နှလုံးသားဒိုင်ယာရီ (၂၄)

Win Ko's photo.
၂၀-၅-၂၀၀၃

နေခြည်လှုပ်နှိုးမှုကြောင့် အိပ်ယာထက်မှလူးလဲထလိုက်မိသည့်ကျနော် ညကကောင်းစွာအိပ်မရ။ အတွေးများနှင့်နပမ်းလုံးရင်း ညဥ့်အတော်နက်ခဲ့ရသည်။ ယခုလည်း မဟာမိတ်တပ်မတော်တွင် ဖမ်းဆီးချုပ်နှောင်ထားသော အကျဉ်းသားတစ်ဦးအား သွားရောက်စစ်ဆေးပေးရအုံးမည်။ အကျဉ်းသားကား မည်သူမည်ဝါရယ်မသိရသေးပေ။ မဟာမိတ် တပ်မတော်ဌာနချုပ်နှင့် ကျနော်တို့တပ်မှာ အတော်လေး အလှမ်းဝေးသည်ဟုဆိုရမည်။ စစ်သားခြေ ထောက် ပြင်းပြင်းနှင့်ပင် မိနစ်လေးဆယ်ခန့်ခရီးနှင်ရသည်။

0 comments:

Post a Comment

အိန္ဒိယနိုင်ငံထုတ် စစ်လက်နက်များ


တောင်အာရှဒေသတွင်းရှိ အင်အားကြီးနိုင်ငံတစ်ခုဖြစ်သော အိန္ဒိယသမ္မတနိုင်ငံသည်သမိုင်းတလျောက်တွင် ပါကစ္စတန်နိုင်ငံ တရုတ်နိုင်ငံတို့နှင့်စစ်ပွဲများအကြိမ်ကြိမ် ဆင်နွဲခဲ့ရရာ စစ်လက်နက်အင်အားကြီးမားရေးသည် ၄င်းတို့နိုင်ငံအတွက် ပထမဦးစားပေး တာဝန်တစ်ရပ် အဖြစ် အမြဲတစေသတ်မှတ်ခဲ့ သည်။ ကနဦးကာလများတွင် ပြည်ပလက်နက်များကိုတင်သွင်းအားဖြည့် ခဲ့သော်လည်း နောက်ပိုင်း ကိုယ်ပိုင်စစ်လက်နက်များထုတ်လုပ်နိုင်ရေး ကြိုးပမ်းခဲ့ရာ အတော်တန်ခရီးပေါက်ခဲ့ ပြီဟုယူဆနိုင်ပါသည်။ ယခု Post တွင်အိန္ဒိယနိုင်ငံမှထုတ်လုပ်သောနာမည်ကြီး ကြည်း ရေလေ တပ်များသုံးစစ်လက်နက်များကိုတင်ပြသွားပါမည်။

0 comments:

Post a Comment

ညီသုတ ရဲ့ ပုံတူပန်းချီ (အပိုင်း ၃)


အလုပ်သစ်က ဖိနပ်ဆိုင်မှာလုပ်ရတာထက် ပိုပြီးသက်တောင့်သက်သာ ရှိသလို အိမ်နဲ့လည်း ပိုနီးသွားတဲ့အတွက် မြို့ပတ်ရထား တိုးဝှေ့စီးစရာမလိုတော့ပါဘူး။အလုပ်သစ်အဖြစ် လှိုင်မြစ်ကမ်းဘေးမှာရှိတဲ့ ချောင်းဝကျောက်ကွင်းမှာ စာရေး အဖြစ်လုပ်ရတယ်။အလုပ်ရှင်က ဒဂုံဆောက်လုပ်ရေးကို ဆောက်လုပ်ရေးကျောက်တွေသွင်းတဲ့သူပါ။

0 comments:

Post a Comment

ညီသုတရဲ့ ပုံတူပန်းချီ (အပိုင်း ၂)


