" တစ်ဝက်သာယူသူတွေ "



“ ဘူ..ဘော်..”
ရထားကြီးရဲ့ ဥသြဆွဲသံကို ခုမှကြားရတော့တယ်။
ရထားစထွက်ကတည်းက အသံတွေ ဆူညံနေတာ။ ရထားပေါ်ရောက်နေတာလား။ နတ်ကန္နားပွဲ ရောက်နေတာလား မှားလောက်တယ်။
အလုပ်ကိစ္စရှိလို့ ရန်ကုန်ကနေ မန္တလေးကို မီးရထားနဲ့ ထွက်ခဲ့ခြင်းပါ။ ရထားထိုင်ခုံပေါ် ထိုင်ပြီး အေးအေးလူလူဖြစ်မှ ဘေးဘီကိုကြည့်မိတယ်။ တစ်ခုခုတော့လွှဲနေပြီ။ 
တစ်တွဲလုံးနီးပါး အခြောက်တွေ။ သူတို့အသံတွေက ဆူညံပွက်လောရိုက်နေတ်။ ဒီနေ့တော့ ရထားစီးမိတာ မှားပြီထင်တ်။ ကျွန်တော်ကလည်း ဒါတွေကို လုံးလုံးမျှကြည့်မရ။

0 comments:

Post a Comment

အတိတ်ကို ပြန်လည် တူးဆွခြင်း (၄)


8.1လူ့ဘဝက တော်တော်တော့ အံ့သြဖို့ ကောင်းတယ်ဗျ။ ထောက် လှမ်းရေးကို မရောက်ခင်က နိုင်ငံရေး ဆိုတာလည်း မသိခဲ့သလို နိုင်ငံရေး သမားတွေကိုလဲ မမြင်ဘူးခဲ့ပါဘူး။ စစ်တပ်ထဲဝင်လာကတည်းက ဘာ ရည်ရွယ်ချက်မှ ကြီးကြီးမားမား မရှိ ခဲ့သလို နိုင်ငံရေးနဲ့လည်း ပတ်သက် ရလိမ့်မယ်လို့ မထင်ခဲ့ဖူးဘူး။ ၁၉၈၇ ခုနှစ်မှာ DSA က ကျောင်းဆင်းတော့ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံရပြီး တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း တစ်ရင်းကို ရောက်ခဲ့ရတယ်။ ရှေ့ တန်းကတော့ ကျိုင်းတုံဒေသ။ အဲဒီ အချိန်တုန်းက ကျွန်တော်တို့ တပ်မ ရဲ့ ဦးတည်ရန်သူက ဗကပ (ဗမာပြည် ကွန်မြူနစ်ပါတီ) ပါ။ ဗကပကို ဘာကြောင့် တိုက်ရတယ်၊ ဘာ ကြောင့် ဦးတည်ရန်သူအဖြစ် သတ် မှတ်ထားရတယ်ဆိုတာတွေ မသိခဲ့ရိုး အမှန်ပါ။

0 comments:

Post a Comment

အတိတ်ကို ပြန်လည်တူးဆွခြင်း (၃)

