခြုံရေး

Linn Thu's photo.
============

ဘင်္ဂလားဒေရှ်နိုင်ငံဟာ ဧရိယာစတုရန်းမိုင်ပေါင်း ၆ဝ၁၅၅ မိုင် ကျော်ရှိတဲ့ မြန်မာနိုင်ငံက ရှမ်းပြည်နယ်နီးပါးခန့်သာ ကျယ်ဝန်းပေမဲ့ လူဦးရေကတော့ မြန်မာနိုင်ငံထက် သုံးဆကျော်ရှိပါတယ်.. နိုင်ငံ့ဧရိယာရဲ့ သုံးပုံနှစ်ပုံခန့်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေအနည်းငယ်ပဲ အမြင့်ရှိလို့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု့ ကြောင့် ခြိမ်းခြောက်ခံနေရတဲ့ နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်..

0 comments:

Post a Comment

ခွေးနက်ကြီး လွတ်လိမ့်မည်




(၁)

" ဟဲ့..ဟဲ့..ခွေး..လုပ်ပါဦးဟ..ခွေး ခွေး ကိုက်မိတော့မှာပဲ "
ဘယ်ကနေ ဘယ်လိုထွက်လာလိုက်မှန်းမသိသည့် ခွေးတစ်ကောင်က ကျွန်တော့်ကို လိုက်ကိုက်ခြင်း ဖြစ်သည်။ ခြေထောက်ကို ခပ်သွက်သွက်လေး ရုတ်လိုက်ရသည်။
ဒါတောင် ပုဆိုးကို ဟပ်မိသွားသေးသည်။ လူလည်း ကြောက်စိတ်ကြောင့် ချွေးတွေ ပြန်သွားသည်။
ခွေးက ပေကပ်ကပ်လုပ်နေပြီး ထွက်မသွားချင်သေး။ ခဲလုံးတစ်လုံး ကောက်ကိုင်လိုက်ပြီး ပစ်လိုက်မှ ထွက်ပြေးသွားတော့သည်။

0 comments:

Post a Comment

နွေဦးက ငါ့ကင်းဗတ်စပေါ် ဇိုးဇိုးဇတ်ဇတ် ကောက်ခြစ်သွားခဲ့တဲ့ ညနေက


---------------------
နွေဦးက ငါ့ကင်းဗတ်စပေါ် ဇိုးဇိုးဇတ်ဇတ် ကောက်ခြစ်သွားခဲ့တဲ့ ညနေက
လေငြိမ်လို့
တိမ်တွေ ခိုစီးမယ်ပြောသွားဖူးတဲ့ ချာတိတ်မလေးကို 
အလွမ်းနဲ့
တချက်ရှိုက်
ရင်မှာ ရိုက်ခဲ့ဘူးတဲ့ ပုံတွေ
စက္ကန့်သံနရီနဲ့ ကြွေကျ

0 comments:

Post a Comment

Scientific Journal အတွက် ဆောင်းပါးတစ်စောင်ရေးသားခြင်း



         Academic Field မှာကျင်လည်နေသော သုတေသနသမားများ ၊ ကျောင်းသားကျောင်းသူများအတွက် မိမိလေ့လာနေသော သက်ဆိုင်ရာ နယ်ပယ် အလိုက် ကိုယ်ပိုင်လေ့လာတွေ့ရှိချက်များ ၊ ဖော်ထုတ်ချက်များ ၊ တွက်ထုတ်မှု များကို ဆောင်းပါးများရေးသားပြီးပုံနှိပ်ဖြန့် ဝေဖို့လိုအပ်ပါတယ်။ ၄င်းဆောင်းပါးများ က မိမိလုပ်ဆောင်နေသောအလုပ်များအတွက် မှတ်တိုင်တစ်ခုဖြစ်သလို ၊ အဆင့်မြင့် ဘွဲ့ဒီဂရီတစ်ခုခု ရရှိဖို့ စာတမ်းများဖတ်ကြားရန်အတွက် လိုအပ်ချက်တစ်ခုလည်းဖြစ်ပါတယ်။ ထို့ အတူ ကမ္ဘာတလွှားရှိ မိမိနှင့် စိတ်ဝင်စားမှု တူညီသော သူများအတွက် လေ့လာရန်အထောက်အကူဖြစ်စေသလို ၄င်းတို့ထံမှ ဝေဖန်ဆန်းစစ်ချက်များလည်းပြန်လည်ရရှိစေမှာဖြစ်ပါတယ်။ 

0 comments:

Post a Comment

တပ်မတော်(ရေ)၏ ပထမဆုံး အလံဆောင်စစ်သဘောင်္ကြီး မေယု


Htay Gyi's photo.

