တပ်မတော်က ဖိအားပေးတာ မရှိပါဘူး


ဗိုလ်ကြီး မျိုးသိန်းဌေးသည် လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်နေဆဲ တပ်မတော်သား တစ်ဦးဖြစ်သည်။ ဗိုလ်ကြီး မျိုးသိန်းဌေး၏ဖခင် ဒေါက်တာ ခင်မောင်ဌေးသည် လာမည့် ရွေးကောက်ပွဲတွင် NLD ပါတီကို ကိုယ်စားပြုပြီး ပြင်ဦးလွင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံမည် ဖြစ်သည်။ ဖခင်ဖြစ်သူ NLD ပါတီမှ ၀င်ရောက်ရွေးချယ်ခံခြင်းနှင့်ပတ်သက်ပြီး ဗိုလ်ကြီးမျိုးသိန်းဌေးအပေါ် ဖိအား ရှိ၊မရှိ၊ အဆိုပါကိစ်္စအပေါ် သူ၏အမြင် စသည်များကို The Messenger Media က တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။

0 comments:

Post a Comment

လူငယ်နှင့် ကိုယ်ပိုင်လုပ်ငန်း (နိဂုံး)

Nwe Ni Oo's photo.
(၁) ဗဟုသုတရှိခြင်း။

စာအုပ်စာပေတွေကနေ ရရှိလာမယ့် ဗဟုသုတတွေ၊ အသိပညာတွေ ရှိမယ်၊ ကိုယ့်တွေ့ကြုံရ၊ သိရတဲ့ ဗဟုသုတ တွေရှိမယ်၊ လုပ်ငန်းခွင်မှာ တွေ့ကြုံရမယ့် ဗဟုသုတတွေ၊ အသိပညာတွေရှိမယ်။ ရရှိတွေ့ကြုံရမယ့် ဗဟုသုတတွေ၊ အသိပညာတွေဟာပျော်စရာ၊ ကြည်နူးစရာတွေချည်းရမှာမဟုတ်ဘဲ စိတ်ညစ်စရာတွေ၊ စိတ်ဆင်းရဲစရာတွေ၊ အတိုက် အခံတွေဆီကနေလည်း ရမှာဖြစ်ပါတယ်။ ကြုံရသ မျှကို သင်္ခန်းစာရအောင် ယူဖို့တော့ လိုပါတယ်။

0 comments:

Post a Comment

ကျနော်နဲ့တပ်မတော်၊ အပိုင်း(၅)


၁၇။ ဖေဖေတပ်ခွဲမှူး(ဗိုလ်မှူး)တာဝန် ထမ်းဆောင်နေစဉ်မှာ ကျနော်က(၅)နှစ်သားပဲ ရှိပါသေးတယ်။ စစ်ဆင်ရေးကပြန်လာတဲ့ ဖေဖေပြောပြလို့ စစ်ပွဲတွေအကြောင်းကို ပုံပြင်တစ်ပုဒ်နားထောင်သလို စတင်ကြားခဲ့ရတယ်။ ယနေ့အထိမှတ်မိသမျှထဲ တစ်ခုသောစစ်ဆင်ရေးကအပြန် ဖေဖေ့ယူနီဖေါင်းစုတ်ပြဲပြီး ဖိနပ်ချွတ်လိုက်ချိန်မှာ ခြေမကပုပ်ပြီး ရောင်ကိုင်းနေပါတယ်။ ညဘက်ရောက်တော့ ကျနော်တို့မိသားစုကို ဖေဖေက အကြောင်းစုံပြောပြပါတယ်။ 

0 comments:

Post a Comment

အမေရိကန်ပြည်ထောင်စုသည် အနာဂတ်တွင်စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးရန်လိုအပ်နေပြီလော


အမေရိကန်ကြည်းတပ်နှင့် ကမ်းတက်တပ်ဖွဲ့များသည် နိုင်ငံတော်၏တောင်းဆို
ချက်များနှင့် လိုလားချက်များ အားလုံးကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လုံလောက်မှုမရှိပါ။ သို့သော်လည်း အမေရိကန်ပြည်သူလူထုမှာ မုသား များဖြင့် နေသားတကျဖြစ်နေပြီ ဖြစ်ပါသည်။ ထိုမုသားမှာ အမေရိကန်တပ်မတော်တွင် အရည်အသွေးပြည့်ဝသော စစ်သားများနှင့် စစ်သမီးများတာဝန်ထမ်းဆောင်နေပြီး ၄င်းတို့၏စိတ်ဓာတ်မှာလည်းမြင့်မားကာ ထမ်းဆောင်နေရသော တာဝန်များနှင့် နာကျင်ခံစားရမှုများမှာ မပြောပလောက်ဟူသောမုသားဖြစ်ပါသည်။

အမေရိကန်ပြည်သူများမှာ စစ်မြေပြင်သို့သွားရောက်တာဝန်
ထမ်းဆောင်ရန် ပျက်ကွက်လျက်ရှိပြီး အမေရိကန်စစ်သည်များမှာလည်း စိတ်ပျက် ဒေါသထွက်လျက်ရှိပါသည်။ စစ်သည်များသည် အီရတ်စစ်မြေပြင်တွင်သတ်မှတ်ချိန်ထက်ပိုမို၍ ကြာမြင့်စွာတာဝန် ထမ်းဆောင်ရခြင်း၊ ဆုံးရှုံးမှုလျော့နည်းရေးနည်းဗျူဟာများ အလုပ်မဖြစ်ခြင်း၊ သောင်းကျန်းမှုနှိမ်နင်းရေးနည်းဗျူဟာများ ကိုအောင်မြင်စွာလုပ်ဆောင်နိုင်သူအလွန်နည်းပါးခြင်း၊ စစ်မြေပြင်တွင် အကြိမ်ကြိမ်တာဝန်ထမ်းဆောင်ရခြင်း၊ ၎င်းင်းတို့၏ မိသားစုများနှင့် ကြာမြင့်စွာခွဲခွာရခြင်း စသည်တို့အတွက် ဒေါသထွက်နေကြပါသည်။

စစ်သည်အများအပြားမှာ အီရတ် (သို့) အာဖဂန်နစ္စတန်တွင် နှစ်ကြိမ်ထက်မနည်းတာဝန်ထမ်းဆောင်ခဲ့ရပြီး ၄င်းတို့နှင့်သက်တူရွယ်တူ အမေရိကန် လူငယ် အမြောက်အများမှာ စစ်ပွဲအတွက် တစ်စုံတစ်ရာဆောင်ရွက်ရခြင်းမရှိပဲ
အေးအေးလူလူနေနေရပါသည်။ ထိုသို့ ဖြစ်လာရခြင်း၏ တစ်ခုတည်းသောအကြောင်းရင်းမှာ နိုင်ငံရေးခေါင်းဆောင်များသည် အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ပွဲ ၀န်ထုပ်ဝန်ပိုးတစ်ခုလုံးအား အင်အားနည်းပါးသော အမြဲတမ်းတပ်ဖွဲ့များအပေါ်သာ ပုံချထားခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

ထိုအချက်ကြောင့်ပင် စစ်သည်များတွင် ဒေါသ၊ နာကြည်းမှုများနှင့် စက်ဆုပ်ရွံရှာမှုများ တိုးပွားလာပါ သည်။ သို့သော်လည်း တစ်ခြုံကွယ်တမယ်မေ့ဆိုသော စကားအတိုင်း စစ်မြေပြင်တွင်တာဝန်ထမ်းဆောင်နေရ သော စစ်သည်များမှာ အမေရိကန်လူထု၏မျက်စိအောက် တွင် မရှိသည့်အတွက် အမေ့ခံနေရပါသည်။ အမေရိကန် တပ်မတော်နှင့် ပြည်သူလူထုကြား ကွာဟချက်သည် ဗီယက်နမ်စစ်ပွဲကတည်းက များစွာကြီးမားလာခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ စစ်ပွဲများတွင် ပြည်သူလူထုအနေဖြင့် ပွဲကြည့်သူအနေဖြင့်သာပါဝင်ခဲ့ပါသည်။ အမေရိကန်ပြည်သူလူထုအနေဖြင့် စစ်မှုမထမ်းမနေရစနစ် ပြန်လည်ပြဌာန်း ရန် လိုအပ်နေပြီကို အသိအမှတ်ပြုလက်ခံရပါမည်။

အချို့က စစ်မှုမထမ်းမနေရဥပဒေပြန်လည်ပြဌာန်းရန်မဖြစ်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမေရိကန် ပြည်ထောင်စုသည် ရုပ်ဝတ္တုပစ္စည်းသုံးစွဲမှုကိုသာ အလေးထားလွန်းပြီး ယဉ်ကျေးမှုပိုင်းတွင် အကြီးအကျယ်ယိုယွင်း လျက်ရှိကာ ညီညွတ်ခိုင်မာသော နိုင်ငံမဟုတ်တော့သောကြောင့်ဟု စောဒကတက်နိုင်ပါသည်။ အချို့သူများက စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်များသည် ၎င်းင်းတို့၏လုပ်ပိုင်ခွင့်များအပေါ် လူထုကကန့်သတ်လာမည်ကို စိုးရိမ် သောကြောင့် စစ်မှုမထမ်းမနေရစနစ်ကျင့်သုံးရန် မဖြစ်နိုင်ကြောင်း စောဒကတက်ခဲ့ကြသည်။ ထို့အပြင် ၎င်းင်းတို့သည် ဗီယက်နမ်စစ်ပွဲတွင် ရှုံးနိမ့်စဉ်ကကဲ့သို့ ပြည်သူလူထု၏စိတ်ဓါတ် ကျဆင်းသွားမည်ကို စိုးရိမ်လျက်ရှိပါသည်။

အမေရိကန်ကြည်းတပ်နှင့်ကမ်းတက်တပ်ဖွဲ့များသည် ၎င်းင်းတို့၏စွမ်းဆောင်ရည်ထက်ကျော်လွန်၍ တာဝန်ပေး ခံခဲ့ကြရပါသည်။ ရှေ့တန်းစစ်မြေပြင်တွင် အမြဲတမ်းတာဝန်ထမ်းဆောင်ရခြင်းကြောင့် စစ်သည်များနှင့်၎င်းင်းတို့မိသားစု များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာခံစားချက်များ တဖြေးဖြေးထိခိုက်ပျက်စီးခဲ့ပါသည်။ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် အင်အားကြီးမားသောရန်သူကို ရုတ်ခြည်းတုံ့ပြန်နိုင်မည့် မဟာဗျူဟာအရန်တပ်ဖွဲ့ မရှိပါ။ အမျိုးသားလုံခြုံရေးအတွက် ကြည်းတပ်နှင့် ကမ်းတက်တပ်ဖွဲ့ အင်အားကိုများစွာတိုးချဲ့ရန်လိုအပ်ပါသည်။လက်ရှိ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေများတွင် ထိုသို့တပ်အင်အားတိုးချဲ့ရန် တစ်ခုတည်းသောနည်းလမ်း မှာ စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းခြင်းသာရှိပါသည်။

ဗီယက်နမ်စစ်ပွဲအပြီးနှစ်ပေါင်းများစွာအကြာတွင် အမေရိကန်တပ်မတော်သည်သီးခြားစံနှုန်းတန်ဖိုးများ၊ ကျင့်ဝတ်များ၊ ယုံကြည်ချက်များရှိသော]]တပ်အသိုင်းအ၀ိုင်း}}အုပ်စု တစ်ခုဖြစ်လာခဲ့ပါသည်။(တပ်မတော် အိမ်ထောင်စု အရေအတွက်သည် စုစုပေါင်းအမေရိကန်အိမ်ထောင်စု၏ ၀.၅%သာရှိပါသည်) ၎င်းင်းတို့သည် အမေရိကန် ပြည်ထောင်စုအတွက် စစ်ပွဲများကို ၁၉၇၃ ခုနှစ်မှ ယနေ့တိုင်တိုက်ခိုက်ပေးလျက်ရှိပါသည်။ စစ်မှုမထမ်းမနေရဥပဒေ အဆုံးသတ်ခဲ့သည့် ၁၉၇၃ ခုနှစ်မှစ၍ မေရိကန်ပြည်သူများသည် စစ်ပွဲများနှင့် ပတ်သတ်ရန်မလိုအပ်တော့ပါ။

