နိုင်ငံရေး စင်မြင့်မှသည်… စစ်တန်းလျားသို့ အပြန်… တပ်မတော်၏ လမ်းခုလတ် အခြေအနေ


၁၉၈၈ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး စစ်ရေးတည်ဆောက်လာသော မြန်မာ့တပ်မတော်သည် ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တစ်ပြိုင်နက် စစ်မျက်နှာဖွင့် တိုက်ခိုက်နိုင်ပြီဟု စစ်ရေးလေ့လာသူများ သုံးသပ်ခဲ့ကြသည်။ သို့သော် လောက်ကိုင်ဒေသ ကိုးကန့်စစ်ပွဲတွင် တပ်မတော်ဘက်မှ အကျအဆုံးများလာခြင်းကလည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။ ဓာတ်ပုံ- သက်ဦးမောင်
၁၉၈၈ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး စစ်ရေးတည်ဆောက်လာသော မြန်မာ့တပ်မတော်သည် ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တစ်ပြိုင်နက် စစ်မျက်နှာဖွင့် တိုက်ခိုက်နိုင်ပြီဟု စစ်ရေးလေ့လာသူများ သုံးသပ်ခဲ့ကြသည်။ သို့သော် လောက်ကိုင်ဒေသ ကိုးကန့်စစ်ပွဲတွင် တပ်မတော်ဘက်မှ အကျအဆုံးများလာခြင်းကလည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။
ဓာတ်ပုံ- သက်ဦးမောင်
တပ်မတော်သည် ဘယ်တော့ စစ်တန်းလျားသို့ ပြန်နိုင်မည်နည်း။

ဤအမေးအတွက် ပြီးခဲ့သည့် မတ်လ တတိယပတ်အတွင်း ပြုလုပ် ခဲ့သည့် သမ္မတဦးသိန်းစိန်နှင့် ဘီဘီ စီသတင်းဌာန၏ အင်တာဗျူးတွင် တပ်မတော်သည် မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍ၌ ဆက်လက်ပါဝင်ဦး မည်ဟု ဖြေကြားခဲ့သည်။ အဓိပ္ပာယ် က တပ်မတော်သည် စစ်တန်းလျား သို့ မပြန်နိုင်သေးဟူသည့် အဖြေပင် ဖြစ်သည်။

0 comments:

Post a Comment

အတိတ်ကို ပြန်လည်တူးဆွခြင်း (၈)


အတိတ်ကို ပြန်လည်တူးဆွခြင်း (၈)
အတိတ်ကို ပြန်လည်တူးဆွခြင်း (၈)
၁၉၉၁ ခုနှစ်မှာ ကျွန်တော်ဗိုလ်ကြီး အဆင့် ရာထူးတိုးပြီး ဗန်းမော် ထောက် လှမ်းရေးတပ်ကို ပြောင်းရတယ်။ အဲဒီ တုန်းက ဗန်းမော်က စည်စည်ကားကား မရှိသေးဘူး။ ခြောက်တိခြောက်ကပ် နဲ့။ ကျွန်တော်တို့ တာဝန်ယူရတဲ့ မြို့နယ်တွေက ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူနဲ့ မြို့သစ်မြို့နယ်တွေ။

0 comments:

Post a Comment

အတိတ်ကို ပြန်လည်တူးဆွခြင်း (၇)


6
၁၉၈၈ ခုနှစ် အရေးအခင်းအပြီး နောက်ပိုင်းမှာ တပ်တွေ အချိန်း အပြောင်း လုပ်ခဲ့သေးတယ်။ တပ်မ တွေရဲ့ ဌာနချုပ်တည်နေရာနဲ့ တပ် ရင်းတွေရဲ့ တည်နေရာကို လိုက်ပြီး ကွပ်ကဲမှု လွယ်ကူအောင် တပ်မလက် အောက်ခံတပ်တွေ အချိန်းအပြောင်း လုပ်တဲ့ သဘောပါ။ အဲဒီမှာ ကျွန် တော် တပ်မပြောင်းရဘဲ ကျွန်တော် တို့ တပ်က တပ်မ ၈၈ ကနေ တပ်မ ၆၆ လက်အောက်ခံတပ် ဖြစ်သွားပြီး ရှေ့တန်းစစ်ဆင်ရေး နယ်မြေက တော့ ကရင်ပြည်နယ် ဖြစ်သွား တယ်။ စစ်တိုက်ရတာချင်းတော့ တူပေမဲ့ သဘာဝကတော့ တော် တော် ကွဲတယ်။ ဗကပနဲ့ စစ်တိုက်ရင် ဗကပရဲ့ စစ်နည်းဗျူဟာအပေါ်မှာ မူတည်ရသလို ကရင်ပြည်နယ် ရောက်သွားတော့ ကေအင်န်ယူရဲ့ စစ်နည်းဗျူဟာအပေါ် မူတည်ပြီး စစ်ကစားရတယ်။ ဒါကတော့ ထုံးစံ ပါဘဲ။ နေရာဒေသနဲ့ သဘာဝအပေါ် မှာ မူတည်ပါတယ်။

0 comments:

Post a Comment

ပရမ်ခုဒုံ ညတိုက်ပွဲ . . .

