ကရုဏာဆိုတာ ဇီးသီးတွေမဟုတ်ပါ


တလောက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တပ်မတော်သားအရာရှိတစ်ဦးက ရိက္ခာစိုငွေ ၇၅၀ ကျပ်၊ စစ်ဆင်ရေးအပိုဆောင်းငွေ ၄၂၅ ကျပ်ဆိုတော့ ကျွန်တော့်ရဲဘော်တွေ စားသောက်ရေးအတွက် မဆိုးဘူး၊ စစ်သည် ၇ ယောက်လောက်ရှိတဲ့အဖွဲ့ဆိုရင် တစ် ရက် ၈၀၀၀ ကျပ်ဝန်းကျင်သုံးလို့ရတာပေါ့လို့တင်လိုက်တာကို သဘောကျပြီး ကျွန်တော်က ပြန် share လိုက်ပါတယ်။ အောက် မှာ comment အမျိုးမျိုးတွေ့ရပါတယ်။ ထောက်ခံသူ/ ကန့်ကွက်သူ အစုံပေါ့။

0 comments:

Post a Comment

တပ်မတော်နှင့် ကျနော် (အပိုင်း ၃-၄)



အပိုင်း-၃ ကိုမရေးခင် ကျနော် ကိုယ့်ဘာသာကို မေးခွန်းတွေမေးပြီး ဆန်းစစ်ကြည့်မိတယ်။ မင်းကစစ်တပ်ထဲမွေးပြီး စစ်တပ်ကိုပဲ ပြောနေသလား၊ တပ်ကမဟုတ်တဲ့သူတွေကို မပြောရဲဘူး မဟုတ်လား၊ မင်းကအခုစစ်တပ်ထဲမှာ မဟုတ်တော့ပဲ ဘာလို့ စစ်တပ်အကြောင်းတွေ လိုက်ပြောနေသလဲပေါ့။ ဘယ်လိုမေးခွန်းတွေပဲ ရှိနေပါစေ၊ ကျနော့်ရဲ့အဖြေက တပ်မတော်ထဲမှာမွေးပြီး ကြီးပြင်းလာခဲ့တာဖြစ်လို့ တပ်မတော်အပေါ် ကောင်းစေချင်တဲ့ စိတ်ဆန္ဒကအပြည့်ပါပဲ။ တပ်ထဲကထွက်ခဲ့ရတာလည်း ငွေ၊ မိန်းမ၊ အရက်၊ လောင်းကစား၊ မူးယစ်ဆေးဝါးကြောင့်မဟုတ်ဘဲ ကုသိုလ်ကံကြောင့်သိက္ခာရှိရှိထွက်ခဲ့ရတာဖြစ်လို့ မျက်နှာမငယ်ဘူး။ 

0 comments:

Post a Comment

တပ်မတော်နဲ့ကျနော် (အပိုင်း-၁၊ ၂)


---------------------------------------------------------
ခေါင်းစဉ်ကကြီးကျယ်လိုက်တာလို့ မထင်ပါနဲ့။ မွေးကတည်းက တပ်ထဲမှာကြီးပြင်းလာသူမို့ တပ်ထဲကအကြောင်းတွေ ကိုယ်တွေ့တွေကို မျှဝေပေးချင်လို့ပါ။ ဒါမှလည်း တပ်မတော်အပေါ် မှန်ကန်သောရှုထောင့်များက သုံးသပ်နိုင်ကြမှာပါ။ (စာကြွင်း)

0 comments:

Post a Comment

အာဏာကုန်းဆင်းကို တွန်းပြီး မဆင်းကြဖို့ နိုးဆော်ပါသည်





ကျွန်တော့ရဲ့ မြန်မာရီဗျူးဂျာနယ် (၁၀-၄-၂၀၁၅) အတွဲ(၁) အမှတ်စဉ် (၄၁) ပါ ဆောင်းပါးလေးကို အခုလက်ရှိ အခြေအနေ နှင့် ကိုက်ညီ အသုံးဝင်မယ် ထင်လို့ ပြန်ဖေါ်ပြပေးလိုက်ပါတယ်။  