၎င်းတို့ ကလည်း ပတ်သတ်လိုစိတ်မရှိပါ။ ဗီယက်နမ်စစ်ပွဲကြောင့်နိုင်ငံအတွင်းတွင် စစ်ဆန့်ကျင်ရေးစိတ်ဓါတ်များ ရေဂင်အစိုးရ အဖွဲ့ မတိုင်မီကာလထိ ကြီးထွားပေါ်ပေါက်ခဲ့ပါသည်။ ရေဂင်အစိုးရ
သည်လည်း ပြည်သူလူထုအား စစ်ရေးကိစ္စများ နှင့်ပတ်သတ်လာစေရန် မကြိုးစားခဲ့ပါ။ ပြည်သူလူထုအားနိုင်ငံတော်၏ စစ်ပွဲများနှင့်မပတ်သတ်စေရန် ဆက်လက် ဆောင်ရွက်ပြီး ထိုသို့မသိသာဆိုးရွားမှုများကြောင့် စစ်ရေးနှင့်အမျိုးသားလုံခြုံရေးကို များစွာထိခိုက်ခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုတွင် ၉^၁၁ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ဘုရှ်အစိုးရသည် ]]အကြမ်းဖက်မှု နှိမ်နင်းရေးစစ်ပွဲ}}အားကြေငြာခဲ့ပြီး ရန်လိုသောမဟာဗျူဟာအသစ်ဖြစ်သည့် ]]လက်ဦးမှုရယူရေးမဟာဗျူဟာ}} (တကယ် တမ်းတွင် ကြိုတင်ကာကွယ်ရေးစစ်ပွဲ)အား ဖော်ထုတ်ခဲ့ပါသည်။ ထို့နောက် အာဖဂန်နစ္စတန်နှင့် အီရတ်တွင် စစ်ပွဲများ ဆင်နွဲစေခဲ့ပါသည်။ အမေရိကန်တပ်ဖွဲ့များအား အာဖရိကဦးချိုဒေသနှင့် ဖိလစ်ပိုင်တို့ကဲ့သို့ အခြားနေရာများတွင် လည်း တပ်ဖြန့်စေခဲ့ပါသည်။ ဘုရှ်အစိုးရသည် ထိုသို့ကျယ်ပြန့်လှ သောစစ်ပွဲများကိုတိုက်ခိုက်ရန် ယခင်ကတည်းက ရှိပြီးဖြစ်သော တပ်ဖွဲ့ကိုသာသုံးစွဲခဲ့ပြီး ရှည်ကြာခက်ခဲသောစစ်ပွဲ
အတွက် ပြည်သူလူထုအားစည်းရုံးခဲ့ခြင်းမရှိပါ။

ထို့ကြောင့် အကြမ်းဖက်မှုနှိမ်နင်းရေးစစ်ပွဲဟုအမည်ခံထားသောစစ်ပွဲ၏ ၀န်ထုပ်ဝန်ပိုးသည် ကြည်းတပ်၊ ကမ်းတက်တပ်၊ ရေတပ်၊ လေတပ်၊ ပြည်စောင့်တပ်နှင့် အရန်တပ်ဖွဲ့များအပေါ် ဖိစီးလျက်ရှိပါသည်။ စစ်ပွဲဝန်ထုတ် ၀န်ပိုးအား အမေရိကန်ပြည်သူသန်း ၃၀၀ ၏ ၁ % ထက်နည်းသော တပ်မတော်ကသာ ထမ်းထားရခြင်းဖြစ်
ပါသည်။ပိုဆိုးသည်မှာ ပြည်သူလူထုကိုစစ်ဆင်နွှဲရေးပြဿနာမှ ဖယ်ထုတ်ထားသည့်အတွက် ပြည်သူအား ထည့်သွင်းစဉ်းစားရန် မလိုပဲ စစ်ပွဲဆင်နွှဲရန်ပိုမိုလွယ်ကူခြင်းဖြစ်ပါသည်။ ဂျွန်ဆင်နှင့် နစ်ဆင်အစိုးရအဖွဲ့များတွေ့ကြုံခဲ့ရသော စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများပေါ်ပေါက်လာမည်ကိုလည်း စိုးရိမ်စရာမလိုတော့ပါ။

သမ္မတဘုရှ်၏စစ်ပွဲများသည် အမျိုးသားစစ်ပွဲအသွင်အဆောင်ခဲ့ပါ။ တကယ်တမ်းတွင် သမ္မတဘုရှ်ပြောကြား ခဲ့သော ]] အမေရိကန်ပြည်ထောင်စုမှာ စစ်ပွဲနှင့်ရင်ဆိုင်နေရပြီ}} ဟူသော အပြောမှာမှားယွင်းပြီး ထိုအစား ]] အမေရိကန် တပ်မတော်ကသာ စစ်ပွဲနှင့်ရင်ဆိုင်ရပြီး ပြည်သူလူထုကပွဲကြည့်သူ (သို့)စိတ်မ၀င်စားလှသောဘေးမှရပ်ကြည့်သူသာ ဖြစ်သည်}}ဟုဆိုပါမှ ပို၍မှန်ပါလိမ့်မည်။ ပြည်သူလူထုအနေဖြင့် စစ်ပွဲနှင့်ပတ်သက်၍ မည်သည့်တာဝန်ယူမှု၊ မည်သည့်ယုံကြည်မှုမှမရှိခဲ့ပါ။

တကယ်တမ်းတွင် စစ်ကြေငြာပြီးနောက် ဘုရှ်အစိုးရသည် အခွန်ကောက်ခံမှုအား လျှော့ချခဲ့ပြီး အမေရိကန်ပြည်သူ
များအား ဈေးဝယ်ထွက်ပြီးသုံးဖြုန်းကြရန်ပင် အားပေးခဲ့သည်။ ဘုရှ်သည် ပြည်သူလူထု အား တိုင်းပြည်အတွက် အနည်းငယ်မျှပေးဆပ်ရန်ပင် မတောင်းဆိုခဲ့သလို စိတ်ဓါတ်နှင့်အကျင့်စရိုက်များ
ပိုမိုကောင်းမွန် လာစေရန်အတွက်လည်း ပြုပြင်ပေးခဲ့ခြင်းမရှိပါ။ ဘုရှ်အနေဖြင့် ပြည်သူလူထုအား လောဘကြီးရန်နှင့် ကိုယ်ကျိုး ကြည့်ရန်အတွက်သာ အားပေးအားမြှောက်ပြုခဲ့ပါသည်။ ၎င်းင်းအပြုအမူများသည် အမေရိကန်သမ္မတတစ်ဦး အနေဖြင့် စစ်ပွဲကာလတွင် ကျင့်ကြံခဲ့ကြသည့် အစဉ်အလာမဟုတ်သလို ပြည်သူလူထုအနေဖြင့်လည်း စစ်ပွဲကာလတွင် ကျင့်ကြံ ရမည့် အမေရိကန်တို့၏အစဉ်အလာများကို ချိုးဖောက်ခဲ့ကြပါသည်။

အဘယ့်ကြောင့်စစ်မှုမထမ်းမနေရစနစ်ကျင့်သုံးရမည်နည်း

လက်ရှိအချိန်တွင်ကြည်းတပ်နှင့် ကမ်းတက်တပ်များ၌ စစ်သည်အင်အားအလွန်နည်းပါးနေပြီး စစ်သည်များ အနေဖြင့် မနိုင်ဝန်ထမ်းဆောင်နေရသဖြင့် စစ်မှုမထမ်းမနေရစနစ်အား မဖြစ်မနေကျင့်သုံးရန် လိုအပ်ပါသည်။ သို့ရာ တွင် ထိုအချက်သည် စစ်မှုမထမ်းမနေရစနစ်ကျင့်သုံးသင့်သည့် အကြောင်းရင်းများစွာအနက်မှ တစ်ခုဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုသည်တောင့်တင်း၍အင်အားကြီးထွားနေသော ရန်သူအစစ်အမှန်ဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်ပါသည်။ ထိုရန်သူများပေါ်ပေါက်လာရခြင်းတွင် ညံ့ဖျင်းသောနိုင်ငံခြားရေးနှင့် စစ်ရေးပေါ်လစီများ တစ်စိတ်တစ်ပိုင်း ပါဝင်ပါသည်။

လွန်ခဲ့သောနှစ်ပေါင်း ၆၀ အတွင်းက ကမ္ဘာတစ်ဝန်းတွင်ဖြန့်ကျက်ထားသော အမေရိကန်တပ်ဖွဲ့များ သည် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ချမ်းသာ<ကယ်ဝရေးနှင့် ထိုနိုင်ငံမှ ပြည်သူလူထုများသည်အိမ်နီးချင်းနိုင်ငံများ၏ ကျူးကျော်မှုအား စိုးရိမ်စရာမလိုပဲအေးချမ်းစွာ စီးပွားရှာနိုင်ရန်အတွက် အကာအကွယ်ပေးခဲ့ပါသည်။ ကိုရီးယားမှသည် ဥရောပတိုက်အထိတပ်ဖြန့်ထားသော အမေရိကန်တပ်ဖွဲ့များသည် ထိုအခြေအနေအား ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။

အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်စစ်အင်အား ပိုမိုလိုအပ်လာသောအခါ ကာကွယ်ရေးဝန်ကြီးRumsfledလက်ထက်တွင် အမေရိကန်တပ်ဖွဲ့များအား တစ်ဖက်သတ်ရုပ်သိမ်းမှုက ရန်လိုမှုများအတွက် အခွင့်အလမ်းအသစ် ဖြစ်စေခဲ့ပါသည်။ ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် မဟာဗျူဟာအရန်တပ်ဖွဲ့အဖြစ် အဓိကအားဖြင့် လေတပ် နှင့် ရေတပ် အင်အားသာရှိပါသည်။ အမေရိကန်ပြည်ထောင်စုကြည်းတပ်အနေဖြင့်မူ ရန်သူအသစ်နှင့် ရန်သူအဟောင်း များအား ပြည့်ပြည့်၀၀ရင်ဆိုင်နိုင်ခြင်း မရှိပါ။ 

အမေရိကန်တပ်မတော်၏သောင်းကျန်းမှုနှိမ်နင်းရေးစစ်သဘောတရားအရ အီရတ်နိုင်ငံ၏ အရွယ်အစားနှင့် လူဦးရေတွင်သောင်းကျန်းမှုနှိမ်နင်းရေးစစ်ပွဲဆင်နွဲရန် စစ်သည်လေးသိန်းမှ ငါးသိန်းအတွင်းလိုအပ်မည်ဖြစ်သော်
လည်း လက်တွေ့တွင်မူ စစ်သည် နှစ်သိန်းခန့်သာတပ်ဖြန့်ထားနိုင်ပြီး မနိုင်ဝန်ထမ်းနေရပါသည်။ ယခုနှစ်ပိုင်းများအတွင်းတွင် အီရတ်နိုင်ငံ၏ တည်ငြိမ်မှုသည် အချိန်မရွေးပျက်ပြားသွားနိုင်ပြီး နောင်နှစ်
အတန်ကြာထိတိုင်အောင် အမေရိကန်တပ် အင်အားအများအပြား အီရတ်တွင်ရှိနေရန်လိုအပ်နေဦးမည် ဖြစ်ပါသည်။

တာလီဘန်နှင့် အယ်လ်ခိုင်ဒါတပ်ဖွဲ့များသည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တွင် ခြေကုပ်ယူပြီး ပြန်လည် ခေါင်းထောင်လာခြင်းကို တားဆီးရန်အတွက် နေတိုးမဟာမိတ်တပ်ဖွဲ့များအနေဖြင့် အင်အားနှင့်ခေါင်းဆောင်မှု လိုအပ်လျက် ရှိပါသည်။