Aung Nway Oo's photo.

ပြင်ဦးလွင် စစ်ဆေးရုံကြီး.တစ်နေရာ . . .ကျနော်ဘီးတပ်ထားတဲ့ထိုင်ခုံတစ်ခုပေါ်ထိုင်ရင်း
ရိုက်ခဲ့တဲ့ဓာတ်ပုံလေးက အတိတ်ကိုသတိရမိစေသည်
အချိန်ကာလမကြာခဲ့သေးတဲ့ ကျနော့်ရဲ့စစ်သားဘ၀ပုံရိပ်အချို့က
ထင်ထင်ရှားရှားမရှိလှတဲ့ သာမန်ကောက်ကြောင်းတစ်ခုလိုသာရှိနေခဲ့ပါသေးသည် . . .

0 comments:

Post a Comment

အတိတ်ကို ပြန်လည် တူးဆွခြင်း (၆)


အတိတ်ကို ပြန်လည် တူးဆွခြင်း (၆)
အတိတ်ကို ပြန်လည် တူးဆွခြင်း (၆)
အပိုင်း (၅) မှာ ဗကပနဲ့ ၈၈ အရေး အခင်းကို ပြီးပြတ်အောင်ရေး လိုပေမယ့် အတန်သင့် လိပ်ပတ်လည် စေလိုတဲ့အတွက် တစ်ပိုင်းထပ်တိုးခဲ့ တာကို သည်းခံဖတ်ပေးစေလိုပါတယ်။ အဲဒီလို ယူဂျီ စစ်ဆင်ရေးတွေအရ ဗကပတွေ အထိနာခဲ့တာ အမှန်ဘဲ။ တပိုင်းကလည်း ထိုအနာကို ယူဂျီ နည်းလမ်းအရ တုံ့ပြန်ခဲ့ရာမှာ ဆိုရှယ် လစ်အစိုးရအပေါ်မှာ ပြန်လည် သက် ရောက်မှု ရှိပါတယ်။ ပညာတတ်တွေ၊ အလားအလာ ရှိတဲ့ အရာရှိတွေ၊ အစိုးရ ရဲ့ အားနည်းချက်တွေကို ထောက်ပြ တတ်တဲ့သူတွေကို သူတို့ အာဏာ တည်ဖို့ မတရားဖမ်းဆီး အရေးယူခဲ့ တယ် ဆိုတဲ့ အသံတွေ ထွက်လာခဲ့တာ ကလည်း ယူဂျီနည်းလမ်းရဲ့ တုံ့ပြန်မှု လို့ ဆိုရပါမယ်။

0 comments:

Post a Comment

စံပေတံမှလွန်မြောက်ခြင်း


၂ဝ၁၄ ခုနှစ် ပြည်သူ့တပ်မတော်စာစဉ် ဝတ္ထုတိုပြိုင်ပွဲ ပထမဆုရ စာမူ

၁-၁၁-၂၀၁၁ 

တိုင်းအောင်စစ်ဆင်ရေးအမည်ဖြင့် ကချင်ပြည်နယ်သို့ထွက်ရမည့်အကြောင်းသားက လှမ်းသတင်းပို့ သည်။ မဆန်းပါ။ မိုးစွေတွင် လေ့ကျင့်မှုများအကြီးအကျယ် လုပ်နေကတည်းက သဘောပေါက်၏။ သား အမေသည်လည်း တပ်မတော်သား(အငြိမ်းစား)ဇနီးမယားတစ်ယောက်ပီပီ ခံနိုင်ရည်ရှိလိမ့်မည်ဟု ထင်ပါသည်။ 

0 comments:

Post a Comment

ငှက်ကလေး



(၁)
ပြန်ရမည်။ ငှက်ကလေး အတောင်ကုန် အားကုန်ထုတ်၍ ပျံသန်းရမည်။ ဟိုးအဝေး စိမ်းညှို့ညှို့ဆီသို့ ပြန်ရမည်။ အတောင်တွေကို ဖြန့်လိုက်သည်။ ဆတ်ခနဲ ငှက်ကလေးကိုယ်ခန္ဓာက တုန်သွားသည်။
" ကျိ ကျိ ကျိ "
အတောင်ဖြန့်လေ ခန္ဓာက နာကျင်လေဖြစ်နေပြီ။ ဒီလို ဒဏ်ရာနှင့် အဘယ်သို့ ပျံသန်းပြီး ပြန်ရမည် နည်း။ အားကိုတင်းရင်း အတောင်ကိုထပ်ဖြန့်သည်။
" ကျိ ကျိ ကျိ ကျိ "
နားမှရတော့မည်။ ခွန်အားမွေးမှရတော့မည်။ ပျံသန်းနိုင်ဖို့ ဟိုးအဝေးကို ပြန်ရောက်နိုင်ဖို့ ငှက်ကလေး နားရတော့မည်။