အာဏာကုန်းဆင်းကို တွန်းပြီး မဆင်း ကြဖို့ နှိုးဆော်ပါသည်။

အာဏာနှင့်ပတ်သတ်လို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အမျိုးမျိုး ဖတ်ခဲ့ဖူးပါတယ်။ စာဖတ်ပရိတ်သတ် မှာလည်း လူတန်းစားအရ ပညာအရည်အချင်းအရ အလွှာအသီးသီး ရှိကြတော့အများနားလည်သောစကားလုံးများဖြင့် အာဏာဆိုသည့် စကားရပ်အပေါ် ဆွေးနွေးလိုပါတယ်။။ ပညာရပ်ဆိုင်ရာ စကားလုံးတွေ များနေရင် နားရှုပ်ပြီး စိတ်ဝင်စားမှု ရှိမယ်မထင်လို့ပါ။

0 comments:

Post a Comment

ဖြူ၍သန့်သော လက်များဖြင့်



(၁)
" ကချင်ပြည်ကို လာနော်..တကယ် သေမယ်နော်….ကချင်ပြည်ကို လာနော်…တကယ်…သေမယ်နော် "
" ဟယ်ကလေးတွေ ဘယ်လို ဆိုနေတာတုန်း "
ကလေးတွေရဲ့ သီဆိုမှုနှင့်အတူ လူကြီးတစ်ဦးက ၀င်ဟန့်လိုက်သံ ကြားလိုက်ရသည်။ ကလေးတွေက ကျောင်းပိတ်ရက်မို့ သူတို့ အုပ်စုလိုက် ဆော့ကစားနေကြခြင်းဖြစ်သည်။

0 comments:

Post a Comment

"မောင်ဖိုးချိုနှင့် အညှားကြီး ဘာဘူ"




. . . "တရုတ်ဆိုတာ နာမည်နဲ့လိုက်အောင် အင်မတန်ယုတ်တဲ့အမျိုးပဲကွ .. မှတ်ထား။ ကုလား .. ပိုဆိုးသေး။ ဘာသာခြားကုလားကို ဘယ်တော့မှ မယုံမိလေနဲ့" .. ငယ်ပေါင်းဖြစ်သော သူငယ်ချင်း၏စကားကို မောင်ဖိုးချိုစဉ်းစား၏။ ဟုတ်လေမည်လော။ မိမိသည် တရုတ်ပြည်သို့လည်းကောင်း ၊ ကုလားပြည်သို့လည်းကောင်း ရောက်ဘူးသူမဟုတ်သဖြင့် မျက်နှာငယ်ရ၏။ သူငယ်ချင်းလုပ်သူမှာကား မြောက်ဘက်တွင် ကြယ်ဂေါင်အထိလည်းကောင်း ၊ အနောက်ဘက်တွင် မိုရေးအထိလည်းကောင်း ရောက်ဘူးသူဖြစ်သဖြင့် ရန်ကုန်သားတစ်ပိုင်းကလေးမောင်ဖိုးချိုမှာ မလှန်နိုင်ရှာချေ။

0 comments:

Post a Comment

အဖေနဲ့ အဖေ့တန်ဖိုး


  ဒီပုံက လွတ်လပ်ရေးရပြီးစ ပြည်တွင်းစစ် အစ တပ်ထွက်ခါနီး ပုံတပုံပါ။ လက်နက်နဲ့ ယူနီဖေါင်းတွေက တညီတညွတ်ထဲ မဖြစ်ကြဘူးထင်ပါတယ်ဒီပုံက လွတ်လပ်ရေးရပြီးစ ပြည်တွင်းစစ် အစ တပ်ထွက်ခါနီး ပုံတပုံပါ။ လက်နက်နဲ့ ယူနီဖေါင်းတွေက တညီတညွတ်ထဲ မဖြစ်ကြဘူးထင်ပါတယ်