အတိတ်ကို ပြန်လည်တူးဆွခြင်း (၃)
အတိတ်ကို ပြန်လည်တူးဆွခြင်း (၃)
ကျွန်တော် တပ်ထဲဝင်လာတဲ့ အကြောင်းလေး နည်းနည်းလောက် ရှင်းပြချင်ပါတယ်။ အမှန်က ခံယူချက် ကြီးကြီးမားမား ရှိလို့တော့ မဟုတ် ဘူးဗျ။ အဖေက ၁၉၇၂ ခုနှစ် ကျွန်တော် ခြောက်နှစ်သားအရွယ်မှာ တိုက်ပွဲကျသွားတယ်။ ဗိုလ်ကြီး အဆင့်နဲ့။ အဲဒီတုန်းက ကလောမှာ။ အဖေသေသွားတော့ ကျွန်တော်တို့ ရန်ကုန်ကို ပြောင်းလာခဲ့ကြတယ်။
အဖေ့ရဲ့ အဖေ ကျွန်တော်တို့ရဲ့ အဖိုးက အဖေမသေခင်က ဝယ်ပေး ထားတဲ့ အိမ်လေးတစ်လုံး ရှိတယ်။ အလုံမြို့နယ်မှာ။ အဲဒီမှာ နေကြ တယ်။ အဲဒီတုန်းက အမေက ၂၇ နှစ် ပဲ ရှိသေးတယ်။ ဘာမှလည်း မလုပ် တတ် မကိုင်တတ်နဲ့ ဆိုတော့ တော် တော်လေး ကသီခဲ့ရပါတယ်။
သိပ်မကြာခင်မှာ နိုင်ငံတော်က သိမ်ကြီးဈေး စီရုံမှာ ဆိုင်ခန်းလေး တစ်ခန်းချပေးတယ်။ အဲဒီ ဈေးကို အဲဒီတုန်းက တိုက်ပွဲကျမိသားစုတွေ တော်တော်များများ ပေးထားလို့ မုဆိုးမဈေးလို့လည်း ခေါ်ကြတယ်။
အဲဒီမှာ အမေက မုန့်မျိုးစုံ လက်လီ လက်ကားရောင်းတယ်။ မကြာခဏ အရင်းပြုတ်လိုက် အဖိုးက ပြန်ထုတ် ပေးလိုက်နဲ့ တော်တော်ကို ကြပ်ကြပ် တည်းတည်း နေခဲ့ရတာပေါ့။ ကျွန် တော်ကတော့ အငယ်ညီမ နှစ်ယောက် ကို ထိန်း။ ကျောင်းအတူတူ သွား။ ကျောင်းက ပြန်ရောက်ရင် အမေ့ဆီ လိုက်သွား။ အမေ့ကို ဝိုင်းကူ။ ဒီလို သာမန်ဘဝမှာ မုဆိုးမသားအဖြစ်နဲ့ သာမန်သာ နေခဲ့ရတာပါ။ ဘာခံယူ ချက်၊ ညာခံယူချက်မှ မရှိခဲ့ပါဘူး။ အဲဒီလိုနဲ့ ၁ဝ တန်း အောင်တယ်။ ဘာဂုဏ်ထူးမှ မပါပါဘူး။ သာမန်ပါ ဘဲ။

0 comments:

Post a Comment

စိမ့်ဝင်စီးမျောခြင်းများ (၂)



Kyaw Lin Nyein's photo.
Working hand in hand: Training & Cultural Exchange Programs
(အရပ်သားများအတွက် စစ်ဘက်မှ တံခါးဖွင့်ထားပေးခြင်း)

စစ်မှုထမ်းတွေ အရပ်ဘက်ပြောင်းရွှေ့လာကြတဲ့အခါပဲဖြစ်ဖြစ်၊ အရပ်ဘက်ကလူတွေ စစ်တပ်ဘက်မှ အတွေ့အကြုံရယူကြတာပဲဖြစ်ဖြစ်၊ အပြန်အလှန်ဖလှယ်မှုတွေအတွက် နှစ်ဘက်လုံးက တံခါးတွေဖွင့်ထားကြတာကို တွေ့ရတတ်ပါတယ်။

0 comments:

Post a Comment

စိမ့်ဝင်စီးမျောခြင်းများ (၁)





တစ်လောက စစ်မှုထမ်းများကို ကျန်းမာရေးဝန်ကြီးဌာနဘက်ကို ပြောင်းရွှေ့ခန့်အပ်တာနဲ့ ပတ်သက်ပြီးတော့ အရပ်သားဆရာဝန်တွေနဲ့ ကျန်းမာရေးဌာနက အခြားဝန်ထမ်းတွေအနေနဲ့ လက်မခံနိုင်တဲ့အကြောင်းကို ဖဲကြိုးအနက်ကင်ပိန်းတွေ လုပ်ပြီး ပြသကြတယ်။

0 comments:

Post a Comment

မြန်မာ့ ဒီမိုကရေစီ ၊ ကာလုံ နှင့် ဥပဒေပြုရေး မဏ္ဍိုင်


မြန်မာ့ ဒီမိုကရေစီ ၊ ကာလုံ နှင့် ဥပဒေပြုရေး မဏ္ဍိုင်
=========================
လက်ရှိ မြန်မာ့ နိုင်ငံရေး အခင်းအကျင်းတွင် …
တပ်မတော်၏ အဓိကဒေါက်တိုင်ကြီး နှစ်ခု ပါဝင်သည် …
ကာလုံ နှင့် တစ်မတ်သားတို့ ဖြစ်သည် …