မြောက်ကိုရီယားအစိုးရ၏ တည်ငြိမ်မှုသည်လည်း မရေရာသောအခြေအနေတွင်ပင် ရှိနေပြီး ခေါင်းဆောင် အပြောင်းအလဲဖြစ်ပေါ်လာနိုင်ပါသည်။ မြောက်ကိုရီယားကဲ့သို့ လူတစ်စုကအာဏာကိုချုပ်ကိုင်ထားပြီး စနစ်တကျ ခေါင်းဆောင်အပြောင်းအလဲအတွက် လိုအပ်သောအဖွဲ့အစည်းစနစ်နှင့် အခြေခံဥပဒေ
မရှိသောနိုင်ငံများတွင် နိုင်ငံရေးအာဏာခိုင်မြဲရေးအတွက် စစ်ပွဲသည်သာရွေးစရာဖြစ်တတ်သဖြင့် အခြေအနေမှာမရေမရာရှိနေပါသည်။ သို့သော်လည်း အမေရိကန်သည် တောင်ကိုရီးယားရှိ အမှတ် (၂) ခြေလျင်တပ်မမှ အင်အားအများစုကို ပြန်လည် ရုပ်သိမ်းခဲ့ပါသည်။

လက်ရှိအနေအထားကို ကျေနပ်နိုင်ခြင်းမရှိသည့်အတွက် လက်တလောတွင်ပင် ရုရှားသည် ဂျော်ဂျီယာအား ကျူးကျော်ခဲ့ပါသည်။ ထို့အပြင်ရုရှားသည်ယူကရိန်းအစိုးရအား မတည်ငြိမ်ဖြစ်စေရန်
သွေးထိုးပေးလျှက်ရှိပြီး အမေရိကန်၏အရှေ့ ဥရောပတွင် ဒုံးပျံကာကွယ်ရေးစနစ်တပ်ဆင်မည့် အစီအစဉ်အားလည်း စိန်ခေါ်လျက်ရှိပါသည်။ရုရှားရေတပ်သည်လည်းအင်အားတောင့်တင်းသောတပ်ဖွဲ့အဖြစ် တဖန်ပြန်လည်ရောက်ရှိ
လာပြီဖြစ်ပါသည်။သို့တိုင်အောင် အမေရိကန်တို့သည်ဥရောပမှ အင်အားတောင့်တင်းသောတပ်မကြီး ၂ ခုအားပြန်လည်ရုပ်သိမ်းခဲ့ပြီး ရေတပ်အင်အားအမြောက်အများသည်လည်း ပါရှန်းပင်လယ်ကွေ့ဒေသတွင် တာဝန်ယူထားရပါသည်။

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကျွန်းလုံခြုံရေးအတွက် ယနေ့ထိတာဝန်ယူထားရဆဲဖြစ်ပါသည်။ တရုတ်ပြည်သူ့
လွတ်မြောက်ရေးတပ်မတော်သည် ရေတပ်အင်အားကိုအလျင်အမြန်တိုးချဲ့လာခဲ့ရာ အထူးသဖြင့် အသံ တိတ်ဆိတ်သော ဒီဇယ်ရေငုပ်သင်္ဘောတပ်ဖွဲ့အား တိုးချဲ့လာနိုင်ပြီး ဆက်သွယ်ရေးဂြိုလ်တုအား ပစ်ခတ်ဖျက်ဆီး
နိုင်စွမ်းရှိသည်အထိ တိုးတက်လာခဲ့ပါသည်။ ကြည်းတပ်ဖွဲ့များကိုလည်း အလားတူခေတ်မှီအဆင့်မြှင့်တင်မှုများ ပြုလုပ် ခဲ့ပါသည်။ 

သို့တိုင် အမေရိကန်ပြည်ထောင်စုအနေနှင့်မူ သမားရိုးကျစစ်ပွဲတစ်ရပ်ဆင်နွဲရန်အတွက် တောင့်တင်းသော မဟာဗျူဟာအရန်တပ် မရှိပါ။

ဆက်လက်ဖော်ပြမည်။

မူရင်းရေးသားသူ-  ထက်ဆွေဦး

https://www.facebook.com/ya.naing.1/posts/981107095245632  မှ ကူးယူဖော်ပြပါသည်။ 

0 comments:

Post a Comment

လူငယ်နှင့်ကိုယ်ပိုင်လုပ်ငန်း (၅)

Nwe Ni Oo's photo.
အခန်း (၅)

ရုတ်တရက် ကြုံတွေ့ရင်ဆိုင်ရမည့် အကဲစမ်းမှုများ။

ဒီအခန်းမှာ အကဲစမ်းမှုများ လို့ သုံးနှုန်းထားတဲ့ အသုံးအနှုန်းရဲ့ အမှန်တကယ် အနက်အဓိပ္ပါယ် ကတော့ ရုတ်တရက် တောင်းဆိုလာကြမည့် ဝန်ဆောင်မှုများနှင့် ဈေးနှုန်းခြင်းတိုက်ဆိုင်ပြီး ဈေးဆစ်မှုများပစ္စည်းခြင်း ယှဉ်လာမှုများနှင့် မထင် မှတ်စွာ ကြုံတွေ့ရမည့် ပြဿနာ အခက်အခဲများကို ဆိုလိုခြင်းဖြစ်ပါသည်။ ဒီလို ရုတ်တရက် ကြုံတွေ့ရမည့် တောင်းဆိုမှု များ အကျပ်အတည်းများနှင့် ပြဿနာများကို ဖြတ်ထိုးဥာဏ်သုံးပြီး အလျင်စလိုဖြေရှင်းနိုင်စွမ်း ဘယ်လောက်ရှိသလဲ၊ မရှိဘူးလဲဆိုတာတွေပေါ် မူတည်ပြီးတော့လည်း ကျွန်မတို့ရဲ့လုပ်ငန်းငယ်လေး အောင်မြင်မယ်၊ မအောင်မြင်ဘူး၊ ရေရှည် ရပ်တည်နိုင်မယ်၊မရပ်တည်နိုင်ဘူးဆိုတာကိုအဆုံးအဖြတ်ပေးနိုင်ပါတယ်။ သေးငယ်ပေမယ့် အရေးကြီးတဲ့ဂရုပြုရမည့်အချက် တစ်ခုဖြစ်လို့ အခန်း ၁ ခန်းအနေနဲ့ ထည့်သွင်းဆွေးနွေးရေးသားရခြင်း လည်းဖြစ်ပါတယ်။

0 comments:

Post a Comment

လူငယ်နှင့်ကိုယ်ပိုင်လုပ်ငန်း (၄)



အခန်း(၄)

ကိုယ်ပိုင်လုပ်ငန်းငယ်ကိုထိခိုက် ပျက်စီးစေသည့် အကြောင်းအချက်များ ပြုလုပ်ခြင်း။

(၁) မိမိ၏စိတ်နေသဘောထား နိမ့်ကျခြင်း။

(က) ကိုယ့်ဆီကို လာပြီးဝယ်ယူ၊ စုံးစမ်းတဲ့ဖောက်သည်တွေကို အမှန်အတိုင်း ပြောဆိုလမ်းညွှန်မှု့မပြု တော့ဘဲ အမြတ် များများကျန်မယ့် ပစ္စည်းတွေနဲ့ ဝန်ဆောင်မှု့တွေ ထိုးရောင်းခြင်း။ ပစ္စည်းအစစ်နှင့် အတုရော၍ ရောင်းချခြင်းတွေ လုပ်ဆောင်ခြင်းဟာ စိတ်သဘောထား နိမ့်ကျခြင်းဖြစ်ပြီး အနှေးနှင့်အမြန် အလုပ်ကို ထိခိုက်နစ်နာလာစေပါတယ်။

0 comments:

Post a Comment

လူငယ်နှင့်ကိုယ်ပိုင်လုပ်ငန်း (၃)

Nwe Ni Oo's photo.
အခန်း(၃)

ကိုယ်ပိုင်လုပ်ငန်းငယ်ကို ရေရှည်တည်တံ့ပြီး ကြီးထွားလာစေခြင်း။

ဒီလိုမျိုးလုပ်ငန်းလေးတစ်ခုကို ရေရှည်တည်တံ့အောင်မြင်စေဖို့ လုပ်ဆောင်ရတာဟာ တကယ့်တော့မခက်ခဲလှ ပါ ဘူး။ လွယ်ပါတယ်လို့ ပြောပြန်ရင်လည်း မှားအုံးမှာပါပဲ။ ဈေးကြီးတွေ၊ ပလာဇာကြီးတွေမှာပဲ ဆိုင်အကြီးကြီး ဖွင့်ဖွင့်၊ ရပ်ကွက်ထဲ၊ လမ်းထဲနဲ့ ဈေးသေးသေးလေးတွေမှာ ဆိုင်သေးသေးလေးဖွင့်ဖွင့်... ဆင်ခြေများစွာ၊ အကြောင်းပြချက် များစွာနဲ့ ဆိုင်ပြုတ်သွားကြတဲ့လူတွေ အများကြီးပါပဲ။ ဈေးရောင်းတယ်ဆိုတာ လွယ်တယ်ပြောလို့ လုံးဝမရပါဘူး။ ဒီတော့အောင်မြင် စေဖို့ မဖြစ်မနေ လုပ်ဆောင်ရမှာတွေနဲ့ ရှောင်ကြဉ်ရမှာလေးတွေတော့ ရှိပါတယ်။ ဒီအခန်းမှာ လုပ်ဆောင်ရမယ့် အချက် အလက်လေးတွေကို လွယ်ကူရိုးရှင်းစွာ ရေးထားပါတယ်။

0 comments:

Post a Comment

လူငယ်နှင့်ကိုယ်ပိုင်လုပ်ငန်း (၂)

Nwe Ni Oo's photo.
(အခန်း၂)


ကိုယ်ပိုင်လုပ်ငန်းစတင်ခြင်း။

၁။ ဘာလုပ်ငန်းကို စလုပ်မှာလဲ။

ဘယ်လိုပစ္စည်းအမျိုးအစားကို ထုတ်လုပ်ချင်သလဲ။ ရောင်းချချင်သလဲ ဆိုတာကို အရင်ရွေး ထုတ်ကြည့်ပါ။ - ကျွန်မ တို့ရဲ့ မိဘတွေက ဆရာဝန်တွေ (သို့မဟုတ်)ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်နေကြရင်... ဆေးပစ္စည်းမျိုးစုံ လက်လီ လက်ကား ရောင်းဝယ်ဖို့ စဉ်းစားကြတာပေါ့။ ရောင်းတဲ့အခါမှာ အပြင်ဆေးဆိုင်တွေနဲ့ ဈေးအတူတူရောင်းပါ။ အပြင်ဆိုင် တွေလည်း အမြတ်တင်ပြီးမှ ရောင်းကြတာပါ။ ဆေးခန်းနဲ့တွဲဖွင့်ထားတဲ့ ဆိုင်တွေက ပိုပြီး အမြတ်ကြီးစားတယ်လို့ ပြောခံရရင် သိက္ခာ ကျပါတယ်။ ပိုက်ဆံပိုပြီး တတ်နိုင်ရင် ဓါတ်မှန်၊ ဆီး၊ ဝမ်း၊ သလိပ်နှင့် ရောဂါမျိုးစုံ စစ်ဆေးရှာဖွေရေး လုပ်ငန်းမျိုးလုပ်ရင် ပိုကောင်းပါတယ်။

0 comments:

Post a Comment

လူငယ်နှင့်ကိုယ်ပိုင်လုပ်ငန်း

Nwe Ni Oo's photo.
အခန်း (၁)

ကိုယ်ပိုင်လုပ်ငန်းရွေးချယ်ခြင်း

စီးပွားရေးဆိုင်ရာ စာအုပ်စာပေတွေနဲ့ တက်ကျမ်းတွေကို ကြိုးစားဖတ်ရှု့ခဲ့ပေမယ့် ဗဟုသုတ ရတာကလွဲလို့ ဘယ်လိုအထောက်အကူမျိုးမှ မယ်မယ်ရရ မရှိခဲ့ပါဘူး။ စီးပွားရေးနဲ့ စီမံခန့်ခွဲမှု့ဆိုင်ရာ စာအုပ်တွေကလည်း ကုမ္ပဏီကြီးတွေ၊ စက်ရုံအလုပ်ရုံကြီးတွေနဲ့ အုပ်ချုပ်သူလူတန်းစားတွေအတွက်ပဲ ရည်ညွှန်းရေးသားထားတယ်လို့ ခံစားမိပါတယ်။ Small Business လုပ်ငန်းလေးတွေ လုပ်ချင်ကြတဲ့ Entrepreneur လေးတွေအတွက်တော့ အားကိုးလောက်တဲ့ စာအုပ်စာပေတွေ နည်းနေသလိုပါပဲ။ ဒီစာစုဟာ လိုအပ်ချက်တွေရှိပြီး မပြည့်စုံမှန်း သိပေမယ့်လည်း ကိုယ်ပိုင်ဘဝအတွေ့အကြုံတွေနဲ့ သင်ယူ လေ့လာခဲ့မှု့တွေကို ပေါင်းစပ်ပြီး ပန်းတိုင်ကို အနီးကပ်ဆုံး လမ်းညွှန်ပေးမယ့် Guide Map လေးတစ်ခုကို အကြမ်းဖျဉ်း ရေးဆွဲကြည့်တဲ့ သဘောပါ။ ပန်းတိုင်ဆီရောက်အောင် မညွှန်နိုင်တောင် ဖြတ်သန်းရ မယ့် တောရဲ့သဘာဝ၊ အကျယ်အဝန်းနဲ့ အန္တရာယ်တွေကို ညွှန်ပြထားပြီး တောထဲမှာ ရှင်သန်ရပ်တည် နိုင်အောင် အကြံဥာဏ်လေးတွေ ပေးထားနိုင်တယ်လို့ ယူဆ မိပါတယ်။