အဖွဲ့အစည်းတိုင်းအစုအဖွဲ့တိုင်းလူပုဂ္ဂိုလ်တိုင်းတွင် သမိုင်းဆိုသည်မှာရှိကြစမြဲ
ပင်ဖြစ်သည်။သမိုင်းဆိုသည် မှာမေ့ဖျောက်ကာမရစကောင်းသော မှတ်တိုင်ပင် ဖြစ်ပါသည်။
မြန်မာ့တပ်မတော်သမိုင်းတွင် မဖြစ်မနေထေည့်သွင်းပြောကြားရမည့်အရာမှာ
အလံဆောင်ဖရီးဂိတ်စစ်သဘောင်္ကြီးမေယုပင်ဖြစ်ပါသည်။

0 comments:

Post a Comment

လက်ရုံးများ


တပ်မတော်တစ်ခုဆိုသည်မှာအမျိုးမျိုး အဖုံဖုံသောမတူညီသည့်တာဝန်များကို ထမ်းဆောင်ရသည့် .
လက်ရုံးနှင့်ဝန်ထမ်းတပ်များ ကိုဟန်ချက်ညီညီ ပေါင်းစပ်ထားခြင်းပင်ဖြစ်သည်
.၄င်းဟန်ချက်များသည် တစ်ခုပေါ်တစ်ခုတည်မှီနေကာ အပြန်အလှန်အမှီသဟဲပြု လျက်ရှိကြသည်။

0 comments:

Post a Comment

" မောင်ဖိုးချိုနှင့် ဗေဒါရီ "




. . . . . 'လူပျိုကြီး' ဟု မကြားတကြားအခေါ်ခံရပြီဖြစ်သော မောင်ဖိုးချိုသည် မိန်းမငယ်ချောချောကလေးများအား ရှေးကထက်တိုး၍ မရိုးနိုင်အောင်ပင် ကရုဏာသက်ဝင်မိလျက်ရှိတော့သည်။ 

0 comments:

Post a Comment

နိုင်ငံရေးလား တော်လှန်ရေးလား (၃/၄)


(သုံး)
******************
နောက်တစ်ချက်ကတော့ ......
အငြိုးအတေးကြီးမားနေတဲ့ အတိုက်အခံတွေ ဦးဆောင်ထားတဲ့ NLDပါတီ အာဏာရလာခဲ့ရင် တပ်မတော်ခေါင်းဆောင်တွေဟာ တပ်မတော်ကို အားအင်ချိနဲ့ သွားအောင် အတိုက်အခံတွေဘက်မှ လုပ်ဆောင်လာမယ်ဆိုတာ ကြိုတင်ပြီး မြင်မိခဲ့ကြပါတယ်။ အဲဒီလို အဖြစ်မျိုးကို ဘယ်လိုနည်းနဲ့မှ သူတို့ဟာ အရောက်မခံလိုပါဘူး။

0 comments:

Post a Comment

နိုင်ငံရေးလား တော်လှန်ရေးလား အပိုင်း (၁/၂)


 (တစ်)

*******
တောင်အာဖရိကနိုင်ငံ ပေါင်းစည်းထူထောင်ရေးလုပ်တဲ့ အခါမှာ အာဏာရလူဖြူအနည်းစုက နောင်ဖွဲ့မဲ့ အစိုးရအဖွဲ့မှာ သူတို့လည်း ပါဝင်မှ ရမယ်လို့ တောင်းဆိုခဲ့ကြပါတယ်။

0 comments:

Post a Comment

လေ့လာအပ်သော ဂျီအိုပေါလစ်တစ်






စစ်အေးခေတ်ကာလ ကုန်ဆုံးလွန်မြောက်ပြီးနောက် ကမ္ဘာကြီးအတွင်း ဆက်ဆံရေးပုံစံမှာ အမျိုးသားအကျိုးစီးပွား ဗဟိုပြုဆက်ဆံရေးကို ဦးလှည့်လာသည်ဟု နိုင်ငံရေးလေ့လာသူ ပညာရှင်များက အကဲဖြတ်သုံးသပ်ကြလေသည်။ အိုင်ဒီအိုလော်ဂျီ(Ideology) ခေါ်သည့် နိုင်ငံရေးအတွေးခေါ်တူညီသော နိုင်ငံများ အချင်းချင်း အုပ်စုဖွဲ့မဟာမိတ်ပြုကာ  ပြိုင်ဆိုင်မှုများ မှေးမှိန်လာပြီး  နိုင်ငံတဦးချင်း၏ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးသော နိုင်ငံခြားရေးပေါ်လစီများ ချမှတ်ဆောင်ရွက်လာသည်ကို ရည်ညွှန်းလိုဟန်ရှိပေသည်။

0 comments:

Post a Comment

ရေမြေခြားလျက်ကျောက်ဆူးနှစ်လက် အပိုင်း(၂၀)



--------------------------------------------------------------------------------
မိုးယံထက်တစ်ယောက် အုပ်မှူးရုံးခန်းထဲမှထွက်လာချိန်တွင်ဖုန်းကိုကြည့်နေသော
သူရဇော်ကိုတွေ့လိုက်ရ၍ထိတ်လန့်သွားသည်။ ဒါပေမယ့် မျက်နှာကိုဟန်မပျက်ထိန်း
ရင်းဖုန်းကိုအသာဆွဲယူလိုက်သည်။ ပြီးတော့မှာအသာအယာပြုံးပြလိုက်ရင်း.

0 comments:

Post a Comment

အမှတ်တရ မေ (၉)


မေလ (၉)ရက်နေ့ သည် ဒုတိယကမ္ဘာစစ်ကြီး (ရုရှားတို့က မဟာမျိုးချစ် စစ်ပွဲဟုခေါ်ကြသည်။)တွင် နာဇီတို့ကို အောင်မြင်သောနေ့ဖြစ်သည်။ နှစ်စဉ် ရှုရှားတို့သည် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားများကို ခမ်းနားစွာ ကျင်းပလေ့ရှိသည်။

0 comments:

Post a Comment

မြန်မာနိုင်ငံရဲ့ပထမဆုံးသော အသံထက်မြန်သောလေသူရဲ (သို့မဟုတ်) ဗိုလ်မှူးချုပ်သူရမြင့်သိန်း


အခန်း(၁)
အချိန်က၁၉၉၀ခုနှစ်နွေရာသီကာလ၊ ရှမ်းတဲလေတပ်စခန်း၏ ကောင်းကင်ယံတွင် မိုးသားများကင်းစင်ကြည်လင်နေသည်။ သူတစ်ယောက်ထဲမည်သူနှင့်မှ စကားမပြောပဲရုံးခန်းထဲတွင် တိတ်ဆိတ်စွာထိုင်နေသည်။ မနေ့ညကသူကောင်းကောင်းအိပ်မပျော်၊ ပြူတင်းပေါက်မှ အပြင်ကိုငေးကြည့်တော့ လေယာဉ် ၁၂ စီး လှပသေသပ်စွာ ရပ်နားထားကြသည်။

0 comments:

Post a Comment

တတိယအင်အားစုပေါ်လာဖို့ မလွယ်ဘူးလို့ ကျွန်တော်တော့ ထင်တယ်


တတိယအင်အားစု နာမည်သတင်းပြေးနေသည့် အြေငသညေူ ပါတီြျွှီု မှာ နိုင်ငံရေး စီမံခန့်ခွဲမှု မဟာတန်း ကျောင်းသား ၆ဝ ခန့် ပါဝင်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတအကြံပေး၊ြျွှီု ကျောင်းအုပ် ဒေါက်တာ နေဇင်လတ်က ပါတီနာယကအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။
တတိယအင်အားစု နာမည်သတင်းပြေးနေသည့် National  ပါတီ MDRI  မှာ နိုင်ငံရေး စီမံခန့်ခွဲမှု မဟာတန်း ကျောင်းသား ၆ဝ ခန့် ပါဝင်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတအကြံပေး၊ MDRI ကျောင်းအုပ် ဒေါက်တာ နေဇင်လတ်က ပါတီနာယကအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။
လက်ရှိ တတိယအင်အားစုလို့ နာမည်ကြီးနေတဲ့ နိုင်ငံရေးပါတီအပေါ် မှာ ဘယ်လိုမြင်ပါသလဲ။
ပါတီမူဝါဒတွေကိုတော့ ကျွန် တော်တော့ မသိသေးဘူး။ ပါတီ နာမည်တောင် မသိသေးဘူး။ ပါတီ ထောင်မယ့်လူတွေ၊ ပါတီကိုမှတ်ပုံ တင်မယ့်လူတွေကိုပဲ သိတာကိုး။ ပါတီရဲ့ရည်ရွယ်ချက်၊ မူဝါဒတွေ ကိုတော့ တရားဝင်ထုတ်ပြန်ပြီးမှ သိမှာကိုး။ ဒါပေမယ့်လည်း ယေဘု ယျအားဖြင့်တော့ လက်ရှိ အာဏာရ ပါတီနဲ့လက်တွဲသွားမယ်လို့ ပြောတဲ့ အတွက် တတိယအင်အားစုလို့ မမြင်ဘူး။

0 comments:

Post a Comment

" အပျိုတော် ၁၂ ခန်း "

Maung Paing's photo.

---------------
ကုလားကားဆိုရင် အက မပါမပြီးလို့ ဆိုရမယ်ထင်တယ်။
ကုလားကားတိုင်း အက ပါတယ်။ သူတို့အကကလည်း လူများသလောက်
ညီပြီး လှလို့။

0 comments:

Post a Comment

ရွှေမလို၊ငွေမလို ရေ ကိုသာအလိုရှိပါသည်(၃)


×××××××××××××××××××××××
အလုပ်တွေရှုပ်နေတာနဲ့ဘဲ ကြည့်မြင်တိုင်တဖက်ကမ်းက ရေအခက်အခဲဖြစ်နေတဲ့ရွာတွေကို ရေသွားလှုခြင်လို့မေးနေတဲ့စေတနာရှင်တွေကိုဘာတွေ
လှုလို့ရတယ်၊ဘာတွေလိုအပ်နေတယ်၊ကိုယ်တိုင်ကိုယ်ကျလှုလိုသူတွေအတွက်ဘယ်လိုသွားလို့ရတယ်စသည်ဖြင့်
တင်ပေးပါ့မယ်လို့အပိုဒ်(၂)မှာကျနော်ရေးခဲ့တဲ့ ကတိကိုမဖြည့်စည်းနိုင်ခဲ့ပါဘူး၊

0 comments:

Post a Comment

ဒေါ်စုရဲ့ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် မိန့်ခွန်း


 ဒေါ်စုရဲ့ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် မိန့်ခွန်း ( အင်္ဂလန် )(ဘာသာပြန် - @Spring Flowers ) အစအဆုံး ဖြစ်ပါတယ.်။

ကျမ ဒီကိုလာတာ သင်ပေးဖို့ဆိုတာထက် သင်ယူဖို့ လာတာပါ ။ ပြည်သူတွေက လေးစားချစ်ခင်ပြီး အရည်အသွေးပြည့်ဝကျွမ်းကျင်တဲ့ စစ်တပ်တစ်ခု ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို ကျမ လေ့လာချင်လို့ပါ ။ ကျမတို့ မြန်မာ့တပ်မတော်ကို အဲဒီလို ( professional army ) မျိုး ဖြစ်စေချင်ပါတယ် ။ ( ၁၉၄၀ ) နှစ်များ အစောပိုင်းကာလမှာ ကျမရဲ့ ဖေဖေ တည်ထောင်ခဲ့တုန်းက ရည်ရွယ်ခဲ့တဲ့ army မျိုး ဖြစ်စေချင်ပါတယ် ။ တည်ထောင်တုန်းကတော့ အင်္ဂလိပ်တွေကို တော်လှန်ဖို့ ပေါ့လေ ( ရယ်သံများ ) ။ အင်္ဂလိပ်တွေကို သဘောမကျလို့တော့ မဟုတ်ပါဘူး ။ လွတ်လပ်ရေးကို ပိုပြီး သဘောကျ နှစ်သက်လို့ပါ ( ရယ်သံများ ) ။

0 comments:

Post a Comment

“Moral Authority”၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗမာ့နိုင်ငံရေး