ရထားပေါ်မှာရှိတဲ့ ရွှေပြည်ကြီးသား၊ ရွှေပြည်ကြီးသူတွေဟာ မီးမှိန်မှိန် မြို့ပတ်ရထားပေါ်က ရန်ပွဲကို စိတ်မဝင်စားကြပါဘူး။ဒီရထားပေါ်မှာ ရှိသူအများစုဟာ အခြေခံ လက်လုပ်လက်စားသမားဖြစ်တဲ့အတွက် တော်ရုံ ရန်ပွဲလောက်ကို စိတ်ဝင်မစားနိုင်ကြပါဘူး။လည်ပင်းညှစ်ပြီး အကြိမ်းမောင်းခံရတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့ ရင်ထဲမှာတော့ နာကျည်းစိတ်၊ ရှက်ရွံ့စိတ်တွေနဲ့ ပြည့်နှက်နေတယ်။ဆယ်တန်းစာမေးပွဲပြီးတဲ့အချိန် ကိုယ့်အားကိုယ်ကိုးမယ်ဆိုတဲ့ စိတ်နဲ့ အလုပ်ဝင်လုပ်ခဲ့ပေမယ့် ၊ဒီလိုမျိုး ကူညီရာမဲ့စွာ အနိုင်ကျင့်ခံရမယ်လို့တော့ မျော်လင့်မထားမိခဲ့ပါဘူး။

0 comments:

Post a Comment

ညီသုတ ရဲ့ ပုံတူပန်းချီ (အပိုင်း ၁ )


၂၀၀၆ ခုနှစ် မေလထဲက ရက်တစ်ရက်မှာ Nyi Thuta ဖြစ်လာမယ့် ကောင်လေးတစ်ယောက် ရန်ကုန်ဘူတာကြီးမှာ ရထားထိုင်စောင့်နေပါတယ်။မြို့ပတ်ရထားက အချိန်ဇယားအတိုင်းဆို ၅ နာရီခွဲ ဆိုက်ရမှာပါ။ ဒါပေမယ့် ၅နာရီ မိနစ် ၄၀ လောက်ထိ ရောက်မလာသေးပါဘူး။ကောင်လေး က ရာဂဏန်းသာပေးရတဲ့ တန်ဖိုးနည်းစာအုပ်တစ်အုပ်တစ်အုပ်ကို ဖတ်ပြီး သူ့အချိန်တွေကို ဖြုန်းလိုပါတယ်။ ဒါပေမယ့်လည်း သူပင်ပန်းပြီဖြစ်တဲ့အတွက် လူတွေကိုငေးမောရင်းနဲ့ပဲ သူ့ရဲ့ညနေခင်း အချိန်ကို ဖြုန်းပစ်တာများပါတယ်။

0 comments:

Post a Comment

အပျင်းပြေ _ ၁၆

Yekkha Ye Jee's photo.

"သတိတရရေးတဲ့စာ / ညောင်ရမ်း၂၀၀၄" ... (အပျင်းပြေ _ ၁၆)

. . . "ညောင်ရမ်း" ဆိုတာ ကြားဘူးကြမှာပဲထင်တယ်။ မြန်မာရာဇဝင်ထဲမှာ 'ညောင်ရမ်းခေတ်' ဆိုပြီး ခေတ်တစ်ခေတ်ထူထောင်နိုင်ခဲ့တဲ့ တချိန်က မြို့ပြနိုင်ငံပေါ့။ ညောင်ရမ်းမင်းသား ဆိုလည်း ကြားဘူးကြမှာပါ။

0 comments:

Post a Comment

ကျွန်တော် ဒုတိယဂဠုန်ဦးစော မဖြစ်ချင်ခဲ့ပါ


စာဖတ်သူသို့ 
၂၀၁၅ခု၊ ဇူလိုင် ၁၃ ရက် Oriental News ဂျာနယ်၊ စာမျက်နှာအချပ်ပို D ပါ၊ ဆောင်းပါးရှင် ဒေါက်တာစစ်တင် (G.P) }ဧ။် ကျွန်တောင် နှင့် ဒေါ်အောင်ဆန်းစုကြည် ၅၊ ဒုတိယဂဠာုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းစဉ်ပါ ဆောင်းပါးနှင့် ပတ်သက်၍ အခင်းဖြစ်စဉ်၌ အဓိက ပါဝင်ခဲ့သူ ဗိုလ်ကြီးမြင့်ဦး(ငြိမ်း) က လူကိုင်တိုင်ဂျာနယ်တိုက်သို့ လာရောက်၍ ဖြစ်ရပ်မှန်ကို နှုတ်အားဖြင့်ရှင်းလင်းပြောပြသလို၊ အဆင်သင့်ရေးသားထားသည့် ဖြေရှင်းချက်ဆောင်းပါးတို တစ်ပိုဒ်ကိုလည်း အယ်ဒီတာအဖွဲ့လက်ဝယ်သို့ပေးဖို့လာခဲ့ပါသည်။