0 comments:

Post a Comment

အာရပ်+အစ္စရေး တတိယစစ်ပွဲ


(၁၉၆၇-ခုနှစ်၊ ဇွန်လ-၅ ရက်မှ ၁၁-ရက်ထိ)
၆ ရက်ကြာစစ်ပွဲ
►►►►►►►►►►►►►►►►
၁၉၆၇ မေလ(၁၈)တွင် အီဂျစ်သမ္မတ (Nasser)နတ်ဆာက (၁၁၇)မိုင်ရှည်လျားသော အစ္စရေး+အီဂျစ် နယ်ခြားဖြစ်သည့် (Gaza)ဂါဇာကမ်းမြောင်ဒေသနှင့် (Sinai)ဆိုင်းနိုင်းသဲကန္တာရ၌ တပ်စွဲထားသော ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့များကို ရုပ်သိမ်းပေးပါဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ထံ တောင်းဆိုလိုက်သည်။ ဦးသန့်က ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့များကို ရုပ်သိမ်းပေးလိုက်သည်။ ထိုတပ်ရုပ်သိမ်းမှုကြောင့် ကနေဒါနိုင်ငံက ဦးသန့်ကို အပြင်းထန် ကန့်ကွက်ခဲ့လေသည်။ ဦးသန့် ကလည်း တပ်ရုပ်သိမ်းပေးရုံမှတပါး ဘာမှ မတတ်နိုင်။ ကုလသမဂ္ဂတပ်များ ရုပ်သိမ်းပေးရေး/မပေးရေးသည် အီဂျစ်သမ္မတ နတ်ဆာပေါ်မှာ မူတည်သည်။ နတ်ဆာက ရုပ်သိမ်းပေးပါဟု တောင်းဆိုလာပါက ရုပ်သိမ်းပေးရရုံသာ ရှိသည်။

ကုလသမဂ္ဂတပ်များ ဆိုင်းနိုင်းသဲကန္တာရနှင့် ဂါဇာကမ်းမြောင်ဒေသတို့မှ ရုပ်သိမ်းသွားကြပြီး (၄၈)နာရီအတွင်း အီဂျစ်နှင့် ဆီးရီးယားတပ်များ ဝင်ရောက် နေရာယူလိုက်ကြတော့သည်။ ထို့အပြင် ဆိုင်းနိုင်းသဲကန္တာရသို့ အစ္စရေးတိုက်လေယာဉ်များ ဝင်ရောက်လာပါက ပစ်ချရန် ဆိုဗီယက်လုပ် မြေပြင်မှဝေဟင်ပစ် (SAM)ဆမ်ဒုံးကျည်များ၊ ရေဒါများ ချထားလိုက်သေးသည်။

တပ်ဖွဲ့ဝင်များမှာ မနည်းပေ။ အီဂျစ်စစ်သားက ရှစ်သောင်း၊ ဂျော်ဒန်နှင့် ဆီးရီးယားတပ်ဖွဲ့များပါ ပေါင်းထည့်လိုက်လျှင် အင်အား တစ်သိန်းကျော် ရှိသည်။ အစ္စရေးကို အပြီးတိုင် ချေမှုန်းပစ်ဖို့ပင် ဖြစ်သည်။ ထိုစဉ်က အစ္စရေးနိုင်ငံ၏ လူဦးရေသည် (၂)သန်း(၇)သိန်းသာ ရှိသည်။ အစ္စရေးကို ဝိုင်းရံထားသော အာရပ်နိုင်ငံများ၏ လူဦးရေသည် သန်း(၁ဝဝ)ကျော်သည်။

အစ္စရေးတပ်များလည်း အီဂျစ်နယ်စပ်ထိ ချီတက် တပ်စွဲရလေတော့သည်။ အာရပ်တပ်နှင့် အစ္စရေးတပ်များကြားတွင် လူသူမရှိ (No Man's Land) ဗလာနယ်မြေသာလျှင် ကြားခံလျက် ရှိနေလေတော့သည်။ စစ်ပွဲကို မရှောင်သာတော့ပြီ။ နေ့လား ညလား နီးကပ်လာချေပြီ။

မေလ(၂ဝ)တွင် အစ္စရေးထောက်လှမ်းရေး မော့ဆက်သည် အစ္စရေးဝန်ကြီးချုပ် လီဗီအက်(ရှ်)က တိုက်ရိုက်ရေးသားသော စာတစ်စောင်ကို အရေးပေါ် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုမှ အီဂျစ်သမ္မတ နတ်ဆာထံ ပေးပို့လိုက်သည်။

အစ္စရေးဝန်ကြီးချုပ်။…..။"ကျုပ်တို့ဘက်မှ စ၍ မတိုက်လိုပါ၊ ခင်ဗျားတို့တပ်တွေ ဆိုင်းနိုင်သဲကန္တာရမှ မူလနေရာသို့ ပြန်ဆုတ်ပေးရင် ကျုပ်တို့တပ်တွေကို နယ်စပ်ကနေ ပြန်ဆုတ်ပေးပါမယ်။"

အီဂျစ်သမ္မတ နတ်ဆာ။…..။"ကျုပ်တို့ရဲ့ အဖြေကို ခင်ဗျားတို့ မကြာမီ သိရမယ်"ဟု တိုတိုနှင့်ပြတ်ပြတ် စာပြန်လိုက်လေသည်။

မေလ(၂၂)တွင် အီဂျစ်သမ္မတ နတ်ဆာက (Aqaba)အက္ကဘာပင်လယ်ကွေ့ရှိ (Tiran)တိုင်ရန် ရေလက်ကြားကို ပိတ်လိုက်သည်။ (Red Sea)ပင်လယ်နီကို ဖြတ်၍ အဖရိကနှင့် အာရှသို့ သွားရသော အစ္စရေးသင်္ဘောများ၏ ရေလမ်းကြောင်း ပိတ်သွားရလေသည်။ အစ္စရေးသင်္ဘောများကို ပစ်ခတ်ရန် လက်နက်ကြီးများ တပ်ဆင်ထားလိုက်သည်။ ဆည်ဝကနေ ဗျိုင်းစောင့်နေသည့်ပုံစံ အီဂျစ်က အစ္စရေးအပေါ် ကျင့်သုံးနေသည်။


အီဂျစ်သမ္မတ နတ်ဆာက အစ္စရေးကို စိန်ခေါ်ခြင်း
---------------------------------------------------
"တိုင်ရန် ရေလက်ကြားရှိ ပင်လယ်ရေပြင်ဟာ ကျုပ်တို့ အီဂျစ်နိုင်ငံရဲ့ ရေပြင်ပိုင်နက် ဖြစ်တယ်။ တကယ်လို့ အစ္စရေးတို့က ကျုပ် ဒီလိုပြောဆိုတာကို မကျေနပ်လို့ စစ်ရေးဖြင့် တုံ့ပြန်ချင်သပဆိုလည်း ရတယ်။ ကျုပ်တို့အီဂျစ်ကတော့ 'အာဟာလန် ဝါ-ဆာဟာလန်'ပဲ (လာခဲ့ပါ…နှုတ်ဆက်ကြိုဆိုပါတယ်) ahalan wa-sahalan (hello and welcome) ကျုပ်တို့ရဲ့ တပ်တွေက အစ္စရေးတပ်တွေကို အသင့်စောင့်နေတယ်၊ လာခဲ့ကြ။"

ဦးသန့်သည် အခြေနေကို ဝင်ထိန်းရန် အီဂျစ်သို့ အရေးတကြီး သွား၍ အီဂျစ်သမ္မတ နတ်ဆာနှင့် တွေ့ဆုံ ဖျောင်းဖျ ဆွေးနွေးသည်။ သို့ရာတွင် နတ်ဆာက သန္နဋ္ဌာန်ချပြီး ဖြစ်သည်။ ဒီတစ်ချီတွင် အစ္စရေးကို အပြတ်တိုက်နိုင်မည်ဟု ယုံကြည်ထားသည်။

အစ္စရေးနိုင်ငံသမိုင်းတွင် တစ်ခါမှ မကြုံဖူးသော နိုင်ငံတော် အရေးပေါ်အခြေနေ ဆိုက်ရောက်ကာ အကြီးမားဆုံး ခြိမ်းခြောက်ခံရမှုကြီး ရင်ဆိုင်နေရသည်။ တိုင်းပြည်ကို ရန်သူတွေက ဝိုင်းဝိုင်းလည်နေသည်။ သေရေး ရှင်ရေးတမျှ အရေးကြီးနေပြီ။ သို့သည်တိုင် အစ္စရေးနိုင်ငံရေးပါတီခေါင်းဆောင်များသည် သွေးမစည်းနိုင်ကြသေး။ တစ်ပါတီနှင့် တစ်ပါတီ အပြန်အလှန် စကားနာ ထိုးကြ၊ အမနာပ အပုပ်ချကြ၊ အပြစ်ရှာကြ၊ နိုင်ငံရေးဈေးဆစ်ကြနှင့် အချိန်ကုန်နေလေသည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် မည်သူကမျှ မပူပန်ကြ၊ အလေးမထားကြ။ မိမိကုလားထိုင် မပျောက်ရေးကိုသာ အဓိကထားနေသည်။

အစ္စရေး ကာကွယ်ရေးဦးစီးချုပ် ရာဘင်သည် စိုးရိမ်မှုလွန်ကဲပြီး စိတ်ပန်း ကိုယ်ပန်းဖြစ်ကာ မူးလဲသည်ထိ ဖြစ်သွားသည်။ အစ္စရေးတပ်မတော်ထဲမှာလည်း အစ္စရေးတပ်ဖွဲ့အားလုံးကို ပြတ်ပြတ်သားသား အမိန့်ပေး ညွှန်ကြားမည့် ခေါင်းဆောင်ကောင်း မရှိ ဖြစ်နေသည်။ သူရဲကောင်းကြီး မိုရှေဒါယန်သည်လည်း တပ်မတော်မှ အငြိမ်းစားယူပြီး ဖြစ်နေသည်။ သည်အတိုင်းဆိုလျှင် အာရပ်စစ်တပ်ကြီးကို အစ္စရေးက ရင်ဆိုင်ချေမှုန်းနိုင်ပါ့လားဟု ကမ္ဘာ့နိုင်ငံများ၏ ရင်ထဲမှာ သံသယဖြစ်နေသည်။

အစ္စရေး၏ အားနည်းချက်ကို သိနေသဖြင့် အာရပ်တပ်ပေါင်းစုများက တစ်နေ့တခြား ပို၍ အတင့်ရဲလာက ဆိုင်းနိုင်းသဲကန္တရတွင် အာရပ်တပ်များ များသထက် များလာလေသည်။

ထိုအချိန်တွင်…
အစ္စရေးပြည်သူတစ်ရပ်လုံး၏ အသံထွက်ပေါ်လာလေသည်။
"မိုရှေဒါယန်ကို ကာကွယ်ရေးဝန်ကြီး ခန့်အပ်ပေး"
"မိုရှေဒါယန် ကာကွယ်ရေးဝန်ကြီး"
"ကာကွယ်ရေးဝန်ကြီး မိုရှေဒါယန်"