0 comments:

Post a Comment

" အိမ်ပြန်ကြမယ် သူငယ်ချင်း "



အချိန်ရင်တော့ အိမ်ပြန်ကြရတာပါ သူငယ်ချင်း။ တို့တတွေ ဘယ်လိုခြေလှမ်းမျိုး၊ ဘယ်လို ခြေထောက် မျိုးတွေနဲ့ အိမ်အပြန်ခရီးကို ဘယ်လိုလျှောက်ကြမှာလဲ။

0 comments:

Post a Comment

အဖိုးတန်လူသားတစ်ဦး ဆုံးရှုံးလိုက်ရခြင်း



Seaman Nayminthu's photo.
မနက်စောစော ဖတ်လိုက်ရတဲ့သတင်းက စိတ်မချမ်းမြေ့စရာပါ။

၂၀၁၁ ဝန်းကျင် Facebook ပေါ်မှာ မိတ်ဆွေဖြစ်ခါစ သူ့အကောင့်နာမည် Naing Htoo Aung …
နောက်ပိုင်းတော့ ကိုသာပိုနဲ့ နိုင်ထူးအောင် တလှည့်စီပြောင်းနေရင်း ကိုသာပို မှာ ကျောက်ချသွားတယ်။

0 comments:

Post a Comment

" ဆိုရေးရှိက …(၂)"


( မှတ်တောင်ထားရဦးမဲ့ စကားများ.. )
--------------

တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်စဉ်ကာလက ကြုံခဲ့၊ ကြားခဲ့ရတဲ့ စကားတချို့ပေါ့။ မှတ်သားစရာ မဟုတ်ပေမင့် မှတ်တောင်ထားရဦးမယ်ဆိုတဲ့ စကားမျိုးတွေပါ။

0 comments:

Post a Comment

" ဆိုရေးရှိက …(၁)"



Maung Paing's photo.
( ဒါလားဟဲ့ ရဲဘော်စိတ် )
--------------
တပ်မတော်နဲ့ ပတ်သက်ပြီး ကိုယ်တွေ့ခံစားရတာလေးတွေ ရေးမလို့ပါ။ ရေးချင်နေတာတော့ ကြာပါပြီ။ သို့ပေမင့် ရေးသာရေးနေတယ် ဒါကဒါပဲ ဘာမှ သိပ်ထူးလှတယ်မဟုတ်တော့ မရေးပဲနေ နေတာပါ။ သို့သော်လည်းပေါ့လေ ဆီဖြစ်တာ မဖြစ်တာထက် နှမ်းစေ့တစ်စေ့ အရင် ကိုယ်က ဖြစ်ကြည့်လိုက်တာပါ။ ဒီလို နှမ်းစေ့တွေ ပေါင်းလာရင်တော့ ဆီဖြစ်ကောင်းပါရဲ့။

0 comments:

Post a Comment

အတိတ်ကို ပြန်လည်တူးဆွခြင်း (၂)