  
    ကျွန်တော် ရှစ်တန်းနှစ်လောက်၊ အဖေနဲ့  မြို့ထဲလျှောက်သွားခဲ့တုန်းမှာ သာမန်လောက် အကြောင်းအရာလေးတခုက-ဒီအချိန်အခါမှာတော့ ကျွန်တော့်ကို အကြီးအကျယ်အမှတ်ရနေစေတတ်ပါပြီ။ အဲဒီတုန်းက အဖေ လမ်းဘေးစာအုပ်တန်း၊ စာအုပ်အဟောင်းပုံတွေကြားမှာ  စာအုပ်တအုပ်ကို အမှတ်မထင် တွေ့ပြီး ၀မ်းသာအားရနဲ့ ၀ယ်လာတဲ့အကြောင်းလေး။ စာအုပ်နံမည်က “ မြန်မာနယ်ခြား ကိုဟီးမား ”တဲ့ ။ ရေးတဲ့သူမမှတ်မိပါ။ ဘာမှလည်း ထင်ရှားတာ ခေတ်လူတွေစိတ်ဝင်စားစရာမပါ။ ကာလခေတ်-သားသမီးတွေကြိုက်တာမပါ။ ဒါပေမယ့်အဖေက-လမ်းတလျှောက်-အဲဒီစာအုပ်ကို သူဘာလို့ စိတ်ဝင်စားရကြောင်း တခုတ်တရ ကျွန်တော့်ကို ပြောလာခဲ့ပါတယ်။ ကျွန်တော်က ကိုဟီးမား ဆိုတဲ့နံမည်ကို ကြားတောင်မကြားဖူးဘူး ။ စိတ်မ၀င်စားတော့ စိတ်ဝင်စားတဲ့ဟန်လည်း မပြခဲ့မိဘူး။

0 comments:

Post a Comment

"မောင်ဖိုးချိုနှင့် ဖေ့ဘုတ်နိုတီများ"



 . . . မောင်ဖိုးချိုနှင့် ပိစိ လက်ဘက်ရည်ဆိုင်ထဲ ဝင်လာကြသည်။ ဖုန်းကိုယ်စီပွတ်ရင်းနှင့် ဖြစ်၏။
"နိုတီတွေ တက်တာ တအား အာရုံနောက်တယ်ကွာ ၊ သိလားပိစိ"
"မင်းကို tag လာလာတွဲလို့ မဟုတ်လား" 

0 comments:

Post a Comment

ရာဇ၀င်ထဲမှာ ဝါးရင်းတုတ်ကိုထားခဲ့...



U 23 ဘောလုံးပြိုင်ပွဲကြီးလည်း ပြီးဆုံးခဲ့ပါပြီ...။ မြန်မာအသင်း ငွေတံဆိပ်ဖြင့်သာ ကျေနပ်လိုက်ရသည်။ မကျေနပ်နိုင်သူတွေလည်းရှိသည်။ တကယ်တော့ မြန်မာအသင်း ငွေတံဆိပ်ထက် ပိုတာတွေ အများကြီး ရလိုက်သည်။ အဲဒါကို မြင်တတ်ဖို့လိုသည်။ ဒေသတွင်းနိုင်ငံတွေရဲ့ ယဉ်ကျေးပျူငှာပုံတွေ၊ နိုင်ငံကြီးသားပီသမှုတွေကို လှစ်ဟ မြင်ရသလို၊ မိမိနိုင်ငံပရိသတ်ရဲ့ အဖွဲ့အစည်းစိတ်ဓာတ်နဲ့ နိုင်ငံကြီးသားပီသမှု၊ စည်းကမ်းရှိမှုတွေကိုလည်း ဂုဏ်ယူစွာ အံ့ချီးဘနန်းပြသ နိုင်ခဲ့သည်ဆိုလျှင်လည်း မှားအံ့မထင်။ သတိထားမိတာက ထိုင်းလူမျိုးတွေနဲ့ သူတို့ရဲ့ အပြုအမူတွေကို...။ 

0 comments:

Post a Comment

ကိုကိုမောင် တော်တော်ဆိုး

Kyi San's photo.
အကို ကိုကိုမောင် ( ရေ ၁၂၄၅ ဗိုလ် ကိုကိုမောင် ) ၉/၆/၈၀ နေ့က ရွှေဂွန်း အောက်ဘက် တကောင်းဘိုး အနီး မြစ်တွင်းတိုက်ရေယာဉ် ၃၀၇ တွင် ကျဆုံးခဲ့သည်မှာ ၃၅ နှစ် ရှိခဲ့ပါပြီ။
ကြာပြီဆိုတော့ မေ့ခဲ့ကြပါပြီ။
ကျနော်ကတော့ သူရဲ့ အချစ်ဆုံး ညီငယ် တဦးဖြစ်ခဲ့လို့ မမေ့နိုင်သေးပါ။

0 comments:

Post a Comment

ဆည်းဆာ


(၁)
" အဘ..တော်ကြာ ..အဘတောင်ဝှေးကြီးလဲ ခိုးသွားဦးမယ်နော် "