0 comments:

Post a Comment

နဂါး တို့အားစွန့်ခွာခြင်း


၁၉၄၈ လွတ်လပ်ရေးနဲ့အတူပေါက်ဖွားလာတဲ့တပ်မတော် ဟာ လါတ်လပ်ရေးရဲ့ဘေးထွက်ဆိုးကျိုး ပြည်တွင်းသောင်းကျန်းမှု ကိုရှိစုမဲ့စု အင်အားလေးနဲ့၇င်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။
လွတ်လပ်ပြီးစတပ်မတော်ဟာ စစ်ကျန်လက်နက်တွေ ဒေသန္တရ နည်းလမ်းနဲ့တီထွင်ထားတဲ့လက်ဖြစ်လက်နက်တွေ အိန္ဒိယနိုင်ငံမှထောက်ပံ့သောလက်နက်ခဲယမ်းအချို့နဲ့ အင်အားအဆမတန်ကြီးမားသော ရောင်စုံလက်နက်ကိုင်များကို ရင်ဆိုင်ခဲ့ကြရပါတယ်။

0 comments:

Post a Comment

အညာဒေသအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေမည့် ပထမဆုံး ခြေလှမ်းငယ် (အပိုင်း၂)

NayHtet HtetAung's photo.
ထန်းကို အခွန်ကောက်ရန်အတွက် အင်္ဂလိပ်အစိုးရဟာ စစ်တမ်းကောက်ယူ သုတေသနပြု ကာ Seltlement Report များစွာကို ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံ အနှံ့ ထန်းတောများမှ ထန်းပင်စာရင်းကို အရေအတွက် အတိအကျ ၊အဖိုပင် အမပင် ခွဲခြားပြီး စစ်တမ်း ကောက်ယူခဲ့ပါတယ်။ အဖိုပင် ဆိုလျှင် အဖိုသင်္ကေတ၊ အမပင်ဆိုလျှင် အမ သင်္ကေတဖြင့် ထန်းပင်ပေါ်တွင် ထုံးဖြင့်ရေးဆွဲ စေခဲ့ပါသည်။ နောက် ၃နှစ်ကြာမှ ထန်းရည်ထွက်မည့် အပင်ဆိုလျှင် သင်္ကေတ ဆိုင်းရဲ့ အောက်မှာ ဘားတစ်ကြောင်း တားခဲ့ပါတယ်။၃နှစ်နေရင် အထွက်လျော့တော့မယ့် အပင်တွေကိုတော့ သင်္ကေတ ဆိုင်းရဲ့ အထက်မှာ ဘားတစ်ကြောင်း တားပါတယ်။ ကမ္ဘာကိုရက်ရက်စက်စက်သိမ်းပိုက်ပြီး စနစ်တကျ သေချာပြင်ဆင်ပြီး အုပ်ချုပ်စီမံခန့်ခွဲ တတ်တဲ့ အင်္ဂလိပ်တွေရဲ့ ပညာရပ်နှင့် အသိဥာဏ်ကိုတော့ တကယ်ကို အသိအမှတ်ပြု ချီးကျူးမိပါတယ်(အမေကျော် ဒွေးတော်လွမ်းချင်း မဟုတ်ပါ။)

2 comments:

Post a Comment

အညာဒေသအား ဘက်စုံဖွင့်ဖြိုးတိုးတက်စေမည့် ပထမဆုံး ခြေလှမ်းငယ် အပိုင်း(၁)


ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုတာ ဘာလဲ???
ကျွန်မတို့ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ဘယ်လိုတိုက်ဖျက်ကြမှာလဲ???
မြန်မာနိုင်ငံရဲ့ ၇၀%သော ကျေးလက်နေ ပြည်သူတွေရဲ့ ဘဝကို မြင့်မားတိုးတက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ Rural Development ဆိုတာကို မဖော်ဆောင်ပေးနိုင်ဘဲ ချေးငွေလေး မဖြစ်စလောက်ထုတ်ပေးနေရုံနဲ့လည်း ဆင်းရဲမွဲတေမှု ပပျောက်အောင် လုပ်လို့မရနိုင်သလို ဖွံ့ဖြိုးတိုးတက် ကြီးပွားချမ်းသာတဲ့ ခေတ်မီနိုင်ငံတော်ကြီးကိုလည်း တည်ဆောက်လို့ မရနိုင်ပါဘူး။