ရှေ့တန်းရောက် အစ္စရေးစစ်သားများကလည်း မိုရှေဒါယန်ကို ကာကွယ်ရေးဝန်ကြီး ခန့်အပ်ဖို့ တောင်းဆိုနေကြသည်။ "မိုရှေဒါယန်ကိုပဲ အလိုရှိတယ်"။

ထို့ကြောင့် အစ္စရေးပြည်သူ့ဆန္ဒအရ မိုရှေဒါယန်သည် ကာကွယ်ရေးဝန်ကြီး ဖြစ်လာရလေသည်။
အီဂျစ်တို့ကလည်း မိုရှေဒါယန် ကာကွယ်ရေးဝန်ကြီး ဖြစ်လာပြီ ဆိုကတည်းက စစ်ဖြစ်ဖို့ သေချာပြီဟု ယူဆထားပြီ ဖြစ်သည်။ အီဂျစ်စစ်တပ်က "မိုရှေဒါယန်၏ ကျန်ရှိနေသေးသည့် ညာဘက်မျက်လုံးကိုလည်း ဖောက်ပစ်မယ်"ဟု ကြုံးဝါးလိုက်သေး၏။


မိုရှေဒါယန်၏ စစ်ရေးအစီအမံ
-------------------------------
အစ္စရေး ရေဒီယိုမှ စကားဝှက်များဖြစ်သည့်
Love of Zion
Close Shave
Man of Work
Alternating Current
Open Window
Good Friend တို့ကို
ထုတ်ပြန်ကြေညာလိုက်သည်နှင့် အရန်တပ်ဖွဲ့များကို ဆင့်ခေါ်ပြီးသား ဖြစ်သွားသည်။ အရန်တပ်များသည် ရောက်ရာနေရာမှ နေ၍ သတ်မှတ်ထားသော စုရပ်များသို့ အမြန်ဆုံး သွားရောက် သတင်းပို့ရသည်။ စုရပ်များမှတစ်ဆင့် ကားကြီးများဖြင့် ရှေ့တန်းစစ်မျက်နှာသို့ ပို့ပေးလေသည်။ အရန်တပ်များသည် ယူနီဖောင်း ဝတ်စရာမလို၊ ကြုံရာဝတ်စုံဖြင့် လိုက်ပါရသည်။ ပို့ဆောင်ရေးကားများကိုလည်း စုဆောင်းစရာ မလို၊ ပုဂ္ဂလိက ကားပိုင်ရှင်များစွာတို့က လိုသည်ထက် ပိုနေအောင်ပင် လာရောက် ပေးအပ်ထားကြလေသည်။

အစ္စရေး အမျိုးသား၊ အမျိုးသမီး အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ စစ်ထဲဆွဲသွင်းသည်။ အလုပ်သမား၊ လယ်သမား၊ စာရေးဆရာ၊ အနုပညာသမား၊ ယာဉ်မောင်းပါမကျန် အရန်တပ်ထဲ စုစည်းသိမ်းသွင်းသည်။

တကယ်တမ်းမှာ အစ္စရေးတပ်မတော် စစ်သည်အင်အားသည် (၅)သောင်းမှ (၆)သောင်းခန့်သာ ရှိသည်။ သို့သော် အရန်တပ်များ စုစည်းပြီး စစ်မြေပြင်သို့ တပ်ဖြန့်လိုက်သည်အခါတွင်မူ စစ်သည်အင်အား (၂)သိန်း(၆)သောင်းကျော် အင်အားကြီးသော တပ်မတော်ကြီး ဖြစ်လာခဲ့တော့သည်။

အစ္စရေးတပ်မတော်သည် ကမ္ဘာမှာ ထူးခြားသည်။ (၂၄)နာရီအတွင်း စစ်ပြင်နိုင်သည်။ တပ်များကို အလွယ်တကူ ပြောင်းနိုင် ရွှေ့နိုင်သည်။ တက်နိုင် ဆုတ်နိုင်သည်။ ဖွဲ့နိုင် ဖျောက်နိုင်သည်။ ဆန့်နိုင် ကွေးနိုင်သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် လုံခြုံရေးသတိ အမြဲရှိနေသော တပ်မတော်ဖြစ်သည်။

သံချပ်ကာကားများ၊ တင့်ကားတပ်များ၊ အမြောက်တပ်များလည်း အားလုံး ခေတ်အမှီဆုံး အဆင့်သို့ ရောက်နေသည်။
နောက်ထပ် အားအထားရဆုံးသော တပ်မှာ လေတပ်ဖြစ်သည်။ အစ္စရေးလေတပ်တွင် ဗုံးကြဲလေယာဉ်ကြီးများ သိပ်မရှိ။ ဗုံးကြဲတိုက်လေယာဉ်ငယ်တွေကိုသာ ပဓာနထားပြီး ဖွဲ့စည်းထားသည်။ တစ်နာရီလျှင် (၁၄ဝဝ)မိုင်နှုန်းဖြင့် လှစ်ခနဲနေအောင် ပျံသန်းနိုင်သည့် တံလှပ်ဟု အမည်ပေးထားသော် ပြင်သစ်လုပ် (Mirages)မီရတ်ခ်ျ တိုက်လေယာဉ်များကို ဝယ်ယူ အားဖြည့်ထားသည်။

ပြင်သစ်လုပ် (Mirages) မီရတ်ခ်ျနှင့် (Mysteres)မစ္စတေးရီ တိုက်လေယာဉ်များကို ဆီဖြည့်ခြင်း၊ အောက်ဆီဂျင်ဖြည့်ခြင်း၊ စက်သေနတ်ကျည်ကပ်များတပ်ခြင်း၊ တောင်ပံအောက်မှာ ဗုံး(၁ဝ)လုံးချိတ်ခြင်း စသည်များကို (၇)မိနစ်အတွင်း အပြီးအစီး ဆောင်ရွက်ကာ လေထဲသို့ ပျံတက်သွားသည်ထိ လျင်မြန်မှုရှိအောင် အထပ်ထပ်ခါခါ လေ့ကျင့်ထားသည်။


မိုရှေဒါယန်၏ လှည့်ကွက်များ
-----------------------------
ရန်သူဘက်က အစဉ်အမြဲ အသင့်ဖြစ်နေချိန်တွင် စစ်ဆင်ပါက မိမိဘက်က တပန်းရှုံးတတ်သည်။ ရန်သူကို အငိုက်ဖမ်းနိုင်မှသာ စစ်ပွဲတစ်ဝက် အောင်မြင်ဖို့ သေချာမည်။ ဤပရိယာယ်ကို မိုရှေဒါယန်က အတွေ့အကြုံရင့်ကျက်ခဲ့ပြီ ဖြစ်သည်။

ဇွန်လ(၃)နေ့တွင် မိုရှေဒါယန်က နိုင်ငံခြားသတင်းထောက်များကို ဤသို့ ပြောကြားလိုက်သည်။ "တိုင်ရန်ရေလက်ကြားကို ပိတ်ဆို့လိုက်တာဟာ အီဂျစ်တို့ လက်ဦးသွားတာပဲ။ ဒီတော့ ကျုပ်တို့အစ္စရေးအဖို့ ချက်ချင်း စစ်ရေးအရ လက်တုံ့ပြန်ဖို့ သိပ်နောက်ကျသွားပြီ။ ဒီကိစ္စကို သံတမန်နည်းနဲ့ ဆောင်ရွက်နေပါတယ်။ ဘယ်လို ပြေလည်မလဲဆိုတာကိုတော့ ပြောဖို့ စောပါသေးတယ်။ ကျွန်တော် ကာကွယ်ဝန်ကြီး ဖြစ်မလာမီ အစ္စရေးအစိုးရနဲ့ သံခင်းတမန်ခင်းအရ ဖြေရှင်းလက်စ ရှိနေပါသေးတယ်။ အဲဒီ ကြိုးစားမှုအဖြေကို စောင့်ကြည့်ရဦးမှာပါ။" အီဂျစ်တို့ စစ်အင်အား ကြီးမားလွန်းသဖြင့် မိုရှေဒါယန်သည် စစ်တိုက်ဖို့ တုံ့ဆိုင်းနေဟန် တွေဝေနေဟန် ပြလိုက်သည်။

မိုရှေဒါယန်က နောက်ထပ် ဒုတိယလှည့်ကွက်တစ်ခု ဖန်တီးပြန်သည်။ ဤကား တခြားမဟုတ်၊ အစ္စရေးတပ်မတော်မှ အရာရှိနှင့် စစ်သားများစွာတို့ကို ခွင့်ရက်ရှည်များ ပေးလိုက်ကြောင်း သတင်းလွှင့်သည်။ ကမ္ဘာ့သတင်းစာများတွင် စိတ်လွတ်ကိုယ်လွတ် အပန်းဖြေနေသော အစ္စရေးစစ်သားများ၏ ဓာတ်ပုံများကို အထင်အရှား တွေ့မြင်ရသည်။ အီဂျစ်စစ်ခေါင်းဆောင်များက အစ္စရေးအနေဖြင့် လောလောဆယ် စစ်တိုက်ရန် အဆင်သင့် မရှိသေးကြောင်း ယုံကြည်လျက်ရှိသည်။

အစ္စရေး၏ ဆွေးနွေးသုံးသပ်ပုံ
------------------------------
အစ္စရေးက စတိုက်လျှင် အစ္စရေးလူထု မည်မျှ သေမည်နည်း။
အီဂျစ်က စတိုက်လျှင် အစ္စရေးလူထု မည်မျှ သေမည်နည်း။
အစ္စရေးက စတိုက်လျှင် အစ္စရေးဘက်က လူအသေအပျောက် နည်းမည်။ ရာဂဏန်းပဲ ရှိမယ်။ အီဂျစ်က လာတိုက်သည့်ထိ စောင့်နေမယ်ဆိုရင်တော့ အစ္စရေးက နိုင်တယ်ပဲထား၊ လူအသေအပျောက်(၁ဝဝဝဝ)တစ်သောင်းနီးပါး ရှိသွားမှာ သေချာတယ်။ လူဦးရေ အလွန်နည်းတဲ့ အစ္စရေးနိုင်ငံအဖို့ လူတစ်သောင်း အသေခံရလျှင် ကြီးစွာသော ဆုံးရှုံးမှု ဖြစ်တယ်။

အစ္စရေးတပ်မတော်ကို အရံတပ်တွေ စုစည်းပြီး အသင့်အနေထား ဖြစ်နေပြီ။ ဒါပေမယ့် ဒီအတိုင်းကြီး အကြာကြီး မနေနိုင်ဘူး။ စစ်တပ်ထဲမှာ အရပ်သား အလုပ်သမားတွေ ပါတယ်။ အခုလောလောဆယ် ကောက်ပဲသီးနှံတွေ ရိတ်သိမ်းဖို့ လူမရှိဘူး ဖြစ်နေတယ်။ သကြားထွက်တဲ့ မုံလာဥနီတွေဟာ မြေကြီးထဲမှာပဲ ပုပ်ကုန်ပြီ။ နိုင်ငံစီးပွားရေးဟာ ရပ်တန့်နေပြီ။

အီဂျစ်တွေက အစ္စရေး ရန်ကာကွယ်ဖို့ ခံစစ်ပါလို့ ပြောတယ်။ ဒီလိုဆိုရင် ဘာ့ကြောင့် ဆိုင်းနိုင်ကန္တာရသို့ ရုတ်တရက် အလုံးအရင်းနဲ့ ရောက်လာကြတာလဲ။ ခံစစ်အနေထားကနေ ထိုးစစ်အနေထားကို မိနစ်ပိုင်းအတွင်း ချက်ချင်း ပြောင်းသွားနိုင်ပါတယ်။ အီဂျစ်တို့ သဘောထားက အစ္စရေးကို အနိုင်တိုက်နိုင်မယ်လို့ တွက်ပြီးသားပါ။

ဇွန်လ(၄)ရက်နေ့တွင် အစ္စရေး အစိုးရအဖွဲ့ တံခါးပိတ် ဆွေးနွေးကြသည်။ ထိုဆွေးနွေးပွဲသို့ မိုရှေဒါယန် ပါဝင်လာပြီ ဖြစ်သည်။ မိုရှေဒါယန်သည် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ယူထားသည်မှာ (၄)ရက်သာ ရှိသေးသည်။ ထိုဆွေးနွေးပွဲ၏ ရလာဒ်ကို မည်သူကမျှ မသိ၊ ဘာသတင်းမှလည်း မထုတ်ပြန်။ နောက်တစ်နေ့ မနက်ဖြန်….