အဘ (ကျွန်တော်အမေရဲ့ အဖေ)က သူ့ရဲ့ လက်စွဲတော် တောင်ဝှေးကို ဆေးသုတ်နေတာပါ။ ကျွန်တော်က ပြောသာပြောသော်လည်း အဘကတော့ ကြားမှာမဟုတ်။ တော်တော်လေး အော်ပြောမှ ကြားနိုင် မှာပါ။ နားကလေးနေပြီ။

0 comments:

Post a Comment

" မောင်ဖိုးချိုနှင့် ရွှေ "





. . . လက်ဘက်ရည်ဆိုင်တွင်ဖြစ်၏။ မောင်ဖိုးချိုနှင့် အပေါင်းအသင်းတစ်စု ကုပ်ကုပ်ကလေး ထိုင်နေကြသည်။ ကုပ်ရခြင်းမှာကား ခေတ်ကာလအလျောက် ဖုန်းနှင့် မျက်နှာ ကိုယ်စီအပ်နေကြသောကြောင့်ဖြစ်၏။ လက်ဘက်ရည်ခွက်များက အေးနေပြီ။ ယင်ကောင်များလည်း လက်ဘက်ရည်အဝ သောက်ကြရ၏။ မုန်းပင် မုန်းချေပြီလော မဆိုနိုင်။

0 comments:

Post a Comment

" မှင်စာလေးရဲ့ မနက်ဖြန် "



(@)
. . . မနက်ဖြန် ဆယ်တန်းအောင်စာရင်းထွက်မည်။ စိတ်လှုပ်ရှား၍ ဇော်ဇော် အိပ်မပျော်ပေ။ ဆရာဝန်ဖြစ်ရန်အတွက် ဂုဏ်ထူးများများလိုချင်မိသည်။ ဆရာဝန်လုပ်ရန် သူဆုံးဖြတ်ပြီးပြီ။ အမှတ်မီရန်သာလိုသည်။ တစ်နှစ်လုံးလည်း စာကြိုးစားခဲ့၏။ နဂိုအခံက ညဏ်ကောင်းသူဖြစ်၍ သူစာကျက်သောအခါ အမေကလည်း ဝမ်းသာပြီး မျှော်လင့်သည်။

0 comments:

Post a Comment

အမျိုးသားရေးနဲ့ အမျိုးသားရေးသမား

အမျိုးသားရေးသမား = ဘာသာရေးအ စွန်းရောက်
အမျိုးသားရေးသမား= ကုလား တရုတ် မုန်းသူ
အမျိုးသားရေးသမား=အကြမ်းဖက်ဆူပူလိုသူ
အမျိုးသားရေးသမား= အစိုးရ လက်ကိုင် တုတ်
အမျိုးသားရေးသမား = NLD ဆန့်ကျင်သူ
အမျိုးသားရေးသမား= ဒီမိုကရေစီနှင့် လူ့ အခွင့် အရေး မလိုလားသူ 

0 comments:

Post a Comment

လော်ခီးလာညီလာခံနှင့် ငြိမ်းချမ်းရေးအတွေးစများ

Wunna Phay Thaw's photo.
လော်ခီးလာ ညီလာခံက တိကျ တဲ့အဖြေ တစ်ခု မရ နိုင်တာ ကြားရလို့ ဒီလို တွေးမိပါတယ်။
လက်နက်ကိုင် ခေါင်းဆောင်တွေက သူတို့လိုချင်တဲ့ နိုင်ငံရေး အတိုး အလျော့ တွေဆွေးနွေ့း တယ် ဆိုပေမယ့် တကယ်တော့ ဒါက အယောင်ပြပဲ အချိန်ဆွဲနေတာရယ် တဘက်မှာ အများ အမြင်တင့်တယ် အောင် မူဝါဒ အရ လုပ်ပြနေကြ တာပါလို့မြင် မိပါတယ်။

0 comments:

Post a Comment

တိုက်ခိုက်ရေးရိက္ခာ( Combat Ration)