1 comments:

Post a Comment

မြန်မာ့တပ်မတော်(ရေ)အတွက် မြန်နှုန်းမြင့်ရေယာဉ်ငယ်



မြန်မာ့တပ်မတော် ( ရေ ) အတွက်အသစ်ထပ်မံ
ဖြည့်တင်းလိုက်သည့်မြန်နှုန်းမြင့်ရေယာဉ်ငယ်
##################

အမျိုးအစား
**********
Super Dvora Mark III Class ( FAC )
ဘက်စုံသုံးကင်းလှည့်ရေယာဉ်ငယ်

0 comments:

Post a Comment

အောက်ပါမေးခွန်းများကို ဒီချုပ်ဖြေဆိုပါ



ဧပြီလ ၂၉ ရက် မွန်းလွဲ  ၂  နာရီခန့်က ရန်ကုန်မြို့တော်ခန်းမအနီး၌ တည်ရှိသော ဟိုတယ်တစ်ခုတွင် မန္တလေးသား ဗျူးဆရာနှစ်ဦး၏အင်တာဗျူး  စာအုပ်ကောင်းဟု  ဆိုနိုင်သည့် ‘မြန်မာ့နိုင်ငံရေး ပဋိညာဉ် ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းနှင့် ၂ဝ၁၅ အလားအလာ’ ဟူသော စာအုပ်မိတ်ဆက်ပွဲ ကျင်းပခဲ့သည်။
အဆိုပါစာအုပ်က နိုင်ငံရေးပညာရှင် လာရီဒိုင်းမွန်း (အချိုးကျ မဲပေးစနစ်ကို  Promote  လုပ်သူ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်  အမေရိကန်သို့ သွားရောက်လည်ပတ်စဉ်ဝင်ရောက်တွေ့ဆုံခဲ့သူ၊  ဆရာမင်းဇင် ၏ ဆရာအဖြစ်လည်း လူသိများသူ)၊ Soldiers  and  Diplomacy in Burma စာအုပ်ကို ရေးသားသူ လယ်ရီ ဂျာဂင်နှင့်  မြန်မာ့ရေးရာ  ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသည့်ဆွီဒင်စာနယ်ဇင်းဆရာ ဘာတီ လင့်တနာတို့ကို မြန်မာ့ရေးရာ အဖြာဖြာနှင့်ပတ်သက်ပြီး မန္တလေးသား ဗျူးဆရာနှစ်ဦးက စူးစူးရှရှ တွေ့ဆုံမေး မြန်းထားသည့် စာအုပ်ဖြစ်သည်။ အကြောင်းအရာက မြန်မာ့နိုင်ငံရေး အနာဂတ်ကို သူ့အမြင်၊ ကိုယ့်အမြင်မှန်း ဆတွက်ချက်ပြခြင်း ဖြစ်သည်။ စကားလုံးတစ်လုံးတည်းဖြင့် ပြောရလျှင် ‘မြန်မာ့နိုင်ငံရေး ဟောကိန်းများ’  ဟုသတ်မှတ်နိုင်သည်။ အဆိုပါဟောကိန်းများတွင် ထိပ်သီးခေါင်းဆောင် လေးဦး၊ အာဏာရပါတီ၊ အတိုက်အခံ ပါတီ၊  တပ်မတော်၊  တိုင်းရင်းသားလက်နက်ကိုင်  အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး စူးရှထက်မြက်သော သုံးသပ်ချက်များ ပါဝင်သည်။ ထို့အပြင် ထိုစာအုပ်ထဲ၌ နောင်ရွေးကောက်ပွဲ သက်တမ်းတွင်တစ်ကြိုပြေး နေသည့်  အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပတ်သက်သော ထင်မြင်သုံးသပ်ချက်များက စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်နေသည်။
အဆိုပါစာအုပ်ထဲတွင်  ပါရှိသောအကြောင်းအရာများနှင့် ပြင်ပတွင် ဖြစ်ပေါ်နေသော  အသံများအရ  ဒီချုပ်ကို မေးစရာမေးခွန်းများ ရှိလာပေသည်။
ဒီချုပ်နှင့် ဟောကိန်းများ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်  အတိတ်တွင်  သမိုင်းပေးတာဝန်ကို ကျေပွန်ခဲ့သည့် ပါတီကြီး တစ်ခု၊ သို့မဟုတ် ၎င်းတို့၏ ပေးဆပ်မှု၊ အနစ်နာခံမှု၊ တာဝန်ကျေပွန်မှုတို့နှင့်ပတ်သက်လျှင် မေးခွန်းထုတ်စရာ မလို၊ သံသယရှိစရာမလိုသော ပါတီကြီးတစ်ခု ဖြစ်ပေသည်။ ထိုသို့သော နိုင်ငံရေးပါတီကြီးတစ်ခုအနေဖြင့်  နိုင်ငံ၏ အနာဂတ်အပေါ် ထည့်ဝင်သယ်ပိုးနိုင်သည့်  ‘အား’  နှင့်  ‘ဇ’  တို့ကိုလည်း သံသယမြူမှုန် တစ်စက်မျှ  မရှိလောက်အောင်ပင် ဖြစ်သည်။
အသို့ဆိုလျှင်  ဒီချုပ်၏  အနာဂတ်သည် အဘယ်နည်း။ အတိတ်ဖြစ်စဉ်နှင့် မျက်မှောက်ကာလ အခြေအနေများပေါ် မူတည်ပြီး ဒီချုပ်၏အလားအလာကို သုံးသပ်သည်များကလည်း ရှိသည်။