(လွန်ခဲ့သော ၂ နှစ်က ကူးယူသိမ်းဆည်းထားတဲ့ ဆောင်းပါးတပုဒ်ကို ပြန်လည်မျှ ဝေပေးလိုက်ပါတယ်)


ငြိမ်းချမ်းအေး

မတ်လ ၂၁၊ ၂၀၁၃

ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ရှိ ရပ်တည်ချက်၊ ဗမာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်း၊ ဖွံ့ဖြိုးတက်မှု အလားအလာ စတဲ့ ဗမာ့အရေးကိစ္စတွေ ကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အောက်စဖို့ဒ် တက္ကသိုလ် အရှေ့တောင်အာရှရေးရာ ဆွေးနွေးပွဲ အစီအစဉ် အနေနဲ့ ပညာရှင်များက ဆွေးနွေးသုံးသပ်ခဲ့ကြရာမှာ “She had lost “moral authority” by failing to be more vocal on human rights abuses.” ဆိုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ အပေါ် ဒေါ်ဆောင်ဆန်းစုကြည် အနေနဲ့ အရင်လို ခပ်မာမာရပ် အသံမထွက်တော့တာကြောင့် သူ့ရဲ့ “Moral Authority” ဆုံးရှုံးခဲ့ရတယ် လို့ သုံးသပ်ထားတာ တခုပါခဲ့တယ်။  သတင်းဌာနတခုက အဆိုပါ ဆွေးနွေးပွဲ သတင်းကို ရေးသားရာမှာ “Moral Authority” ကို “စိတ်ပိုင်းဆိုင်ရာ သြဇာညောင်းမှု” လို့ ဘာသာပြန်ထားတာလည်း သတိထားလိုက်မိတယ်။ သတင်းအနေနဲ့ ဘာသာပြန်ရတာဖြစ်လို့ လိုတိုရှင်း ချုံ့ပြန်ရတဲ့အတွက် “Moral Authority” ရဲ့ အဓိပ္ပာယ် ကို ဘာသာပြန်ချက်က တစိတ်တပိုင်းသာ ဖောင်ဆောင်နိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ “Moral Authority” အကြောင်း အကျယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြစ်ပေါ်လာခဲ့တဲ့ နောက်ခံ၊ လက်ရှိ အခြေအနေ၊ အနာဂတ် နဲ့ ဗမာ့နိုင်ငံရေးဓလေ့ကို ဆွေးနွေးချင်ပါတယ်။

0 comments:

Post a Comment

အောင် မြင် ရေး သော့ချက် EQ လား IQ လား

………………………………………………………
၂၁ ရာစုမှာ အောင် မြင် ချင် တဲ့သူ
တစ်ယောက်ဖြစ်ဖို့
ဦးနှောက်နဲ့ နှလုံးသားကို ပေါင်းစပ်လုပ်ကိုင် တတ်ဖို့အ ရေးကြီလာပါပြီ။ ပညာတွေ တတ်ထားပြီး IQ မြင့် ရုံနဲ့ အောင် မြင် နိုင် တဲ့ခေတ် မဟုတ် တော့ပါဘူး။နိုင် ငံ့ခေါင်းဆောင် လုပ်လိုသူများအတွက် လည်းEQ ဟာ အောင် မြင် မှူ ရဲ့ သော့ချက် တစ်ခုလိုဖြစ်လာပါတယ်။ဒီနေ့ခေတ်မှာ ပြဿနာ အများစုကို ဖြေ ရှင်း နိုင် ဖို့ ဥာဏ် ရည် ထက် မြက် နေ ရုံနဲ့ မပြီးတော့ ပါဘူး။နှလုံးရည် စွမ်း ရည်ပါ ပြည့်ဝဖို့လို အပ် ပါတယ်။လူမှူဆက်ဆံရေးမှာပဲဖြစ်ဖြစ် ။ လုပ်ငန်းခွင်ထဲမှာဖြစ်ဖြစ် EQ ကောင်းသူတွေဟာ ပိုပြီးအောင်မြင်ကြပါတယ်။တကယ်တော့ EQနဲ့ပက်သက်တဲ့သဘောတရားတွေကို ဗုဒ္ဓဘုရားသက်ရှိထင်ရှားရှိစဉ်ကတည်းက ဟောကြားခဲ့ပြီးဖြစ်ပါတယ်။ 

0 comments:

Post a Comment

Followers