Htay Gyi's photo.
စစ်တိုက်သည်ဆိုရာဝယ် လက်နက်ခဲယမ်း တိုက်ခိုက်ရေးအထောက်အကူပြု ပစ္စည်းများပြည့်စုံနေ
ရုံမျှဖြင့် လုံလောက်ပြီမဆိုနိုင် အဒိကအရေးကြီးသောအရင်းအမြစ်မှာ လူသားစွမ်းရည်ပင်ဖြစ်သည်။
ဗြိတိသျှစစ်သူကြီး လော့ဒ်မောင်ဂိုမာရီက စစ်ပွဲရှုံးနိမ့်ရသော အကြောင်းအရင်းကြီး(၃)ရပ်အနက်
လူ့သဘောသဘာဝကိုလျစ်လျူရှုမှုသော အချက်ကိုအထူးတလည်ပင်ဖော်ပြခဲ့ပါသည်။စစ်သားသည် တိုက်ပွဲဝင်ရန်အထူးလေ့ကျင့်ထားသော သူများဖြစ်လင့်ကစားလူသား သာပင်ဖြစ်သည်။
လူသားဖြစ်သည့်အတွက် လူသားတို့၏ ရင်ဆိုင်ရမည့် ကိုယ်ကာယပိုင်းဆိုင်ရတောင်းဆိုမှု
ဝေဒနာခံစားမှုတို့ကိုမလွဲမသွေပ်ငခံစားရမည်မှာမလွဲ။

0 comments:

Post a Comment

စစ်တောင်းတံတားပေါ်က အမှား


ွု
ဦးစံရွှေက ဗိုလ်ချုပ်ကြီးချစ်ဆွေရဲ့သမီးနဲ့ မိုင်းထိခြေနှစ်ဖက်ပြတ်အရာရှိ တို့ရဲ့အင်းယားလိတ်ဟော်တယ် မင်္ဂလာဧည့်ခံပွဲကိုခလရ(၂)ကခြေလက်ပြတ်စစ်သည်သွားတက်ရတဲ့အကြောင်း ရေးထားတာဖတ်ရတော့
ခလရ(၂)မှာနေစဉ် ၁၉၈၄ခုနှစ်လောက်က ဗိုလ်ချုပ်ကြီးချစ်ဆွေကောင်းမှုကြောင့် ကျွန်တော်တို့ အရာရှိငယ်တွေအရေးယူမခံခဲ့ရတဲ့ဇာတ်လမ်းလေးသွားသတိရမိတယ်။

0 comments:

Post a Comment

အမြင်ကျယ်သော ပညာရေး - အပိုင်း (၉) နိဂုံး


ဖိုးသက် ငါးနှစ်သားအရွယ်1961လောက် ရွာအလယ်တန်းကျောင်းမှာ ဝလုံးတန်းစတက်တာက စခဲ့တဲ့ 
ဒီစာတစ်ပုဒ်ဟာ 2003-2004/ 2005 လောက် အငယ်ကောင် ဂျူနီယာဖိုးသက် BC ခေါ် 
British Council မှာ Flyer ပြီးတဲ့ အချိန်ထိ အနှစ်လေးဆယ်ကျော်ကြာမြင့်ခဲ့တာမို့
အပိုင်း ကိုးပိုင်း ခွဲခဲ့ရတာလည်း များတယ်လို့တော့မဆိုနိုင်ပါဘူးလေ...

0 comments:

Post a Comment

အမြင်ကျယ်သောပညာရေး - အပိုင်း (၈)


ဘဝတလျှောက် ကိုယ်ခက်ခဲစွာ ဖြတ်သန်းလာခဲ့ရ ... မပြည့်မစုံနဲ့ ကြိုးစားလာခဲ့ရတော့ "ပညာ -Not only Education but also the Knowledge you learnt and got- သည်သာ အဓိက" လို့မြင်လာပြီး ကလေးများကို စောစီးစွာပဲ ကောင်းမွန်စွာ ပြင်ဆင်ပေးနိုင်ခဲ့ပါတယ်။

0 comments:

Post a Comment

အမြင်ကျယ်သော ပညာရေး - အပိုင်း(၇)





ဒီညနေတော့ အမေရိကန်ပြည်ထောင်စု US Navy မှာ သင်တန်းသွားမတက်ရခင်
အင်္ဂလိပ်စာ အရည်အချင်း စစ်ဆေးရေးစာမေးပွဲ တစ်ခုဖြစ်တဲ့ English Comprehension Level ခေါ် ECL test ဖြေဆိုခဲ့ရပုံတွေ အဲဒီစာမေးပွဲ ဝင်ဖို့ ပြင်ဆင်ခဲ့ရပုံတွေ ရေးပါမယ်