”ဒီချုပ်တွင် အကြီးမားဆုံးသောအားနည်းချက်မှာ စီးပွားရေးဖြစ်ပြီးပါတီ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ပြန်လည်ပြင်ဆင်၊ ပြန်လည်တည်ဆောက်ရေးသည် အလွန်အရေးကြီးသောမစ်ရှင်ဖြစ်သည်” ဟူ၍ ဖော်ပြ ထားသည်။ (စာ-၁၃)
ခေါင်းဆောင်ကြီးတစ်ဦးအပေါ် မှီခိုလွန်းခြင်းသည် လတ်တလော၌အဆင်ပြေနိုင်သော်လည်း    ရေရှည် တွင် ကောင်းကျိုးထက် ဆိုးကျိုးကပိုများလိမ့်မည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းကလည်း သုံးသပ်နေကြသည်။
”ထို့ပြင်  ဒီချုပ်ကို  ဝန်းရံအားဖြည့်သည့်  လူတန်းစားနှင့်  အဖွဲ့အစည်းတို့တွင် ပညာရှင်များ၊ အထူး ကျွမ်းကျင်သူများ၊ တတ်သိပညာရှင်များသည်လည်း အားရလောက်သော အနေအထားတစ်ခုအထိ မရောက် သေး။ ရှိနေသည့် အနေအထားနှင့်ပင် ပညာရှင်တို့နှင့် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတို့၏ အကြံဉာဏ်၊ တိုက်တွန်းချက်များကို  ထည့်သွင်းစဉ်းစားဆောင်ရွက်သည့်  လုပ်ငန်းစဉ်ကလည်း  ကင်းမဲ့နေ သယောင်ဖြစ် နေသည်။  အကယ်၍သာထိုသို့သော  အခြေအနေမျိုးသည်  ဒီချုပ်တွင် အနု သို့မဟုတ် အရင့်လိုက်ဖြစ်ပေါ် နေပါက  စိုးရိမ်ပူပန်စရာ  အနေအထားပင်ဖြစ်သည်။ (စာ-၁၄)
တစ်ဖန်  ဒီချုပ်တွင်  တိုင်းပြည်ကိုမင်းလုပ် အုပ်ချုပ် စီမံခန့်ခွဲနိုင်မည့်အုပ်ချုပ်ရေးသမားကောင်း လောင်း လျာများကလည်း အလွန်တရာချို့တဲ့လှသည်ဟု  သတင်းကလည်း  ပြေးနေသည်။ ထိုသို့ဖြစ်ရခြင်းက ဖြတ် သန်းခဲ့ရသော သမိုင်းခရီးကြမ်းကြောင့်ဟု ဆိုနိုင်သလို ပါတီ၏ လူ့စွမ်းအား အရင်းအမြစ်တို့သည် ဘဝ တက္ကသိုလ်ဖြစ်သည့် နရသိန်တွင် ၎င်းတို့၏ နုပျိုအဖိုးတန်လှသောအရွယ်ကို  ကုန်လွန်ပေးဆပ်ခဲ့ရသည့်  အခြေအနေကြောင့်လည်း အုပ်ချုပ်ရေးနယ်ပယ်တွင်  ပိုင်ပိုင်နိုင်နိုင်  နေရာယူရမည့် လူ့အင်အားနှင့် အရည် အချင်းတို့သည်  လက်ရှိအနေအထားအထိ အဆင်သင့် မရှိလှဟု ယူသော် ရမည်ထင်သည်။ တစ်သက်တာ ပတ်လုံး အတိုက်အခံလမ်းကြောင်းနှင့် တော်လှန်ရေးဖြစ်စဉ်တို့ကို ဖြတ်သန်းလာရသည့်အတွက် အုပ်ချုပ် ရေးသည် နိုင်ငံရေးသမားများနှင့်လားလားမျှ မဆိုင်ဟူသော ယုံမှားစွဲလမ်းသည့် စိတ်အခံများကလည်း  ရှိနေသည်ဟု ယူဆရပေမည်။
”အုပ်ချုပ်ရေးပိုင်းတွင် လုံလောက်သော လူအင်အားနှင့် အရည်အချင်းများ ဒီချုပ်တွင် မရှိလျှင်၊ အဆင်သင့်မရှိခဲ့လျှင် ၂ဝ၁၅ နှောင်းပိုင်းတွင်ဒီချုပ်သည်  ညွန့်ပေါင်းအစိုးရ  ဖွဲ့စည်းရဖွယ်ရှိသည်”  ဟု ဖော်ပြထားသည်။ (စာ-၂၅)
ဒီချုပ်ဖြေပါ
ဒီချုပ်သည် အာဏာရပါတီဖြစ်လာပါက နိုင်ငံ၏ ပဓာနပြဿနာရပ်များကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်း မည်နည်းဟူသော မေးခွန်းများကလည်း  ရှိနေသည်။  တစ်နည်းအားဖြင့်ဆိုရလျှင် အောက်ပါ မေးခွန်းများကို ဒီချုပ်ဖြေဆိုပါဟူ၍ ဖြစ်သည်။
(၁) နိုင်ငံ၏ အနောက်ဘက်ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောလူမှုအုပ်စုနှစ်ခု၏ နက်ရှိုင်းကျယ်ပြန့် လှသော ပဋိပက္ခကို မည်ကဲ့သို့ဖြေရှင်းမည်နည်း။ အတိမ်းအစောင်းလုံးဝမခံသည့် ပြဿနာကို ဒီချုပ်သည် လက်ရှိအာဏာရပါတီကဲ့သို့ပင် ရှေ့ဆက်စခန်းသွားမည်လော။
(၂) လိုင်ဇာအရေးနှင့် ပတ်သက်ပြီး ဒီချုပ်သည် မည်သို့သဘောထားကျင့်သုံးမည်နည်း။ အပစ်အခတ် ရပ်စဲရေးကို ရှေ့တန်းတင် ဆွေးနွေးမည်လော၊ နိုင်ငံရေးဒိုင်ယာလော့ခ်ကိုရှေ့တန်းတင်မည်လော၊ ရွေးချယ် စရာ နှစ်ခုစလုံးသည် ဘေးကျပ်နံကျပ်များဖြစ်သည့်အတွက် မည်သို့ဖြေရှင်းမည်နည်း။