1967 ဇွန်လ 5 ရက်နေ့ နံနက်စောစော...
အစ္စရေး လေတပ်စခန်းမှ ပြင်သစ်လုပ် (Mirages) မီရတ်ခ်ျနှင့် (Mysteres)မစ္စတေးရီ တိုက်လေယာဉ်များ တစ်သုတ်ပြီး တစ်သုတ် မြေထဲပင်လယ်ပေါ်သို့ ပျံတက်သွားကြလေသည်။ မြေထဲပင်လယ်ပေါ်သို့ ရောက်ချိန်တွင် အရှေ့ဘက် ကောင်းကင် မိုးကုတ်စက်ဝိုင်းမှ နေဝန်းနီက ပေါ်ထွက်စပြုနေပြီ။ အစ္စရေးတိုက်လေယာဉ် (၁၉၆)စီးတို့ ဦးတည်ပျံသန်းနေသည့် အရပ်မှာ အနောက်ဘက်ရှိ အီဂျစ်နိုင်ငံသို့။ ပျံသန်းရာ လမ်းကြောင်းမှာ မြေထဲပင်လယ် ရေပြင်ပေါ်ကနေ ဖြစ်သည်။ အစ္စရေးတိုက်လေယာဉ်များသည် ဆိုင်းနိုင်းသဲကန္တာရပေါ်မှ ပျံသန်း၍ မသွား။ ထိုပျံသန်းမှုကို အီဂျစ်တို့ မသိစေချင်၍ မြေထဲပင်လယ်ပေါ်ကနေ တမင် ပျံသန်းသွားကြခြင်း ဖြစ်သည်။ အစ္စရေးတိုက်လေယာဉ်အုပ်စုများသည် ရည်ရွယ်ချက် ပစ်မှတ်များပေါ်သို့ ချောချောမောမော ရောက်နိုင်ရန်အတွက် ပင်လယ်ရေမျက်နှာပြင်ပေါ်မှ ပေ(၃ဝ)ထက် ပိုမမြင့်စေဘဲ ခပ်နိမ့်နိမ့် ပျံသန်းသွားကြသည်။ အကြောင်းမှာ အီဂျစ်ရေဒါများက ၄င်းတို့ ချဉ်းကပ်လာမှုကို ကြိုတင်ဖမ်းယူ မသိရှိစေလိုသောကြောင့် ဖြစ်သည်။ အစ္စရေးတိုက်လေယာဉ်အုပ်စုများသည် နိုင်းမြစ်ဝကျွန်းပေါ်ဒေသကို ရောက်သောခါ အင်္ဂလိပ်အက္ခရာ(U)ပုံစံ ချိုးကွေ့လိုက်ပြီး အီဂျစ်နိုင်ငံ မြို့တော် (Cairo)ကိုင်ရိုမြို့အနီးသို့ ဦးတည်သွားကြသည်။ ထိုအချိန်မှာ အီဂျစ်စံတော်ချိန်(7:45) (အစ္စရေးစံတော်ချိန် 8:45) ရှိနေပြီ။ ထိုအချိန်တွင် အီဂျစ်လေယာဉ်မှူးတို့မှာ နံနက်စာစား၊ ကော်ဖီသောက် ကောင်းနေကြဆဲ။


အစ္စရေးတိုက်လေယာဉ်များ ကိုင်ရိုမြို့ ကောင်းကင်ပေါ် ဝေါခနဲ့ ရောက်လာတော့မှ ကိုင်ရိုလေဆိပ် လေကြောင်းမျှော်စင်ပေါ်က တပ်လှန့်ဥသြဆွဲသံများ အဆက်မပြတ် ပေါ်ထွက်လောတော့သည်။ အစ္စရေးတိုက်လေယာဉ်များ အီဂျစ်လေကြောင်းပိုင်နက်ထဲသို့ ရောက်လာပြီဟူသော အန္တရာယ်အချက်ပေးသံ ဖြစ်သည်။ အီဂျစ်တိုက်လေယာဉ်မှူးများသည် မိမိလေယာဉ်များဆီးသို့ အပြေးအလွှား သွားကြလေသည်။ အချို့မှာ ယူနီဖောင်းဝတ်စုံကိုပင် မဝတ်ရသေး။ အီဂျစ်တို့ သိပ်နောက်ကျသွားလေပြီ။ အီဂျစ်တိုက်လေယာဉ်များ ကွင်းပေါ်မှ စက်မနှိုးလိုက်ရခင် အစ္စရေးတိုက်လေယာဉ်များက အီဂျစ်လေယာဉ်ကွင်းရှိ အစီအရီ ရပ်နားနေသည့် အီဂျစ်တို့၏ ဆိုဗီယက်လုပ် MIG တိုက်လေယာဉ်များပေါ်သို့ ဗုံးကြဲချလေသည်။ အီဂျစ်လေယာဉ်များ မီးလောင်ပေါက်ကွဲ ပျက်စီးလေသည်။ လေယာဉ်ပြေးလမ်း၊ သိုလှောင်ရုံတွေကိုပါ ဗုံးကြဲချသည်။ အစ္စရေးလေယာဉ်များက ပစ်မှတ်များပေါ်သို့ သုံးကြိမ်သုံးခါ တစ်ကျော့ပြီးတစ်ကျော့ ၊ တစ်သုတ်ပြီး တစ်သုတ် တိုက်ခိုက်ကြသည်။ တစ်သုတ်လျှင် တိုက်လေယာဉ်(၄)စီး ပါဝင်သည်။ (၂)စီးက ဗုံးကြဲသည်။ ကျန်(၂)စီးက စက်သေနတ်ဖြင့် မွှေသည်။ လေယာဉ်ပြေးလမ်း ပျက်စီးသွားသည့်အတွက် မပျက်စီးဘဲ ကျန်ရှိသည် လေယာဉ်များမှာလည်း မပျံတက်နိုင်တော့ပေ။ အီဂျစ်တိုက်လေယာဉ် အစီး(၂ဝ)ကလည်း ခက်ခက်ခဲခဲကြားက ပျံတက်လာနိုင်သေးသည်။ ထိုပျံတက်လာတဲ့ အီဂျစ်တိုက်လေယာဉ်များကိုလည်း အစ္စရေးတိုက်လေယာဉ်များက စက်သေနတ်ဖြင့် ပစ်ခတ်ရာ မီးလောင်ပြီး မြေပြင်သို့ ထိုးကျ ပျက်စီးသွားလေသည်။

အီဂျစ်တိုကလည်း လေယာဉ်ပစ်အမြောက်များနဲ့ အစ္စရေးလေယာဉ်များကို ထိထိရောက်ရောက် မပစ်နိုင်။ ဆိုဗီယက်လုပ် SAM(ဆမ်)ဒုံးကျည်များဖြင့် ပစ်သော်လည်း ထိရောက်မှုမရှိ။

အစ္စရေးတိုက်လေယာဉ်တို့သည် မိနစ်(၈ဝ)ကြာ စိတ်တိုင်းကျ မွှေနှောက် တိုက်ခိုက်ပြီးသောအခါ အခြေစိုက်စခန်း(၁၉)ခုနှင့် ဖွဲ့စည်းထားသည့် အီဂျစ်လေတပ်ကြီးတစ်ခုလုံး တုတ်တုတ်မျှမလှုပ် မြေပြင်ပေါ်တွင် ပြားပြားဝပ် ဇီဝိန်ချုပ်သွားလေတော့သည်။

အီဂျစ်ကို သွားရောက် တိုက်ခိုက်စဉ်(၂၅)မိနစ်ကာလအတွင်း အီဂျစ်တို့ မရှုမလှ ခံနေရချိန်တွင် အခြားသော အစ္စရေးတိုက်လေယာဉ်စုများက ဂျော်ဒန်၊ ဆီးရီးယား၊ အီရတ်နိုင်ငံများရှိ လေယာဉ်ကွင်းများကို တပြိုင်တည်း ဗုံးကြဲပြန်သည်။ အီဂျစ်လေယာဉ်ကွင်း(၁၉)ခု အပါဝင် အာရပ်တို့၏ လေယာဉ်ကွင်း(၂၅)ခုကို ဖျက်ဆီးနိုင်ခဲ့သည်။

ပျက်စီးသွားသော အာရပ်တို့၏ လေယာဉ်များမှာ-
အီဂျစ်လေယာဉ်=400 စီး
ဂျော်ဒန်လေယာဉ်=35 စီး
ဆီးရီးယားလေယာဉ်=60 စီး
အီရတ်လေယာဉ်=15 စီး
လက်ဘနွန်လေယာဉ်=1 စီး


အစ္စရေးတိုက်လေယာဉ်များ အီဂျစ်ကောင်းကင်ယံကို စိုးမိုးပြီ
--------------------------------------------------------------
အစ္စရေးတိုက်လေယာဉ်များသည် စနစ်တကျ ကြိုတင်တွက်ချက် အကွက်ချထားပြီးမှ သွားရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။ လေယာဉ် တစ်အုပ်စုနှင့် တစ်အုပ်စုသည် ကွင်းမှ ပျံတက်သွားသည့် အချိန်ချင်း မတူညီကြ။ သို့ရာတွင် ပစ်မှတ်အသီးသီး ပေါ်သို့ တစ်ပြိုင်တည်း ရောက်ရှိသည့်အချိန် တူညီလေသည်။ အီဂျစ်တို့ အလစ်ငိုက်မိကာ ချေမှုန်းခံရလေသည်။ ဇွန်လ(၅)ရက်နေ့ တစ်နေ့တည်းမှာပင် အစ္စရေးတိုက်လေယာဉ်မှူး တစ်ဦးလျှင် (၈)ကြိမ်တိုင်တိုင် ရန်သူ့စခန်းသို့ သွားရောက် ဗုံးကြဲတိုက်ခိုက်သည်။ အစ္စရေးဘက်မှ တိုက်လေယာဉ်(၁၉)စီး ဆုံးရှုံးသည်။ မြေပြင်မှ တုံပြန်ပစ်ခတ်မှုကြောင့် ဖြစ်သည်။ အီဂျစ်ကောင်းကင်တစ်ခုလုံး စိုးမိုးထားလိုက်နိုင်သည်။

မြေပြင်မှာလည်း အီဂျစ်တပ်တွေ ထောင်းလမောင်းကြေ
-----------------------------------------------------
ဤသို့ အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အာရပ်တို့၏ လေတပ်ကြီး လက်တံရှည် ရိုက်ချိုးခံရကာ ပြားပြားဝပ်သွားအောင် ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း သတင်းရရချင်း အစ္စရေးမြေပြင်တပ်များအနေဖြင့် အီဂျစ်လေတပ်၏ အန္တရာယ်ကို လုံးဝ စိုးရိမ်းစရာမလိုကြောင်း မိုရှေဒါယန်က သိလိုက်ပြီ။ မိုရှေဒါယန်က စစ်ကြောင်းကြီး (၃)ကြောင်းခွဲ၍ ဆိုင်းနိုင်းသဲကန္တာရရှိ အီဂျစ်စစ်တပ်ကြီးကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ပထမစစ်ကြောင်းကို ဗိုလ်ချုပ်ကြီး တာလ် ဦးစီးသည်။ ဒုတိယစစ်ကြောင်းကို ဗိုလ်ချုပ် ယိုဖီ ဦးစီးသည်။ တတိယစစ်ကြောင်းကို ဗိုလ်ချုပ် အေရီယယ် ရှရွန် ဦးစီးသည်။ စစ်ကြောင်းတစ်ကြောင်းစီတွင် အင်အား(၁၅ဝဝ)စီ ဖွဲ့ထား၍ ရှေ့တန်းရောက် စစ်သည်အင်အားမှာ (၄၅ဝဝဝ)လေးသောင်းခွဲ ဖြစ်သည်။ အီဂျစ်တို့ အင်အားက စစ်သည်ပေါင်း(၈ဝဝဝဝ)ရှစ်သောင်းရှိသည့် ရှစ်ခေါဘဏီ တပ်ကြီးဖြစ်သည်။ (ခေါဘဏီ=တစ်သောင်း) (ရှစ်ခေါဘဏီ=ရှစ်သောင်း)