0 comments:

Post a Comment

ရင်နှင့်အမျှ



၂၀၀၅ ခုနှစ်၈လပိုင်းခန့်က ကရင်ပြည်နယ် ဘော်စဲခိုစစ်ဆင်ရေးဂွင်ထဲမှာ ကိုယ့်တပ်စုကရဲဘော်လေးနှစ်ယောက် မိုင်းထိပြီးခြေထောက်ပြတ်သွားလို့ အံတင်းတင်းကြိတ်ပြီးအားပေးခဲ့ဘူးတယ်၊ အပြန်လမ်း ကပ်ပယ်နဲ့ သံဘို ကြားခရီးတစ်ထောက်နားတော့ ထမ်းစင်နဲ့သယ်လာတဲ့ရဲဘော်လေးနေမင်းထွန်းက ဗိုလ်ကြီးရယ် ကျွန်တော့်ခြေထောက်နှစ်ဖက်လုံး မရှိတော့ဘူးပေါ့နော် ၊ကျွန်တော်အခုတစ်ကိုယ်လုံးအရမ်းကိုက်တာဘဲဗျာ ၊ကျွန်တော်တို့တိုင်းပြည်အတွက်ဒီလိုပေးဆပ်ခဲ့လို့ နိုင်ငံတော်ကဆုကြေးဘယ်လောက်ပေးမှာလဲဟင် ၊ရွာကအမေနဲ့ညီမလေးက ကျွန်တော့်ကိုမှီခိုနေရတာ ၊ကျွန်တော်သူတို့ကိုထောက်ပံ့ချင်လို့ပါဗိုလ်ကြီးရယ် လို့ပြောလာတဲ့အခါ ၊ သူတို့လေးတွေရမဲ့ငွေကြေးပမာဏကို ပြောမထွက်ခဲ့တဲ့ကျွန်တော် အသဲတွေကွဲမလိုဖြစ်ခဲ့ဘူးပါတယ်ဗျာ။

0 comments:

Post a Comment

ရွေးကောက်ပွဲမှာ မဲပေးဖို့ပါတီနှဲ့ ကိုယ်စားလှယ်ကို ဘယ်လို အကဲဖြတ်ကြ မလဲ

ကျွန်တော့်ရဲ့ The Myanmar Review ဂျာနယ် ၂၆-၆-၂၀၁၅ ရက်စွဲ အတွဲ(၁)  အမှတ်(၅၀)ပါ ဆောင်းပါးလေးပါ။ ရွေးကောက်ပွဲ မဲဆွယ်ကာလ နီးပြီမို့ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်။

0 comments:

Post a Comment

အမှားတွေ ထပ်ကာရယ်မဆင့်သင့်တော့ပါ

Htay Gyi's photo.
၁၉၅၄ ခုနှစ်အတွင်း ကမဲခေါင်မြစ်ဝကျွန်းပေါ်ဒေသကြီးမှာ ဗိုလ်ချုပ် ဒီကတ်စတာဦးစီးတဲ့ ပြင်သစ်
လီးဂျင်းတပ်သား ၁၄၀၀၀ ဟာ ပြင်သစ်သမိုင်းမှာရှက်ဖွယ်အကောင်းဆုံးသောရှုံးနိမ့်မှုကိုရင်ဆိုင်ခဲ့
ရတယ်။ ခေတ်မီလက်နက်တွေအလျံပယ် ထောက်ပံ့မှု လေ့ကျင့်မှု ပြောစရာမလိုတဲ့ကမ္ဘာမှာနာမည်ကြီးလှတဲ့ ပြင်သစ်လေထီး တပ်သားတွေလီးဂျင်းတပ်သားတွေဟာ ဒီဒိန်ဘင်ဖူးမှာ ဘာလို့ ရှက်ဖွယ် ရှုံးနိမ့်ခဲ့တာပါလဲ။ ဗီယက်နမ် ဗိုလ်ချုပ်ကြီးဗိုငုယင်ဂီယက်ရဲ့ စစ်ရေးစွမ်းရည် ဗီယက်နမ်စစ်သည်တွေရဲ့ မျိုးချစ်စိတ်ကို မပြောပဲ ပြင်သစ်တွေရဲ့ အမှားတွေကို အရင်ပြောရအောင်။

0 comments:

Post a Comment

ခြင်ဆေးခွေပေါ်မှာနားတဲ့ ခြင်



" ၀ီ ၀ီ ၀ီ .."
အဲဒီသတ္တ၀ါကို ကျွန်တော် တော်တော် အမြင်ကပ်လှပြီ။ သူအသက်ရှင်သန်ဖို့ သူရှာဖွေစားသောက်တာမှန်ပေမယ့် သူတပါးအသားနာ၊ ရောဂါအကူးဆက်ခံပြီးမှ ရှင်သန်နေတာက သိပ်ပြီး မဟုတ်လှပါဘူး။ ခက်တာက သူတို့တွေက မစဉ်းစားတတ်တဲ့ တိရစ္ဆာန်ကိုး။ ဒါကြောင့်လဲ ကိုယ့်အသက်တွေနဲ့ရင်းပြီး သူတို့ဘ၀ ရပ်တည်နေ နေကြတာ မဟုတ်လား။
ကြည့်လေ သူတို့ ဘ၀တွေ သူတပါးသွေးစုပ်ရင်း ဘယ်လောက်တောင် သေကြေခဲ့ ကြရပြီလဲလို့။

0 comments:

Post a Comment

ဟင်္သာကိုးသောင်းလွှတ်တော်နဲ့ မြန်မာ့နိုင်ငံရေး


0 comments:

Post a Comment

" တစ်ထစ်ခြင်း"



အထစ် ၄၀ မြောက်မှာ ရပ်လိုက်သည်။
အပေါ်ကြည့်တော့ တက်စရာ လှေကားထစ်တွေ ကျန်သေးသည်။ သူငယ်ချင်းတချို့ ပျော်ရွှင်စွာပြေးတက်ရင်း လှေကားထစ်များ ရေတွက်နေကြသည်။
အောက်ခြေဘက်ပြန်ကြည့်လိုက်တော့ ခရီးသည်တချို့ တက်လာဆဲ။
သက်ကြီးရွယ်အိုဘိုးဘွားများကို တွဲ၍တက်လာသူများ၊ မောပမ်း၍ ထိုင်နားနေသူများလဲ တွေ့ရသည်။
ကျွန်တော်တစ်ထစ်ခြင်း ဆက်တက်ခဲ့သည်။
ဘုရားရင်ပြင်ပေါ်ရောက်တော့ ရင်ထဲမှာကြည်လင်အေးချမ်းသွားသည်။ ခေါင်းလောင်းသံ၊ ဆည်းလည်းသံများ ကြားနေရသည်။

0 comments:

Post a Comment

အနီးကပ်လေကြောင်းပစ်ကူပေးတိုက်ခိုက်ခြင်း( Close Air Support)


စစ်နည်းဗျူဟာအရအနီးကပ်လေကြောင်းပစ်ကူပေးတိုက်ခိုက်ခြင်းဆိုသည်မှာ လေယာဉ်(သို့) တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် မိမိတို့၏ မြေပြင်(သို့)ရေကြောင်းတပ်ဖွဲ့များ နှင့်နီးကပ်စွာ ရင်ဆိုင်တိုက်ခိုက်နေသော ရန်သူ့တပ်ဖွဲ့ များအားဦးနှိမ်တိုက်ခိုက်ခြင်းပင်ဖြစ်သည်။

0 comments:

Post a Comment

စစ်သားဟောင်း နဲ့  NLD

Naingzar Myint's photo.
=================
တနေ့ က ဝင်းလုံခြုံရေးမှူးကတဆင့်
NLD အဖွဲ့ ဝင်တချို့  ကျနော့ကို လာအကြောင်းကြား ခွင့်တောင်းပါတယ်။ကျနော်တို့  သီရိမင်္ဂလာ 
ဥယာဉ်ထဲကို မဲစာရင်းစစ်ပေးချင်လို့ ဝင်ခွင့်ပေးပါတဲ့။ ကျနော် ဝမ်းပန်းတသာနဲ့ ဘဲ လာပါဗျာ ကောင်းတာပေါ့လို့ ပြောလိုက်ပါတယ်။

0 comments:

Post a Comment

ခွေးလက်ရေးယောက်ဖ



================

""မနေ့ ကရောက်တဲ့ ဗိုလ်မှူး မင်းမင်းထွန်း ဘယ်အခန်းမှာလဲဗျ""လို့  အဆင့်ဆင့်မေးရင်း
ကျနော် အခန်းတခုရှေ့ကို ရောက်လာခဲ့သည်။