(၃) လက်နက်ကိုင် အင်အား ၃ဝ,ဝဝဝ ကျော် ရှိသည့် ‘ဝ’ ဒေသ၏ အနေအထားကို ရှိမြဲအတိုင်းထား မည်လား။ သို့တည်းမဟုတ် ၎င်းတို့တောင်းဆိုသည့် ပြည်နယ်အရေးကိုမည်သို့မည်ပုံ စဉ်းစားဖြေရှင်းမည်နည်း။
(၄) မြစ်ဆုံကို အပြီးအပိုင် ရပ်စဲပစ်မည်လော၊ သို့မဟုတ် လက်ရှိသမ္မတ၏ ဆုံးဖြတ်ချက်အတိုင်း မိမိ တို့အစိုးရလက်ထက်တွင်လည်း ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ကြေညာမည်လော။
(၅)  လယ်ယာမြေ ပြဿနာ၊ အကျင့်ပျက် ခြစားမှု သို့မဟုတ်လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေးတို့တွင် ဒီချုပ်အနေဖြင့် မည်သို့သော အံ့သြဘနန်းဖြစ်ဖွယ်ကောင်းသည့် မဟာဗျူဟာ များ၊ စီမံဆောင်ရွက်ချက်များဖြင့် ဖြေရှင်းမည်နည်း။
(၆) တိုင်းရင်းသားပါတီများနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ယုံကြည်မှုအပြည့် အဝ ရနေပြီလော။ ယခုထိတိုင် ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးတွင်လည်းကောင်း၊  ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်းကောင်း လောက်လောက်လားလား စီမံဆောင်ရွက်သည့် ခြေလှမ်းများ၊ ဆွေးနွေးမှုများမတွေ့ရသေးဟု ထင်ပါသည်။ ဒီချုပ်ဥက္ကဋ္ဌနှင့် ဒီချုပ်ပါတီသည်ပြည်ထောင်စု စနစ်တည်ဆောက် ရေး အတွက် ခိုင်မာသောအာမခံချက်ကို တိုင်းရင်းသား  အင်အားစုအသီးသီးအား  မပေးနိုင်သမျှကာလ ပတ်လုံး မိမိတို့ မျှော်လင့်ရသော အဖြေမျိုး၊ အခြေအနေမျိုးကို  မမျှော်လင့်အပ်ဟု  ထင်ပါသည်။
(၇) ရွေးကောက်ပွဲအပြီး နှစ်ပေါင်း  ၂ဝ  ကာလအထိ  ရည်မှန်းထားသည့် Game Plan ကို မည်သို့သောအစီအမံ၊ အစီအရင်များဖြင့် ရုန်းထွက် ချေဖျက်မည်နည်း။ ထပ်မံသတိပြုရန်မှာ အဆိုပါ Game Plan သည်  အချိန်ကာလနှင့်အညီ Update လုပ်ထားခြင်းပင်ဖြစ်သည်။ ပွင့်လင်းလာသော အခင်းအကျင်း သစ်တွင် မူလဘူတ အစီအမံများထက်ပင် သေသပ်ခမ်းနားသော Game Plan များ အသစ်အသစ်များထွက်ပေါ် လာခဲ့လျှင် မည်ကဲ့သို့ဆန်တက်မည်နည်း။
နိဂုံး
လက်ရှိကာလတွင် ဒီချုပ်သည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထိပ်တန်းဦးစားပေး နံပါတ် (၁) အဖြစ် ခံယူပြီး လှုပ်ရှားဆောင်ရွက်နေသည်ကို တွေ့နေရသည်။ ဒီချုပ်အနေဖြင့် မျက်နှာစာသုံးခုကို မပြတ် မလပ် သတိပြုဖို့ လိုအပ်ပါလိမ့်မည်။ ထိုသုံးခုမှာ  တပ်၊  ပြည်သူနှင့်  တိုင်းရင်းသားအင်အားစုတို့ ဖြစ်ပေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်၏ ထောက်ခံမှု လိုသည်။ ရွေးကောက်ပွဲအောင်နိုင်ရေးတွင်  လူထု၏  ထောက်ခံမှုလိုသည်။  မြန်မာ့နိုင်ငံရေးပြဿနာအခေါင်အချုပ်ကိုဖြေရှင်းနိုင်ရန် တိုင်းရင်းသားအင်အား စုအသီးသီး၏ ထောက်ခံမှု လိုအပ်သည်။
အတိတ်တွင်  ခေတ်က  ထမ်းတင်ပေးလိုက်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် နိုင်ငံရေး ပါတီတစ်ခုအနေဖြင့် သမိုင်းတွင်ရစ်လောက်အောင် ကြီးမားပြင်းထန်မည့် စိန်ခေါ်မှုများ၊ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်လားဟူသော  မေးခွန်းက  မင်းလောင်းပါတီအတွက် တပ်လှန့်သံ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။
ရည်ညွှန်း။ ။ ဝင်းမောင်ဖေ၊ မြန်မာ့နိုင်ငံရေး ပဋိညာဉ် ပြုပြင်ပြောင်းလဲရေးရေစီးကြောင်းနှင့်  ၂ဝ၁၅ အလားအလာ။ ရန်ကုန်၊ Myanmar Identity စာပေ၊ ၂ဝ၁၄။