0 comments:

Post a Comment

အမြင်ကျယ်သော ပညာရေး - အပိုင်း-(၆)



ရုံးဖွင့်ရက်တွေမှာ မရေးအား မရေးနိုင်ခဲ့လို့ အပိုင်း - (၅) နဲ့ တပိုင်းနားခဲ့ရပါတယ်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ယခင် IFL ခေါ် ကျောင်းမှာ ဆရာမကြီး ဒေါ်စိန်စိန်မြင့် ဆရာကြီးဦးအေးမင်းတို့ရဲ့ ကောင်းမွန်စံနစ်ကျတဲ့ သင်ကြားမှု အောက်မှာ
ဆရာတော်ဦးသုမန B.A ရဲ့ စာအုပ်အဝါ E. W Holton ရဲ့ စာအုပ်အစိမ်းတွေနဲ့
Self-study လုပ်ခဲ့ရတဲ့ ဖိုးသက်အဖို့တော့ တတ်ယောင်ကားတော်တော်များများနဲ့
သောက်တလွဲ အတော်များများကို အချိန်မီစနစ်တကျ ပြုပြင် ရေးသား ပြောဆိုနိုင်ခဲ့ပါတယ်။

0 comments:

Post a Comment

အမြင်ကျယ်သော ပညာရေး - အပိုင်း (၅)




1987 နှောင်းပိုင်း IFL မှာ ကျောင်းစ, တက်လို့ တစ်ပတ်လောက်ပဲရှိသေးတယ် ၇၅ကျပ်တန် ၃၅ကျပ်
၂၅ ကျပ်တန်တွေ အားလုံး တရားမဝင် ငွေစက္ကူ ကြေညာလိုက်ပါတယ်! ဖိုးသက်က
ဆင်းရဲသူမို့အများကြီး "မိ" မသွားပေမဲ့ ၃၅ကျပ်တန် လောက်အထိ အောက်ဆင်းဖြတ်လိုက်တော့ တတိုင်းပြည်လုံး "ဂန့်" သွားကြတဲ့အထဲမှာ ဖိုးသက်လည်းပါတာပေါ့ဗျာ။

0 comments:

Post a Comment

ကျွန်တော် Foreigner



(၁)

ဘုရားစူး ကျွန်တော် Foreigner တစ်ယောက်ပါ။ တစ်ခုတော့ရှိပါတယ် ကျွန်တော်က မြန်မာနိုင်ငံမှာ မွေး၊ မြန်မာနိုင်ငံမှာကြီး၊ မြန်မာနိုင်ငံမှ ပညာသင်၊ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ Foreigner ပါ။ 
သြော် .. အဖေက ဗမာ၊ အမေက ဗမာ ဒါပေမယ့် ကျွန်တော်က တကယ့်ကို Foreigner တစ်ယောက်ပါဗျာ။ 

0 comments:

Post a Comment

လွှတ်တော်က စစ်တပ်ကို ဘယ်လိုထိန်းချုပ်လို့ရသလဲ

Naing Swe Oo's photo.

အမေရိကန်ပြည်ထောင်စု‬ အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီ အကြောင်းသိကောင်းစရာ
အမေရိကန် ပြည်ထောင်စုတွင် ဥပဒေပြုလွှတ်တော်တော်များအား 
(က) Senate (အထက်လွှတ်တော်) (မြန်မာနိုင်ငံ၏ အမျိုးသားလွှတ်တော်နှင့် တူညီသည်) နှင့် 
(ခ) House of Representatives (အောက်လွှတ်တော်) (မြန်မာနိုင်ငံ၏ ပြည်သူ့လွှတ်တော်နှင့် တူညီသည်) တို့ဖြင့်ဖွဲ့စည်းထားပြီး အဆိုပါ လွှတ်တော်နှစ်ရပ်ပေါင်းအား Congress လွှတ်တော် (မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်နှင့် တူ့ညီသည်) ဟုခေါ်ဝေါ်ပါသည်။

0 comments:

Post a Comment

အမြင်ကျယ်သော ပညာရေး - အပိုင်း(၄)


နိုင်ငံခြားသင်တန်းလွှတ်ဖို့ Written ရော Interview ပါ ဗြိတိသျှလို ဖြေဆိုရပါတယ်။
ရေးဖြေမှာလည်း Facts and Figures အပြင် Grammatically right ဖြစ်ဖို့ Vocabulary ကြွယ်ဝဖို့ Usage မှန်ဖို့ လိုပါတယ်။  အင်တာဗျူးမှာကျတော့ Technical ကနည်းနည်း အဓိက ကတော့ Listening နဲ့ SpeakingSkills တွေ ကြည့်တာပါ။  ကြည့်လေဗျာ Board မှာငါးယောက်ပါတာ CE တစ်ယောက်ကပဲ Technicality မေးတာပါ။ ကျန်တဲ့Deck Officer အရာရှိကြီးလေးယောက်က General Knowledge နဲ့ General Navy Practices တွေ မေးတာလေ! 