3 comments:

Post a Comment

ကုန်းပေါ်မှာ ဇေယျ၊ ရေထဲမှာ အောင်ဘ


တစ်ရက် ရန်ကုန်ရောက်ခိုက် ဘဏ်၁ မှာ ပင်စင်သွားထုတ်ပါတယ်။ E card ကို ပေးပြီး ဒုမှူးကြီး ထွန်းဦး (စက်မှုလက်မှု) နဲ့ စကားပြောနေတုန်း ကျနော့် နာမည်ခေါ်တာနဲ့ counter ကို အသွားမှာ counter အဝမှာ လူကြီးတဦး ပိတ်ရပ်နေတာနဲ့ " ကျနော့် နာမည်ခေါ်လို့" ပါလို ခွင့်တောင်းပြီး ငွေလက်ခံ၊ ဘေးကပ်လျက်မှာ ငွေ ရေနေတုန်း counter မှ " ဗိုလ်မှူး အောင်ဘ" လို့ခေါ်လိုက်တဲ့အခါ ခုနက ပိတ်ရပ်နေသော လူကြီးမှ ငွေထုတ်နေတာတွေ့ပါတယ်။
ကျနော်နေနဲ့ ဗိုလ်မှူးအောင်ဘ လို့ ကြားလိုက်ရတာနဲ့ အံ့သြ ဝမ်းသာမိပါတယ်။ 

Navy သမိုင်းတလျောက်မှာ လူကြီးများ စကားဝိုင်းတွင် ဗိုလ်မှူးအောင်ဘ ဆိုသူမှာ လူဂွစာ၊ မှန်တယ်ထင်ရင် ဘာမဆို လုပ်ရဲသော၊ မကြောက်တတ်သော၊ မဟုတ်မခံ ၊ လူရမ်းကြီး တဦးဟု သမိုင်းတွင်ရစ်သူတဦး ဖြစ်ခဲ့ပါတယ်။
ကျနော်လည်း ကို့ကိုယ်ကို သွားရောက် မိတ်ဆက်ပြီး ရှေးဖြစ်ဟောင်းများ မေးနေမိပါတယ်။ ပုံပြင်ထဲမှာ သိရသောသူရဲကောင်းတဦးကို ပြင်ပမှာ တွေ့ခွင့်ရတဲ့ အတွက် အတိုင်းထက် လွန် ပီတိဖြစ်ရပါတယ်။ 


CO အကြောင်း fb မှာရေးမလို့ ပြောတော့ " မရေးနဲ့ကွ၊ ငါက လုပ်ချင်တာ လျှောက်လုပ်တာ" ဟု ပြောပါတယ်။
"ကုန်းပေါ်မှာ ဇေယျ၊ ရေထဲမှာအောင်ဘ" ဇတ်လမ်းကို မေးကြည့်သောအခါ " ဟ။ 402 နဲ့ကွာ။ငါတို့က ရေထဲမှာ ငါတို့အလုပ် ငါတို့လုပ်နေတာ လာပြီး ဆရာလာ လုပ်တော့ ဘော်ဖာ နဲ့ ထုပလိုက်ကောကွာ" တဲ့။
"ပေါ်တာလိုက်သွားတဲ့" ဇတ်လမ်း မေးကြည့်တော့ " ချစ်ဦး သင်္ချိုင်း သွားကြည့်ရင်း ဖားအံမှာ ပေါ်တာဆွဲ တော့ စောက်မင်ကတ်ပြီး လိုက်သွားတယ်ကွာ၊ ဟိုရောက်တော့ မေမြို့သားတယောက်က ငါ့ကိုမှတ်မိနေတော့ ဗိုလ်မှူး၊ ဆောရီး။ ဆိုပြီး ပြန်လွှတ်လိုက်တယ်ကွ။ ငါက မေမြို့၊ရေချမ်းအိုးသားကွ။ နာမည်ရင်းက ညိုရင်ကွ။ အခု ၈၃နှစ်ရှိပြီ။"။ ၈၃ ဆိုပေမယ့် မထင်လောက်စရာ သန်သန်စွမ်းစွမ်းကြီး။ ကျန်းကျန်းမာမာ။ ကျနော်က ပေါ်တာလိုက်တာ တောင်ပေါ်ထိ ပါသွားတာ ဟုတ်လား ဆိုတော့ မဟုတ်ပါဘူး၊စခန်းတင်ပါ လို့ပြောပါတယ်။ ပုံပြင်ထဲမှာ ကြားရသော ပေါ်တာခ မရမက တောင်းခဲ့တယ်ဆိုတာတော့ မမေးမိပါ။ သဲသောင်ဖွဖွမှာ စိန်ပြေးတမ်း ကစားခဲ့တာလည်း မမေးလိုက်ရပါ။