ကိုဇန်

http://www.thetradetimesmedia.com/?p=4875 မှ ကူးယူဖော်ပြပါသည်။ 

0 comments:

Post a Comment

စစ်သားတယောက်ကို- မျက်ရည်ကျစေသော...



Khun Saing's photo.
photo credit to.... The Guardian UK
.
ကျွန်တော် ခုတပတ်စနေနေ့က မိတ်ဆွေအီရတ်တယောက်အိမ်ကို ညနေစာ စားဘို့ရောက်ခဲ့ပါတယ်။ သူက ဆဒန်ဟူစိန်လက်ထက်မှာ စစ်မှုထမ်းခဲ့ဖူးတယ်။ နောက်ပိုင်း အင်္ဂလန်ရောက်မလာခင် ရူပဗေဒ ဘာသာရပ် သင်ပြတဲ့ ဆရာလုပ်ခဲ့တယ်လို့သူပြောပါတယ်။ ခုရက်ထဲ သူတခုခုပြောချင်တာပြောဖို့-စကားပြောဖက် လိုနေသလားတော့မသိပါဘူး။အရင်အပတ်ကတည်းကလှမ်းဖိတ်သေးတယ်။ ကျွန်တော်ကမအားတော့ မလာနိုင်သေးဘူး လို့ငြင်းလိုက်မိတာ ခု ထပ်ဖိတ်ပြန် တာနဲ့ ကျွန်တော်တို့မိသားစုသွားလိုက်ကြတာပါ။
ကျွန်တော်တို့ ၂ယောက်ပြောမှာတွေ သားတော်မောင်က စိတ်မ၀င်စားပါ။ ရောက်တာနဲ့ တိုက်ခန်းတွေအလည်ခေါင်ကွက်လပ်က ခလေးကစားကွင်းကိုမျက်စိကျသွားပြီ။ သူ့အမေကိုခေါ်ပြီး ထွက်သွားကစားနေလိုက်ကြပါတယ်။

0 comments:

Post a Comment

အိန္ဒိယတပ်မတော်စစ်မှုထမ်းဟောင်းများ၏ ပြန်လည်နေရာချ ထားရေးအစီအစဉ်



Yan Naing Soe's photo.