အတိတ်ကို ပြန်လည်တူးဆွခြင်း (၂)
အတိတ်ကို ပြန်လည်တူးဆွခြင်း (၂)
အမှန်အတိုင်းဝန်ခံရရင် အသက် ၁၆ နှစ်မှာ ၁ဝ တန်းအောင် DSA တက်၊ အသက် ၂၁ နှစ်မှာ ပြန်တမ်းဝင် အရာရှိဖြစ်ဆိုတော့ ပြင်ပစာပေတွေ နဲ့ ပတ်သက်ရင် ဝတ္ထု တွေလောက်ဘဲ ဖတ်ဖြစ်ခဲ့တာပါ။ နိုင်ငံရေးနဲ့ ပတ် သက်ရင် ဗဟုသုတတော်တော် အား နည်းခဲ့တာဆိုတော့ ဒီနိုင်ငံရေးဌာန ကို ရောက်ရောက်ချင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိသလိုဖြစ်စဉ် ဖြစ် ရပ်တွေမှာ ဘယ်ဟာကအမှန် ဘယ် ဟာက အမှားဆိုတာလည်း မဝေခွဲ တတ်ခဲ့ဘူး။
ထောက်လှမ်းရေးတာဝန်နဲ့ နိုင်ငံ ရေး ဘာဆိုင်လဲလို့ မေးချင်မေးကြ ပါလိမ့်မယ်။ ဒါ့အပြင် လက်ကိုင် တုတ်ဘဲ။ လူတွေဖမ်းပြီး နှိပ်စက် တတ်ရင် ရတာဘဲလို့ ပြောချင်လဲ ပြောကြမှာပေါ့။ တကယ်တန်းကျ တော့ တချို့ကိစ္စတွေဟာ ပုံကြီး ချဲ့တာလည်းပါသလို အောက်ခြေက အဖွဲ့တွေ လုပ်မှားကိုင်မှားနဲ့ နှိပ်စက် တာတွေလည်း ရှိမှာပါ။ ဒါတွေက တော့ အနီးကပ်ကွပ်ကဲတဲ့ တပ်မှူးနဲ့ အရာရှိတွေမှာ တာဝန်ရှိပါတယ်။
မူချပြီး နှိပ်စက်ဖို့ မြန်မာ့တပ်မတော် မှာ မူဝါဒမရှိသလို တပ်မတော်ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့တဲ့ တပ် မတော် ထောက်လှမ်းရေးမှာလည်း ခွင့်ပြုထားတာ မရှိပါဘူး။ ယခင်က လည်း ခွင့်မပြုခဲ့သလို ကြားသိရ သမျှ ယခုအချိန်အထိလည်း ခွင့်ပြုမထား ပါဘူး။ နောင်လည်း ခွင့်ပြုမှာ မဟုတ် ပါဘူး။ နှိပ်စက်ခံရရင် အကြံပေး လိုတာက တိုင်ပါ။ တပ်မတော်မှာ ကျိန်းသေပေါက် အရေးယူပါတယ်။

0 comments:

Post a Comment

အုပ်ချုပ်မှုနဲ့ ခေါင်းဆောင်မှု




ဗိုလ်လောင်းတုန်းက စနေ နေ့ညဆို ဟောပြောပွဲလုပ်တာရှိတယ်။ ဗိုလ်လောင်းတွေထဲကနေ အလှည့်ကျပြောရတာပေါ့ဗျာ။ ကျနော်ပြောမယ့်အလှည့်မှာ ဗိုလ်လောင်းအချင်းချင်း အပြစ်ပေးအုပ်ချုပ်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ပြောပါတယ်။အဲ့ဒီခေါင်းစဉ်ကို လိုအပ်တယ်ထင်လို့ တမင် ရွေးပြီး ပြောတာပါ။

0 comments:

Post a Comment

ညီသုတရဲ့ ပုံတူပန်းချီ (အပိုင်း ၆)





ရွှီ... ရွှီ... ရွှီ …..

ငှက်ဆိုးထိုးသံနဲ့တူတဲ့ ခရာသံရှည်ကြီးက ဆောင်းမနက်ခင်းကို ထိုးဖောက်ပြီး နားထဲဝင်လာတယ်။
"အိပ်ရာထမယ်.. ပြီးရင် တန်းစီကွင်းထဲမှာ တန်းစီမယ်" ကြံ့ခိုင်ရေးနည်းပြတွေရဲ့ အသံက နားထဲမှာ စီညံနေတယ်။ အလန့်တကြားသူက ထကြတယ်။ ညီသု တစ်ယောက်လည်း အိပ်ရာ သိမ်းရမလို၊ အဝတ်အစားလဲ ရမလိုနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။

0 comments:

Post a Comment

အတိတ်ကို ပြန်လည်တူးဆွခြင်း (၁)


အတိတ်ကိုပြန်ကြည့်ရင် စိတ် ဆင်းရဲစရာတွေ၊ စိတ်ချမ်းသာစရာ တွေ၊ လွမ်းမောဖွယ်ရာတွေ၊ ထိတ် လန့်စရာတွေနဲ့ ပြည့်နှက်နေမှာ အမှန်ပါပဲ။ တကယ်လည်း ကြုံတွေ့ ခဲ့ရတဲ့အဖြစ်တွေဆိုတော့ အတိတ် အကြောင်းပြန်ပြောကြရင် လူတိုင်း နီးပါး စိတ်ဝင်စားကြပါတယ်။ တချို့ က အတိတ်က အတွေ့အကြုံတွေကို တစ်စိတ်ကို တစ်အိတ်လုပ် ပြောတတ် ကြသလို တချို့က တစ်အိတ်ကို တစ်စိတ်မဟုတ်ဘဲ တစ်စေ့စာလောက် ပဲ ပြောတတ်ကြတာလည်း တွေ့ဖူး ကြမှာပါ။ တချို့ကတော့ လုံးဝကို ရေငုံနှုတ်ပိတ် နေကြတာတွေလည်း ရှိကြပါတယ်။