0 comments:

Post a Comment

" အလင်း "




(၁)
လောကကြီးသည် အမိုက်အမှောင်တို့ဖြင့် ဖုံးလွှမ်း၍ နေပေသည်။ 

ထိုအမိုက်အမှောင်တို့၏ အထဲတွင် ပိုးစုန်းကြူးမျှအလင်းရောင်ကဲ့သို့ အလင်းပြောက်တို့သည်ကား တချို့နေရာ၊ တချို့ဒေသတို့တွင် လင်းတစ်လှည့် မှိန်တစ်လှည့် ရှိပေ၏။
လောကတစ်ခွင်အတွက် အားကြီးသော အလင်းရောင်တစ်ခု ထွန်းလင်းဖို့သည် ကမ္ဘာနှင့်ချီပြီး ကြာမြင့် လေ၏။ ထိုအလင်းရောင်နှင့် ကြုံကြိုက်ဖို့သည်ကား ခက်ခဲလှစွာတကား။

0 comments:

Post a Comment

အမြင်ကျယ်သော ပညာရေး - အပိုင်း(၃)


ရေးရတာကိုက ဘဝသမိုင်းကြောင်းနဲ့ချီနေရပြီး ပေးလိုတဲ့ Message ကိုက - -တချို့ကိစ္စတွေဟာ
ရေရှည်ကာလကျမှ မထင်မရှား ပုံစံမျိုးစုံနဲ့ အကျိုးပေးတတ်ကြောင်း "အဲဒါတွေဖတ်နေတော့ ဘာဖြစ်မှာလဲ? အဲဒီသင်တန်းတက်တော့ ရာထူးတိုးမှာလား? အဲဒီအခွေတွေ အချပ်တွေက နင့် ကျောင်းစာတွေကို ဘာအကျိုးပြုမှာလဲ? " လို့ခပ်တိမ်တိမ်တွေးတတ် မေးတတ်ကြတဲ့ သူတချို့နဲ့ မိဘတချို့အတွက်- - ခပ်ဝေးဝေးလေး ကြည့်ပေးကြဖို့
ရေးရတာဖြစ်လို့ စာကတော့နည်းနည်းရှည်လာပါပြီ အကျိုးပေးချိန်ကတော့ 1986-87 လောက်မှာ
အရိပ်အယောင် စ, ပြပါတယ်။

0 comments:

Post a Comment

အမြင်ကျယ်သော ပညာရေး- အပိုင်း(၂)



ရွာအလယ်တန်းကျောင်းက (၈) တန်းအောင်တော့ ပေါင်းတည် အ.ထ.က မှာ တစ်လလောက်ပဲ တက်ပြီး
ရန်ကုန်မြို့ ကန်တော်ကြီးစောင်း ဗိုလ်ချုပ်ကြေးရုပ်ရှေ့က နတ်မောက်လမ်း စက်မှုလက်မှု အထက်တန်းကျောင်း အမှတ်(၁) ကို ပြောင်းလာခဲ့ပါတယ်။ အဲဒီကျောင်းကလည်း သူ့ခေတ်နဲ့သူတော့ ကျောင်းကောင်းတစ်ကျောင်းပါပဲ။ ကိုလံဘိုစီမံကိန်းအရ Ford Foundation အကူအညီနဲ့ ၁၉၅၆ လောက်ကထည်းက ဖွင့်ထားခဲ့တဲ့ Polytechnics ဆန်ဆန်ကျောင်းတစ်ကျောင်းပါ။ (နောင်မှသာPolytechnics အထိအကြောင်းအမျိုးမျိုးကြောင့် Up-grade မလုပ်ဖြစ်ခဲ့တာပါ)

0 comments:

Post a Comment

Followers