(Myanmar Review ဂျာနယ်မှာဖော်ပြထားပါတယ်)

စစ်မှုထမ်းဟောင်းများ ပြန်လည်နေရာချထားရေး အစီအစဉ်မှာ မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံတစ်ခု၏ လူမှုရေးတာဝန်တစ်ရပ်ဖြစ်ပြီး အစိုးရ၊ တပ်မတော်နှင့် အလုပ်အကိုင်ပေးမည့်အဖွဲ့အစည်း များက ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ စစ်မှုထမ်းဟောင်းများအနေဖြင့် လုပ်သက် ပြည့်၍သော်လည်းကောင်း၊ အခြားအကြောင်းတစ်ခုကြောင့်သော်လည်းကောင်း စစ်မှုထမ်းဆောင်ခြင်းမှ အငြိမ်းစားယူ/နှုတ်ထွက်ခဲ့ရပါက မပြီးဆုံးနိုင်သေးသော မိသားစုတာဝန်များကိုလည်း ဆက်လက် ထမ်းဆောင်ရဦးမည်ဖြစ်သည်။

0 comments:

Post a Comment

မရဲ တရဲ ရဲ


Zeya Thu's photo.

ရဲနှစ်ယောက် ဓားထိုးခံ သေရတယ်။ ရုပ်ရှင်တွေထဲ ကြည့်ဖူးတာတော့ ရဲသေရင် ရဲတပ်ဖွဲ့က စစ်ဆင်ရေး သဲကြီးမဲကြီး လုပ်တာပဲ။ လူဆိုးအချင်းချင်း ဘယ်လောက်သတ်သတ် ဂရုစိုက်ချင်မှ စိုက်မယ်၊ ရဲသေရင်ကတော့ မရဘူး မြေလှန်ပစ်တာ။ ရဲသတ်တဲ့လူကို ဖမ်းတာလောက်နဲ့လဲ ရပ်မနေဘူး၊ နောင်ဒါမျိုး မဖြစ်အောင် အစီအမံတွေ လုပ်ကြတယ်။ “ရဲ” တောင် မလုံခြုံရင် “ရဲ” က ကာကွယ်မယ်ဆိုတဲ့ ပြည်သူဆို ဘယ်ချောင်မှာ ပုန်းနေရမလဲ။

0 comments:

Post a Comment

အတိတ်ကို ပြန်လည် တူးဆွခြင်း (၅)


8.1
ဒီတစ်ပတ် ဖော်ပြမယ့် အပိုင်း (၅) က ကျွန်တော်စဉ်းစားထားတဲ့ အထဲ မှာ မပါရိုး အမှန်ပါ။ ၈၈ အရေးအခင်း ကို ချဉ်းကပ်မယ်ဆိုရင် အယူအဆ အမျိုးမျိုး ကွဲပြားကြသလို သမိုင်း မှတ်တမ်းအရ ဒီမိုကရေစီ အပြောင်း အလဲ တိုက်ပွဲတစ်ခုအဖြစ် သတ်မှတ် ရမယ့် အရေးအခင်းလို့ ဆိုမယ် ဆိုရင်လည်း ဆိုထိုက်ပါတယ်။
အပိုင်း (၄) မှာ ၈၈ အရေးအခင်းဟာ ဗကပရဲ့ ပယောဂ ပါတယ်လို့ ကျွန်တော့်ရဲ့ တွေ့မြင်ယူဆချက်ကို မိတ်ဆွေ တစ်ယောက်က ကျောင်းသား တွေရဲ့ လုပ်ရပ်ကို သေးသိမ်သလို လုပ်ရာ ရောက်လိမ့်မယ်။ သူတို့ရဲ့ လုပ်ရပ်ကို သေးသိမ်အောင် လုပ် တယ်လို့ သူတို့ ခံစားကြလိမ့်မယ်။ ကောင်းတာကတော့ သက်သေ အထောက်အထားနဲ့ ဖော်ပြပေး စေလိုတယ်လို့ ပြောတဲ့အတွက် ရေးဖြစ်ခြင်းပါ။

0 comments:

Post a Comment

Followers