အစ္စရေးကြည်းတပ်များ စတင်ချီတက်ချိန်မှာ နံနက်(၈)နာရီ(၁၅)မိနစ်။ ပထမစစ်ကြောင်းက ဂါဇာကမ်းမြောင်ဒေသရှိ အီဂျစ်တို၏ ခံစစ်ကြောင်းကြီးကို ထိုးဖောက်နိုင်ခဲ့သည်။ အီဂျစ်တပ်များ အစ္စရေးတို့၏ ထိုးစစ်ကို ကြံ့ကြံ့မခံနိုင်တော့။ အစ္စရေးတို၏ တာဝေးပစ် အမြောက်များ ထိမှန်ခံထားရရုံဖြင့် အတော် အင်အားပျော့နေခဲ့ပြီ။ ဂါဇာကမ်းမြောင်ဒေသမှ မြေထဲပင်လယ်ကမ်းခြေအတိုင်း စူးအက်တူးမြောင်းသို့ ထိုးဖောက်သွားနိုင်ခဲ့သည်။ အီဂျစ်တို့၏ ဆိုဗီယက်လုပ် SAM ဒုံးကျည် စခန်းကြီးများကိုလည်း မြေလှန်ဖျက်ဆီးလေသည်။ နတ်ဆာ၏ အားအထားရဆုံး အီဂျစ် တင့်ကားတပ်နှင့် သံချပ်ကာကားတပ်များ ကိုယ်လွတ်ရုန်း ထွက်ပြေးကြရလေသည်။ ကျန်စစ်ကြောင်းကြီး နှစ်ကြောင်းကလည်း နီဂျစ်ဒေသမှ ဆိုင်းနိုင်းသဲကန္တာရကို ဖြတ်၍ စူးအက်ပလယ်ကွေ့ကမ်းခြေအရောက် ထိုးဖောက်ဝင်ရောက်သွားလေသည်။

အစ္စရေးတို့၏ မုန်တိုင်းစစ်ကြီး တရကြမ်းတိုက်ခိုက်ပြီး ဆိုင်းနိုင်းသဲကန္တာရတွင် အီဂျစ်တို့၏ စစ်ယန္တရားကြီး တစ်ခုလုံးမှာ အပျက်အစီး အကျအဆုံးများစွာ ဖရုံဖရဲ ဖြစ်သွားခဲ့လေပြီ။ မီးလောင်ပျက်စီးနေသော အီဂျစ်တို့၏ ဂျစ်ကားများ၊ စစ်ကားများ၊ ထရပ်ကားများ၊ သံချပ်ကာကားများ၊ တင့်ကားများကို မြင်မကောင်းအောင် တွေ့မြင်ရသည်။ ကျဆုံးကျန်ရစ်သော ထောင်ချီသော အီဂျစ်စစ်သားများ၏ အလောင်းများသည် နေရာတိုင်းမှာ ထောင်ပုံရာပုံ ဖြစ်နေလေသည်။ အဖမ်းခံရသော အီဂျစ်စစ်သားများသည်လည်း နည်းနည်းပါးပါး မဟုတ်။ ထောင်နှင့်ချီ၍ ရှိသည်။ တစ်ချို့ အီဂျစ်စစ်သားများသည် လက်နက်မချ၊ အဖမ်းမခံဘဲ ပူပြင်းခြောက်သွေ့လှသည် ဆိုင်းနိုင်းသဲကန္တာရထဲ ခြေဦးတည့်ရာ ထွက်ပြေးနေကြရင်း အစာပြတ် ရေပြတ်ဖြစ်ကာ ပူပြင်းလှသည့် နေရောင်အောက်တွက် အသက်ပျောက်ကုန်ကြရသည်။ စူးအက်တူးမြောင်းသို့ အရောက်ပြန်ပြေးနိုင်သော စစ်သားများသာ အသက်ရှင်ခွင့် ရသွားကြသည်။

ဇွန်လ(၇)ရက်နေ့တွင် တိုင်ရန်ရေလက်ကြားသည် လမ်းပွင့်သွားလေသည်။ ရေလက်ကြားသို့ ပထမဦးဆုံး ခုတ်မောင်း ဝင်ရောက်သည့် သင်္ဘောကား အစ္စရေး ရေတပ်တိုက်သင်္ဘောများ ဖြစ်လေသည်။


ဂျေရုဆလင်ကို သိမ်းပိုက်ခြင်း
------------------------------
ဇွန်လ(၇)ရက်နေ့တွင် (Jerusalem) ဂျေရူဆလင်မြို့ အရှေ့ဘက်ခြမ်း ဂျော်ဒန်တပ်များကို တိုက်ခိုက်သည်။ ဂျေရုဆလင်မြို့ကို သိမ်းပိုက်ရာတွင် ဘာသာရေးအရာ အလွန်မွတ်မြတ်ထားသော အဆောက်အဦးများ ပျက်စီးမည်စိုးသဖြင့် အစ္စရေးက လက်နက်ကြီးများ မသုံးဘဲ တိုက်ခိုက်ရသည်။ ဘာသာရေးအရ မြင့်မြတ်သော နေရာများကို ကျည်တစ်ချက်မျှ မထိစေဘဲ ခက်ခက်ခဲခဲ တိုက်ခိုက်ရသည်။ အစ္စရေးတို့၏ တိုက်ခိုက်မှုကို ကြာရှည်မခံနိုင်တော့ဘဲ ထိုနေ့နံနက်ပိုင်းတွင် ဂျော်ဒန်တပ်များ အခြေအနေမလှသဖြင့် ဆုတ်ခွာသွားရလေသည်။ နေ့လည်(၂)နာရီတွင် မိုရှေဒါယန်သည် စစ်ဦးစီးချုပ် ရာဘင်နှင့်အတူ ဂျေရုဆလင်မြို့ဟောင်းသို့ အမိုးဖွင့်ဂျစ်ကားဖြင့် ရောက်လာသည်။ ဂျူးလူမျိုးတို့၏ ရှေးဟောင်းသမိုင်းဝင်ကြီးဖြစ်သော Wailing Wall (မြည်တမ်းငိုညဉ်း)တံတိုင်းကြီးသို့ ရှေးဦးစွာ သွားရောက်သည်။ မိုရှေဒါယန်က စာရွက်တစ်ရွက်ပေါ်တွင် ဘောလ်ပင်ဖြင့် "အစ္စရေးနိုင်ငံတော်၌ ယခုချိန်မှစ၍ စစ်မှန်သည့် ငြိမ်းချမ်းရေး အစဉ်ထာဝရ လွှမ်းမိုးပါစေသော်"ဟူ၍ စာတစ်ကြောင်း ရေးလိုက်ပြီး တံတိုင်းကြီး၏ ကျောက်တုံးကြီးများကြားသို့ ထိုးညှပ်လိုက်သည်။ ထို့နောက် ဂျူးလူမျိုးတို့ ထုံးတမ်းစဉ်လာအရ အောက်ပါအတိုင်း ဆုတောင်းလိုက်လေသည်။

"We have returned to the holiest of our holy places, never again to part from it."

"အမြင့်မြတ်တက အမြင့်မြတ်ဆုံး ဘုရားရှင်မြေသို့ ကျွန်ုပ်တို့ ပြန်ရောက်လာပါပြီ။ ဤနေရာမှ နောက်တစ်ဖန် ဘယ်တော့မှ မခွဲခွာတော့ပါ။ ထာဝရဘုရားသခင်ကို ကတိသစ္စာစကား ဆိုပါ၏"

မိုရှေဒါယန်က ကတိသစ္စာဆိုလိုက်ပြီးနောက် အစ္စရေးစစ်သားများသည် အစုံပါသော လက်ဖဝါးဖြင့် တံတိုင်းကြီးကို ထိကိုင်ရင်း နဖူးဦးတိုက်ကြသည်။ ပြီးမှ တံတိုင်းကြီးကို နမ်းရှုပ်လိုက်ကြသည်။ ဤသို့ဖြင့် ဂျူးလူမျိုးတို့ နှစ်ပေါင်းများစွာက အလွန်လိုလား တောင့်တခဲ့ရသော ဂျေရုဆလင်မြို့သည် အစ္စရေးတို့လက်ထဲ လုံးလုံးကျရောက်သွားလေသည်။

ဂျော်ဒန်ဘုရင် ဟူစိန်၏ မဟာအမှား
------------------------------------
ဂျေရုဆလင်မြို့ အသိမ်းခံရသော ဇွန်လ(၇)ရက်နေ့တွင် ဂျော်ဒန်ဘုရင် ဟူစိန်က ကုလသမဂ္ဂဖျန်ဖြေမှုကို လက်ခံရလေသည်။ ဂျောဒန်ဘုရင်သည် အီဂျစ်သမ္မတ နတ်ဆာ သွေးဆောင်မှုကြောင့် စစ်ပွဲတွင် ပါဝင်လာရခြင်း ဖြစ်သည်။ သို့ရာတွင် အစ္စရေးတို့နှင့် တိုက်ခိုက်ရသောအခါ ဂျော်ဒန်စစ်တပ်များမှာ စနစ်တကျ ပြင်ဆင်မှုမရှိသည်ဖြစ်၍ အလူးအလဲ ရှုံးနိမ့်ခဲ့ရသည်။ ဂျောဒန်ဘုရင် ဟူစိန်ကိုယ်တိုင်က "ဒီတစ်ချီလည်း ကွဲခဲ့ရပြန်ပြီ၊ ဂျော်ဒန်စစ်သား(၁၅ဝဝဝ) ကျဆုံးခဲ့ရပါသည်၊ စစ်လက်နက်များလည်း ဆုံးရှုံးခဲ့ရသည်"ဟု စိတ်ပျက်စွာ ဆိုလေသည်။

အနောက်ကမ်းဒေသနေ ပါလက်စတိုင်းလူမျိုးများသည် အစ္စရေး၏ သိမ်းပိုက်ခံအောက်မှာ မနေလို့တော့သဖြင့် ဂျော်ဒန်နိုင်ငံထဲသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခိုလှုံလာကြာတော့သည်။ ယာယီတဲများထိုးတာ ဖြစ်သလိုနေ ဖြစ်သလို စားကြရသည်။ နဂိုကတည်းက စစ်ရှုံး၍ ချွတ်ခြုံကျနေရသည့် ဂျော်ဒန်နိုင်ငံသည် ပါလက်စတိုင်း ဒုက္ခသည်များကြောင့် တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နေတော့သည်။ ထိုသိန်းချီသော ပါလက်စတိုင်းလူမျိုးများ၏ စားဝတ်နေရေး ပြန်လည်နေရာချထားရေးကို ဂျော်ဒန်တစ်နိုင်ငံတည်းကလည်း ဖြေရှင်းမပေးနိုင်။ ထိုအချိန်မှစ၍ ပါလက်စတိုင်းနိုင်ငံ ပျောက်သွားလေသည်။


အီဂျစ်သမ္မတ နတ်ဆာ စစ်ရပ်စဲရေး လက်ခံလိုက်ရခြင်း
---------------------------------------------------------
ဇွန်လ(၈)ရက်နေ့တွင် အီဂျစ်သမ္မတ နတ်ဆာက ကုလသမဂ္ဂ၏ အတိုက်ခိုက်ရပ်စဲရေး ဖျန်ဖြေမှုကို လက်ခံလိုက်ရတော့သည်။ လက်မခံလို့လည်း မရ။ ဆိုင်းနိုင်းသဲကန္တာရ စစ်မျက်နှာပြင်တွင် အီဂျစ်တပ်များ အရှုံးနှင့်သာ ရင်ဆိုင်နေရပြီး ထောင်းလမောင်းကြေနေသည်။