0 comments:

Post a Comment

ညီသုတ ရဲ့ ပုံတူ ပန်းချီ (အပိုင်း ၅)



စစ်တက္ကသိုလ်တက်ဖို့ အမေနဲ့အဒေါ်က ရန်ကုန်ဘူတာကြီးကို လိုက်ပို့ပါတယ်။တက္ကစီပေါ်မှာ ခပ်တည်တည် နဲ့ လိုက်လာတဲ့ ကောင်လေးနဲ့ အမျိုးသမီးတွေဟာ မိသားစုဝင်တွေလို့ မထင်ရလောက်အောင် သူတို့ကြားကဆက်ဆံရေးဟာ အေးစက်နေတယ်။

0 comments:

Post a Comment

စစ်သားတွေဖြစ်စေချင်တဲ့ တပ်မတော်




စစ်သားတွေဖြစ်စေချင်တဲ့ တပ်မတော်
ဦးကိုကိုကြီး(၈၈ မျိုးဆက်) ကပြောတယ်
တပ်မတော်ဟာ professional တပ်မတော် ဖြစ်သင့်တယ်တဲ့
မှန်တာပေါ့
ဖြစ်သင့်တာပေါ့
ကျွန်တော်တို့က ပိုတောင်ဖြစ်ချင်တယ်ဗျ။

0 comments:

Post a Comment

အမေရိကန်က စောင့်ကြည့်လေ့လာနေတဲ့ မြန်မာနဲ့ သီရီလင်္ကာ



http://thediplomat.com/wp-content/uploads/2015/07/thediplomat_2015-07-14_10-44-00-386x256.jpg

အမေရိကန်တွေ ကမ္ဘာ့မြေပုံကိုကြည့်လိုက်ရင် သီရီလင်္ကာဆိုတဲ့နိုင်ငံနဲ့ မြန်မာဆိုတဲ့နိုင်ငံကို ရှာကြည့်ရင် တော်တော်နဲ့မှ ရှာတွေ့ချင်မှတွေ့ပါလိမ့်မယ်။ ဒီနှစ်နိုင်ငံစလုံးက အသက်တမျှအရေးပါတဲ့ နိုင်ငံရေးစနစ်တစ်ခုလုံးပြုပြင်ပြောင်းလဲရေးလုပ်နေတာနဲ့ တစ်ပြိုင်နက် မမျှော်လင့်နိုင်တဲ့ ရလဒ်တွေက စောင့်စားနေတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။ 

0 comments:

Post a Comment

ညီသုတ ရဲ့ ပုံတူ ပန်းချီ (အပိုင်း ၄)


အမေက စစ်တက္ကသိုလ်ဝင်ခွင့် လျောက်လွှာတင်ဖို့ ပြောတဲ့အခါ သူက ငြင်းပါတယ်။အမေက ထပ်ခါ ထပ်ခါ တိုက်တွန်းတယ်။ သူကလည်း ထပ်ခါ ထပ်ခါ ငြင်းတယ်။အဲ့ဒီတုန်းက တပ်မတော်အရာရှိငယ်တစ်ယောက်ရဲ့ လစာဟာ တစ်သိန်းနှစ်သောင်းရပါတယ်။ လုပ်ငန်းခွင်စဝင်တဲ့ အင်ဂျင်နီယာငယ်တွေတောင် ၁ သိန်း ပြည့်အောင် မရတဲ့ အချိန်ပါ။လက်ရှိ ကျောက်ကွင်းစာရေး လုပ်နေတာလည်း လုပ်သက်သိပ်မကြာသေးတာရယ်၊ ဘွဲ့ရမဟုတ်တာရယ်ကြောင့် ၄ သောင်းခွဲပဲ ရပါတယ်။

0 comments:

Post a Comment

Followers