ကျနော်က အခု ဦးစီးချုပ် ရေ က နှစ်ပတ်လည် မိတ်ဆုံပွဲမှာ Senior ကြီးများ ဆုံစေချင်ပါတယ်။ အကို ဝင်းဆွေ နဲ့ အကို ကိုကိုနိုင် ကိစ္စပါ ပြောလိုက်ပြီး CO လိပ်စာကို ဌာနချုပ်မှူး ကိုမောင်ဦးလွင် ကို ကျနော်ပေးလိုက်ပါ့မယ် လို့ပြောတော့ သူ့လက်ရေးနဲ့ ကိုယ်တိုင်ရေးပေးလိုက်ပါတယ်။ ဒုမှူးကြီးထွန်းဦးမှ စိတ်ရှည်လက်ရှည် ဓာတ်ပုံ ရိုက်ပေးရှာပါတယ်။
ကျနော်တွေ့ ဘူးချင်သော ပုဂ္ဂိုလ်တဦးကို ထိုနေ့က မမျှော်လင့်ပဲ တိုက်ဆိုင်စွာ တွေ့မြင်စကားပြောဆိုခွင့် ရတဲ့အတွက် အဲဒီနေ့က ကျနော် အတော်ပင် ပျှော်ရွှင် ကျေနပ်နေမိပါသည်။



Kyi San 

0 comments:

Post a Comment

၅၀ သား ( သို့ မဟုတ် ) ငယ်သူငယ်ချင်းများရဲ့  ၄၃၆


Naingzar Myint's photo.

ခုတလော ဘယ်နေရာသွားသွားကြားနေရတာက အစိပ်သား ခေါ် ၂၅% ပြဿနာရယ် ၄၃၆ ကိစ္စရယ်။
ကြားရပါ များလာတော့ ကျနော်တို့ RASU ငယ်သူငယ်ချင်းများကြားက
အတိတ်အကြောင်း လေးတွေရယ် လက်ရှိခင်မင်မှုတွေရယ်ကို ပြန်ပြီးစဉ်းစားမိပါတော့တယ်။

0 comments:

Post a Comment

ထွေရာလေးပါးးးး တွေးမိသမျှလေး



၁၉၉၆ခုနှစ်လောက်က မဂ္ဂဇင်းတစ်စောင်မှာ (သုတပဒေသာ ဟု ထင်ပါသည်) ဖတ်ခဲ့ရတဲ့ စိတ်ဝင်စားစရာ သတင်းဆောင်းပါးတိုလေး တစ်ပုဒ်ရှိပါတယ်။အဲ့ဒါကတော့ တရုတ်အစိုးရက ၁၉၈၀ ခုနှစ်ဖွား တရုတ်ကလေးငယ် များထဲက သတ်မှတ်အရည်အချင်းများ ပြဌာန်းစီစစ်ပြီး ကလေးငယ် ၅သိန်းကို အပြီးသတ်ရွေးချယ်ပြီး ၁၉၈၅ ခုနှစ်ကစပြီး လေ့ကျင့်ပျိုးထောင်ပေးခဲ့ ပါတယ်တဲ့။ 

0 comments:

Post a Comment

မရှိချမ်းသာ ရှိချမ်းသာ



ဒီနေ့ အစိုးရ၀န်ထမ်းအဖြစ် ရရှိတဲ့ နောက်ဆုံးလစာလေးကို သွားထုတ်ဖြစ်ပါတယ်။ မိတ္ထီလာကနေ ဟင်္သာတမြို့၊ ကမ္ဘောဇဘဏ်ကို ပို့ပေးတာကြောင့် သွားရောက်ထုတ်ယူခြင်းပါ။ ကျွန်တော်တို့မြို့မှာ ပုဂ္ဂလိကဘဏ် မရှိတာကြောင့်ပေါ့လေ။

0 comments:

Post a Comment

Followers