ဂိုလန်ကုန်းမြင့်ကို သိမ်းယူခြင်း
-------------------------------
အစ္စရေးက အီဂျစ်နှင့် ဂျော်ဒန်တို့ကို အားခဲပြီး တိုက်ခိုက်နေရသဖြင့် ဆီးရီးယားကို မတိုက်နိုင်သေးဘဲ ရှိနေသည်။ ယင်းကို "အစ္စရေးက မတိုက်ရဲဘူး"လို့ ဆီးရီးယားက ထင်နေပုံရသည်။ ဇွန်လ(၆)ရက်နေ့မှ စ၍ ဆီးရီးယားတို့က (Golan Height) ဂိုလန်ကုန်းမြင့်ပေါ်မှ အပေါ်စီးယူကာ အမြောက်ကြီးများဖြင့် အစ္စရေးဘက်သို့ ပစ်ခတ်နေသည်။ သို့သော်လည်း ပထမ(၃)ရက်လုံးလုံး အစ္စရေးက ပြန်လည်ပစ်ခတ်ခြင်း မပြုဘဲ ဆီးရီးယား စစ်ခန်းများ၏ နေရာမှန်ကို သိရှိရန် စောင့်ကြည့် အကဲခတ်နေခဲ့သည်။

ဇွန်လ(၈)ရက်နေ့တွင် ဂိုလန်ကုန်းမြင့်ရှိ ဆီးရီးယားတို့၏ အမြောက်ကြီးများပေါ်သို့ အစ္စရေးတိုက်လေယာဉ်များက ဗုံးကြဲချသည်။ အမြောက်ခံတပ်များ ပျက်စီးသွားလေသည်။ ထိုအချိန်မှ စ၍ အစ္စရေးဘက်သို့ ကျလာသော အမြောက်ဆံများလည်း သိသိသာသာ လျော့နည်းသွားသည်။ ဇွန်လ(၉)ရက်၊ (၁ဝ)ရက်နေ့တွင် အစ္စရေးတိုက်လေယာဉ်များက ဂိုလန်ကုန်းမြင့်ရှိ ခံတပ်ကြီးကို ဆက်လက်ဗုံးကြဲချပြန်သည်။ အင်္ဂတေများဖြင့် အလွန်ထူထဲ ခိုင်ခံ့စွာ ဆောက်လုပ်ထားသော ဘန်ကာကြီးဖြစ်၍ အလုံးစုံ ပျက်စီးအောင် မဗုံးကြဲနိုင်ခဲ့ပေ။ အစ္စရေးလေတပ်နှင့် ကြည်းတပ် ပေါင်းပြီး ညှပ်တိုက်သည်။ တောင်ကမ်းပါးယံများ ခက်ခဲစွာ တက်ရသည်။ မိုင်းများကိုလည်း ရှင်းလင်းရသည်။ အနီးကပ် လှံစွပ်ထိုး တိုက်ခိုက်ရသေးသည်။ အစ္စရေးတို့ကို အချက်အချာကျကျ ပိတ်ဆို့ဝန်းရံ တိုက်ခိုက်သည်။ ဆီးရီးယားတို့ အစ္စရေးတို့ ထိုးစစ်ကို ကြာရှည်မခံနိုင်တော့ဘဲ ဆင်းပြေးရတော့သည်။ ထိုတိုက်ပွဲတွင် ဆီးရီးယား စစ်သည်(၁ဝဝဝ)ကျော် ကျဆုံးပြီး (၆ဝဝ)ခန့် အဖမ်းခံရသည်။ အစ္စရေးစစ်သည်(၁၁၅)ယောက် ကျဆုံးသည်။ ဆီးရီးယားတို့၏ လက်နက်ကြီး (၅ဝ%) ဖျက်ဆီးခံရပြီး ကျန်(၅ဝ%)မှာ အကောင်းပကတိအတိုင်း အစ္စရေးတို့ သိမ်းယူခံရသည်။


ဂိုလန်ကုန်းမြင့်ကြီး အစ္စရေးတို့ သိမ်းယူလိုက်ပြီ။ ဂိုလန်ကုန်းမြင့်ပေါ်မှ (၂၅)မိုင်ခန့် ဝေးသော ဆီရီးယားနိုင်ငံ (Damascus) ဒမတ်စကတ် မြို့ကို လက်နက်ကြီးများနှင့် ချိန်ထားလိုက်သည်။ ဂိုလန်ကုန်းမြင့်ကြီး သိမ်းပိုက်ရလိုက်သဖြင့် အစ္စရေး ဆီးရီးယားနယ်စပ် ဂါလီလီရေအိုင်ကြီးအနီးရှိ အစ္စရေး ကျေးရွာများ လုံခြုံမှု ရှိသွားလေသည်။ ထို့ပြင် ဂိုလန်ကုန်းမြင့်မှ ရေအရင်းမြစ်များ အစ္စရေးတို့အတွက် များစွာ အကျိုးရှိလေသည်။

၁၉၆၇ ဇွန်လ(၅)ရက်မှ (၁၁)ရက်ထိ (၆)ရက်ကြာ ဖြစ်ပွားခဲ့သော အာရပ်-အစ္စရေး တတိယစစ်ပွဲကြီးသည် ပြီးသွားလေသည်။ အစ္စရေးစစ်သား လေးသောင်းကျော်က အီဂျစ်စစ်သား ရှစ်သောင်းကျော် အပါအဝင် အာရပ်စစ်သား တစ်သိန်းကျော်ကို ချေမှုန်းလိုက်နိုင်သော စစ်ပွဲပေတည်း။

စစ်ပွဲစာရင်းချုပ်လိုက်သောအခါ အစ္စရေးတို့ သိမ်းပိုက်ထားသော နယ်မြေများမျာ ဂါဇာကမ်းမြောင်ဒေသ၊ ဆိုင်းနိုင်းသဲကန္တရကြီး တစ်ခုလုံး၊ ဂျေရုဆလင်မြို့ဟောင်း၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ၊ ဆီးရီးယာပိုင် ဂိုလန်ကုန်းမြင့်ဒေသများကို သိမ်းပိုက်ရရှိသည်။ ထိုသိမ်းပိုက်ရရှိသော နယ်မြေများသည် အစ္စရေးနိုင်ငံထက် (၄)ဆ ကျယ်ဝန်းသည်။



ထိုစစ်ပွဲတွင် အစ္စရေးစစ်သား (၇၇၉)ဦး ကျဆုံးခဲ့ရသည်။ အာရပ်စစ်သားများ သောင်းဂဏန်းချီပြီး ကျဆုံးသည်။ အာရပ်တို့နှင့် နှိုင်းယှဉ်လိုက်လျှင် အလွန်ပင် နည်းပါးလှသည်ဟု ဆိုရပေမည်။ သို့ပေမယ့် အလွန်တရာ လူဦးရေ နည်းပါးသည် အစ္စရေးနိုင်ငံအဖို့ ထိုကျဆုံးစစ်သား(၇၉၉)ဦးသည် နည်းတယ်လို့ မဆိုနိုင်ပေ။ စစ်သားတစ်ယောက်ကိုပင် အဆုံးရှုံးမခံနိုင်ပါဟု မိုရှေဒါယန်က ဆိုသည်။


https://www.facebook.com/shwe.soe.148/posts/1661187110794919  မှ ကူးယူဖော်ပြပါသည်။ 

0 comments:

Post a Comment

NCA ဘာလဲ ဘယ်လဲ ?

Ye Moe's photo.
NCA ရဲ့ အရှည်ဟာ Nationwide Ceasefire Agreement ဖြစ်တယ် ။ မြန်မာလိုတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်တယ် ။ အစိုးရနဲ့  အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့  အဖွဲ့ တွေကြား ငြိမ်းချမ်းရေးရယူဖို့ အတွက် ကနဦး အပစ်အခတ်ရပ်စဲရန် စတင်ချုပ်ဆိုတဲ့  စာချုပ်ဖြစ်တယ် ။

0 comments:

Post a Comment

" ငါးဆယ်အရွယ် အနာဂတ် "

Paing Kha's photo.

(၁)

လူရယ်လို့ဖြစ်လာရင် ကိုယ့်သက်ဆိုင်ရာ ဘ၀တွေအတွက် ရည်ရွယ်ချက်တွေ ရှိမယ်၊ ယုံကြည်ချက်တယ် ရှိမယ် ထို့အတူ မျှော်လင့်ချက်တွေ ရှိနေမှာပါ။

0 comments:

Post a Comment

နိုင်ငံရေးအနာကို ကုစားနိုင်ဖို့ နိုင်ငံရေးအထူးကုတွေ လိုတယ်


ဆလိုင်းဝုမ်ဇပြောင်
ဆလိုင်းဝုမ်ဇပြောင်
■ ဆလိုင်းဝုမ်ဇပြောင်အနေနဲ့ ပြည် သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကို ဝင်မပြိုင်ဘဲနဲ့ ဘာလို့ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ် စေခဲ့တဲ့ ရည်ရွယ်ချက်ကို သိပါရစေ။
ကျွန်တော် လေ့လာဆည်းပူးခဲ့ တဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပညာရပ်တွေကို အသက်အရွယ်ကောင်းတုန်းမှာ ချင်း ပြည်နယ်အတွက် စွမ်းစွမ်းတမံ လုပ် ပေးချင်လို့ ပြည်နယ်လွှတ်တော်ကို ဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အား ကောင်းမောင်းသန်ဖြစ်နေတဲ့ ဒီလို အချိန်၊ ဒီလိုအသက်အရွယ်မှာ ချင်း ပြည်နယ်အတွက် အများကြီးလုပ် ဆောင်နိုင်မယ်လို့ ယုံကြည်တယ်။
နောက် ကျွန်တော်တို့ နိုင်ငံရေး လုပ်တယ်ဆိုတာ ရေတိုအတွက် မဟုတ်ဘူး။ ရေရှည်ကို မျှော်မှန်းပြီး လုပ်တာ။ ပထမငါးနှစ် ဘာလုပ် မယ်၊ ဒုတိယငါးနှစ်မှာ ဘာလုပ် မယ်၊ တတိယငါးနှစ်မှာ ဘာလုပ် မယ်၊ ဘာမှ မလုပ်နိုင်တော့မယ့် စတုတ္ထငါးနှစ်မှာ နိုင်ငံရေးမျိုးဆက် သစ်တွေကို ဘယ်လို ပျိုးထောင် လက်ဆင့်ကမ်းမလဲဆိုတဲ့အထိကို မျှော်မှန်းပြီး သွားမှာဖြစ်တယ်။

0 comments:

Post a Comment

အတိတ်ကို ပြန်လည်တူးဆွခြင်း (၉)


ဗန်းမော်မှာ တာဝန်ထမ်းဆောင် နေတုန်း စိတ်ထဲမှာ ဖျောက်ဖျက်လို့ မရ အောင်စွဲနေတဲ့ မမေ့နိုင်တဲ့ ဖြစ်ရပ်လေး တစ်ခု ကြုံခဲ့ရသေးတယ်။ တော်တော် လေး စိတ်မကောင်းဖြစ်ခဲ့ရတယ်ဗျာ။

0 comments:

Post a Comment

နိုင်ငံရေးသမားများ၏ စစ်ဘက်ရေးရာ သိမြင်နှံ့စပ်မှုနှင့် ဒီမိုကရေစီနည်းကျ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတစ်ရပ် တည်ဆောက်ခြင်း


စစ်ရေးဆိုင်ရာ အသိအမြင်အားနည်းရင် စစ်တပ်ကို ဘယ်လိုသွားပြီး ထိန်းကျောင်းမှာလဲ။ ဓာတ်ပုံ- သက်ဦးမောင်
စစ်ရေးဆိုင်ရာ အသိအမြင်အားနည်းရင် စစ်တပ်ကို ဘယ်လိုသွားပြီး ထိန်းကျောင်းမှာလဲ။ ဓာတ်ပုံ- သက်ဦးမောင်
ဒီမိုကရေစီနည်းကျ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးရဲ့ အဓိက အကျဆုံး ဝိသေသလက္ခဏာက Civilian Control ဆိုတဲ့ အရပ်ဘက် က စစ်ဘက်ကို ထိန်းကျောင်းနိုင်မှုပဲ။ (ထိန်းချုပ်ဆိုတဲ့ ဝေါဟာရထက် ထိန်းကျောင်းဆိုတဲ့ ဝေါဟာရက ပို သင့်တော်မယ်လို့ ယူဆပါတယ်) ဒါပေမယ့် အဲဒီထိန်းကျောင်း နိုင်မှုနဲ့ ပတ်သက်ပြီး သဘောအယူ တွေ ကွဲပြားကြသလို အမြင်တွေက လည်း အမျိုးမျိုးအပြားပြားပါပဲ။

0 comments:

Post a Comment

Followers